အယူသည်းခြင်းဆိုသည်မှာ သဘာဝလွန်အဖြစ်အပျက်များကို ရိုးရာအစဉ်အလာအားဖြင့်သို့မဟုတ် မသိလိုက်မသိဖာသာ ယုံကြည်လက်ခံကျင့်သုံးခြင်းပင်ဖြစ်သည်။ အချို့သော ထုံးတမ်းစဉ်လာများမှာ အယူသည်းခြင်းများနှင့် ဆက်စပ်နေသော်လည်း အယူသည်းခြင်း မဟုတ်ဘဲ လုပ်ရိုးလုပ်စဉ်အဖြစ်ပြုလုပ်နေခြင်းမျိုးလည်း ရှိသည်။
ခရစ်တော် သည် နောက်ဆုံးညစာစားပွဲတွင် တပည့်သာဝက ၁၃ ဦးနှင့် အတူ ညစာစားခဲ့သည်။ ထို့ကြောင့် ၁၃ ဂဏန်းကို ကံမကောင်းသော ဂဏန်းအဖြစ် လူအများစုက လက်ခံကြသည်။ ကမ္ဘာပေါ်ရှိ ဟိုတယ်အများစုတွင် ၁၃ ဂဏန်း သို့မဟုတ် ပေါင်းခြင်း ၁၃ ရသော အခန်းနံပါတ် ထားလေ့မရှိကြပေ။ ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်အပါအဝင် အချို့ ဟိုတယ်များတွင် ၁၃ ထပ်ကို ပင် အင်္ဂလိပ်အက္ခရာဖြင့် ပြောင်းရေးလေ့ရှိသည်။
အသုဘ အခမ်းအနားများ၌ ပန်းခွေချခြင်းသည် အယူသည်းခြင်းမှ ဆင်းသက်လာသော ထုံးတမ်းအစဉ်အလာဖြစ်သည်။ အသုဘအခမ်းအနားများတွင် ပန်းခွေချခြင်းဖြင့် သေဆုံးသူ၏ ဝိဉာဉ်ကို လွတ်ထွက်မသွားအောင် ချုပ်တည်းနိုင်သည် ဟု ရှေးယခင်အချိန်များက ယူဆခဲ့ကြသည်။ နောင်တွင် ထိုအယူအဆသည် ထုံးတမ်းစဉ်လာတစ်ခုဖြစ်လာခဲ့သည်။ စစ်ဘက်ဆိုင်ရာ အသုဘအခမ်းအနားများတွင် သေနတ်ပစ်ဖောက်ခြင်းသည် တစ်ချိန်က တစ္ဆေ သူရဲများကို ခြောက်လှန့်သည့်အနေနှင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ နောင်တွင် သေနတ်ဖောက်ခြင်းသည် သေသူကို ဂုဏ်ပြုသည့် ထုံးတမ်းစဉ်လာတစ်ခုဖြစ်လာခဲ့သည်။
အနောက်တိုင်းတွင် လှေကားအောက်မှ ဖြတ်လျှောက်ပါက ကံမကောင်းဟု ယူဆကြသည်။ ထိုအယူအဆသည် ပြင်သစ်နိုင်ငံမှ ဆင်းသက်လာခြင်းဖြစ်သည်။ ရှေးယခင်က ပြင်သစ်နိုင်ငံတွင် သေဒဏ်အချခံရသည့် သူသည် ခေါင်းဖြတ်စက်ပေါ်သို့အတက်တွင် လှေကားအောက်မှ ဖြတ်လျှောက်ရသည်။ ထို့အတွက်ကြောင့် လှေကားအောက်မှ ဖြတ်လျှောက်ပါက ကံမကောင်းဟု အနောက်တိုင်းတွင် ယူဆကြသည်။
This article uses material from the Wikipedia မြန်မာဘာသာ article အယူသည်းခြင်း, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.