ဝူဟန်မြို့

ဝူဟန်မြို့ သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟူးပေပြည်နယ်၏ မြို့တော်ဖြစ်သည်။ ဝူဟန်မြို့သည် ဟူးပေပြည်နယ်တွင် အကြီးဆုံးဖြစ်ပြီး တရုတ်နိုင်ငံ အလယ်ပိုင်းတွင် လူဦးရေ အများဆုံးမြို့ ဖြစ်ပြီး လူဦးရေ ၁၁ သန်းကျော် ရှိကာ တရုတ်နိုင်ငံတွင် သတ္တမမြောက် လူဦးရေ အများဆုံး မြို့ဖြစ်သည့်အပြင် တရုတ်နိုင်ငံ၏ နိုင်ငံတော်ဗဟိုမြို့တော် ၉ မြို့တွင် တစ်မြို့ အပါအဝင် ဖြစ်သည်။

ဝူဟန်မြို့

Wuhan

武汉市
ပရီဖက်ချာ အဆင့်နှင့် တွဲဖက်ပြည်နယ်မြို့တော်
နာမည်ပြောင်(များ): 九省通衢  
("တရုတ်ပြည်၏ အဓိက လမ်းမကြီး")
တရုတ်ပြည်၏ ရှီကာဂို
江城  ("မြစ်မြို့တော်")
ဆောင်ပုဒ်: 武汉, 每天不一样  
("ဝူဟန်၊ နေ့တိုင်းပြောင်းလဲနေတယ်!")
Location of Wuhan City jurisdiction in Hubei
Location of Wuhan City jurisdiction in Hubei
ကိုဩဒိနိတ်: 30°35′14″N 114°17′17″E / 30.58722°N 114.28806°E / 30.58722; 114.28806 114°17′17″E / 30.58722°N 114.28806°E / 30.58722; 114.28806
နိုင်ငံတရုတ်ပြည်သူ့သမ္မတနိုင်ငံ
ပြည်နယ်ဟူးပေ
အခြေချနေထိုင်ခြင်းဘီစီ ၁၅၀၀
ပထမဆုံး ပေါင်းစည်းခြင်း၁၉၂၇၊ ဇန်နဝါရီ ၁ရက်
မြို့နယ်များ
 နိုင်ငံအဆင့်
 မြို့နယ်အဆင့်

ခရိုင် ၁၃ ခု
ခရိုင်ခွဲ ၁၅၆ ခု၊ မြို့တစ်မြို့၊ မြို့နယ် ၃ မြို့နယ်
အစိုးရ
 • ပါတီ အတွင်းရေးမှူးMa Guoqiang
 • မြို့တော်ဝန်Zhou Xianwang (周先旺)
ဧရိယာ
 • ပရီဖက်ချာ အဆင့်နှင့် တွဲဖက်ပြည်နယ်မြို့တော်၈၄၉၄.၄၁ စတုရန်းကီလိုမီတာ (၃၂၇၉.၇၁ စတုရန်းမိုင်)
 • မြို့ပေါ် (2018)၁,၅၂၈ စတုရန်းကီလိုမီတာ (၅၉၀ စတုရန်းမိုင်)
ပင်လယ်ရေ မျက်နှာပြင်အမြင့်[ကိုးကားချက်လိုသည်]၃၇ မီတာ (၁၂၁ ပေ)
လူဦးရေ (2018)
 • ပရီဖက်ချာ အဆင့်နှင့် တွဲဖက်ပြည်နယ်မြို့တော်၁၁၀၈၁၀၀၀
 • မြို့ပေါ် (2018)၈၈၉၆၉၀၀
 • မြို့ပြကြီး၁၉သန်း
Demonym(s)ဝူဟန်နိစ်
ဘာသာစကားများ
 • ဘာသာစကားများဝူဟန်နယ်သုံးစကား၊ စံသတ်မှတ်ထားသော တရုတ်စကား
အဓိက လူမျိုးစုများ
 • အဓိက လူမျိုးစုများဟန်လူမျိုးများ
အချိန်ဇုန်တရုတ်စံနှုန်းအချိန်ဇုန် (UTC+8)
စာပို့သင်္ကေတ430000–430400
ဧရိယာကုဒ်(များ)0027
ISO 3166 ကုဒ်CN-HB-01
ဂျီဒီပီ2018
 - စုစုပေါင်းတရုတ်ယွမ် 1.485 trillion
USD 224.28 billion (အဆင့် ၈]])
 - လူတစ်ဦးချင်းCNY 138,759
USD 20,960 (nominal) - 40,594 (purchasing power parity) (အဆင့် ၁၁)
 - တိုးတက်မှုနှုန်းIncrease 8% (2018)
ကားနံပါတ်ပြား鄂A
鄂O (ရဲနှင့် အာဏာပိုင်များ)
မြို့တော် အထိမ်းအမှတ်သစ်ပင်Metasequoia
မြို့တော် အထိမ်းအမှတ်ပန်းPlum blossom
ဝက်ဘ်ဆိုဒ်武汉政府门户网站 (Wuhan Government Web Portal) English Wuhan (in English)

ဝူဟန်ဆိုသော အမည်မှာ မြို့တော်၏ သမိုင်းဆိုင်ရာ ဇစ်မြစ်အရ ဝူချန်ခရိုင်၊ ဟန်ကိုးခရိုင်နှင့် ဟန်ယန်းခရိုင်တို့ကို ပေါင်းစပ်၍ ဝူဟန် ၃ မြို့ဟု သိရှိကြရာမှ အစပြုခြင်း ဖြစ်သည်။ ကျန်းဟန့်လွင်ပြင် အရှေ့ပိုင်းတွင် ရှိပြီး ယန်စီမြစ် နှင့် ၎င်း၏ အကြီးဆုံး မြစ်လက်တက် တစ်ခုဖြစ်သော ဟန်မြစ်တို့ ပေါင်းဆုံရာဒေသတွင် ရှိပြီး "တရုတ်ပြည် အဓိကလမ်းမကြီး"ဟု ခေါ်ဝေါ်ကြသည်။

