ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်

ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်သည် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၊ အောင်ဆန်းရပ်ကွက်၊ ဗိုလ်ချုပ်ပြတိုက်လမ်းတွင် တည်ရှိသည်။

သမိုင်းကြောင်း

ဗိုလ်ချုပ်အောင်ဆန်း၏ မိဘများဖြစ်သော ဦးဖာနှင့် ဒေါ်စုတို့လက်ထက်ကတည်းက ဆောက်လုပ်နေထိုင်ခဲ့သော အိမ် ဖြစ်သည်။ အဆိုပါနေအိမ်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၁၅ ခုနှစ်မှ ၁၉၂၉ ခုနှစ်အထိ နေထိုင်ခဲ့သည်။ ဗိုလ်ချုပ် ၏ဖခင်ဖြစ်သူ ဦးဖာ ကွယ်လွန်ပြီးနောက် ဗိုလ်ချုပ်၏ အစ်ကိုဖြစ်သူ ဦးနေအောင်က မိခင်ဖြစ်သူ ဒေါ်စုနှင့်အတူ ဆက်လက်နေထိုင်ခဲ့သည်။

၁၉၇၀ပြည့်နှစ် တွင် ဦးနေအောင် ကွယ်လွန်ပြီးနောက် ၎င်း၏သားဖြစ်သူ ဦးအောင်မြင့်သိန်းက ဆက်လက်နေထိုင်ခဲ့ကာ ၁၉၇၃ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်တွင် နိုင်ငံတော်သို့ လှူဒါန်းခဲ့သည်။ ယဉ်ကျေးမှု ဝန်ကြီးဌာနက လက်ခံပြီး ထိန်းသိမ်း စောင့်ရှောက်မှုများ ပြုလုပ်နေစဉ်အတွင်း ၁၉၇၄ ခုနှစ်တွင် အဆိုပါဗိုလ်ချုပ်နေအိမ် ရှိသော အောင်ဆန်းရပ်ကွက် မီးလောင်မှုတွင် ဗိုလ်ချုပ်နေအိမ်လည်း မီးလောင်ခံလိုက်ရသည်။ ဆောက်လုပ်ရေး ဝန်ကြီးဌာနက ဗိုလ်ချုပ်နေအိမ်ကို မူရင်းပုံစံအတိုင်း ပြန်လည်တည်ဆောက်ခဲ့ပြီး ၁၉၈၃ ခုနှစ်တွင် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ ပြန်လည်အပ်နှံခဲ့သည်။

သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက တာဝန်ယူထိန်းသိမ်းပြီး ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်အဖြစ် ပြသထားခဲ့ခြင်း ဖြစ်သည်။

ဖွင့်လှစ်ချိန်

ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်ကို တနင်္လာနေ့နှင့် ပြန်တမ်းဝင်ရုံးပိတ် ရက်များမှအပ အခြားရက်များတွင် နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲအထိ ဖွင့်လှစ်ပြသလျက် ရှိသည်။

ပြခန်းများ

ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်တွင် ဗိုလ်ချုပ်အောင်ဆန်း ငယ်စဉ်မှစကာ ကျောင်းသားဘဝ၊ နိုင်ငံရေးလှုပ်ရှားမှုအဆင့်ဆင့်နှင့် ကျဆုံးခဲ့သည့် ဈာပနအခမ်းအနားအထိ မှတ်တမ်းဓာတ်ပုံများကို ပြသထားသည်။

၂၀၁၈ခုနှစ် အာဇာနည်နေ့ အခမ်းအနားပြပွဲ

(၂၀၁၈)ခုနှစ်၊ ၇၁ ကြိမ်မြောက် အာဇာနည်နေ့တွင် အာဇာနည်နေ့အခမ်းအနားပြပွဲအဖြစ် ဇူလိုင်လ ၁၉ ရက်မှ ၂၁ ရက်အထိ ဖွင့်လှစ်ပြသခဲ့သည်။ ပြခန်းပေါင်းရှစ်ခန်းဖြင့် နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်လှစ်ပြသသည်။ ၇၁ကြိမ်မြောက် အာဇာနည်နေ့တွင် အထူးအစီအစဉ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်း ငယ်စဉ်ကျောင်းသားဘဝက သင် ကြားခဲ့သည့် ဗိုလ်ချုပ်၏လက်မှတ်ပါရှိ သည့် ကျောင်းသုံးဖတ်စာအုပ်ကို အထူးပြကွက်အဖြစ် ထည့်သွင်းပြသထားသည်။ ယင်းအပြင် တောင်တွင်းကြီးမြို့နယ်မှ မဇင်ဝင်းနွယ်၏ လက်ရာ ဖြစ်သော စပါးဖွဲဖြင့်ပြုလုပ်ထားသော ပန်းချီကားချပ်ပြခန်းလည်း ပြသ ထားသည်။ ယင်း စပါးဖွဲပန်းချီကားချပ်သည် ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ကြီးများအား ဂုဏ်ပြုပုံဖော်ထားသော ပန်းချီကားချပ်လည်း ဖြစ်သည်။ ထို့အပြင် ကျောင်းသားကျောင်းသူများ၏ ဆုရ ကဗျာ၊ ပန်းချီ၊ ဆောင်းပါးများကိုလည်း ပြသထားသည်။

