ဆင်ခြေထောက်ရောဂါ

ဆင်ခြေထောက်ရောဂါ (အင်္ဂလိပ်: elephantiasis) ဟုလည်း ခေါ်ဝေါ် သော လင်ဖဲတစ် ဖီလရီအဲစစ် (အင်္ဂလိပ်: Lymphatic filariasis) ရောဂါသည် ဖိလဲရီယွိုင်ဒီးအား Filarioidea ခေါ် ကပ်ပါးသန်ကောင် (parasitic worm) မျိုးမှ ဖြစ်ပွားသည်။ ရောဂါသည် အများအားဖြင့် လက္ခဏာအသွင်အပြင်မပြချေ။ သို့သော် အချို့လူများတွင် လက်မောင်းများ၊ ခြေများ၊ ဖိုမအင်္ဂါများ အလွန်အမင်း ဖူးရောင်တတ်သည်။ အသားအ​ရေသည်လည်း ထူထဲလာတတ်ကာ နာကျင်မှုလည်း ဖြစ်တတ်သည်။ ခန္ဓာကိုယ်တွင် ပြောင်းလဲမှုများ ဖြစ်ပေါ်တတ်ပြီး ယင်းကြောင့် ဝေဒနာရှင်သည် လူမှုရေးစီးပွားရေး ပြဿနာများနှင့် ရင်ဆိုင်ရတတ်သည်။

ဆင်ခြေထောက်ရောဂါ
ဆင်ခြေထောက်ရောဂါ
ဆင်ခြေထောက်ရောဂါရှိသူ အမျိုးသမီးတစ်ဦး၏ပုံ။ DiseasesDB =
အထူးပြုကူးစက်ရောဂါ Edit this on Wikidata

ခြင်ကိုက်ခံရခြင်းမှ သန်ကောင်ပိုးများ ကူးစက်ပြန့်နှံသည်။ လူများတွင် ကူးစက်မှုသည် အများအားဖြင့် ခလေးအရွယ်မှစတင်သည်။ ရောဂါဖြစ်ပွားမှုသည် Wuchereria bancrofti, Brugia malayi, နှင့် Brugia timoriသန်ကောင်သုံးမျိုးမှ ဖြစ်ပွားသည်။ Wuchereria bancrofti သည် ပေါ်များဆုံးဖြစ်သည်။ သန်ကောင်ပိုးများသည် ပြန်ရည်ကြောစနစ် (lymphatic system) ကို ထိခိုက်ပျက်စီးစေသည်။

ညအချိန်တွင် ထုတ်ယူထားသောသွေးကို အနုစိတ်မှန်ဘီလူးဖြင့် ကြည့်ရှုစစ်ဆေးခြင်းအားဖြင့် ခွဲခြားစိတ်ဖြာနိုင်သည်။ သွေး၏အသွင်သည် ထူပြစ်ချွဲနေပြီး ဂျီအဲမ်စာ Giemsa များဖြင့် ပေလူးနေရမည်။ ရောဂါကို တိုက်ဖျက်သည့် အင်တီဘော်ဒီများ အတွက် စစ်ဆေးခြင်းကိုလည်း အသုံးလေ့ရှိပြုတတ်သည်။


ကြိုတင်ကာကွယ်ခြင်းသည် ရောဂါ မျိုးပြုတ်ရေးကို ရှေ့ရှု၍ ရောဂါရှိသော လူအုပ်စုတစ်စုလုံးကို နှစ်စဉ် ကုသနည်းဖြစ်သည်။ ယင်းသည် (၆)နှစ်ခန့် ကြာတတ်သည်။ ကုသဆေးများတွင် albendazole နှင့် တွဲလျက် ivermectin ကိုသော်လည်းကောင်း သို့မဟုတ် albendazole နှင့် တွဲလျက် diethylcarbamazine တို့ ပါဝင်သည်။ ကုသဆေးများသည် အရွယ်ရောက်ပြီး သန်ကောင်များကို မသတ်သော်လည်း သန်ကောင်များ မိမိအလျောက်သေသည်အထိ ရောဂါ ဆက်မပြန့်ရန် ကာကွယ်ပေးသည်။