ဝူဟန်မြို့၏ သမိုင်းကြောင်းသည် လွန်ခဲ့သော နှစ်ပေါင်း ၃,၅၀၀ မှ စတင်သည်။ ဝူဟန်မြို့တွင် ဖြစ်ပွားခဲ့သော သမိုင်းဝင် အဖြစ်အပျက်များတွင် ချင်မင်းဆက်အား ပြုတ်ကျစေခဲ့သော ဝူချန်ပုန်ကန်မှု နှင့် တရုတ်သမ္မတနိုင်ငံ ကို ထူထောင်ခြင်း တို့ ဖြစ်ကြသည်။ဝူဟန်သည် ဝမ်ဂျင်းဝေ ဦးဆောင်သော လက်ဝဲယိမ်း ကူမင်တန် အစိုးရ လက်အောက် ၁၉၂၇ တွင် တရုတ်နိုင်ငံ၏ မြို့တော် ခဏမျှ ဖြစ်ခဲ့သည်။ဒုတိယ အင်္ဂလိပ်-တရုတ် စစ်ပွဲအတွင်း ၁၉၃၇တွင် ၁၀လကြာမျှ တရုတ်နိုင်ငံ၏ စစ်အတွင်း မြို့တော် ဖြစ်ခဲ့သည်။ ယဉ်ကျေးမှု တော်လှန်ရေး ကာလအတွင်း မြို့တော်ကို ထိန်းချုပ်ရန် အဖွဲ့နှစ်ခုကြား လက်နက်ကိုင် ပဋိပက္ခဖြစ်ခဲ့ခြင်းကို ဝူဟန် အဖြစ်အပျက်ဟု ခေါ်ဝေါ်ခဲ့ကြသည်။

ဝူဟန်သည် ယနေ့ခေတ်တွင် တရုတ်နိုင်ငံ အလယ်ပိုင်း၏ နိုင်ငံရေး၊ စီးပွားရေး၊ ဘဏ္ဍာရေး၊ ကူးသန်းရောင်းဝယ်ရေး၊ ယဉ်ကျေးမှုနှင့် ပညာရေး ဆိုင်ရာ ဗဟိုဌာန အဖြစ် သတ်မှတ်ကြသည်။ ၎င်းသည် အဓိက သယ်ယူပို့ဆောင်ရေးဆိုင်ရာ အချက်အချာ နေရာဖြစ်ပြီး ဒါဇင်ပေါင်းများစွာသော ရထားလမ်းများ၊ ကားလမ်းများ အမြန်လမ်းများသည် မြို့တော်ကို ဖြတ်သန်းသွားကြပြီး အခြားသော အဓိက မြို့တော်များနှင့် ဆက်သွယ်ပေးထားသည်။ ပြည်တွင်း သယ်ယူပို့ဆောင်ရေး ကဏ္ဍတွင် အဓိကကျသော နေရာမှ ပါဝင်၍ နိုင်ငံခြား စာနယ်ဇင်းများမှ တစ်ခါတစ်ရံ တရုတ်ပြည်၏ ရှီကာဂိုဟု ညွှန်းဆိုလေ့ ရှိကြသည်။ ယန်ဇီမြစ်၏ "ရွှေရောင်မြစ်ကြောင်း" နှင့် ၎င်း၏ အကြီးဆုံး မြစ်လက်တက်ဖြစ်သော ဟန်မြစ်တို့သည် မြို့ပြဧရိယာကို ဖြတ်သန်းသွားပြီး ဝူဟန်အား ဝူချန်ခရိုင်၊ ဟန်ကိုးခရိုင်နှင့် ဟန်ယန်းခရိုင်တို့အဖြစ် ပိုင်းခြားထားသည်။ ဝူဟန် ယန်စီမြစ်ကူးတံတားသည် မြို့တော်အတွင်း ယန်စီမြစ်ကို ဖြတ်ကူး တည်ဆောက်ထားသည်။ ကမ္ဘာပေါ်တွင် အကြီးဆုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ဖြစ်သော မြစ်ကျဉ်းသုံးသွယ် ရေကာတာသည် အနီးအနားတွင် ရှိသည်။

ဝူဟန်သည် ဆယ်စုနှစ်ပေါင်းများစွာတိုင်အောင် ရိုးရာ ကုန်ထုတ်လုပ်ရေး ဗဟိုဌာန အဖြစ် တည်ရှိခဲ့သော်လည်း ၎င်းသည် ယနေ့ခေတ် တရုတ်နိုင်ငံ၏ စက်မှု အပြောင်းအလဲများကို မြှင့်တင်နေသော ဒေသတစ်ခုလည်း ဖြစ်သည်။ ဝူဟန်တွင် နိုင်ငံတော်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ဇုံ ၃ ခု၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ဒေသ ၄ ခု၊ နည်းပညာမြင့် ကုမ္ပဏီ ၁,၆၅၆ ခုအပြင် အမျိုးမျိုးသော အင်တာပရိုက်စ်တို့၏ လုပ်ငန်းအသစ် ပျိုးထောင်ပေးမှုများနှင့် ကမ္ဘာကျော် ဖော်ကျွန်း ၅၀၀ ကုမ္ပဏီ စာရင်းဝင် ကုမ္ပဏီ ၂၃၀ မှ ရင်းနှီးမြှုပ်နှံမှုများ ရှိသည်။၂၀၁၈ ခုနှစ်တွင် ဂျီဒီပီ အနေနှင့် အမေရိကန်ဒေါ်လာ ၂၂၄ ဘီလီယံမျှ ပံ့ပိုးပေးနိုင်ခဲ့သည်။ မော်တော်ကားထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သော ဒေါင်ဖန်း မော်တော်ကား ကော်ပိုရေးရှင်းသည် ဝူဟန်တွင် ရုံးချုပ်ရှိသည်။ ဝူဟန်တွင် လူသိများထင်ရှားသော အဆင့်မြင့်ပညာကျောင်းများရှိပြီး ၂၀၁၇ တွင် တစ်နိုင်ငံလုံး တတိယအဆင့် သတ်မှတ်ခြင်း ခံခဲ့ရသော ဝူဟန်တက္ကသိုလ်လည်း ပါဝင်သည့်အပြင် ဟွာကျောင်း သိပ္ပံနှင့် နည်းပညာတက္ကသိုလ် လည်း ရှိသည်။

