ရှေ့နေ ကိုနီ

ဦးကိုနီ (၁၁ ဖေဖော်ဝါရီ ၁၉၅၃ - ၂၉ ဇန်နဝါရီ ၂၀၁၇) သည် ထင်ရှားသော မွတ်စလင်မ် ရှေ့နေတစ်ဦးဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုဥပဒေ အထောက်အကူပြု အဖွဲ့ဝင် ဥပဒေ အကြံပေး ရှေ့နေတစ်ဦးဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော်၏ အကြံပေးပုဂ္ဂိုလ်ရာထူးကို ရယူနိုင်အောင် ကြိုးပမ်းခဲ့သူ ဖြစ်သည်။ သူသည် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သူလည်း ဖြစ်သည်။

ဦးကိုနီ
ရှေ့နေ ကိုနီ
မွေးဖွား(1953-02-11)၁၁ ဖေဖော်ဝါရီ၊ ၁၉၅၃
ကသာမြို့နယ်စစ်ကိုင်းတိုင်း
ကွယ်လွန်၂၉ ဇန်နဝါရီ၊ ၂၀၁၇(2017-01-29) (အသက် ၆၃)
ရန်ကုန်မြို့
သေဆုံးရခြင်း အကြောင်းရင်းလုပ်ကြံခံရမှု
ထာဝရ နားခိုရာနေရာရေဝေးသုသာန်
နိုင်ငံလူမျိုးမြန်မာ
ပညာရေးB.A. (၁၉၇၅), LL.B. (၁၉၇၆)
မိခင်ကျောင်းရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်
အလုပ်အကိုင်ရှေ့နေ
တက်ကြွလှုပ်ရှားနှစ်များ၁၉၇၆–၂၀၁၇
ကျော်ကြားမှုအရင်းခံစာရေးဆရာ၊ NLD ပါတီ၏ ဥပဒေအကြံပေး
အိမ်ထောင်ဖက်(များ)ဒေါ်တင်တင်အေး
သားသမီးယဉ်နွယ်ခိုင်
အေးသီခိုင်
သန့်ဇင်ဦး
မိဘများ
  • စူလ်တန် မိုဟာမက် (ဖခင်)
  • ဒေါ်ဟလီမာခင်လှ (မိခင်)

ဦးကိုနီသည် အင်ဒိုနီးရှားနိုင်ငံတွင် ပြုလုပ်သော Senior Leadership Programme ကို တက်ရောက်ပြီး အပြန် ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၉ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လုပ်ကြံခံခဲ့ရပြီး ကွယ်လွန်ခဲ့သည်။

ငယ်ဘဝ

အဖ ဦးစူလ်တန်၊ မိခင် ဒေါ်ခင်လှ(ခ) ဒေါ်ဟလီမာတို့မှ စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ကသာမြို့နယ်၊ အင်းရွာကျေးရွာတွင် မွေးဖွားခဲ့သည်။

ပညာရေး

ကသာမြို့ အထက (၁) ကျောင်းမှ ၁၉၇၁ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ပြီး ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်တွင် ပညာဆည်းပူးခဲ့ကာ ၁၉၇၅ ခုနှစ်တွင် B.A(Law) ဘွဲ့ရရှိခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် LL.B ( ဥပဒေဘွဲ့) ကို ရရှိခဲ့သည်။ ၁၉၇၅−၁၉၇၆ ပညာသင်နှစ်တွင် ရန်ကုန်တက္ကသိုလ် ဥပဒေအသင်းကြီး၏ ဒုဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ၁၉၇၇ မှ ၁၉၇၉ ခုနှစ်အတွင်း ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ဥပဒေပညာဌာနတွင် နည်းပညာဆရာအဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။

ရှေ့နေဘဝ

၁၉၇၆ ခုနှစ်တွင် ဥပဒေဘွဲ့ရရှိပြီးနောက် အဝေးသင်တက္ကသိုလ်တွင် နည်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်ရင်း ဆရာကြီးဦးကိုယုထံတွင် အလုပ်သင်ရှေ့နေ၊ အမှုလိုက်ရှေ့နေအဖြစ် လုပ်ကိုင်ခဲ့ကာ ၁၉၉၅ ခုနှစ်တွင် Laurel Law Firm ကို တရားဝင်မှတ်ပုံတင်ပြီး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။

နိုင်ငံရေးလှုပ်ရှားမှု

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သို့ ၂၀၁၃ ခုနှစ် ​အောက်တိုဘာလ ၈ ရက်နေ့တွင် တရားဝင် ဝင်​ရောက်ခဲ့ပြီး ဗဟိုဥပဒေ အထောက်အကူပြု အဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေဖြစ်သည်။ ဦးကိုနီသည် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲခြင်းထက် အသစ်အစားထိုးရေးဆွဲသင့်သည်ဟု ယုံကြည်ထားသူဖြစ်သည်။

