ဂျပန်ပွဲတော်များ

ဂျပန်ပွဲတော်များ သည် အစဉ်အလာကျင်းပကြပြီး ပျော်ရွှင်ဖွယ်ကောင်းသည့် အချိန်ကာလပင် ဖြစ်သည်။ အချို့သော ပွဲတော်များသည် ရာစုနှစ်များစွာကတည်းက တရုတ်တို့၏ ပွဲတော်များမှ ဆင်းသက်လာကြသည်။ သို့သော် ဂျပန်နိုင်ငံသို့ ရောက်သောအခါ ထိုပွဲတော်များကို ကိုယ်ပိုင်ဟန်ပန်များဖြင့် ရောနှောပြင်ဆင်ကာ ပြုလုပ်ခဲ့ကြသည်။

အချို့သော ပွဲတော်များသည် အတော်လေး ပြောင်းလဲထားကြသည်။ သို့သော် ဂျပန်နိုင်ငံတွင် ဒေသပွဲတော်များသည် များစွာ ရှိပေသည်။ ဥပမာအားဖြင့် တိုဘတဂိုအင် ဖြစ်သည်။ ထိုပွဲတော်များသည် ကျင်းပကြသည့် စီရင်စုများ၏ အပြင်ဒေသတွင် များသောအားဖြင့် လူသိထင်ရှားမှု သိပ်မရှိလှပေ။ ထို့ကြောင့် ဂျပန်နိုင်ငံ၏ နေရာများတွင် အမြဲတမ်းပွဲတော်တစ်ခုကို မြင်တွေ့နိုင်ပေသည်။

ပွဲတော်တွင် ပြုလုပ်သည်များ

ပွဲတော်များတွင် အစားအစာ၊ ဖျော်ဖြေမှု၊ လူအများက ပါဝင်ကခုန်ကြခြင်း စသည်တို့ဖြင့် ပွဲတော်များကို ပြုလုပ်ကြသည်။ အချို့သော ပွဲတော်များသည် ကျောင်းတော်များတွင်လည်းကောင်း၊ မီးပန်းများဖြင့်လည်းကောင်း ပြုလပ်ကြသည်။ ခြင်္သေ့ဝတ်စုံများကို ဝတ်ဆင်ကာ ပါဝင်ဆင်နွှဲရသည့် ဟဒခပွဲတော်ကဲ့သို့သော ပွဲတော်များလည်း ရှိသည်။

ဒေသပွဲတော်များ (မဆွတ်ရိ)

ဂျပန်ပွဲတော်များ 
Big Mikoshi "Yatai" Parade on Miki Autumn Harvest Festival In Miki, Hyogo

မဆွတ်ရိသည် ဂျပန်ဘာသာစကား ဖြစ်ပြီး အားလပ်ရက် သို့မဟုတ် ပွဲတော်ဟု အဓိပ္ပာယ်ရသည်။ ဂျပန်တွင် ပွဲတော်များကို ကျောင်းတော်များ၊ စေတီများ စသည်တို့တွင် ကျင်းပလေ့ရှိ၏။ ပွဲတော်များကို ကျင်းပသည့် ရက်မှာလည်း တိတိကျကျသတ်မှတ်ထားမှု မရှိပေ။ နေရာတစ်ခုနှင့်တစ်ခု ပြောင်းလဲမှု ရှိ၏။ အိုဘွန်းနှင့် ဆဲဆွတ်ဘန်းကဲ့သို့သော ပုံမှန်ပိတ်ရက်များတွင် လူအုပ်များဖြင့် စည်ကားလေ့ရှိသည်။ ဒေသတစ်ခုတွင် နွေ သို့မဟုတ် ဆောင်းဦးရာသီတွင် အနည်းဆုံး ပွဲတော်တစ်ခု ရှိသည်။ မျာသောအားဖြင့် ထိုပွဲတော်များသည် သီးနှံရိတ်သိမ်းမှုနှင့် ဆက်စပ်နေသည့် ပွဲတော်များ ဖြစ်သည်။