သမိုင်းကြောင်းအရ ဝူဟန်မြို့သည် ရေကြီးမှုနှင့် တွေ့ကြုံခံစားခဲ့ရပြီး ထို့အတွက်ကြောင့် အစိုးရမှ ထိုအခြေအနေကို ကုစားနိုင်ရန် ဂေဟစနစ်နှင့် ကိုက်ညီသော ရေစုပ်သည့် နည်းစနစ်ကို မိတ်ဆက်ပေးခဲ့ရသည်။ ဝူဟန်းအားကစားရုံသည် ၂၀၁၁ ခုနှစ် ဖီဘာအာရှဖလား ဘတ်စကက်ဘောပြိုင်ပွဲကို အိမ်ရှင် အဖြစ်လက်ခံကျင်းပခဲ့ပြီး ၂၀၁၉ ခုနှစ် ဖီဘာ ကမ္ဘာ့ဖလား ဘတ်စကက်ဘောပြိုင်ပွဲ ကျင်းပရာ နေရာ တစ်ခုလည်း ဖြစ်သည်။ ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁၈ ရက်မှ ၂၇ ရက်အထိ ကမ္ဘာ့ စစ်တပ်နှင့် ပတ်သက်သော ပြိုင်ပွဲကို ဝူဟန်မှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်။ ၂၀၁၇ တွင် ဝူဟန်အား ယူနက်စကိုမှ ဒီဇိုင်းကဏ္ဍတွင် တီထွင်ဆန်းသစ်မှုမြို့တော် အဖြစ် သတ်မှတ်ပေးခဲ့သည်။ ဝူဟန်အား လွှမ်းခြုံဆက်စပ်နေသာ ကမ္ဘာ နှင့် ကမ္ဘာ့မြို့တော် သုတေသန ကွန်ယက်အဖွဲ့မှ ဘီတာကမ္ဘာ့မြို့တော် အဖြစ် အဆင့်သတ်မှတ်ထားခဲ့သည်။

အမည်မှည့်ခေါ်ခြင်း

ဝူဟန် ဆိုသော အမည်မှာ ယန်ဇီမြစ်၏ မြောက်ဘက်နှင့် တောင်ဘက်မြစ်ကမ်းတွင် ရှိသော ဝူဟန်မက်ထရိုပိုလစ် အဖြစ်တည်ရှိသည့် အဓိကမြို့တော် နှစ်ခု၏ အမည်ကို ပေါင်းစပ်ခေါ်ဝေါ်ထားခြင်း ဖြစ်သည်။ "ဝူ" ဆိုသော အမည်မှာ ယန်ဇီမြစ်၏ တောင်ဘက်ကမ်းတွင် ရှိသော ဝူချန်မြို့မှ ရယူထားပြီး "ဟန်" ဆိုသော အမည်မှာ ယန်ဇီမြစ်၏ မြောက်ဘက်ကမ်းတွင်ရှိသော ဟန်ကိုးမြို့မှ ရယူထားခြင်း ဖြစ်သည်။

၁၉၂၆တွင် မြောက်ပိုင်းလေ့လာရေး အဖွဲ့မှ ဝူဟန်မြို့သို့ ရောက်ရှိလာခဲ့ပြီး ဟန်ကိုး၊ ဝူချန်နှင့် ဟန်ယန်းတို့ကို မြို့တော် တစ်မြို့ အဖြစ်ပေါင်းစပ်ကာ မျိုးချစ်တရုတ်ပြည်၏ မြို့တော်အသစ် အဖြစ် သတ်မှတ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ၁၉၂၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်တွင် ရလဒ်ဖြစ်သော ဝူဟန်မြို့ အဖြစ် ကြေညာသတ်မှတ်ခဲ့ကြသည်။

သမိုင်းကြောင်း

ရှေးခေတ်

ဝူဟန်မြို့ 
ပန်လောင်ချန်းသည် အာလီဂန်ယဉ်ကျေးမှုဒေသ၏ တောင်ဘက်အစွန်ဆုံး အရပ်တွင် တည်ရှိသည်။

သမိုင်းကြောင်း အရ နှစ်ပေါင်း ၃,၅၀၀ မျှ ရှိခဲ့ပြီ ဖြစ်သဖြင့် ဝူဟန်သည် တရုတ်နိုင်ငံရှိ ရှေးအကျဆုံး နှင့် လူဦးရေ အများဆုံး မက်ထရိုပိုလစ်တန် မြို့တော်များတွင် တစ်ခုအပါအဝင် ဖြစ်သည်။ အာလီဂန်ယဉ်ကျေးမှု ( ဘီစီ ၁၅၁၀ - ဘီစီ ၁၄၆၀) နှင့် ဆက်စပ်နေသော ရှေးဟောင်းသုတေသန နယ်မြေ တစ်ခု ဖြစ်သည့် ပန်လောင်ချန်း (အစောပိုင်း အာလီတိုခေတ်အတွင်း လူဦးရေ ကျဲပါးစွာ တည်ရှိခဲ့သည်။) သည် ယနေ့ခေတ် ဟွမ်ပိ ခရိုင်တွင် တည်ရှိသည်။

အနောက်ကျိုးခေတ်အတွင်းတွင် ဟူပေးပြည်နယ်အား အီး ပြည်နယ်ဟု နာမည်တစ်လုံးတည်း ခေါ်ဝေါ်ခဲ့ပြီး ယနေ့ခေတ် ယန်စီမြစ် တောင်ဘက်ကမ်းရှိ ဝူချန်ဒေသမှ အုပ်စိုးခဲ့သည်။ ဘီစီ ၈၆၃ တွင် အီး ပြည်နယ်အား အောင်မြင်သိမ်းပိုက်ခဲ့ပြီးနောက် ယနေ့ခေတ် ဝူဟန်ဒေသအား ချူပြည်နယ်မှ ကျန်ရှိသော အနောက်ကျိုးခေတ် နှင့် အရှေ့ကျိုးခေတ် ကာလများတွင် အုပ်စိုးခဲ့သည်။

