ထွန်းထွန်းမင်း: လက်ဝှေ့

ထွန်းထွန်းမင်း (၁၉၉၂ ခုနှစ်၊ အောက်တိုဘာလ၊ ၄ ရက်နေ့ဖွား) သည် မြန်မာနိုင်ငံသား မွန်လူမျိုး လက်ဝှေ့အားကစားသမားတစ်ဦး ဖြစ်သည်။ ထွန်းထွန်းမင်းသည် အလွတ်တန်းကမ္ဘာ့ချန်ပီယံ ဖြစ်သည်။ ထွန်းထွန်းမင်းသည် လက်ဝှေ့ရွှေခါးပတ်ကို ရယူခဲ့သည့် အငယ်ဆုံးသော လက်ဝှေ့သမားတစ်ဦး ဖြစ်ပြီး အသက် ၂၁ အရွယ်တွင် လက်ဝှေ့ရွှေခါးပတ်ကို ရရှိခဲ့သည်။ သူသည် မြန်မာနိုင်ငံ၏ ပြင်ပ အခြားသောနိုင်ငံများတွင် ကျင်းပသည့် ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခြင်းဖြင့်လည်း လူသိများသည်။ သူသည် ၂၀၁၂ ခုနှစ် အာဆီယံမွေထိုင်းချန်ပီယံပြိုင်ပွဲ၊ ၂၀၁၃ ခုနှစ် အရှေ့တောင်အာရှအာဆီယံဂိမ်းနှင့် 2013 Asian Indoor and Martial Arts Games ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ထွန်းထွန်းမင်း
ထွန်းထွန်းမင်း: အစောပိုင်းဘဝ, လက်ဝှေ့အားကစားသမားဘဝ, ရရှိခဲ့သည့် ဆုများ
မွေးဖွားMaung Tun Tun Min
(1992-10-04) အောက်တိုဘာ ၄၊ ၁၉၉၂ (အသက် ၃၁)
အမည်ရင်းထွန်းထွန်းမင်း
အခြားအမည်များMohammed Saet
နိုင်ငံသားမြန်မာနိုင်ငံသား မွန်လူမျိုး
အမြင့်၁.၇၅ m (၅ ft ၉ in)
ကိုယ်လေးချိန်၈၀ kg (၁၈၀ lb; ၁၃ st)
စတိုင်လက်ဝှေ့၊ မွေထိုင်း
StanceOrthodox
အသင်းFit & Fight Fitness & Lethwei, Yangon
တက်ကြွသောနှစ်များ၂၀၀၂ - လက်ရှိ
တက္ကသိုလ်ဒဂုံတက္ကသိုလ်
ကြင်ဖော်မသဲပွင့်ဖြူ (လက်ထပ် ၂၀၁၅)
မိသားစုဝင်များဦးထွန်းထွန်းဇော် (ဖခင်)၊ ထွန်းမင်းလတ်၊ ထွန်းမင်းနိုင်၊ ထွန်းမင်းအောင် (ညီအစ်ကိုများ)
ဆုတံဆိပ် ရာဇဝင်
မွေထိုင်း (အမျိုးသား)
ထွန်းထွန်းမင်း: အစောပိုင်းဘဝ, လက်ဝှေ့အားကစားသမားဘဝ, ရရှိခဲ့သည့် ဆုများ မြန်မာ ကိုယ်စားပြု
အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
ရွှေတံဆိပ် – ပထမနေရာ ၂၀၁၃ နေပြည်တော် Event
Asian Indoor and Martial Arts Games
ကြေးတံဆိပ် – တတိယနေရာ ၂၀၁၃ အင်ချွန်း၊ ကိုရီးယား Event
အာရှ မွေ့ထိုင်း ချန်ပီယံရှစ်
ငွေတံဆိပ် – ဒုတိယနေရာ ၂၀၁၂ ဟိုချစ်မင်းစီးတီး၊ ဗီယက်နမ် Event
အမျိုးသားလက်ဝှေ့
ပြည်နယ်နှင့်တိုင်း ပြိုင်ပွဲ
ရွှေတံဆိပ် – ပထမနေရာ ၂၀၁၀ ရန်ကုန် Event

အစောပိုင်းဘဝ

ထွန်းထွန်းမင်းကို မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကဒါကျေးရွာအုပ်စု ဖနုံကျေးရွာမှာ ၁၉၉၂က မွေးဖွားခဲ့သည်။ မွန် လူမျိုး ဖြစ်သည်။ သူ၏ မိဘနှစ်ပါးမှ ဦးထွန်းထွန်းဇော်နှင့် ဒေါ်အေးဝင်း ဖြစ်သည်။ သူသည် ဒုတိယမြောက်အကြီးဆုံးသား ဖြစ်သည်။ ထွန်းထွန်းမင်းသည် သူ၏ လက်ဝှေ့ပွဲများကို မွန်ပြည်နယ်တွင် စတင်ခဲ့သည်။ သူသည် အသက် ၆ နှစ်သားအရွယ်တွင် ဖခင်ဖြစ်သူက ဝယ်ယူခဲ့သည့် သဲအိတ်များ၊ အခြားအခြေခံပစ္စည်းများဖြင့် လေ့ကျင့်ခဲ့သည်။ စတုတ္ထတန်းရောက်သည့် အသက် ၉ နှစ်အရွယ်တွင် သူသည် ကျောင်းတွင်းကျင်းပသည့် ပြိုင်ပွဲတွင် အနိုင်ရခဲ့သည်။

