မြန်မာပလာဇာ: ရန်ကုန်မြို့ရှိ ပလာဇာတစ်ခု

မြန်မာပလာဇာ သည် ရန်ကုန်မြို့တွင် တည်ရှိသည့် ကြီးမားသည့် ဈေးဝယ်ထွက်နိုင်သည့်နေရာ (ရှော့ပင်းမော) တစ်ခု ဖြစ်သည်။ ပလာဇာတွင် လက်လီရောင်းရာ နေရာများပါဝင်သည်။ ထိုနေရာများတွင် အိမ်သုံးပစ္စည်းများ၊ လျှပ်စစ်စတိုးများ၊ နေ့စဉ်သုံးပစ္စည်းများ၊ အလှနှင့် ဖက်ရှင်ပစ္စည်းများ ပါဝင်သည်။ ၄,၀၀၀ စတုရန်း မီတာ (၄၃,၀၅၆ စတုရန်းပေ) ကျယ်ဝန်းသည့် ကဖေးများ၊ လက်ဖက်ရည်ဆိုင်များနှင့် စားသောက်ခန်းများလည်း ရှိသည်။ ၂,၀၀၀ စတုရန်း မီတာ (၂၁,၅၂၈ စတုရန်းပေ) ရှိသည့် နေရာကို ပြင်ပတွင် ကုန်ခြောက်ဈေးနေရာအဖြစ်လည်း ဖွင့်လှစ်ထားသည်။

မြန်မာပလာဇာ
တည်နေရာရန်ကုန်မြို့, မြန်မာ
ကိုဩဒိနိတ်16°49′42″N 96°09′18″E / 16.8282°N 96.1550°E / 16.8282; 96.1550 96°09′18″E / 16.8282°N 96.1550°E / 16.8282; 96.1550
ဖွင့်လှစ်သည့်နေ့စွဲ5 December 2015
တည်ဆောက်သူHoang Anh Gia Lai (HAGL)
ပိုင်ရှင်Hoang Anh Gia Lai (HAGL)
ဆိုင်ခန်းအရေအတွက်နှင့် ဝန်ဆောင်မှုများ~100
လက်လီဆိုင်ခန်း အရေအတွက်3
အထပ်အရေအတွက်5

သမိုင်း

မြန်မာပလာဇာကို ၂၀၁၅ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည်။ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့တွင် ဖွင့်လှစ့်သည်။ ဗီယက်နမ်နိုင်ငံ၏ Hoang Anh Gia Lai (HAGL)ကုမ္ပဏီက ပိုင်ဆိုင်သည်။ မြန်မာပလာဇာသည် မြန်မာစင်တာ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ မြန်မာစင်တာသည် ဒေါ်လာ သန်း ၄၄၀ ကုန်ကျကာ တည်ဆောက်ထားသည့် ရုံးခန်းများ၊ ဟိုတယ်များ စသည်တို့ ပါဝင်သည့် အဆောက်အဦး ဖြစ်သည်။

၂၀၁၆ ခုနှစ်တွင် စပိန်လူမျိုး ပိုင်ဆိုင်သည့် Meliá Yangon သည် ပလာဇာနှင့် တွဲဆက်ခဲ့သည်။ Meliá Yangon သည် ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်တစ်ခု ဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် ပြီးစီးခဲ့သည်။

တည်နေရာ

မြန်မာပလာဇာသည် မြန်မာစင်တာ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းတွင် တည်ရှိသည်။ ကမ္ဘာအေးဘုရားလမ်းနှင့် အမှတ် (၁) စက်မှုလမ်းမတို့ ဖြတ်ရာနေရာတွင် တည်ရှိသည်။

ပွဲများ

မြန်မာပလာဇာတွင် ကြီးမားသည့် အရောင်းမြှင့်တင်သည့် ခန်းမများသည် အတွင်းနှင့် အပြင်တွင် ရှိကြသည်။ ပွဲများကို ကျင်းပကြသည်။