အစောပိုင်း ဘုရင်ခေတ် တရုတ်ပြည်

ဟန်မင်းဆက် လက်ထက်တွင် ဟန်ယန်းသည် အတန်အသင့် အလုပ်များသော ဆိပ်ကမ်းတစ်ခု ဖြစ်ခဲ့သည်။ အေဒီ ၂၀၃ ခုနှစ်တွင် တိုက်ခိုက်ခဲ့ကြသော ရှားကိုးတိုက်ပွဲနှင့် နောက်ထပ် ၅ နှစ်အကြာတွင် တိုက်ခိုက်ခဲ့သော ကျန်းရှားတိုက်ပွဲတို့သည် ကျန်ရှားဒေသ (ယနေ့ခေတ် ဝူဟန်အရှေ့မြောက်ဘက်ရှိ ဇင်ကျိုးခရိုင်) ကို အုပ်စိုးနိုင်ရန် ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။ ၂၀၈ ခုနှစ်နှင့် ၂၀၉ ခုနှစ် ဆောင်းရာသီတွင် တရုတ်သမိုင်းတွင် အလွန်ထင်ရှားသော တိုက်ပွဲများ ဖြစ်ပြီး တရုတ်ဘုရင် ၃ခေတ် ၏ အဓိက အစိတ်အပိုင်း ဖြစ်သော ကမ်းပါးနီတိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ဝူဟန်မြို့အနီးရှိ ကမ်းပါးများတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်များတွင် ကာကွယ်ရေးအတွက် ရည်ရွယ်၍ ဟန်ယန်း (အေဒီ ၂၀၆) နှင့် ဝူချန် (အေဒီ ၂၂၃) တို့တွင် တံတိုင်းများ တည်ဆောက်ခဲ့ကြသည်။ ဝူချန်တံတိုင်း တည်ဆောက်ခြင်းသည် ဝူဟန်မြို့၏ အုတ်မြစ် ဖြစ်သည်။ အေဒီ ၂၂၃တွင် ကြိုးကြာဝါ မျှော်စင်ကို တည်ဆောက်ခဲ့ပြီး တရုတ်ပြည်၏ အဓိက မျှော်စင် ၄ ခုမှ တစ်ခု ဖြစ်ကာ ယန်ဇီမြစ်၏ ဝူချန်ဘက် အခြမ်းတွင် အရှေ့ဝူပြည်တို့၏ ခေါင်းဆောင် ဆန်းကွမ်း ၏ အမိန့်အရ တည်ဆောက်ခဲ့ကြခြင်း ဖြစ်သည်။ ထိုမျှော်စင်သည် တာအို ဘာသာဝင်တို့အတွက် အထွဋ်အမြတ် ထားရာ နေရာ တစ်ခု ဖြစ်ခဲ့သည်။

အရှေ့ဝူပြည်နှင့် ကောင်းဝေပြည်တို့ကြား တင်းမာမှုများကြောင့် ၂၂၈ ခုနှစ် ဆောင်းဦးရာသီတွင် ကောင်းကောင်း ၏ မြေးဖြစ်ပြီး ကောင်းဝေပြည်၏ ဒုတိယမြောက် ဧကရာဇ်ဖြစ်သော ကောင်းယွီ သည် ဗိုလ်ချုပ်မန်ချောင်း အား ရှားကောင်းအရပ် (ယနေ့ ဝူဟန်နေရာအတွင်း) သို့ တပ်ဖွဲ့များကို ဦးဆောင်ချီတက်စေခဲ့သည်။ ၂၇၉ ခုနှစ်တွင် ဝန်ဂျွမ်းနှင့် သူ၏ တပ်များသည် ဝူတို့၏ နယ်မြေအတွင်းရှိ မဟာဗျူဟာကျသော ဇီးလင် (ယနေ့ခေတ် ယီချန်း၊ ဟူးပေပြည်နယ်)၊ ရှားကိုး (ယနေ့ခေတ် ဟန်ကိုး) နှင့် ဝူချန် (ယနေ့ခေတ် အီကျိုး၊ ဟူးပေပြည်နယ်) စသည့် နေရာများကို အောင်မြင်သိမ်းပိုက်နိုင်ခဲ့သည်။

၅၅၀ ခုနှစ် ဆောင်းဦးရာသီတွင် ဟိုဂျင်း သည် ရန်ယွယ် အား ရှောင်းဒါစင်း နှင့် ရှောင်းဖန်း၏ သားဖြစ်သူ ရှောင်းစီတို့အား တိုက်ခိုက်ရန် စေလွှတ်ခဲ့သည်။ ရန်ယွယ်သည် ရှောင်းစီအား တိုက်ပွဲအတွင်း သတ်ဖြတ်ခဲ့ပြီး မခုခံနိုင်မှန်း သိသော ရှောင်းဒါစင်းသည် လက်နက်ချခဲ့ပြီး ဟိုဂျင်းအား ၎င်း၏ နယ်မြေများကို အုပ်စိုး ခွင့်ပေးခဲ့ရသည်။ ထိုအချိန်အတွင်း ရှောင်းဂွမ်းသည် ကျန်ရှား (ယနေ့ခေတ် ဝူဟန်နေရာအတွင်း)တွင် အခြေချနေခဲ့ပြီး ဟိုဂျင်းအား တိုက်ခိုက်ရန် ပြင်ဆင်နေခဲ့သည်။ ထိုအဖြစ်အပျက်က ရှောင်းယီ အနေနှင့် ရှောင်းဂွမ်သည် ထီးနန်းကို ရရန် ကြံစည်နေသည်ဟု ယူဆ၍ ဒေါသဖြစ်စေခဲ့သည့်အတွက် ဝမ်အား စေလွှတ်၍ ရှောင်ဂွမ်းအား တိုက်ခိုက်စေခဲ့သည်။ ၅၆၇ ခုနှစ် နွေရာသီတွင် ချန်းစု သည် ဝူမင်ချီ အား ရှန်းပြည်နယ်၏ ဘုရင်ခံ အဖြစ်ခန့်အပ်ခဲ့ပြီး ဟွာတို့အား ချန်ယုလျန် နှင့် အတူ တိုက်ခိုက်ရန် တပ်ဖွဲ့၏ အဓိက အပိုင်းကို ဦးဆောင်စေခဲ့သည်။ နှစ်ဖက်တပ်တို့သည် ကျွမ်ကိုး (ယနေ့ ဝူဟန်နေရာအတွင်း) တွင် ထိပ်တိုက်တွေ့ခဲ့ကြသည်။

