တရုတ်နှစ်သစ်ကူး

တရုတ်နှစ်သစ်ကူးသည် တရုတ်လူမျိုးများအဖို့ တစ်နှစ်အတွင်း အရေးပါသည့် ရိုးရာပွဲတော်တစ်ရပ်ဖြစ်သည်။ တရုတ်ပြက္ခဒိန်မှာ နွေဦးရာသီဖြင့် စတင်သောကြောင့် နှစ်ကူးပွဲ၏ တရုတ်ဘာသာမှာ 春節 (ချွင်းကျယ်) ဖြစ်ပြီး တိုက်ရိုက် ဘာသာပြန်လျှင် ‘နွေဦးရာသီပွဲတော်’ ဟု ခေါ်သည်။ နှစ်ကူးပွဲတော်မှာ တရုတ်ပြက္ခဒိန် နှစ်ဆန်း ၁ ရက်နေ့မှ စတင်ပြီး ၁၅ ရက်နေ့ မီးပုံးပွဲတော်ဖြင့် အဆုံးသတ်သည်။ နှစ်ကူးပွဲသည် တရုတ်ရိုးရာ ပွဲတော်များတွင် ကာလအရှည်ကြာဆုံးပွဲတော် ဖြစ်သည်။

တရုတ်နှစ်သစ်ကူး
တရုတ်နှစ်သစ်ကူး

တရုတ်နှစ်ကူးပွဲကို တရုတ်ထိုင်ဝမ်ဟောင်ကောင်မကာအိုနှင့် အခြားနိုင်ငံများရှိ တရုတ်အသိုင်းအဝိုင်းတွင် ကျင်းပဆင်နွဲလေ့ရှိသည်။ နှစ်ဆန်း ၁ ရက်နေ့မတိုင်မီ တစ်နှစ်အတွင်း မကောင်းသည့်အရာများ အညစ်အကြေးများကို ဆေးကြောရှင်းလင်းကာ အိမ်တံခါး တစ်ဖက်တစ်ချက်နှင့် အပေါ်တွင် လာဘ်လာဘကောင်းစေသော စာများပါသည့် စက္ကူနီများကပ်ကာ တန်ဆာဆင်ကြသည်။ ထိုစက္ကူများကို ‘ချွန်းလျန်’ (春聯) ဟု ခေါ်သည်။

နှစ်ကူးအကြိုညတွင် စားကောင်းသောက်ဖွယ်များ ချက်ပြုတ်ကာ ဘိုးဘွားများကို ရှိခိုးကန်တော့ပြီး မိသားစု စုံစုံညီညီဖြင့် စားသောက်ကြသည်။ ရပ်ဝေးရောက်နေသော ဆွေမျိုးသားချင်းများလည်း နှစ်ကူးတွင် အိမ်ပြန်လေ့ရှိသည်။ သန်းခေါင်ကျော်သည်နှင့် ဗျောက်အိုးများဖောက်ကာ နှစ်သစ်ကို ကြိုဆိုကြသည်။ နှစ်ဆန်း ၁ ရက်နေ့တွင်မူ မနက်စောစောထကာ ဘုရားကျောင်းသွား ဝတ်ပြုကြသည်။ လူကြီးများက ကလေးသူငယ်များအား နှစ်သစ်အတွင်း ကျန်းမာချမ်းသာစေဖို့ ရည်ညွန်းပြီး ဟုန်ပေါင်း (အန်ပေါင်း) ပေးလေ့ရှိသည်။

Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

အိန္ဒိယနိုင်ငံဝီကီပီးဒီးယားဒိဋ္ဌိပြည်မြို့အာရပ်-အစ္စရေး ပဋိပက္ခကုသိုလ်တော် ဘုရား(မန္တလေး)နေတိုး (ရုပ်ရှင်သရုပ်ဆောင်)ရန်ကုန်တိုင်းစစ်ဌာနချုပ်တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်ရခိုင်ဘာသာစကားမြန်မာ့စွယ်စုံကျမ်းပရိတ်ကြီး ၁၁ သုတ်အာဇာနည်နေ့ဂျပန်နိုင်ငံမယ်နုအုတ်ကျောင်းလျင်မြန်တုံ့ပြန်မှုကုဒ်တရုတ်စံကားပထမ ကမ္ဘာစစ်ဗုဒ္ဓမြတ်စွယ်တော်မဲဆောက်မြို့အချိန်ကျောက်ကပ်ရောင်ရောဂါအယုဒ္ဓယလာအိုနိုင်ငံပါကစ္စတန်နိုင်ငံတမာပင်လင်ခန်းမယားခန်း ပြတ်စဲခြင်းနိုင်ငံခြားရေး ဝန်ကြီးဌာနမျိုးကြီးမြန်မာနိုင်ငံရှိ သန်းခေါင်စာရင်းရန်ကုန်-မန္တလေး အမြန်လမ်းစစ်တက္ကသိုလ် (ပြင်ဦးလွင်)မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်ငပလီကမ်းခြေသံဃာဂုဏ်တော်ပုဂံမင်းဂလိုဘယ်လိုက်ဇေးရှင်းသေဆုံးခြင်းဂျူးဘာသာအရှေ့တောင်အာရှနိုင်ငံများအသင်းမြန်မာ့ပြည်တွင်းပဋိပက္ခများကော့သောင်းမြို့မြန်မာနာမည်ဗေဒင်အရေပြားလေးဘက်နာရောဂါမန်ကျည်းမိမိကိုယ်ကို သတ်သေခြင်းအကောက်တောင်ဗောဇ္ဈင်္ဂသုတ်ဟံသာဝတီကွန်မြူနစ်ဝါဒခရစ္စတီယာနို ရော်နယ်လ်ဒိုအစ္စလာမ်ဘာသာအဲလ်ဘတ် အိုင်းစတိုင်းဦးပုညကစားခုန်စားခြင်းဘုရားဂုဏ်တော်လောကဓံကြို့ထိုးခြင်းမြန်မာနိုင်ငံသမိုင်းမာရ်ငါးပါးမြန်မာသဒ္ဒါတစ်ကိုယ်ရည်အာသာဖြေခြင်း၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းစကားပြောအတတ်ကကျေးရွာအုပ်စုကယားပြည်နယ်သဗ္ဗမင်္ဂလာဂါထာတော်အင်ဒိုနီးရှားနိုင်ငံအမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်အင်္ဂလိပ်ဘာသာစကားမြိတ်မြို့🡆 More