နည်းပညာ ဆိုသည်မှာ သိပ္ပံ နှင့် အင်ဂျင်နီယာ ဘာသာတို့ကို လူသား နှင့် လူသားတို့ အကျိုးအတွက် အသုံးချခြင်းပင်ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း နှစ်သန်းကျော်က လူတို့၏ ဘိုးဘေးများသည် ကျောက်ဖြင့် ပြုလုပ်ထားသော ကိရိယာများကို အသုံးပြုခဲ့ကြသည်မှာ နည်းပညာ၏ အစောဆုံး ဥပမာ တစ်ရပ်ပင် ဖြစ်သည်။ အခြားသော အစောပိုင်း ဥပမာများမှာ မီးအသုံးပြုမှုကို ထိန်းချုပ်ခြင်း၊ အဝတ်အထည်များကို အသုံးပြုခြင်းနှင့် စိုက်ပျိုးမွေးမြူရေး တိုးတက်လာခြင်းတို့ပင်ဖြစ်သည်။ ထိုနည်းပညာများနှင့် အခြားနည်းပညာများမှာ လူတို့ သဘာဝ ပတ်ဝန်းကျင်နှင့် ဆက်စပ်ယှက်နွယ်နေကြပုံကို များစွာ အထောက်အကူ ပြုပေသည်။ နည်းပညာ တိုးတက်မှုအများစုမှာ သယ်ယူပို့ဆောင်ရေးနှင့် ပတ်သက်နေပြီး အစောဆုံး ဥပမာ အချို့မှာ ပင်လယ်တွင်း သွားနိုင်သော လှေများနှင့် ဘီး ကို တီထွင်ခြင်း စသည်တို့ ဖြစ်ကြသည်။ ယခုခေတ်နှင့် နီးစပ်သော ဥပမာများမှာ ရထားပို့ဆောင်ရေး၊ မော်တော်ကား၊ လေကြောင်းသွားလာရေး နှင့် အာကာသ စူးစမ်းလေ့လာရေး တို့ ဖြစ်ကြသည်။ အချို့သော နည်းပညာများမှာ လူတို့ တစ်ယောက်နှင့် တစ်ယောက် အပြန်အလှန် ဆက်ဆံမှုကို တိုးတက်စေသည်။ စာရေးသားမှု ပုံနှိပ်ထုတ်ဝေမှု၊ တယ်လီဖုန်းနှင့် လောလောလတ်လတ် ပေါ်ပေါက်လာသော အင်တာနက် စသည်တို့ ပေါ်ပေါက်လာခြင်း ကို ဥပမာ အနေနှင့် ကြည့်နိုင်သည်။
မုခ်ဝ:နည်းပညာ/box-footer
အရစ္စတိုတယ် အား ဘီစီ ၃၈၄တွင် ယနေ့ မက်စီဒိုးနီးယားနိုင်ငံ၊ စတာဂီရာ (Stagira) တွင် ဖွားမြင်သည်။ ဖခင်မှ ထင်ရှားသည့် ဆေးဆရာတစ်ဦး ဖြစ်သည်။ အသက် ၁၇ နှစ်တွင် ပလေတို(Plato)၏ အကယ်ဒမီကျောင်းတွင် တက်ရောက်ကာ ထိုခေတ်က အထက်တန်းကျသည့် ပညာရပ်များကို ဆည်းပူးသည်။ ထိုအချိန်မှစကာ ပလေတို ကွယ်လွန်သည့် နောက်ပိုင်းထိ စုစုပေါင်း နှစ်၂၀ ကြာ ထိုကျောင်းတွင် နေထိုင်ခဲ့သည်။ ဖခင်ထံမှ ဇီဝဗေဒ သဘောတရားများကို သဘောကျသည့်အလျှောက် လက်တွေ့သိပ္ပံကို ဦးစားပေးရန် အတွေးရခဲ့ဟန်တူသည်။ ပလေတိုထံတွင် တပည့်ခံစဉ်ကလည်း ဒဿနိကဗေဒဆိုင်ရာ ဈေးကစားခြင်း (Philosophical Specylation)ကို အထုံရခဲ့သည်။ [၁]