မြို့တော်သည် အနုပညာ ဗဟိုဌာန (အထူးသဖြင့် ကဗျာ) နှင့် ပညာရပ်ဆိုင်ရာ လေ့လာမှုများအတွက် ရှေးယခင်ကပင် ထင်ရှားခဲ့သည်။ တန်မင်းဆက်ခေတ်အတွင်း ကျော်ကြားသော ကဗျာဆရာ တစ်ယောက်ဖြစ်သည့် ကွီးဟောင် သည် ၈ရာစု အစောပိုင်းတွင် ကြိုးကြာဝါ မျှော်စင်သို့ အလည်အပတ် ရောက်ရှိခဲ့ပြီး ၎င်း၏ ကဗျာကြောင့် တရုတ်ပြည်တောင်ပိုင်းတွင် အကျော်ကြားဆုံး အဆောက်အဦး တစ်ခု ဖြစ်စေခဲ့သည်။

၈၇၇ ခုနှစ် နွေဦးရာသီတွင် ဝမ်ရှန်ကျီးသည် အီးဒေသအား သိမ်းပိုက်ခဲ့သည်။ ထို့နောက် သူသည် မြောက်ဘက်သို့ ပြန်သွားခဲ့ပြီဂ ဟွမ်၏ တပ်များနှင့် ပြန်လည်ပူးပေါင်းခဲ့ပြီး သူတို့သည် ဆောင်းဒေသ အတွင်းရှိ ဆောင်းဝေ အရပ်(ယနေ့ခေတ် ရှန်ကွီး၊ ဟဲနန်ပြည်နယ်) အား ဝိုင်းရံခဲ့ကြသည်။ ၈၇၇ ခုနှစ် ဆောင်းရာသီတွင် ဟွမ်ချောင်သည် ကွီပြည်နယ် နှင့် ဟွမ်ပြည်နယ်တို့အား တိုက်ခိုက်၍ လုယက်ဖျက်ဆီးခဲ့သည်။

၁၂၅၉ ခုနှစ် ကူဗလိုင်ခန် မရောက်ရှိမီ အချိန်တွင် သူ၏ ညီအစ်ကို တော်စပ်သူ မောင်းကဲ သေဆုံးကြောင်း သတင်းရောက်လာခဲ့သည်။ ကူဗလိုင်ခန်သည် သူ၏ ညီအစ်ကိုတော် သေဆုံးမှုကို လျှို့ဝှက်ထားခဲ့ပြီး ဝူဟန်ဒေသအား ယန်ဇီမြစ် အနီးတွင် ဆက်လက်တိုက်ခိုက်ခဲ့သည်။ ကူဗလိုင်ခန်၏ တပ်များ ဝူချန် အား သိမ်းပိုက်ပြီးနောက် အူရီယန်ခါဒိုင်းမှ ၎င်းနှင့် လာရောက်ပူးပေါင်းခဲ့သည်။ ယနေ့ခေတ် ဝူယင်းဘုရားမှာ မွန်ဂိုလီးယားတပ်များ တိုက်ခိုက်နေစဉ်အတွင်း ဆောင်းမင်းဆက်၏ အဆုံးတွင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ မွန်ဂိုအုပ်စိုးသူများ (ယွမ်မင်းဆက် ၁၃၀၁ နောက်ပိုင်း) လက်အောက်တွင် ဝူချန်ဒေသသည် မြို့တော်တွင် ဌာနချုပ်ထားရှိကာ ဟူပေးပြည်နယ်၏ မြို့တော် ဖြစ်လာခဲ့သည်။ ဟန်ကိုး ဒေသမှာမူ မင်မင်းဆက်လက်ထက်မှ ချင်မင်းဆက် လက်ထက်အထိ အချိန်ကာလအတွင်း ဟန်ယန်ခရိုင်မှ ဒေသအစိုးရ၏ အုပ်ချုပ်မှုအောက်တွင် ရှိခဲ့သည်။ သို့သော် မင်မင်းဆက် ကာလကပင် တစ်နိုင်ငံလုံး၏ အဓိကဈေး ၄ ခုတွင် တစ်ခု အပါအဝင် ဖြစ်နေခဲ့သည်။