ထင်ရှားသည့် ပွဲတော်များစာရင်း

ဂျပန်ပွဲတော်များ 
ကျိုတိုမြို့ရှိ အအိုအိပွဲတော်
ဂျပန်ပွဲတော်များ 
ကျိုတိုမြို့ရှိ ဂိအွန်ပွဲတော်
ဂျပန်ပွဲတော်များ 
အိုဆာကာမြို့ရှိ တန်းဂျင်ပွဲတော်
ဂျပန်ပွဲတော်များ 
အအိုမိုရိရှိ နဲဘုတပွဲတော်
ဂျပန်ပွဲတော်များ 
အခိတတွင်ပြုလုပ်သည့် ခန်တိုးပွဲတော်
ဂျပန်ပွဲတော်များ 
အအိချိ၊ ဆွတ်ရှိမ တွင် ကျင်းပသည့် တန်းနိုပွဲတော်
ဂျပန်ပွဲတော်များ 
Mikoshi fighting on "Nada no Kenka matsuri" In Himeji
ဂျပန်ပွဲတော်များ 
Stalls selling food or toys are a familiar sight at festivals throughout Japan
ဂျပန်ပွဲတော်များ 
"Wakakusa Yamayaki"
An annual festival during which the grass on the hillside of Mount Wakakusayama is set on fire.
ပွဲတော်အမည် မှတ်စု နေရာ
Atsuta held at Atsuta Shrine in June Nagoya
Aoi held at Shimogamo Shrine and Kamigamo Shrine in May Kyoto
Gion held in July Kyoto
Hadaka held in February Okayama
Hakata Gion Yamakasa held at Kushida-jinja in July Fukuoka
Hōnen held at Tagata Shrine in March Komaki
Jidai held on October 22 Kyoto
Kanamara held at Kanayama shrine in April Kawasaki
Kanda held at Kanda Myojin shrine in May Tokyo
Kanto held on August 3–7 Akita
Kishiwada Danjiri held on September Kishiwada
Kumagaya Uchiwa Festival held on July 19-23 Saitama
Miki Autumn Harvest Festival held at Ōmiya Hachiman Shrine in October Miki
Nada no Kenka held at Matsubara Hachiman Shrine in October 14–15 Himeji
Nagoya held in Hisaya Ōdori Park in Sakae, Nagoya Nagoya
Ojima Neputa Festival held on August 14-15 Gunma
Sanja held at Asakusa Shrine in May Tokyo
Sannō held at Hie Shrine in June Tokyo
Tenjin held at Ōsaka Tenman-gū in July Osaka
Wakakusa Yamayaki held at Nara in fourth Saturday of January Nara
Awa Odori held at Tokushima, Tokushima in August Tokushima, Tokushima
Yotaka held at Tonami, Toyama in June Toyama

ဆပ်ပိုရိုနှင်းပွဲတော် (ဟော့ခိုင်ဒို)

ဆပ်ပိုရိုပွဲတော်သည် ဆပ်ပိုရိုတွင်ကျင်းပသည့် ကြီးမားသည့်ပွဲတော်များထဲမှ တစ်ခု ဖြစ်သည်။ ဖေဖော်ဝါရီလတွင် တစ်ပတ်ကြာ ကျင်းပသည်။ ထိုပွဲတော်သည် အထက်တန်းကျောင်းသားများသည် ဆပ်ပိုရို၏ ဗဟိုတွင် နှင်းဖြင့်အရုပ်များကို ပြုလုပ်ခဲ့ကြသည့်အချိန် ၁၉၅၀ ခုနှစ်တွင် စတင်ကျင်းပခဲ့သည်။ ပွဲတော်သည် ယခုအခါ အလွန်စည်ကားလျက်ရှိပြီး စီးပွားရေးလည်း ဆန်သည်။ ကြီးမားသည့်ပန်းပုရုပ်တုတစ်ဒါဇင်ကို ပွဲတော်အတွက် တည်ဆောက်ကြပြီး သေးငယ်သည့် နှင်းနှင့် ရေခဲစသည်တို့ဖြင့် ပြုလုပ်ထားသည့် ရုပ်တုများသည် ထိုအရုပ်တစ်ဒါဇင်ကို ဝန်းရံလျက် တည်ရှိသည်။ ပွဲတော်တွင် ဖျော်ဖြေမှုများနှင့် အခြားသောအရာများကိုလည်း ကျင်းပကြသည်။

