ကျောက်စိမ်းစေတီတော်

ကျောက်စိမ်းစေတီတော်သည် မြန်မာနိုင်ငံ၊မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တွင် တည်ရှိသော ကျောက်စိမ်းများဖြင့် မွန်းမံချယ်သထားသည့် စေတီတစ်ဆူ ဖြစ်သည်။ ဘွဲ့တော်အပြည့်အစုံမှာ ဝေရောစန ကျောက်စိမ်းစေတီတော် ဖြစ်သည်။

ကျောက်စိမ်းစေတီတော်
ကျောက်စိမ်းစေတီတော်

တည်နေရာ

ကျောက်စိမ်းစေတီတော်သည် မြန်မာနိုင်ငံမန္တလေးတိုင်းဒေသကြီးအမရပူရမြို့နယ်၊ ဆင်နွယ်ကျေးရွာ အုပ်စု ကွင်းအမှတ်(၆၂၈)၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ မိုင်တိုင် (၃၆၁) အနောက်ဘက် ပေ (၆၀၀)ခန့်နှင့် စစ်ကိုင်း-မြစ်ငယ်ကားလမ်း၏ မိုင်တိုင် (၄/၇) တောင်ဘက် ပေ(၁၀၀၀)ခန့်အကွာတွင် တည်ရှိသည်။ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ အထက် ၉'မြင့်ပြီး ၅-ဧက အကျယ်အဝန်းရှိ ကုန်းမြေပေါ်တွင် တည်ထားခြင်း ဖြစ်သည်။

အလှူရှင်

စေတီတော်၏ အလှူရှင် မိသားစုမှာ သီဟသုဓမ္မမဏိဇောတဓရ ဦးစိုးနိုင်၊ ဒေါ်အေးအေးခိုင် (အေးအေးခိုင် ကျောက်မျက်ကုမ္ပဏီ) မိသားစု ဖြစ်သည်။ စေတီတော်သာမက ဘုရားဝတ္တကမြေ အလှူရှင်လည်း ဖြစ်သည်။ စေတီတော်ကြီး တည်ထားပူဇော်နိုင်ရန် ၂၅-နှစ်ကျော် ကာလတိုင်အောင် ကျောက်စိမ်းများကို စုဆောင်းခဲ့ရသည်။ ဘုရားဒါယကာ ဦးစိုးနိုင်သည် ကျောက်စိမ်းဒီဇိုင်းများနှင့် ပန်းပုပုံများ ထုဆစ်ရာတွင် ကိုယ်တိုင်စီမံခန့်ခွဲ၍ မြန်မာမှု ပညာရှင်များက တာဝန်ယူ ထုလုပ်ပူဇော်ခဲ့ကြသည်။

အရွယ်အစား

စေတီတော်မြတ်ကြီး၏ အတိုင်းအတာ ပမာဏမှာ ထီးတော်မပါ ဉာဏ်တော်အမြင့် ၇၅'၆"၊ လုံးပတ်တော် ၁၇၆'၊ ပန်းတင်ခုံအလျား ၅၂'၆"၊ အနံ ၅၂'၆"၊ အမြင့် ၁၂'၊ ငှက်ပျောဖူးအမြင့် ၈'၆"၊ ထီးတော်အမြင့် ၇' အသီးသီးရှိသည်။ ပန်းတင်ခုံအတွင်း၌ မုခ်ဦးလေးခုရှိပြီး ကျောက်စိမ်းရုပ်ပွားတော်များ ပူဇော်ထားရှိသည်။ အရှေ့အနောက် ပူဇော်ထားရှိသော ကျောက်စိမ်းရုပ်ပွားတော်မှာ ဉာဏ်တော် ၃၁"စီ ရှိသည်။ တောင်ဘက်မုခ်ဦးရှိ ရုပ်ပွားတော်မှာ ဉာဏ်တော် ၄၉"နှင့် မြောက်ဘက်မုခ်ဦးရှိ ရုပ်ပွားတော်မှာ ဉာဏ်တော် ၅၀"ခွဲ ရှိသည်။