ချင်မင်းဆက်

ဟန်ယန်းရှိ ဂွီးယွမ်ဘုရားကျောင်းသည် ရွှန်ဇီ ဘုရင် ၁၅ နှစ်မြောက် အုပ်စိုးပြီးနောက် တည်ဆောက်ခဲ့သည်။ ၁၈ ရာစု ဦးပိုင်းသို ရောက်သော အခါတွင် ဟန်ကိုးသည် တရုတ်၏ ကုန်သွယ်ရေးတွင် အရေးအပါဆုံး မြို့ ၄မြို့၌ တစ်ခု အပါအဝင် ဖြစ်လာခဲ့သည်။ ရထားလမ်းများကို မြို့တော်၏ တောင်နှင့်မြောက်သို့ ဆက်လက် တိုးချဲ့ခဲ့ပြီး ဝူဟန်အား ရထားပို့ဆောင်ရေး နှင့် မြစ်တွင်းရေကြောင်းပို့ဆောင်ရေးကြားတွင် အရေးပါသော တဆင့်ခံပို့ဆောင်ရာ နေရာ တစ်ခု ဖြစ်လာစေခဲ့သည်။ ထိုကာလအတွင်းတွင် နိုင်ငံခြားရှိ အင်အားကြီးတိုင်းပြည်များမှ ကုန်သွယ်ရန် နေရာများကို တောင်းဆိုခဲ့ကြပြီး ဟန်ကိုးရှိ မြစ်အရှေ့ နေရာများကို နိုင်ငံခြားသားများ အုပ်ချုပ်သော ကုန်သွယ်ရေး ရပ်ကွက်များ အဖြစ် ပိုင်းခြားထားခဲ့သည်။ ထိုနေရာများတွင် ကုန်သွယ်ရေး ကုမ္ပဏီများ၏ ရုံးများ၊ ဂိုဒေါင်များ နှင့် ကုန်တင်ကုန်ချနေရာများ ရှိခဲ့သည်။ ပြင်သစ်တို့အနေနှင့် ဟန်ကိုးတွင် ကုန်သွယ်ခွင့် ရရှိခဲ့သည်။

ဝူဟန်မြို့ 
ဝူဟန် ၁၈၆၄ခုနှစ်

တိုင်ပင်း သူပုန်ထမှုအတွင်း ဝူဟန်ဒေသအား သူပုန်တပ်တို့မှ နှစ်ပေါင်းများစွာ ထိန်းချုပ်ထားခဲ့ပြီး ကြိုးကြာဝါမျှော်စင်၊ ဇင်ဖူး ဘုရားကျောင်း၊ကျိုဒေါင်ကွမ် ဘုရားကျောင်း နှင့် အခြားအဆောက်အဦးတို့မှာ ပျက်စီးခဲ့ရသည်။ ဒုတိယ ဘိန်းစစ်ပွဲ (အနောက်တိုင်းတွင် မြှားစစ်ပွဲ ၁၈၅၆-၁၈၆၀ ဟု သိကြသည်။) အတွင်း ချင်မင်းဆက် အစိုးရမှ အနောက်တိုင်း အင်အားကြီးနိုင်ငံတို့အား ရှုံးနိမ့်ခဲ့ပြီး တျန်ဂျင်းစာချုပ်နှင့် ပီကင်းစာချုပ်တို့အား လက်မှတ်ရေးထိုးခဲ့ရပြီး ထိုစာချုပ်များကြောင့် မြို့တော် သို့မဟုတ် ဒေသ ၁၁ ခု (ဟန်ကိုး အပါအဝင်) တို့အား ကုန်သွယ်ရေး ဆိပ်ကမ်းများ အဖြစ် ဖွင့်လှစ်ပေးခဲ့ရသည်။ ၁၈၅၈ ခုနှစ် ဒီဇင်ဘာလတွင် အယ်ဂျင်၏ အဋ္ဌမမြောက် မြို့စားဖြစ်သော ဂျိမ်းစ်ဘရုစ်သည် တရုတ်နိုင်ငံဆိုင်ရာ မဟာမင်းကြီး အဖြစ် စစ်သင်္ဘော ၄ စင်းကို ယန်ဇီမြစ်တစ်လျှောက် ဝူဟန်အထိ ဦးဆောင်မောင်းနှင် လာခဲ့ပြီး ဝူဟန်တွင် ကုန်သွယ်ရေး ဆိပ်ကမ်း ဖွင့်လှစ်ရန် လိုအပ်သော အချက်အလက်များကို စုဆောင်းရန် အတွက် ဖြစ်သည်။

၁၈၆၁ ခုနှစ်တွင် အတွင်းဝန် ဟယ်ရီပါ့ခ် နှင့် ရေတပ်ဗိုလ်ချုပ် ဟားဘတ် တို့အား ဝူဟန်တွင် ကုန်သွယ်ရေးဆိပ်ကမ်း ဖွင့်လှစ်ရန် စေလွှတ်ခဲ့သည်။ ပီကင်းစာချုပ်အရ ဟယ်ရီပါ့ခ်သည် ဟန်ကိုး အငှားစာချုပ်အား ဟူနန်နှင့် ဟူပေးပြည်နယ်တို့၏ ဘုရင်ခံချုပ် ဂွမ်ဝမ် နှင့် အပြီးသတ် လက်မှတ်ရေးထိုးခဲ့သည်။ ထို့အတွက်ကြောင့် ယန်ဇီမြစ်တစ်လျှောက် ၃၀.၅၃ စတုရန်း ကီလိုမီတာ (၁၁.၇၉ စတုရန်းမိုင်) မျှ ကျယ်ဝန်းသော ဧရိယာ (နောက်ပိုင်းခေတ် ကျန်းဟန်လမ်း မှ ဟဲကျိုလမ်းအထိ) သည် ဗြိတိသျှတို့ စီမံခန့်ခွဲခွင့်ရသည့် နေရာဖြစ်ခဲ့ပြီး ဗြိတိသျှတို့မှ ထိုနေရာအတွင်း သံရုံး ဖွင့်ခဲ့သည်။ ထို့အတွက်ကြောင့် ဟန်ကိုးသည် လွတ်လပ်သော ကုန်သွယ်ရေး ဆိပ်ကမ်း ဖြစ်လာခဲ့သည်။

ဝူဟန်မြို့ 
ဟန်ကိုး ဘန်း မြစ်ကမ်းရှိ နိုင်ငံခြားသားတို့ စီမံခန့်ခွဲသော နေရာများ ၁၉၀၀ ခုနှစ်