၆ တန်းသို့ ရောက်ရှိခဲ့သည့်အခါ ထွန်းထွန်းမင်းသည် လက်ဝှေ့ကို အာရုံစိုက်နိုင်ရန်နှင့် မိသားစုကို ထောက်ပံ့ရန် ကျောင်းထွက်ခဲ့သည်။ ၂၀၀၇ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ ထိုင်းနိုင်ငံရှိ နာနတ်သီးခြံတွင် လိုအပ်သည့် ဝင်ငွေများ ရရှိရန် အလုပ်လုပ်ခဲ့သည်။ ထိုအချိန်တွင် သူ၏ သူဌေးဖြစ်သူသည် ရွာအတွင်းရှိ အခြားသော မွေထိုင်းကစားသမားယောက်ျားလေးများနှင့် ယှဉ်ပြိုင်ရန် စိန်ခေါ်ခဲ့သည်။ ထွန်းထွန်းမင်းသည် ထိုယှဉ်ပြိုင်မှုတွင် အနိုင်ရခဲ့သည်။

ထွန်းထွန်းမင်းသည် နေအိမ်သို့ ပြန်လာသည့်အခါတွင် မုဒုံသားလက်ဝှေ့ကလပ်နှင့် ဆက်သွယ်ခဲ့သည်။ မုဒုံသားလက်ဝှေ့ကလပ်သည် ၂၀၀၈ ခုနှစ်တွင်ဆရာဦးရဲသွေး၊ ဦးသမိန်သော်တာနှင့် ထွန်းထွန်းမင်း၏ ဖခင်ဖြစ်သူတို့ တည်ထောင်ခဲ့သည့် လက်ဝှေ့ကလပ် ဖြစ်သည်။

လက်ဝှေ့အားကစားသမားဘဝ

သူ၏ နည်းပြဆရာအသစ်များ၏ လမ်းညွှန်မှုအောက်တွင် ထွန်းထွန်းမင်းသည် သူ၏ ပရောက်ဖက်ရှင်နယ် လက်ဝှေ့ကစားသမားဘဝကို စတင်ခဲ့သည်။ လက်ဝှေ့ပွဲများကို ဘုရားပွဲများနှင့် အခြားယုံကြည်ကိုးကွယ်မှုဆိုင်ရာ ပွဲတော်များတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

ထွန်းထွန်းမင်းသည် အင်တာဗျူးများတွင် သူ၏အသက် ၂၇ နှစ်အရွယ်တွင် အနားယူရန် စီစဉ်ထားသည်ဟု ထုတ်ဖော်ပြောခဲ့သည်။

ချန်ပီယံဖြစ်လာခြင်း

၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့၊ အသက် ၂၁ နှစ်အရွယ်တွင် ထွန်းထွန်းမင်းသည် စောငမန်းကို အနိုင်ယူပြီး အလွတ်တန်းကမ္ဘာ့လက်ဝှေ့ချန်ပီယံ ဖြစ်လာခဲ့သည်။ စောငမန်းသည် ဆီးဂိမ်းပြိုင်ပွဲအတွက် ထွန်းထွန်းမင်းနှင့်အတူတူ လေ့ကျင့်ခဲ့ဖူးသည်။

ရရှိခဲ့သည့် ဆုများ

  1. ၂၀၁၃ ခုနှစ် ဒဂုံရွှေအောင်လံအထူးဆု (Trophy)
  2. ၂၀၁၄ ခုနှစ် အလွတ်တန်းလက်ဝှေ့ချန်ပီယံ (Title)
  3. ၂၀၁၅ ခုနှစ် သင်္ကြန်လက်ဝှေ့ချန်ပီယံ (ခါးပတ်)
  4. ၂၀၁၅ ခုနှစ် အကောင်းဆုံးလက်ဝှေ့သမားဆု (Trophy)
  5. ၂၀၁၆ ခုနှစ် အလွတ်တန်းမြန်မာ့လက်ဝှေ့ကမ္ဘာ့ချန်ပီယံဆု (ခါးပတ်)