အခြားကြည့်ရန်

ကိုးကား

Tags:

ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် သမိုင်းကြောင်းဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် ဖွင့်လှစ်ချိန်ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် ပြခန်းများဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် ၂၀၁၈ခုနှစ် အာဇာနည်နေ့ အခမ်းအနားပြပွဲဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် အခြားကြည့်ရန်ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် ကိုးကားဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်နတ်မောက်မြို့မကွေးတိုင်းဒေသကြီး

🔥 Trending searches on Wiki မြန်မာဘာသာ:

ရှင်အရဟံမျက်မှန်စိန္တာမဏိဂါထာဟန်နီနွေဦးအပြာရောင်ကျောက်တန်းရေလယ်ဘုရားဗုဒ္ဓဘာသာဖေ့စ်ဘွတ်ခ်နိဗ္ဗာန်ကရင် အမျိုးသား အစည်းအရုံးရာဇာဓိရာဇ် အရေးတော်ပုံကျမ်းငှက်ကချင်ပြည်နယ်ကီလိုမီတာပုတီးစိပ်နည်းသင်္ကြန်ထမင်းမြို့မငြိမ်းမြန်မာ့ရိုးရာ အတိုင်းအတာယူနစ်များပန်ထွာဘုရင်မဒူဘိုင်းမြို့ရခိုင်လူမျိုးမြန်မာ့စွယ်စုံကျမ်းထားဝယ်လူမျိုးဆိပ်ကြီးခနောင်တိုမြို့နယ်ချင်းလူမျိုးမြန်မာနိုင်ငံ၏ အလံတော်ဂျက်လီရွှေမန်းတင်မောင်သင်္ဂါယနာတွံတေးသိန်းတန်မြောက်ဥက္ကလာပမြို့နယ်မြန်မာအမျိုးသမီးများနေ့ဗဟိုစာမျက်နှာဘုရားသုံးဆူမြို့ခွေးဇီဇဝါမယ်နုအုတ်ကျောင်းဥပုသ်နေ့ပရိတ်ကြီး ၁၁ သုတ်ကပိလဝတ်ပြည်မြန်မာ့သမိုင်းဒိုးလုံးနေပြည်တော်မြို့ထိုင်းနိုင်ငံ၏ ပြည်နယ်များဂဏန်းသင်္ချာ၏ အခြေခံသီအိုရမ်ကိုရီးယားနိုင်ငံညောင်ရမ်းခေတ်သိန်းစိန် (နိုင်ငံတော်သမ္မတ)အဖြူဆင်းခြင်းပထမ ကမ္ဘာစစ်မင်းတုန်းမင်းကပ်ပန်းရှမ်းပြည်နယ်မျိုးကြီးအကောက်တောင်မဟူရာကျောက်ရေးမြို့စင်ကာပူနိုင်ငံမြန်မာစာပေမြန်မာနိုင်ငံရှိ ခရိုင်များသိင်္ဃသူ့သမီးကျောက်စာကရင်ပြည်နယ်မြောက်ကျွန်းပုသိမ်မြို့ဈာန်ဗမာလူမျိုးခေါင်းကိုက်ခြင်းခွေးရူးပြန်ရောဂါကာကွယ်ဆေး၃၁-ဘုံဝဋ်လိင်တံရွှေတိဂုံ၏ အံ့ဖွယ် (၉)ပါးဆိပ်ကြီးခနောင်တိုမြို့နယ်မှ နာမည်ကြီး လူလိမ်နှင်းယုလှိုင်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)စု၊ ဒေါ် (ဗိုလ်ချုပ်အောင်ဆန်းမိခင်)ငရဲကြီးရှစ်ထပ်🡆 More