ထမနဲ

ထမနဲသည် ကောက်ညှင်းနှင့် စီမံပြုလုပ်သော မြန်မာတို့၏ ချိုဆိမ့်မွှေးသည့် စားစရာတစ်မျိုး ဖြစ်သည်။ ကောက်ညှင်းထမင်းကို ထပ်ပြန်တစ်လဲလဲ ကော်များပတ်စာများ နှဲဘိအလား နှဲရသောကြောင့် ထမင်းနှဲဟုခေါ်သည်။ ထမနဲကို အချို့ဒေသတွင် ယာဂုဟုလည်း ခေါ်သည်။ ယာဂုမှာ ပါဠိဘာသာဖြစ်၍ မြန်မာလို ဆန်ပြုတ်ဟု အဓိပ္ပာယ်ရသည်။ ကောက်ညှင်း၊ အုန်းသီး၊ မြေပဲ၊ ဂျင်း၊ နှမ်းဆီနှင့် နှမ်းနိုင်နိုင်ထည့်ရသောကြောင့် နှမ်းမနဲဟုလည်း ခေါ်ကြသည်။

ထမနဲ
ထမနဲ
ထမနဲ
တပို့တွဲလ ထမနဲထိုးပွဲ

ကောက်ဦးပေါ်ချိန်တွင် မြန်မာနိုင်ငံ အနှံ့အပြား ကျေးလက်တောရွာများအထိ၊ ထမနဲထိုးပွဲများ ဆင်ယင်ကျင်းပကြသည်။ ဆယ့်နှစ်လရာသီ ပွဲတော်များအနက် တစ်ပွဲအပါအဝင် ဖြစ်သော ယင်းပွဲတော်ကို တပို့တွဲလဆန်းမှစ၍ လပြည့်နေ့အကြား ကာလအတွင်း၌ ရှေးမင်းအဆက်ဆက်မှ ဆင်းသက်၍ အမြို့မြို့ အရွာရွာတွင် ခြိမ့်ခြိမ့်သဲ ကျင်းပကြသည်။ ထို့ကြောင့် တပို့တွဲလ၊ ကုံသို့ကျ၊ မာဃထွန်းစမြဲ၊ ပေါက်လဲပွင့်တုံ၊ ဆူးပန်းငုံ၊ မီးပုံ ယာဂုပွဲဟု စပ်ဆိုကြသည်။

ထည့်သောပစ္စည်းများ အချိန်အဆမှန်၍ အထိုးနိုင်က ထမင်းနှဲသည် အလွန်စားကောင်းရုံမက ရက်ရှည်လည်း အထားခံသော အစာဖြစ်သည်။ ထမင်းနှဲထိုးသည့်အခါ ထည့်သည့်အချိန်အဆများကို အောက်ပါတေး ထပ်မျိုးဖြင့် စပ်ဆိုထားခဲ့ကြသည်။

      ကုံရာသီ မာသ၊ သဘာဝရွှင်စွာ။ ထာဝရစဉ်လာ၊ များသူ ငါချိမ့်သဲ။
      ညာဇမ္ဗုသာဓုခေါ်အောင်၊ ယာဂုတော် ကြိုဆောင်သည့်ပွဲ။
      စားတော်ရ ဆန်ပေါက်ဝါ၊ လေးပြည်သာထည့်မြဲ။
      ချိန်ပိဿာ လျှံကြည်ရွှဲအောင်လို့၊ နှမ်း ဆီလဲထည့်ပြန်။
      မြေပဲဆန် အဋ္ဌသုညငယ်နှင့် ဒွတ္တိံသတိလဗီဇံ။
      အုန်းသီးစိပ် ကျပ်ဝီသံငယ်၊ လောနတံ ချိန်သတ်နှင့်။
      ဂျင်းနုဖတ် သိင်္ဂီမျှင်ရွှေ၊ သုံးကျပ် မသွေ၊ နည်းစဉ်ဆက် သမုဆွေငယ်၊ ဥပဒေ မော်ကွန်းပလေး။

အထက်ပါတေးထပ်အရ ထမင်းနှဲထိုးလိုမူ၊ ကောက်ညှင်းဆန် လေးပြည်ကို ရေစင်အောင်ဆေး၍၊ ဆီ တစ်ပိဿာကို ဒယ်တွင် ထည့်ကာ၊ ဂျင်းသုံးကျပ်သားနှင့် ဆီသတ်၍ ကောက်ညှင်းထည့်နှပ်ရသည်။ ကောက်ညှင်းနပ်၍ ဆီပြန်သော်၊ ဖိုမှချ၍ကြေအောင်နှဲရသည်။ ယင်းသို့နှဲရာတွင် ယောက်မနှစ်လက်နှင့် ပွတ်ခြေသဖြင့် ကြေသွားသော ကောက်ညှင်းတွင် မြေပဲ ၈၀ ကျပ်သား၊ နှမ်း ၃၂ ကျပ်သား၊ အုန်းသီးစိပ် ၂၀ ကျပ်သား၊ ဆား ၇ ကျပ်သား နှံ့အောင် ထည့်၍မွှေလျှင် ထမင်းနှဲဖြစ်သည်။