ခြင်ကိုက်မခံရစေအောင် ကာကွယ်ရန် ကြိုးပမ်းမှုများကိုလည်း ပြုသင့်သည်။ ယင်းထဲတွင် ခြင်ကောင်ဦးရေလျော့စေခြင်းနှင့် ခြင်ထောင်များ သုံးခြင်းတို့ပါဝင်သည်။ နိုင်ငံပေါင်း ၇၃ နိုင်ငံတွင် လူသန်း ၁၂၀ ကျော်သည် ဆင်ခြေထောက်ရောဂါ ကူးစက်ခံနေရပြီး လူဦးရေ သန်း ၁၄၀၀ ခန့်သည် ဤဝေဒနာကို ခံစားနေရသည်။ ရောဂါအဖြစ်အများဆုံးဒေသများသည် အာဖရိကတိုက်နှင့် အာရှတိုက်တို့တွင်ဖြစ်သည်။ ရောဂါကြောင့် တစ်နှစ်လျှင် စီးပွားရေးဆုံးရှုံးမှု အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ ဆုံးရှုံးသည်။

မှီငြမ်းကျမ်းများ

Tags:

အင်္ဂလိပ်ဘာသာစကား

🔥 Trending searches on Wiki မြန်မာဘာသာ:

ငါးမန်းအောင်ခြင်း ၈ ပါးအမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်မြန်မာ ငွေစက္ကူ သမိုင်းနက္ခတ် ၂၇ လုံးစိုးဝင်း၊ ဗိုလ်ချုပ်ကြီးပန်းဆယ်မျိုးပြက္ခဒိန်ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နန်းခင်ဇေယျာဟင်္သာတထွန်းရင်မြန်မာအဘိဓာန်မြို့မငြိမ်းရှမ်းလူမျိုးဘန်ကောက်မြို့ခင်မောင်တိုးအင်းစိန်အကျဉ်းထောင်ပုဂံမင်းတရုတ်နှစ်သစ်ကူးကချင်လွတ်မြောက်ရေးတပ်မတော်မြန်မာဘာသာစကားနည်းပညာပုစွန်ကိုလိုနီခေတ်ခုနစ်နေ့ဘုရားရှိခိုးမြန်မာ့စွယ်စုံကျမ်းဘိန်းဆိပ်ကြီးခနောင်တိုမြို့နယ်မှ နာမည်ကြီး လူလိမ်နှင်းယုလှိုင်ဝတ်မှုန်ရွှေရည်အော်ကာခရစ်ယာန်ဘာသာဘုရားလ (ကမ္ဘာရံဂြိုဟ်)သိကြားမင်းအဇာတသတ်စာပေကွန်ဒုံးမိဿ (ဗေဒင်)သဗ္ဗမင်္ဂလာဂါထာတော်အချိန်၊ မြန်မာ့ရိုးရာဂျိန်းဘာသာမဟာဗန္ဓုလတပ်မတော်အက်ဥပဒေများအမှတ်(၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ပျူမြို့ပြနိုင်ငံများကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်ရှမ်းပြည်နယ်ဂျန် အောဖေ့စ်ဘွတ်ခ် မက်ဆင်ဂျာလိင်စိတ်ဆွခြင်းခန္ဓာဗေဒချစ်လှစွာသော အမုန်းသံသရာဂျူး (စာရေးဆရာမ)ရဟန်းရုရှားနိုင်ငံမောင်အေး (ဒုတိယဗိုလ်ချုပ်မှူးကြီး)မိုင်တဲလ် မြန်မာမေသက်ခိုင်တို့ဗမာအစည်းအရုံးဓမ္မစကြာသုတ္တန်သမ္မာကျမ်းစာစစ်တွေမြို့ဂဏန်းသင်္ချာ၏ အခြေခံသီအိုရမ်သာသနာ့ အလံပလတ်စတစ်မောဟလူ၏ အရိုးဖွဲ့စည်းပုံအသက်ရှူခြင်းစစ်ဆောင်ပန္နားတရုတ်မြန်မာ ရုပ်ရှင်ဇာတ်ကားများ စာရင်းကားလိုး ကော်လိုဒီနေတိုး (ရုပ်ရှင်သရုပ်ဆောင်)🡆 More