ပုဂ္ဂိုလ်ရေးဘဝ

လက်ဝှေ့ကစားသမားဘဝမှတ်တမ်းများ

ပရော်ဖက်ရှင်နယ် လက်ဝှေ့ကစားခြင်း မှတ်တမ်း

ပရော်ဖက်ရှင်နယ် လက်ဝှေ့ကစားခြင်း မှတ်တမ်း

Legend:       Win       Loss       Draw/No contest       Notes

မွေထိုင်းကစားသမားမှတ်တမ်းများ

Professional Muay Thai record

Legend:       Win       Loss       Draw/No contest       Notes

MMA ပြိုင်ပွဲမှတ်တမ်းများ

Res. Record ပြိုင်ဘက် နည်းလမ်း ပြိုင်ပွဲ နေ့ရက် ပွဲချီ အချိန် နေရာ မှတ်ချက်
Loss 0–1 Daryl Lokuku Ippon (Ground and pound) Ganryujima Way of the Samurai Koukai Senshou Final ၃၁ ဇူလိုင် ၂၀၁၆ 1 2:03 Ariake, Tokyo, Japan

ကိုးကား

Tags:

ထွန်းထွန်းမင်း အစောပိုင်းဘဝထွန်းထွန်းမင်း လက်ဝှေ့အားကစားသမားဘဝထွန်းထွန်းမင်း ရရှိခဲ့သည့် ဆုများထွန်းထွန်းမင်း ပုဂ္ဂိုလ်ရေးဘဝထွန်းထွန်းမင်း လက်ဝှေ့ကစားသမားဘဝမှတ်တမ်းများထွန်းထွန်းမင်း ပရော်ဖက်ရှင်နယ် လက်ဝှေ့ကစားခြင်း မှတ်တမ်းထွန်းထွန်းမင်း မွေထိုင်းကစားသမားမှတ်တမ်းများထွန်းထွန်းမင်း MMA ပြိုင်ပွဲမှတ်တမ်းများထွန်းထွန်းမင်း ကိုးကားထွန်းထွန်းမင်းလက်ဝှေ့ထိုးခြင်း၂၀၁၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ

🔥 Trending searches on Wiki မြန်မာဘာသာ:

သန်းရွှေ (ဗိုလ်ချုပ်မှူးကြီး)တဘောင်မြန်မာ့တော်လှန်ရေးဆေးဝါးဗေဒစင်ကာပူနိုင်ငံကျောက်ခေတ်နန်းမတော်မယ်နုဦးနု၁၉၄၂မယ်ခွေမြောင်လူမျိုးမဟာဘုတ်မြန်မာစာစတင်ဖြစ်ပေါ်လာပုံဘဉာဏ် (ပန်းချီဆရာ)ကအရိုးအပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှန်လုံအိမ်ဓာတ်ငွေ့နေပြည်တော် ပြည်ထောင်စုနယ်မြေဗီယက်နမ်နိုင်ငံထိုင်းနိုင်ငံကံ့ကော်ပင်ငရဲကြီးရှစ်ထပ်တပင်ရွှေထီးနှစ်ကျိပ်ရှစ်ဆူကျန်စစ်သားဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး ကပ်လှူခြင်းသဘာဝပတ်ဝန်းကျင်လေဖြတ်ခြင်းမင်းဆွေဒူဘိုင်းမြို့အုန်းပင်သွေးတိုးရောဂါမိုးကုတ်တရားတွံတေးသိန်းတန်ငွေခင်ပွန်းကြီးဆယ်ပါးကံအမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်အာရှမူဆယ်မြို့မုန့်ဟင်းခါးသောမတ် အက်ဒီဆင်စိုင်းထီးဆိုင်အမေရိကန်ပြည်ထောင်စုကမ္ဘာ့လေထုစစ်ကိုင်းမြို့ဗမာလူမျိုးဗေဒင်တိုက်ဖိုးကျား၊ ဦးပရိမိတ္တဇာလသုတ်ပြေတီဦးသူလိုလူ (ဝတ္ထု)ဆီးချိုရောဂါလက္ခဏာများဥယျာဉ်ရန်ကုန်တက္ကသိုလ်စိတ်ပြင်သစ်နိုင်ငံမြန်မာ ငွေစက္ကူ သမိုင်းမြန်မာ့ယဉ်ကျေးမှုဗမာ့လွတ်လပ်ရေးတပ်မတော်တပ်မတော်၏ လက်မောင်းတံဆိပ်အဆောင်အယောင်များရခိုင်ပြည်နယ်ဗလာဒီမီယာ ပူတင်ကြွက် (တိရစ္ဆာန်)ပိဋကတ် သုံးပုံတပ်မတော် (လေ)မရမ်းကုန်းမြို့နယ်တနင်္သာရီတိုင်းဒေသကြီးထန်းလျက်မြန်မာနိုင်ငံသမိုင်းစုန်းကဝေအတတ်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ခေါင်းဆောင်မှုလမ်းမတော်ဖိုးတုတ်🡆 More