မိသားစု

ဇနီး ဒေါ်တင်တင်အေးနှင့် သားသမီး ၃ ဦး ရှိပြီး သမီးကြီး ဒေါက်တာယဉ်နွယ်ခိုင်၊ ဒေါက်တာအေးသီခိုင်၊ သားငယ် ကိုသန့်ဇင်ဦး (စင်ကာပူ) တို့ဖြစ်ပြီး ရန်ကုန်တွင် နေထိုင်ခဲ့သည်။

ဘဝနိဂုံး

ပြန်ကြားရေးဝန်ကြီးဌာန၏ (Senior Leadership Program) အင်ဒိုနီးရှားလေ့လာရေးခရီးစဉ်လိုက်ပါပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာစဉ် သေနတ်နှင့် ပစ်ခတ်လုပ်ကြံခံရခြင်းဖြစ်သည်။ ၂၀၁၇ ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေ ကွယ်လွန်ချိန်တွင် အသက် ၆၃ နှစ်ရှိပြီဖြစ်သည်။ ဦးကိုနီ၏ဈာပနသို့ ဘာသာပေါင်းစုံမှ လူ​ပေါင်းထောင်ချီ လိုက်ပါပို့ဆောင်ခဲ့သည်။

ကိုးကား

Tags:

ရှေ့နေ ကိုနီ ငယ်ဘဝရှေ့နေ ကိုနီ ပညာရေးရှေ့နေ ကိုနီ ရှေ့နေဘဝရှေ့နေ ကိုနီ နိုင်ငံရေးလှုပ်ရှားမှုရှေ့နေ ကိုနီ မိသားစုရှေ့နေ ကိုနီ ဘဝနိဂုံးရှေ့နေ ကိုနီ ကိုးကားရှေ့နေ ကိုနီမြန်မာနိုင်ငံအခြေခံဥပဒေ(၂၀၀၈)အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

🔥 Trending searches on Wiki မြန်မာဘာသာ:

နီဝရဏတရုတ်စံကားကွန်ဖြူးရှပ်အမှတ်(၃၃)ခြေမြန်တပ်မဌာနချုပ်မဟာသမယသုတ်ပန်းဆယ်မျိုးငါး (တိရစ္ဆာန်)မြန်မာနိုင်ငံ၏ ဝန်ကြီးချုပ်ဗောဇ္ဈင်ခုနစ်ပါးပင်းတယမြို့စောလူးမင်းပိုးသတ်ဆေးကားမြန်အောင်မြို့ပြင်ဦးလွင်မြို့နယ်တောင်တွင်းကြီးမြို့လင်ခန်းမယားခန်း ပြတ်စဲခြင်းသင်္ဂါယနာပီမိုးနင်းလီဆာသန်းရွှေ (ဗိုလ်ချုပ်မှူးကြီး)ကဗျာလင်္ကာဒိဋ္ဌိဝေလနိုင်ငံဟလိဒ္ဒိရာဂဇာတ်အဘိဓမ္မာပိဋကတ်ဘာသာမဲ့ အယူဝါဒသရဲလာအိုဘုရင့်နိုင်ငံပါဏာတိပါတမြေပုံစိုးဝင်း၊ ဗိုလ်ချုပ်ကြီးငွေ (သတ္တု)အင်တာနက်ရွက်လှပန်းပင်ပွေး(ရောဂါ)သက္ကရာဇ်ဝိပတ္တိတရားလေးပါးနိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကြယ်မြန်မာ့ လက်ဝှေ့လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့မုံရွာမြို့ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ငြိမ်းချမ်းရေးကောင်စီ)တြိဂံဒေသတိုင်းစစ်ဌာနချုပ်ထူးအိမ်သင်ဝင်းဦးဝ လူမျိုးကိုလိုနီခေတ်နိဝရဏတရားငါးပါးဥ (တိရစ္ဆာန်)ဂျေရုဆလင်မြို့ဩစတြေးလျနိုင်ငံသင်္ကြန်သောတာပန်ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်စစ်ကိုင်းတိုင်းဒေသကြီးဝိုင်းစုခိုင်သိန်းတပ်မတော် စစ်ဘက်ဆိုင်ရာအကြီးအကဲများမြန်မာနိုင်ငံ ရဲတပ်ဖွဲ့လောကနီတိမျက်စိနာခြင်းပြစ်မှုဆိုင်ရာဥပဒေမြန်မာစာစတင်ဖြစ်ပေါ်လာပုံမိုးဆီးချိုရောဂါအရိယာရာဟုရှင်ဥတ္တမကျော်တောလားဘိုးမင်းခေါင်မြန်မာ့ရိုးရာ အတိုင်းအတာယူနစ်များတယ်လီဖုန်း ကုတ်နံပါတ်ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်အရှေ့တောင်အာရှနိုင်ငံများအသင်းဧရာဝတီမြစ်ရဲဘော်သုံးကျိပ်လူသားတစ်ဦး၏လိင်တံအရွယ်အစား🡆 More