ဘီစီ ၃၄၂ တွင် မက်စီဒိုးနီးယားသို့ ပြန်ရောက်လျှင် ဘုရင် ဖိလစ်၏ဖိတ်ကြားမှုကြောင့် ထိုစဉ်က အသက် ၁၃ နှစ်သာရှိသေးသည့် အလက်ဇန္ဒား ၏ဆရာအဖြစ် တာဝန်ယူ သင်ကြားပေးခဲ့သည်။ နောင် ၇နှစ်ကျော်အကြာ အလက်ဇန္ဒားမင်းဖြစ်လျှင် အေသင်သို့ ပြန်လာပြီး လီစီယမ် (Lyceum) အမည်ရှိ ကိုယ်ပိုင်ကျောင်းတော်ကို တည်ထောင်ကာ ၁၂ နှစ် နေထိုင်ပြန်သည်။ ထို ၁၂နှစ်အတွင်း အလက်ဇန္ဒားက တိုက်သမျှစစ်ပွဲတိုင်းနိုင်၍ တွေ့သမျှသော အရှေ့တိုင်းမှ တိရစ္ဆာန်၊ အပင်၊ ပစ္စည်းပစ္စယတို့ကို ကျောင်းအတွက် သုတေသန လုပ်ရန် ထောက်ပံ့ပေးသည်။ တစ်ကြိမ်က အရစ္စတိုတယ်၏ တူတစ်ယောက်က အလက်ဇန္ဒားကို လုပ်ကြံရန် စီစဉ်ကြောင်း ပေါ်သဖြင့် အရစ္စတိုတယ်ကိုပါ သတ်ရန်စဉ်းစားသေးသည် ဟုဆိုသည်။
ဘီစီ ၃၂၃ တွင် အလက်ဇန္ဒားသေသော် အေသင်တွင် မက်စီဒိုးနီးယားဆန့်ကျင်ရေးသမား ဂရိမျိုးချစ်တို့ အာဏာရလာပြန်သည့်အတွက် မက်စီဒိုးနီးယားလူမျိုး ဖြစ်သည့် အရစ္စတိုတယ်မှာ အနေအထိုင် ခက်ခဲလာသည့် သဘောတွင်ရှိသည်။ အသက် ၆၇နှစ်အရွယ်ရှိ ဆိုကရေးတီးစ် (Socrates) ကဲ့သို့ အဖြစ်ဆိုးမျိုး မိမိမကြုံရန် ဉာဏ်ဖြင့်ဆင်ခြင်ပြီး အေသင်မှခွာရသည်။ ထိုသို့ ထွက်ပြေး ပုန်းအောင်းနေရင်း ဘီစီ ၃၂၂၊ အသက် ၆၂နှစ်တွင် ကွယ်လွန်ရှာသည်။
ကွယ်လွန်ချိန်တွင် ကျမ်းစာပေါင်း ၄၇ကျမ်းတိတိ ကျန်ရစ်သည်။ စွယ်စုံကျမ်းများဟု ဆိုရလောက်အောင်ပင် ဂန္ဓဝင်စာပေ၊ နက္ခတ္တဗေဒ၊ ဇီဝဗေဒ၊ သတ္တဗေဒ၊ ပထဝီဝင်၊ ရူပဗေဒ၊ ခန္ဓာဗေဒ (Anatomy)၊ ဇီဝကမ္မဗေဒ (physiology) တို့အပြင် အခြားအခြားသော သူ၏သိပ္ပံတွေ့ရှိချက် များစွာတို့ကို ရေးသား ချန်ရစ်ပေးခဲ့သည်။မုခ်ဝ:နည်းပညာ/box-footer
မုခ်ဝ:နည်းပညာ/box-footer
မုခ်ဝ:နည်းပညာ/box-footer
မုခ်ဝ:မာတိကာ/ကဏ္ဍများ/နည်းပညာနှင့် အသုံးချသိပ္ပံ /လက်မှုပညာ မုခ်ဝ:နည်းပညာ/box-footer
မုခ်ဝ:မာတိကာ/အနှစ်ချုပ်/နည်းပညာနှင့် အသုံးချသိပ္ပံ မုခ်ဝ:နည်းပညာ/box-footer
မုခ်ဝ:နည်းပညာ/box-footer
This article uses material from the Wikipedia မြန်မာဘာသာ article မုခ်ဝ:နည်းပညာ, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.