ဟိုချီမင်းမြို့

ဟိုချီမင်းစီးတီးသည် ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်ပြီး ယခင်က ဆိုင်ဂုံမြို့ဟု ခေါ်ဝေါ်သောမြို့ဖြစ်သည်။ တစ်ချိန်က ပရေးနော်ကာဟု ခေါ်ဝေါ်ကြပြီး ခမာလူမျိုးတို့၏ ဆိပ်ကမ်းမြို့ဖြစ်ခဲ့သည်။အင်ဒိုချိုင်းနားကျွန်းဆွယ်၏ အရှေ့တောင်ဘက်ပိုင်းတွင် တည်ရှိသည်။

ဆိုင်ဂုံဆိုသော အမည်ဖြင့် ပြင်သစ်ကိုလိုနီ ကိုချင်ချိုင်းနား၏ မြို့တော်ဖြစ်ခဲ့ပြီး ၁၉၅၅ မှ ၁၉၇၅ ခုနှစ် အထိ တောင်ဗီယက်နမ်နိုင်ငံ၏ မြို့တော်ဖြစ်ခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် ဆိုင်ဂုံအား အနီးရှိ ဂိုင်းဒင်းဒေသနှင့် ပေါင်းစပ်၍ ဟိုချီမင်းစီးတီးဟု အမည်ပြောင်းခဲ့သည်။

တရုတ် ပင်လယ်ကမ်းရိုးတန်းနှင့် ၃၄ မိုင်မျှသာကွာဝေး၍ ဆိုင်ဂုံမြစ် ပေါ်တွင် တည်ရှိသည်။ ကူးသန်းရောင်းဝယ်ရေးတွင် အချက် အခြာ ဌာနတစ်ခုဖြစ်၍ ပြင်သစ်နိုင်ငံနှင့် အမြဲပင်ဆက်သွယ် လျက်ရှိ၏။

ပြင်သစ်တို့မသိမ်းပိုက်မီအချိန်က ဆိုင်ဂုံမှာ 'ဂိုင်ဒင်သန်' ဟု ခေါ်တွင်၍ ကိုချင်ချိုင်းနားပြည် အောက်ပိုင်းမြို့တော်ဖြစ်ခဲ့ သည်။ ၁၈၅၉ ခုနှစ်တွင် ပြင်သစ်တို့သိမ်းယူခြင်းခံခဲ့ရ၏။ ဆိုင်ဂုံနှင့်အနီးရှိ ရှော်လွန်မြို့တို့မှာ မီးရထား၊ ဓာတ်ရထား၊ မော်တော်ကားလမ်းနှင့် တူးမြောင်းများဖြင့် ဆက်သွယ်လျက်ရှိ သဖြင့် တစ်ဆက်တည်းကဲ့သို့ပင် ဖြစ်နေ၏။ ယင်းနှစ်မြို့တွင် ဆန်စက်၊ ဆပ်ပြာစက်၊ စီးကရက်စက်ရုံ၊ သစ်စက်၊ တိုင်ယာ စက်ရုံနှင့် သစ်သီးစည်သွတ်စက်ရုံ အမြောက်အမြားရှိသည်။ ဆိုင်ဂုံမြို့သည် ခေတ်မီမြို့ကြီးတစ်မြို့ဖြစ်၍ ပြင်သစ်တို့ အခြေစိုက်ခဲ့သဖြင့် အရိပ်အာဝါသကောင်းသောလမ်းကျယ်ကြီး များနှင့် ပြင်သစ်ဆန်၍ လှပသောတိုက်တာအဆောက်အအုံကြီး များစွာရှိ၏။ ၁၉၄ဝ ပြည့်နှစ် သန်းကောင်စာရင်းအရ လူဦးရေ ၁၈၉,၇၅ဝ ယောက်ရှိသည့်အနက် ပြင်သစ်နှင့် ဥရောပတိုက် သားများ တစ်သောင်းကျော်ခန့်ရှိလေသည်။

