ဝေရွှန်းစန္ဒာရတု

ဝေရွှန်းစန္ဒာရတု ကို လက်ဝဲသုန္ဒရ အမတ်ကြီး ရေးသားခဲ့သည်။ မင်းပြစ်မင်းဒဏ်သင့်၍ မဲဇာအရပ်၌ ပင်ပန်းဆင်းရဲစွာ နေရချိန်တွင် မဲဇာတောင်ခြေချီရတု နှင့် ဝေရွှန်းစန္ဒာချီရတု နှစ်ပုဒ်ကို ရေးသားသီကုံးကာ မင်းအမြတ်ပြေစိမ့်သောငှာ ဆက်သွင်းသော ရတုနှစ်ပုဒ်ဖြစ်သည်။ ရတုနှစ်ပုဒ်တွင် မဲဇာတောင်ခြေချီရတုသည် လူသိများသော်လည်း ဝေရွှန်းစန္ဒာချီရတုကိုမူ သိပ်မသိကြပေ။


ဝေရွှန်းစန္ဒာရတု

၁။ ဝေရွှန်းစန္ဒာ၊ ချမ်းရိပ်သာက၊ မျက်နှာတူရူ၊ တ, သည်တူလျှင်၊ ဇမ္ဗူအောင်ခန်း၊ ပြည်ကြငှန်းသို့၊ ရောက်ပန်းကြီးအင်၊ နေမရွှင်ခဲ့၊ လွင်လည်းတဆိုင်၊ မြိုင်လည်းတထွေ၊ မြေလည်းတထူး၊ ဝေးခေါင်ကြူးသို့၊ ရောက်မည်ဘူးလား၊ ရွှေညာဖျားဟု၊ ရှေးကားမဆွ၊ ကြားရသည်သာ၊ ဘယ်ရပ်မှာဟု၊ ခြင်းရာတစိ၊ တပ်မသိခဲ့၊ ကျွန်းကြီးချက်ချာ၊ တို့နေရာနှင့်၊ ဘာသာကွဲလှမ်း၊ မြိုင်တောဝှမ်းဝယ်၊ အချမ်းမတူ၊ အပူမမျှ၊ ကြုံဘိရရှင့်၊ သိင်္ဃအောင်မြေ၊ လယ်ချက်ဗွေဝယ်၊ နေလည်းတဆန်း၊ နန်းလည်းတခြား၊ မထွေပြားတည့်၊ ကိုးပါးနဝရတ်၊ ရွှေပြာသာဒ်နှင့်၊ မျက်မြတ်လျှံရည်၊ ထွန်းလှည့်လည်သည်။ ။ နေခြည်ထဲတွင် ပါလိမ့်မည်


၂။ နေဝန်းဖန်ဝါ၊ ထိန်စကြာလည်း၊ အာကာဖိတ်စီး၊ ကျွန်းလုံးညီးမျှ၊ ထိနီးမိုးလယ်၊ ဖြိုးဖြိုးကယ်၍၊ အံ့ဘွယ်ရှက်သန်း၊ ရှုမခန်းတည့်၊ ရွှေနန်းမှန်စီ၊ ရှိရာဆီသို့၊ မြှောက်ချီဦးတင်၊ စက်ရာဝင်လည်း၊ ကြည်လင်ရှိခိုး၊ စက်ရာနိုးလည်း၊ လက်မိုးလှည့်လည်၊ မြှော်မိသည်နှင့်၊ ရွှေပြည်တော်မှာ၊ ခုချိန်ခါကို၊ သူဇာသာစံ၊ မိတ်နံမပြား၊ ဓာတ်တံခါး၏၊ ယွန်းစားရှေ့မှာ၊ ပျော်ဘွယ်သာရှင့်၊ သီတာပတ်ကုံး၊ မြစ်နှင့်ကျုံးလည်း၊ တလုံးတည်းရေ၊ စီးတွေတွေတည့်၊ မိုးနွေမခေါင်၊ လယ်ယာမြောင်၍၊ နတ်ဆောင်ယူပို့၊ လေ၏သို့လျှင်၊ ရွှေမြို့ရွှေပြည်၊ ဝန်းပတ်လည်သည်။ ။ ရေကြည် − သဲပြင် သာလိမ့်မည်


