စင်ဒရဲလား

စင်ဒရဲလားပုံပြင်ကို ပြင်သစ်စာရေးဆရာပဲရိုး ဆိုသူက ခရစ် ၁၆၉၇ ခုနှစ်ခန့်က ပထမဦးစွာ ပြုစုရေးသားခဲ့ လေသည်။ သို့သော် ထိုသူ မရေးသားမီကပင် ဤပုံပြင်ကို ရှေးစကားတစ်ခုအဖြစ် လူသိများလေသည်။ စင်ဒရဲလား၏ မြန်မာပြန်အနက်မှာ 'စားဖိုသည်မ'ဖြစ်သည်။

စင်ဒရဲလား
စင်ဒရဲလား နှင့် နတ်သမီးတွေ့စဉ်။
Cinderella (1911)

ဇာတ်လမ်းမှာ ဆင်းရဲသော်လည်း ရုပ်လှပသော စင်ဒရဲလားဆိုသူ မိန်းကလေး၏အကြောင်း ဖြစ်သည်။ မိထွေးနှင့် နေရသူ ဖြစ်သည်။ မိထွေးဖက်မှ အစ်မတော် များသည် စင်ဒရဲလားလောက် ရုပ်အဆင်းမလှကြသဖြင့် မနာလိုဖြစ်ကာ စင်ဒရဲလားအား မနားမနေ ခိုင်းစေထား လေသည်။

တစ်ခါသော် စင်ဒရဲလားသည် မင်းသားကလေးတပါး၏ ကပွဲသို့ အများနည်းတူ သွားရောက်လိုသောဆန္ဒ ဖြစ်ပေါ် လာ၏။ ထိုကပွဲသို့ သွားရောက်နိုင်ရန်အတွက် သူ့အား မိခင်သဖွယ် ကြင်နာသနားနေသော နတ်သမီးတစ်ပါးက ကူညီလေသည်။ နတ်သမီး၏တန်ခိုးဖြင့် ရွှေဖရုံသီးတလုံးကို လှပသော မြင်းရထားတစီး ဖြစ်စေပြီးလျှင် ကြွက်ဖြူကလေး များကို ကကြိုးတန်ဆာဖြင့် ဆင်ယင်သော မြင်းဖြူကြီးများ ဖြစ်လေသည်။ စင်ဒရဲလားအား ဝတ်စားတန်ဆာတို့ဖြင့် မင်းသမီး ကလေးတမျှ လှပတင့်တယ်စေ၍ ထိုမြင်းလှည်း ကလေးဖြင့် သွားရောက်စေ၏။ သို့သော် ညသန်းခေါင်ယံ မတိုင်မီ ပြန်ခဲ့ရမည်ဟု မှာလိုက်လေသည်။

ကပွဲတွင် မင်းသားကလေးသည် စင်ဒရဲလား၏ရူပါရုံကို စွဲဲလန်းသွား၏။ ည ၁၂ နာရီထိုးလုနီးအချိန်တွင် စင်ဒရဲလား သည် ကပွဲမှ နေအိမ်သို့ သုတ်သီးသုတ်ပြာ ပြန်ခဲ့ရာ ဖန်ဖိနပ် တစ်ဖက် ကျွတ်၍ကျန်ခဲ့လေသည်။

မင်းသားကလေးသည် ဖိနပ်ရှင်ကို တွေ့လျှင် ကြင်ယာ မြှောက်မည်ဟု ကျေညာ၍ ဖိနပ်ရှင်ကို ရှာစေ၏။ နောက်ဆုံး၌ ဖိနပ်ရှင် စင်ဒရဲလားကို တွေ့ရှိသဖြင့် ကတိအတိုင်း ထိမ်းမြားလက်ထပ်လိုက်လေသည်။

အချို့က ဤပုံပြင်ကို သဘာဝကို တင်စားထားသော ပုံပြင်ဖြစ်သည်ဟု ဆိုကြသည်။ စင်ဒရဲလားသည် နံနက် အရုဏ်တက်ချိန် ဖြစ်၍၊ ညှင်းဆဲကလူ ပြုကြသူများမှာ ညအချိန်တွင် တက်လာသော တိမ်တိုက်များ ဖြစ်သည်။ နောက်ဆုံးတွင် စင်ဒရဲလားကို ကယ်ဆယ်သူ မင်းသားမှာ နေမင်းဖြစ်သည်ဟု ယူဆကြလေသည်။

ကိုးကား

Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

ခင်ပွန်းကြီးဆယ်ပါးယာဘတနင်္သာရီတိုင်းဒေသကြီးအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်မဇ္ဈိမပဋိပဒါမြနန်းနွယ်ဗောဇ္ဈင်ခုနစ်ပါးတရားဂုဏ်တော်အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ဖက်ဒရယ်ပြည်ထောင်စုစနစ်မမကြီး (ဝတ္ထု)ရာသီခွင်မြန်မာနိုင်ငံရေးသမိုင်းပြင်ဦးလွင်မြို့ခွေးအကမ္ဘာ့လေထုစစ်ကိုင်းမြို့၃၂ ကောဋ္ဌာသ၂၄ ပစ္စည်းဆင်ထားသုက်ပန်းခြင်းဆယ်ပါးသီလအလင်္ကာဦးသန့်ပျူမြို့ပြနိုင်ငံများဧပြီမွန်လူမျိုးဂျပန်ဘာသာစကားမဟာဂီရိနတ်ရန်ကုန်မြို့ရှိ ဆေးရုံများ စာရင်းပါတော်မူခြင်းမင်းရဲကျော်စွာမလေးရှားနိုင်ငံဝင်းတင်၊ ဦး (ဟံသာဝတီ)ကျောက်ချဉ်ဝေလနိုင်ငံဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး ကပ်လှူခြင်းကျောက်ခေတ်စစ်ပွဲလက်ဖက်မိန်းမကောင်းအင်္ဂါ (၆၄) ရပ်ဗိုလ်ချုပ်မှူးကြီးဆေးလိပ်တန်ခူးလသွေးလွန်တုပ်ကွေးမြန်မာဇာတ်သဘင်ထိုင်းလူမျိုးသီရိလင်္ကာနိုင်ငံကိန်းHTTP cookieဝက်သားတုတ်ထိုးခြေမြန်တပ်မဌာနချုပ်ကြေးမုံ သတင်းစာမြန်မာဖောင့်များထွန်းမြတ်နိုင်စောမောင် (ဗိုလ်ချုပ်မှူးကြီး)ရှင်ဥတ္တမကျော်တောလားပထမ ကမ္ဘာစစ်အမျိုးသားညီညွတ်ရေး အစိုးရသဘာဝဘေးအန္တရာယ်ဘုရား (ဗုဒ္ဓဘာသာ)သားအိမ်ချေ၊ (ဂျီ)ဒဿနိကဗေဒထူးအိမ်သင်ညောင်ရေသွန်းပွဲမြန်မာနိုင်ငံ၏ အလံတော်အိုစမာ ဘင်လာဒင်ကောသလမင်း အိပ်မက် (၁၆)ချက်မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းရိုဟင်ဂျာမြန်မာနိုင်ငံ၏ အစိုးရဌာနဆိုင်ရာ ရာထူး အဆင့်များဆိုဗီယက်ပြည်ထောင်စု သမ္မတနိုင်ငံကုန်းနေရေနေ သတ္တဝါ🡆 More