ဖြစ်ရပ်များ

၂၀၂၁ခု နိုဝင်ဘာလ ၁၅ရက်တွင် မြန်မာပလာဇာအတွင်း ဆန္ဒပြလူငယ်အချို့အား ပလာဇာရှိ လုံခြုံရေးဝန်ထမ်းများက ဖမ်းဆီးခဲ့မှုနှင့် ပတ်သက်ပြီး ဝေဖန်မှုများ ထွက်ပေါ်ခဲ့ပြီးနောက်၊ ပြည်သူအများက မြန်မာပလာဇာအပေါ် သပိတ်မှောက်ခဲ့ကြသည်။

ကိုးကား

Tags:

မြန်မာပလာဇာ သမိုင်းမြန်မာပလာဇာ တည်နေရာမြန်မာပလာဇာ ပွဲများမြန်မာပလာဇာ ဖြစ်ရပ်များမြန်မာပလာဇာ ကိုးကားမြန်မာပလာဇာရန်ကုန်မြို့

🔥 Trending searches on Wiki မြန်မာဘာသာ:

ယာဘမြန်မာစာရေးဆရာများ စာရင်းအိတ်ချ်အိုင်ဗွီ ရောဂါပိုးဇလွန်မြို့သဗ္ဗေ သတ္တာ ကမ္မသကာဘုရားသုံးဆူမြို့မေတ္တေယျဘုရားအတ္တာဟိ အတ္တနော နာထောနေတိုး (ရုပ်ရှင်သရုပ်ဆောင်)ဥဩတပ်မတော်နည်းပညာတက္ကသိုလ်နှင်းဆီပုသိမ်မြို့စိတ်ပညာဒါနမအင်္ဂါ အစေ့ဝ လူမျိုးလင်ခန်းမယားခန်း ပြတ်စဲခြင်းဩကာသ ဘုရားရှိခိုးပဲခူးမြို့အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံအမှတ်(၆၆)ခြေမြန်တပ်မဌာနချုပ်ကျုံးမိဿ (ဗေဒင်)ပြည်ထောင်စုနေ့မာလာရှမ်းကောနီပေါနိုင်ငံဟစ်တလာလွှမ်းပိုင်အာရပ်-အစ္စရေး ပဋိပက္ခရှစ်ပါးသီလကျောက်ဆည်မြို့မြန်မာ့ပြည်တွင်းပဋိပက္ခများဒူဘိုင်းမြို့မြန်မာ့တပ်မတော် သမိုင်းကြောင်းစကားထာရန်ကုန်မြို့ခြင်ဘင်္ဂလားဒေ့ရှ်နိုင်ငံပျူမြို့ပြနိုင်ငံများဘိန်းစာပင်တောင်ကြီးမြို့ပျော်ဘွယ်မြို့ပြည်သူ့ကာကွယ်ရေးတပ်မတော်အောင်သူ (ဘောလုံးသမား)ကံ ကံ၏အကျိုးတောင်တွင်းကြီးမြို့အော်ကာစိန်မြန်မာနိုင်ငံ၏ ပညာရေးမြန်မာနိုင်ငံ ရဲတပ်ဖွဲ့ပညတ်တော်ဆယ်ပါးလ (ကမ္ဘာရံဂြိုဟ်)နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဂူဂယ်နိဝရဏတရားငါးပါးပုစွန်သောတာပန်မေသက်ခိုင်ဝင်ကစွပ်ဂေါတမဗုဒ္ဓဂျန် အောမိုင်းခရပ်ဖ်သင်္ကြန်တဘောင်စံပယ်ပန်းအမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်ရဟန်းဆီးချိုရောဂါလက္ခဏာများလေးဖြူမဟာစန္ဒာမုနိဘုရားမြန်မာအဘိဓာန်ငရဲကြီးရှစ်ထပ်မန္တလေးမြို့လောကဓံမိတ္ထီလာမြို့နယ်ဗင်းဆင့် ဗန်ဂိုး🡆 More