၃။ နွေကျွန်းသန်ကာ၊ ခုချိန်ခါကို၊ ကျောင်းသာရာမ်ခင်း၊ စေတီတွင်းဝယ်၊ သီတင်းအလှူ၊ ရွှေပြည်သူတို့၊ ဆုယူစည်းဝေး၊ ဖြူဖြူဖွေးလိမ့်၊ စက်မှေးခိုက်တွင်၊ အိပ်မက်မြင်သို့၊ မရွှင်ရူတ၊ လွမ်းလိုက်လှရှင့်၊ ညွှန်းပြကျိုးဆက်၊ ဆယ်ကျော်သက်က၊ ကြင်ဘက်အတူ၊ တောင်းဆုယူသည်၊ အိမ်သူချောသွယ်၊ သုံးယောက်မယ်နှင့်၊ ပင်လယ်ခြားရာ၊ ခရီးကွာသို့၊ မှာလည်းမကြား သွားလည်းမသင့်၊ ဖြစ်သဖြင့်လျှင်၊ ပူခွင့်ရှည်ရေး၊ ရှိချေသေး၏၊ ရင်သွေးရွှေတောင်၊ သားမောင်နှမ၊ ဆင်းသိင်္ဂတို့၊ မွေးဘရင်ခွင်၊ ရွှေလက်တင်၍၊ ယူငင်ပိုက်ဖြား၊ ဖျော်မည်များနှင့်၊ နှစ်ပါးမျက်ခြည်၊ သားနှင်းရည်သည်။ ။ ရွှေလည် − ဆွဲချင် ရှာလိမ့်မည်

ကိုးကား

Tags:

မဲဇာတောင်ခြေ ရတုလက်ဝဲသုန္ဒရ

🔥 Trending searches on Wiki မြန်မာဘာသာ:

သောကြာဂြိုဟ်မလေးရှားနိုင်ငံဟင်္သာတထွန်းရင်ဖားကန့်မြို့တင်အောင်စန်းရန်ကုန်-မန္တလေး အမြန်လမ်းမြန်မာနိုင်ငံရှိ မြို့နယ်များစိုးထွဋ်မောင်အေး (ဒုတိယဗိုလ်ချုပ်မှူးကြီး)အငဲကစိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ဇော်ဇော်၊ ဦးနန္ဒမာလာဘိဝံသလေးဖြူဘုရင့်နောင်ကာလာမသုတ်သောတာပန်မဟာဂီရိနတ်သွေးတိုးရောဂါထနောင်းစံပယ်ပန်းအရိယာသဗ္ဗမင်္ဂလာဂါထာတော်၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းကချင်ပြည်နယ်အာဇာနည်နေ့ဝိပဿနာဉာဏ်အူရောင်ငန်းဖျား ရောဂါစက်တော်ရာငှက်ဖျားရောဂါကာကွယ်ဆေးကိုရီးယားနိုင်ငံမြန်မာပိတောက်ကမ္ဘာ့လေထုမြန်မာနိုင်ငံရှိ ပွဲတော်များညောင်ရေသွန်းပွဲစိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဗေဒင်ဩကာသ ဘုရားရှိခိုးလူးနှင့်ဆပ်လများ (အချိန်အတိုင်းအတာ)နိုင်ငံရေးဓာတုဗေဒအင်္ဂါဂြိုဟ်တန်ခူးလဝမ်းလျှောခြင်းရှင်စောပုပန်းလွှမ်းပိုင်၁၉၆၂ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းဗမာလူမျိုးအဋ္ဌာရသ ၁၈ ရပ်ပွေး(ရောဂါ)စိတ်ရောဂါပညာရန်ကုန်တိုင်းစစ်ဌာနချုပ်ရွှေအဆိပ်ထင်းရှူးမေထုနပါရာဇိကမိုးဟေကိုထိုင်းဘတ်ငွေပေါက်စီဓာရဏပရိတ်စိုးပိုင်နေပြည်တော်တိုင်းစစ်ဌာနချုပ်ကင်းမွန်ဧရာဝတီတိုင်းဒေသကြီးမဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး(မန္တလေး)၃၁-ဘုံအင်းဝမင်းဆက်ကံ့ကော်ပင်သန္ဓေတားဆေးမြဘုရားရှရွတ်ခန်းဗိုလ်ချုပ်မှူးကြီးတဏှာ🡆 More