တည်ဆောက်မှု

၂၀၁၂-ခု၊ ဒီဇင်ဘာလ၊ ၂၁-ရက်နေ့တွင် မြေသန့်မဟာ မင်္ဂလာ ကျင်းပပြီး အဆင့်ဆင့် ဆောင်ရွက်ခဲ့ရာ ၂၀၁၅-ခုနှစ်၊ ဇွန်လ၊ ၅-ရက်နေ့တွင် ထီးတော်တင် မင်္ဂလာကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။ စေတီတော်ကြီးတည်ထားသောအခါ အရည်အသွေး စံချိန်မီ ကျောက်စိမ်း တန်ချိန် တစ်ထောင်ကျော်ကို အသုံးပြုခဲ့သည်။

ကိုးကား


Tags:

ကျောက်စိမ်းစေတီတော် တည်နေရာကျောက်စိမ်းစေတီတော် အလှူရှင်ကျောက်စိမ်းစေတီတော် အရွယ်အစားကျောက်စိမ်းစေတီတော် တည်ဆောက်မှုကျောက်စိမ်းစေတီတော် ကိုးကားကျောက်စိမ်းစေတီတော်ကျောက်စိမ်းမန္တလေးတိုင်းဒေသကြီးမြန်မာနိုင်ငံအမရပူရမြို့နယ်

🔥 Trending searches on Wiki မြန်မာဘာသာ:

ဒန့်သလွန်အဘိဓမ္မာပိဋကတ်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)ပုလွေမှုတ်ခြင်းစကားထာဘူရိဒတ်ဇာတ်တော်ကချင်လွတ်မြောက်ရေးတပ်မတော်ပညတ်အာရှခြင်းလုံး ကစားခြင်းစောလူးမင်းအမှတ် (၁) စစ်ဆင်ရေး အထူးအဖွဲ့မှူးမေတ္တေယျဘုရားကြို့ထိုးခြင်းကိုကိုခွေးတောက်ပင်ဝိပတ္တိတရားလေးပါးဂျာနယ်ကျော် မမလေးဝတ်မှုန်ရွှေရည်အင်းဝမြို့လေဖြတ်ခြင်းအရှေ့မြောက်တိုင်းစစ်ဌာနချုပ်ညှင်းပဋိစ္စသမုပ္ပါဒ်မြန်မာနိုင်ငံ၏ အလံများ စာရင်းဦးနှောက်အမြှေးရောင် ရောဂါကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံဆတ်ပန်းချီသင်္ကြန်ထမင်းအာဆင်နယ်စိုင်းထီးဆိုင်သရဏဂုံသီလရှင်ကျင့်ဝတ်နန်းဆုရတီစိုးဝန်ဆောင်မှုကမ္ဘာဂြိုဟ်မြန်မာ ရုပ်ရှင်ဇာတ်ကားများ စာရင်းဂျောင်ဂျောင်ကုအင်းဝမင်းဆက်ကျောက်ကျောသူဌေးကျွန်းယာဘဗမာပြည် ကွန်မြူနစ်ပါတီယုဒသန်လ (ကမ္ဘာရံဂြိုဟ်)ညိုစောသုဒ္ဓေါဒနမင်းကြီးဒီးမော့ဆိုမြို့နယ်ပုံရိပ်ပရိက္ခရာ ၈-ပါးရတနသုတ်ဘီယာဇာမဏီအနာဂါမ်လောက်ကိုင်မြို့သံကွင်းစွပ်မြေပုံတစ်သောင်းကျပ်တန် ငွေစက္ကူဟင်္သာအရေးကြီးပြီစောဘဦးကြီးမေထုနပါရာဇိကဆေးခြောက်ဘာသာစကားအချစ်မြန်မာဘာသာစကားစစ်ပွဲမြင်းမိုရ်ဝိဓူရဇာတ်တော်ဝ လူမျိုးဦးသန့်အောင်လပစ္စဝေက္ခဏာဆင်ခြင်ခြင်းစိတ်ချရသော လိင်ဆက်ဆံမှု🡆 More