အင်ဒိုချိုင်းနား၏ ထွက်ကုန်ဝင်ကုန် ထက်ဝက်ခန့်မျှကို ဆိုင်ဂွန်မြို့ဆိပ်ကမ်းမှတစ်ဆင့် သယ်ယူပို့ဆောင်လျက်ရှိသည်။ ကြီးကျယ်သော ထွက်ကုန်များမှာ ဆန်စပါး၊ ကြက်ပေါင်စေး၊ ပြောင်းကျွန်းသစ်သံဖြူလက်ဖက်ခြောက်ငရုတ်ကောင်း နှင့် သားရေစိမ်းများဖြစ်ပြီးလျှင်၊ ဝင်ကုန်များမှာ အများအားဖြင့် ပြင်သစ်နှင့် အင်္ဂလိပ်ကုန်စည်များသာဖြစ်သော အထည်အလိပ်ရေနံထွက်ပစ္စည်းများ၊ ဝါဂွမ်း၊ သံနှင့် သံမဏိစက် ကရိယာ၊ စက္ကူအစရှိသည်တို့ဖြစ်ကြ၏။ တရုတ်နိုင်ငံ၊ ယိုးဒယားနိုင်ငံ၊ စင်္ကာပူဂျာဗားကျွန်းနှင့်လည်း ကုန်သွယ်ရောင်းဝယ်ဖောက် ကားလျက်ရှိလေသည်။

ကိုးကား

Tags:

ခမာလူမျိုးဗီယက်နမ်နိုင်ငံမြို့အင်ဒိုချိုင်းနားကျွန်းဆွယ်

🔥 Trending searches on Wiki မြန်မာဘာသာ:

ရာသီဥတုပြောင်းလဲမှုနိုင်ငံတော် သံဃမဟာနာယကအဖွဲ့ရဲရန်ကုန်တိုင်းဒေသကြီးလောကနီတိတေလာ ဆွစ်ဖ်ဘီယာမြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ဂျာမနီနိုင်ငံစာရင်းကိုင်ပညာမြန်မာနိုင်ငံ၏ အစိုးရဌာနဆိုင်ရာ ရာထူး အဆင့်များဗလာဒီမီယာ ပူတင်အမှတ်(၈၈)ခြေမြန်တပ်မဌာနချုပ်ဝါကျစောမောင် (ဗိုလ်ချုပ်မှူးကြီး)ဒေါနတောင်တန်းနန္ဒမာလာဘိဝံသဝတ်မှုန်ရွှေရည်နေ့နံဝါနှင့်ဂွမ်းမြန်မာဘာသာစကားတရားဂုဏ်တော်ဦးပိန်တံတားမင်္ဂလသုတ်စတီဖင် ချောင်လူ၏ အရိုးဖွဲ့စည်းပုံဝိပဿနာကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ပါတော်မူခြင်းသရဏဂုံသရဲသိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနအစာအိမ်သိက္ခာချငှက်ပျောဝီကီပီးဒီးယားကုလသမဂ္ဂ အထွေထွေညီလာခံတပ်မတော်၏ လက်မောင်းတံဆိပ်အဆောင်အယောင်များကွန်မြူနစ်ဝါဒတင်အောင်စန်းမြန်မာနိုင်ငံ၏ သမ္မတဘိုးမင်းခေါင်သက္ကာယဒိဋ္ဌိရွှေနယ်ခြားစောင့်တပ်ဖွဲ့သိမ်ပျူအိတ်ချ်အိုင်ဗွီ ရောဂါပိုးရေမွန်ဗျည်းပစ်တိုင်းထောင်အီဂျစ်နိုင်ငံပြည်မြို့ကျောက်မီးသွေးခွေးရူးပြန်ရောဂါကာကွယ်ဆေးအောင်ဆန်းစုကြည်သုက်ပန်းခြင်းဆေးလိပ်ကိုးပါးသီလသီဟိုဠ်သရက်ပင်ပေါ်တူဂီနိုင်ငံအလောင်းစည်သူတင်မိုးသာမဏေဂေါ်ရခါးလူမျိုးကျုံးအမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်ရှင်သီဝလိဂါထာငပလီကမ်းခြေဂျပန်သမိုင်းဧရာဝတီတံတား (ပခုက္ကူ)အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီပိုးသတ်ဆေးမြန်မာ့ အစားအစာရေငုပ်သင်္ဘောနည်းပညာ🡆 More