ရှိခိုဆွတ်ကန် ရေခဲပွဲတော်

ရှိခိုဆွတ်ရေကန်သည် မြောက်ဘက်ဆုံးတွင် တည်ရှိသည့် ရေခဲနေသည့် ကန်တစ်ခု ဖြစ်သည်။ အနက်သည် ၃၆၃ မီတာ ရှိသည်။ ဤပွဲတော်တွင် ရေညှိဖုံးလွှမ်းနေသည့် ဂူတစ်ခုရှိပြီး ၎င်းအတွင်းထဲတွင် အမြဲတမ်းစိမ်းနေပြီး ရေခဲဖြင့် ဖုံးလွှမ်းထားသည်။ ဤပွဲတော်ကို ဇန်နဝါရီလနှောင်းပိုင်းနှင့် ဖေဖော်ဝါရီလအလယ်ပိုင်းတွင် ကျင်းပကြသည်။ ပွဲတော်တွင် ပြုလုပ်ကြသည့် ရေခဲရုပ်တုများ၏ အရွယ်အစားသည် အသေးနှင့် အကြီးများ ဖြစ်ကြသည်။ ညအချိန်တွင် ရုပ်တုများကို ရောင်စုံမီးများဖြင့် အလှဆင်ထားကြသည်။ ပွဲတော်တွင် မီးရှုးမီးပန်းများကိုလည်း ပြသထားသည်။ ပွဲတော်သို့ ဝင်ရောက်ရန်မှာ အခမဲ့ ဖြစ်သည်။ ပွဲတော်တွင် ပူသည့်ဆာကေး (အမဆခဲ) ကို ဝယ်ယူကာ သောက်သုံးနိုင်ရန် ပြုလုပ်ထားသည်။

တိုဝဒကန် နှင်းပွဲတော်

ဤပွဲတော်ကို ဖေဖော်ဝါရီအစတွင် ကျင်းပသည်။ ယဆုမိယမြို့တွင် ကျင်းပသည်။ ပွဲတော်သည် တိုဝဒကန်၏ တောင်ဘက်(သစ်သားရုပ်တုများအနီး) တွင်ပြုလုပ်သည်။ ပွဲတော်သည် တစ်နေ့လုံး ပါဝင်ဆင်နွှဲနိုင်သည်။ ညနေ ၅ နာရီတွင် နှင်းဝင်္ကပါတွင် သွားလာခြင်း၊ ဂျပန်တို့၏ သံခမောက်ပုံသဏ္ဌာန် အိမ်ငယ်များကို လေ့လာနိုင်ခြင်း၊ အအိုမိုရိနှင့် အခိတစီရင်စုတို့မှ အစားအစာများကို စားခြင်း စသည့်အစီအစဉ်များ ပါဝင်သည်။ ရေခဲစင်မြင့်ပေါ်တွင် မီးပန်းများနှင့် အစီအစဉ်များကို ပြသသည်။

အအိုမိုရိနဲဘုတပွဲတော်

ဤပွဲတော်ကို နှစ်စဉ် ကျင်းပကြသည်။ နဲဘုတဟုခေါ်သည့် ရောင်စုံမီးပုံးများကို အအိုမိရိ၏ အလယ်ဗဟိုရှိ လမ်းများတွင် ချိတ်ဆွဲထားကြသည်။ ပွဲတော်ကို ဩဂုတ်လ ၂ ရက် မှ ၇ ရက်အထိ နှစ်စဉ်ကျင်းပသည်။ ပွဲတော်သည် လာရောက်လည်ပတ်သူ သန်းပေါ်းများစွာကို ဆွဲဆောင်မှု ရှိသည်။ ဤပွဲတော်အတွင်း ကြီးမားသည့် နဲဘုတမီးပုံးများ ၂၀ ခုကို အအိုမိုရိ JR ဘူတာအနီးရှိ လမ်းများတစ်လျှောက် ပြသထားသည်။ မီးပုံးများကို သစ်သားအောက်ခံ၊ သတ္ထုကိုယ်ထည်ဖြင့် ပြုလုပ်ထားသည်။ ဝရှိဟု ခေါ်သည့် ဂျပန်စာရွက်များကို ကိုယ်ထည်တွင် အလှဆင်ထားကြသည်။

နန်ဂိုနွေရာသီဂျပ်ဂီတပွဲတော်

ဤပွဲတော်ကို နှစ်စဉ်ကျင်းပကြသည်။ တိုဟိုခုနှင့် အခြားဒေသရှိ အနုပညာရှင်ထောင်ပေါင်းများစွာသည် နန်ဂိုသို့ လာရောက်ကာ ပွဲတော်ကို ဆင်နွှဲကြသည်။ ဤပွဲတော်သည် တိုဟိုခုဒေသတွင် ကျင်းပသည့် အကြီးမားဆုံးသော ဂျပ်ဂီတဖျော်ဖြေပွဲတစ်ခု ဖြစ်သည်။ ပွဲတော်ကို ၁၉၈၉ တွင် စတင်ခဲ့ပြီး အနည်းငယ်ဖြင့်သာ ကျင်းပခဲ့သည်။ စိတ်ပါဝင်စားသူများ၏ များပြားသည့် တုံ့ပြန်မှုကို ရရှိခဲ့သည့်အတွက် နှစ်စဉ်ကျင်းပသော ကြီးမားသည့် ပွဲတော်တစ်ခုအဖြစ်သို့ တိုးချဲ့ကျင်းပခဲ့သည်။ ဤပွဲတော်အတွက် လက်မှတ်ဝယ်ယူရမည် ဖြစ်သည်။ ဤပွဲတော်တွင် ကုန်ကျစရာ ဘာမျှမရှိသော်လည်း ပွဲအတွင်းသို့ ဝင်ရနန်အတွက်မူ လက်မှတ်တစ်ခု ရှိနေရမည် ဖြစ်သည်။