ထမင်းနှဲသည် အပူစာချည့်ပါ၍ ဆီနိုင်သောအစာဖြစ်သဖြင့် အလွန်ချမ်းသည့် တပို့တွဲလမျိုးတါင် ထိုးပွဲကျင်းပ၍ စားကြသည်ဟု ဆိုကြသည်။ အလွန်အေး၍ အဆီခြောက်ခန်းချိန်ဖြစ်သဖြင့်၊ ဆီနိုင်သော ဤထမင်းနှဲကိုစားသုံးလျှင် စိုပြေလာ၍၊ အပူဓာတ်ရလာသည်ဟု အယူရှိကြသည်။ မဟာနရီကွန်ချာဆေးကျမ်း၌မူ ပထဝီပျက်သူများ ထမင်းနှဲစားသင့်သည်ဟုလာသည်။

ကိုးကား

Tags:

ကောက်ညှင်း

🔥 Trending searches on Wiki မြန်မာဘာသာ:

ဗဒုံမင်းမင်္ဂလသုတ်ကျောက်ဖြူမြို့သောမတ်စ် ဂျက်ဖာဆင်အိန်ဂျယ်လ်ရေတံခွန်ဆန်ဖရန်စစ္စကိုမြို့အပင်တတိယ အင်္ဂလိပ် - မြန်မာစစ်ဂြိုဟ်ကွန်ဒုံးပြစ်မှုဆိုင်ရာဥပဒေစဝ်ကြာဆိုင်ထွန်းမြတ်နိုင်မြန်မာ့အလင်း သတင်းစာစကားဝှက်စာရင်းကိုင်ပညာဥပဒေပိုးသတ်ဆေးမြန်မာဝီကီပီးဒီးယားပါဠိငါးပါးသီလနဝရတ် ကိုးပါးမြန်မာကျပ်ငွေတပ်မတော်စစ်ကိုင်းတိုင်းဒေသကြီးဆောက်လုပ်ရေး ဝန်ကြီးဌာနအင်္ဂါမာရ်ငါးပါးခြင်းလုံးလာအိုနိုင်ငံမြန်မာမုန့်များမိတ္ထီလာမြို့ရာသီဥတုပြောင်းလဲမှုအနိစ္စအင်တာနက်တိုက်ပီမိုးနင်းမြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေများမြန်မာနိုင်ငံ၏ အစိုးရဌာနဆိုင်ရာ ရာထူး အဆင့်များရဟန္တာရန်ကုန်ပညာရေးတက္ကသိုလ်လ (ကမ္ဘာရံဂြိုဟ်)ဘုရား (ဗုဒ္ဓဘာသာ)မြန်မာနိုင်ငံ၏ ဒုတိယ သမ္မတမြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်မိမိကိုယ်ကို သတ်သေခြင်းကမ္ဘာ့အကြီးဆုံးစာအုပ်ပရိတ်ကြီး ၁၁ သုတ်နေပြည်တော်မြို့နိုင်ငံတော် သံဃမဟာနာယကအဖွဲ့နိကာယ် ငါးရပ်ပင်လုံစာချုပ်မိုးကုတ်မြို့ဟားခါးမြို့လွတ်လပ်ပြီးခေတ်မြန်မာနိုင်ငံအမျိုးသမီးများ၏ အခွင့်အရေးမောင်အေး (ဒုတိယဗိုလ်ချုပ်မှူးကြီး)ချစ်ပို၊ မ၊ သူရမိုင်းခရပ်ဖ်မြဝတီမြို့စစ်ရေးအမေရိကန်ဒေါ်လာမြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးနယ်မြေဒေသများကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့စုဖုရားလတ်လွှမ်းပိုင်မင်းအောင်ငှက်ကြီးတောင်ဓားပညာရဟန်းခံခြင်းရှမ်းဘာသာစကားတောင်ငူခေတ်ဆီးချိုရောဂါလက္ခဏာများအောင်လအန်ဆန်းရတနသုတ်အင်္ဂလိပ်ဘာသာစကားအာယု၊ စာရေးဆရာ🡆 More