၁၈၈၉ ခုနှစ်တွင် လျံဂွမ်းနယ်စား ကျန်းစီတုံး (ဂွမ်ဒုံး နှင့် ဂွမ်စီ ပြည်နယ်) မှ ဟူဂွမ်းနယ်စား (ဟူနန် နှင့် ဟူပေးပြည်နယ်) အဖြစ် ပြောင်းရွှေ့လာခဲ့သည်။ သူသည် ပြည်နယ်အား ၁၈ နှစ်ကြာမျှ ၁၉၀၇ ခုနှစ် အထိ အုပ်ချုပ်ခဲ့သည်။ ထိုအချိန်အတွင်း သူသည် "တရုတ်သင်ယူရေး အား အခြေခံထား၊ အနောက်တိုင်း သင်ယူရေး အားအသုံးချ" ဆိုသည့် တိ-ယောင် တွေးခေါ်မှုကို ဖော်ထုတ်ခဲ့သည်။ သူသည် အကြီးစားလုပ်ငန်း အများအပြားကို တည်ထောင်ခဲ့ပြီး ဟန်ယန်း စတီးလ်စက်ရုံ၊ ဒါရဲ သတ္တုတွင်း၊ ပင်ရှန်း ကျောက်မီးသွေးတွင်း၊ ဟူပေး လက်နက်စက်ရုံနှင့် ဒေသတွင်း အထည်ချုပ်လုပ်ငန်းများကို တည်ထောင်ခဲ့ကာ ဝူဟန်တွင် ခေတ်သစ်လုပ်ငန်းများကို တိုးမြှင့်စေခဲ့ပြီး ကြွယ်ဝချမ်းသာလာစေခဲ့သည်။ ထိုအချိန်အတွင်း သူသည် ပညာရေး ပြုပြင်ပြောင်းလဲမှုများကိုလည်း လုပ်ကိုင်ခဲ့ပြီး ဒါဇင်ပေါင်းများစွာသော ခေတ်သစ် ပညာရေး ကျောင်းများကို ဆက်တိုက်ဖွင့်လှစ်ခဲ့သည်။ ၎င်းတို့တွင် လျန်ဟူး (ဟူနန်နှင့် ဟူးပေ) ဂန္ထဝင် သင်ကြားရေး အကယ်ဒမီ၊ အရပ်သား အထွေထွေ သိပ္ပံ၊ စစ်ဘက်ဆိုင်ရာ အထွေထွေ သိပ္ပံ၊ နိုင်ငံခြားဘာသာသင်သိပ္ပံ နှင့် လျန်ဟူး အထွေထွေ ပုံမှန် ကျောင်း တို့ပါဝင်ပြီး ကျောင်းသားအများအပြားကို ရွေးချယ်၍ နိုင်ငံရပ်ခြားသို့ ပညာတော်သင် စေလွှတ်ခဲ့သဖြင့် တရုတ်ပြည်၏ ခေတ်သစ်ပညာရေး ဖွံ့ဖြိုးမှုကို များစွာ အထောက်အကူ ဖြစ်စေခဲ့သည်။ ထို့အပြင် သူသည် ခေတ်သစ် စစ်တပ်ကို လေ့ကျင့်ပေးခဲ့ပြီး "ကျန်း" တပ်ဖွဲ့ နှင့် "ရှဲ" တပ်ဖွဲ့ (ကျန်းနှင့် ရှဲတို့သည် ချင်မင်းဆက်အောက်ရှိ စစ်တပ်များ ဖြစ်သည်။)တို့ကို ဟူးပေတွင် ဖွဲ့စည်းခဲ့သည်။ ထိုအကြောင်းအချက်များသည် ဝူဟန်အား ခေတ်ပေါ် တိုးတက်စေရေးအတွက် ခိုင်မာသော အုတ်မြစ် ချပေးခဲ့သည်။

မူလက ဟူးပေလက်နက်စက်ရုံဟု သိကြသော ဟန်းယန်လက်နက်စက်ရုံအား ကျန်းစီတုံးမှ တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ၎င်းသည် ဂွမ်ဒေါင်းရှိ နန်ယန်းရေတပ်ဖွဲ့မှ ရန်ပုံငွေများကို ယူငင်သုံးစွဲ၍ လက်နက်တိုက်ကို တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် စတာလင်ပေါင် ၂၅၀,၀၀၀ မျှ ကျသင့်ခဲပြီး ၄ နှစ်အတွင်း တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ၁၈၉၄ ခုနှစ် ဧပြီလ ၂၃ ရက်တွင် တည်ဆောက်ရေး ပြီးစီးခဲ့ပြီး ၄၀ ဧက (၁၆၀,၀၀၀ စတုရန်း မီတာ) မျှ ကျယ်ဝန်းသော လက်နက်စက်ရုံသည် အမြောက်အသေးစားများကို စတင် ထုတ်လုပ်နိုင်ခဲ့သည်။ ၎င်းသည် ကျည်ကတ်ဒ်ထည့်ပစ်ရသော ရိုင်ဖယ် သေနတ်များ၊ ဂရူးဆန် အမြန်ပစ် သေနတ်များ နှင့် ကျည်ဆန်များကို ထုတ်လုပ်ခဲ့သည်။

ဝူချန် ပုန်ကန်မှု

ဝူဟန်မြို့ 
ဝူချန်ပုန်ကန်မှု အထိမ်းအမှတ် အဆောက်အဦး။ ၁၉၁၁ တော်လှန်ရေးအစိုးရ၏ မူလနေရာ
ဝူဟန်မြို့ 
ယနေ့ခေတ် ဝူဟန်နေရာ ၁၉၁၅

၁၉၀၀ ပြည်နှစ်တွင် ကော်လီယာ မဂ္ဂဇင်းမှ ယန်ဇီမြစ်၏ တိုးတက်သောမြို့ဖြစ်သော ဟန်ကောမြို့အား "တရုတ်ပြည်၏ စိန့်လူးဝစ် နှင့် ရှီကာဂို" ဟု တင်စားဖော်ပြခဲ့သည်။ ၁၉၁၁ ခုနှစ် အောက်တိုဘာလ ၁၁ ရက်တွင် ဆွန်ယက်ဆင် နှင့် သူ၏ နောက်လိုက်များသည် ဝူချန်ပုန်ကန်မှုကို စတင်ခဲ့ပြီး နောက်ဆက်တွဲ အဖြစ် ချင်မင်းဆက် ပြိုလဲသွားခဲ့ကာ တရုတ်သမ္မတနိုင်ငံကို ထူထောင်နိုင်ခဲ့သည်။ ဝူဟန်သည် ဝမ်ကျင်းဝေ ဦးဆောင်သော လက်ဝဲယိမ်း ကူမင်တန် အစိုးရ၏ မြို့တော် ဖြစ်ခဲ့ပြီး လက်ယာယိမ်း ချန်ကေရှိတ် အစိုးရအား ၁၉၂၀ နှစ်များအတွင်း ဆန့်ကျင်ခဲ့သည်။

