ဟင်နရီ မက်တစ်ဆီ: ၂၀ရာစုပြင်သစ်အနုပညာရှင်

အွန်နရီ အီမီးလ် ဘနွား မတိစ် (French: ; ၁၈၆၉ ဒီဇင်ဘာ ၃၁ - ၁၉၅၄ နိုဝင်ဘာ ၃) သည် သူ၏ အရောင်အသွေးကို အသုံးချတတ်ပုံသာမက သွက်လက်ပြီး နဂိုဟန် ဒီဇိုင်းများကြောင့်ပါ လူသိများသော ပြင်သစ်အနုပညာရှင် တဦးဖြစ်သည်။ ဒီဇိုင်းပညာရှင် ၊ ပုံနှိပ်ပန်းချီပညာရှင် နှင့် ပန်းပုသမားလည်းဖြစ်သော်လည်း ပန်းချီဆရာအဖြစ်နှင့် အဓိကအသိများသည်။ ပန်းချီပန်းပု အနုပညာ၏ အရေးပါသောထွန်းကားမှုများ ပေါ်ပေါက်ခဲ့ ရာ ၂၀ ရာစု အစောပိုင်းဆယ်စုနှစ် ကာလတလျောက်လုံး၌ အမြင်အာရုံအနုပညာ ဆိုင်ရာ ရုတ်ခြည်း တိုးတက် ဖြစ်ထွန်းမှုများအား ကူညီပုံဖော်ပေးခဲ့သူအနုပညာရှင်တဦးအဖြစ် ပါဘလိုပကားဆို နည်းတူ သူ့အား အသိအမှတ်ပြု ခံရသည်။

၁၉၀၀ နှင့် ၁၉၀၅ ခုအကြား သူ ရေးဆွဲခဲ့သော အရောင်စူးစူးရဲရဲ လက်ရာများ ကြောင့်  Fauves (အရိုင်းကောင်ကြီးများ) အနက်က တဦးအဖြစ် နာမည်ဆိုးဖြင့် ကျော်ကြားစေခဲ့သည်။ သူ၏ အကောင်းဆုံးလက်ရာမွန်များကို ၁၉၀၆ ခုနှစ်နောက်ပိုင်း ဆယ်စုနှစ်အကြာမှ ဖန်တီးခဲ့ရာ ပြားချပ်ချပ်ပုံသဏ္ဌာန် နှင့် အနုအလှဖော်အကွက်များကို အလေးပေးသည့် လက်ဝင်သောစတိုင်လ်ကို တီထွင်ခဲ့သည်။ ၁၉၁၇ ခုနှစ်တွင် ဖရန့်ချ်ရဗဲရီးယာ ပေါ်ရှိ နိစ် ဆင်ခြေဖုံးအရပ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ၁၉၂၀ ခုနှစ်များအတွင်း ပိုပေါ့ပါးသော ဟန်များကြောင့် ပြင်သစ်ပန်းချီပညာ ရိုးရာယဉ်ကျေးမှုထိန်းသိမ်းသူအဖြစ် ချီးကျူးမှုများ ရခဲ့သည်။ ၁၉၃၀ နောက်ပိုင်း၌ ပိုရိုးစင်းသောဟန်ကို ကူးယူကျင့်သုံးခဲ့သည်။ မီးစာကုန်ဆီခမ်းကာလ ကျန်းမာရေးချို့ယွင်းမှုများ ကြောင့် ပန်းချီဆွဲရန် အခက်အခဲဖြစ်လာသောအခါ၌ စက္ကူဖြတ်စညှပ်စများအား စပ်ဟပ်အကွက်ဖော်သည့် ပညာကို ဖန်တီးခဲ့ပြန်သေးသည်။

အရောင်နှင့်စုတ်ချက်များမှတဆင့် ခံစားလှစ်ဟပြသရာ၌ သူ၏နိုင်နင်းမှုကျွမ်းကျင်မှုအား ရာစုနှစ်ဝက်ကာလ တိုင်အောင် အနုပညာလက်ရာများတွင် ပြသလာခဲ့ရာ မော်ဒန်အနုပညာ၏ ရှေ့ဆောင်ပြယုဂ် အဖြစ် အသိအမှတ် ပြုခြင်း ခံရသည်။

Tags:

ပီကာဆို

🔥 Trending searches on Wiki မြန်မာဘာသာ:

တပ်မတော်အက်ဥပဒေများရန်ကုန်တိုင်းစစ်ဌာနချုပ်ဆင်ဖြူရှင်မင်းဇာတ်ကြီးဆယ်ဘွဲ့တပင်ရွှေထီးဝိုင်ဝိုင်းမြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကော့သောင်းမြို့စစ်ကိုင်းတိုင်းဒေသကြီးလိင်ဆက်ဆံခြင်းအသည်းရောင် အသားဝါ ရောဂါ ဘီပိုးဖိလစ်ပိုင်နိုင်ငံသန်းရွှေ (ဗိုလ်ချုပ်မှူးကြီး)ဘူးသီးတောင်မြို့မြန်မာနိုင်ငံ၏ အမည်များမမကြီး (ဝတ္ထု)နေပြည်တော် ပြည်ထောင်စုနယ်မြေရဲဝင်းဦးလွှမ်းမိုးလွိုင်ကော်မြို့မြန်မာနိုင်ငံ၏အလယ်ဗဟိုချက်မဗိုလ်ချုပ်မှူးကြီးဘာသာတရားမြန်မာနိုင်ငံ၏ ပထဝီဝင်အောင်သူ (ဘောလုံးသမား)ဝိနည်းဖူးပွင့်ခိုင်ခါကာဘိုရာဇီငါးပိခင်ဝင့်ဝါဆယ်ပါးသီလရှစ်ပါးသီလမြန်မာ - ထိုင်း အမှတ် (၁) ချစ်ကြည်ရေးတံတားနေအဖွဲ့အစည်းခွေးအသီရိလင်္ကာနိုင်ငံအပူချိန်ဘာသာမဲ့ အယူဝါဒမြန်မာနိုင်ငံရှိ လက်ထပ်ထိမ်းမြားခြင်းမြန်မာကျပ်ငွေဘင်္ဂလားဒေ့ရှ်နိုင်ငံလီဆာဝေလနိုင်ငံအသောကမင်းလင်းနို့လီယိုနာဒိုဒါဗင်ချီမြန်မာဇာတ်သဘင်ထိုင်းဘုရင်များ၏ အမည်စာရင်းရူပဗေဒနွေရာသီကျန်စစ်သားနဝရတ် ကိုးပါးကျောက်တန်းရေလယ်ဘုရားမဟာဂီရိနတ်စုဖုရားလတ်ကျောက်ဖြူမြို့ပညာရေးသီလရှင်သစ္စာဘွဲ့ဝတ်စုံစစ်တွေမြို့ရှစ်လေးလုံးအရေးအခင်းဂေါ်ရင်ဂျီကျွန်းအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မြန်မာနိုင်ငံ၏ အလံတော်မိုးကုတ်တရားရာဇာဓိရာဇ်ပင်းတယဂူစကားပုံစိုင်းစိုင်းခမ်းလှိုင်ခုနစ်နေ့ဘုရားရှိခိုးနက္ခတ် ၂၇ လုံးထိုင်းလူမျိုးငွေ (သတ္တု)ခွေးရူးပြန်ရောဂါသက္ကရာဇ်🡆 More