ချယ်ရီပန်းပွင့်ပွဲတော်

ဂျပန်တွင် ချယ်ရီပန်းများစုံလင်စွာ ပွင့်သည့်ရာသီတွင် ကျင်းပကြသည်။ ဂျပန်နိုင်ငံရှိ ဒေသတိုင်းတွင် ဤပွဲတော်ကို ကျင်းပကြပြီး အချို့ဒေသများတွင် အစားအစာများဖြင့် ကျင်းပခြင်း သို့မဟုတ် ပန်းခြံများတွင် မီးပုံးများဖြင့် အလှဆင်ထားကြသည်။

ကိုးကား

Tags:

ဂျပန်ပွဲတော်များ ပွဲတော်တွင် ပြုလုပ်သည်များဂျပန်ပွဲတော်များ ဒေသပွဲတော်များ (မဆွတ်ရိ)ဂျပန်ပွဲတော်များ ကိုးကားဂျပန်ပွဲတော်များ

🔥 Trending searches on Wiki မြန်မာဘာသာ:

တပ်မတော်၏ လက်မောင်းတံဆိပ်အဆောင်အယောင်များစစ်ကိုင်းမြို့အဋ္ဌကထာစေတီပုထိုးများပြက္ခဒိန်ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအစာအိမ်မာနရာသီခွင်ဓာရဏပရိတ်ပုပ္ပါးတောင်ကလပ်နေပြည်တော်တိုင်းစစ်ဌာနချုပ်ခွေးသုက်ပန်းခြင်းစအိုဖြင့် လိင်ဆက်ဆံခြင်းဂျန် အောအဘိဏှသုတ်မြန်မာနိုင်ငံရှိ သန်းခေါင်စာရင်းရခိုင်လူမျိုးမုန့်လုံးရေပေါ်အလောင်းမင်းတရားရှင်သီဝလိဂါထာအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဂိုလျောမောင်အေး (ဒုတိယဗိုလ်ချုပ်မှူးကြီး)အစ္စလာမ်ဘာသာသမ္ဗုဒ္ဓေကျော်ဟိန်းသာသနာ့ အလံဂျာနယ်ကျော် မမလေးကျောက်ဆည်မြို့ဘာသာစကားလီယွန်နယ် မက်ဆီကရင်အမျိုးသားအလံတော်ကျောက်တန်းရေလယ်ဘုရားဒုတိယ ကမ္ဘာစစ်ကရင်ပြည်နယ်ခန္ဓသုတ်ရွှေစည်းခုံ စေတီတော် (ပုဂံ)ကြာနီကန်ဆရာတော်အာဖရိကရှမ်းဘာသာစကားသဗ္ဗညုဘုရား(ပုဂံ)သုတ်မဟာဝါထိုင်းနိုင်ငံအင်္ဂါဂြိုဟ်ဝင်းဦးကောသလမင်း အိပ်မက် (၁၆)ချက်အောင်သင်းဩစတြေးလျနိုင်ငံမဂ္ဂသစ္စာရာသီအလိုက်ပွင့်သောပန်းများဝီကီပီးဒီးယားမြန်မာနိုင်ငံ၏ နိုင်ငံကူးလက်မှတ်ငရဲကြီးရှစ်ထပ်မြန်မာနိုင်ငံရှိ မြို့များဂေါတမမြတ်ဗုဒ္ဓ၏ဗုဒ္ဓဝင်ဂျာမနီနိုင်ငံမာမာအေးချဉ်ပေါင်အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ကိန္နရာအာပတ်လှော်ကားသဘာဝဥယျာဉ်နေအဖွဲ့အစည်းမဟာသမယသုတ်ဥပုသ်မဟာစန္ဒာမုနိဘုရားကြွက်တက်ခြင်းနတ်သျှင်နောင်မိုးကုတ်တရားလွတ်လပ်ရေးကျောက်တိုင်မြန်မာနိုင်ငံ၏ ပညာရေးညိုစော🡆 More