ချင်မင်းဆက်ကို ဖြုတ်ချခဲ့သော ၁၉၁၁ အောက်တိုဘာလ၏ ဝူချန်ပုန်ကန်မှုသည် ဝူဟန်တွင် အစပျိုးခဲ့သည်။ ပုန်ကန်မှု မတိုင်ခင်က ချင်မင်းဆက်ကိုဆန့်ကျင်သော မြေအောက်အဖွဲ့အစည်းများမှာ ဝူဟန်တွင် တက်ကြွလှုပ်ရှားနေခဲ့သည်။ ၁၉၁၁ ခုနှစ်တွင် ဇီချွမ်၌ ဆန္ဒပြမှုများ ပြန့်ပွားခဲ့သဖြင့် ချင်မင်းဆက် အာဏာပိုင်းများကို စစ်တပ်သစ်၏ အစိတ်အပိုင်းကို ဝူဟန်တွင် တပ်စွဲစေခဲ့ပြီး ပုန်ကန်မှုကို နှိမ်နှင်းခဲ့သည်။ စက်တင်ဘာ ၁၄ ရက်တွင် ဟူးပေမှ ဒေသခံ တော်လှန်ရေး အသင်းအဖွဲ့ နှစ်ခု ဖြစ်သော စာပေအသင်း နှင့် ရှေ့ဆောင်အသင်းတို့မှ ဝူချန်တွင် ပူးပေါင်းဌာနချုပ်ကို တည်ထောင်ခဲ့ပြီး ပုန်ကန်ထကြွရန် ပြင်ဆင်ခဲ့သည်။ အောက်တိုဘာ ၉ ရက်တွင် နိုင်ငံရေး စီစဉ်မှု ရုံး၌ ဗုံးတလုံး အချိန်မကျခင် ပေါက်ကွဲခဲ့သဖြင့် ဒေသခံ အာဏာပိုင်များအား သတိပေးသကဲ့သို့ ဖြစ်ခဲ့သည်။ ပုန်ကန်မှုအတွက် ကြေညာချက်၊ တော်လှန်မည့်သူ စာရင်း နှင့် တော်လှန်ရေးသမားတို့၏ တရားဝင် စည်းတံဆိပ်တို့မှာ ဟူနန် နှင့် ဟူးပေတို့၏ ဘုရင်ခံချုပ် ရွေးချန် ၏ လက်အတွင်းသို့ ရောက်ရှိသွားခဲ့ပြီး ရွေးချန်မှ ပုန်ကန်သူတို့၏ ဌာနချုပ်ကို နေ့ချင်းပြီး ဖျက်ဆီးခဲ့ပြီး စာရင်းတွင်း ပါရှိသူများကို လိုက်လံ ဖမ်းဆီးခဲ့သည်။ ထို့အတွက်ကြောင့် တော်လှန်ရေးသမားတို့မှ ပုန်ကန်မှုကို အချိန်မကျမီ မဖြစ်မနေ စတင်ရန် တွန်းအား ဖြစ်ခဲ့သည်။

အောက်တိုဘာ ၁၀ ရက်နေ့ညတွင် တော်လှန်ရေးသမားများသည် ဟူဘေး စစ်တပ်သစ်၏ အင်ဂျင်နီယာတပ် တန်းလျားများမှ စတင်ပစ်ခတ်ခြင်းဖြင့် ပုန်ကန်မှုကို စတင်ကြောင်း အချက်ပေးခဲ့သည်။ ထို့နောက် သူတို့သည် စစ်တပ်သစ်၏ တပ်အကုန်လုံးအား တော်လှန်ရေးတွင် ပူးပေါင်းရန် ဦးဆောင်ခဲ့သည်။ ဝူကျောင်လင်း၊ ခိုင်ကျီမင်း နှင့် အခြားသူတို့၏ လမ်းညွှန်မှုဖြင့် တော်လှန်ရေးတပ်သည် ဘုရင်ခံ၏ အိမ်တော် နှင့် အစိုးရရုံးများကို ဝင်ရောက်စီးနင်းခဲ့သည်။ ရွေးချန်သည် ချူးယုသင်္ဘောဆီသို့ ကြောက်လန့်တကြား ထွက်ပြေးခဲ့သည်။ ချင်စစ်တပ်၏ တပ်မှူးဖြစ်သော ကျန်းဗျောင်သည်လည်း မြို့တော်မှ ထွက်ပြေးခဲ့သည်။ ၁၁ ရက်နေ့ မနက်တွင် တော်လှန်ရေးတပ်သည် ဝူချန်မြို့ တစ်မြို့လုံးကို သိမ်းပိုက်ခဲ့သော်လည်း ခေါင်းဆောင်များ ဖြစ်သော ကျန်းယီဝူး နှင့် ဆွန်ဝူး စသူတို့မှာ ပျောက်ဆုံး နေခဲ့သည်။ ထို့အတွက်ကြောင် ခေါင်းဆောင်မရှိသော တော်လှန်ရေးတပ်သည် ချင်စစ်တပ်၏ လက်ထောက်တပ်မှူး လီယွမ်ဟောင်းအား စစ်သေနာပတိ အဖြစ် တင်မြှောက်ခဲ့သည်။ လီယွမ်ဟောင်းသည် ဟူပေး စစ်တပ်အစိုးရကို တည်ထောင်ခဲ့ပြီး ဟူပေးတွင် ချင်မင်းဆက်၏ အုပ်ချုပ်မှုကို ဖျက်သိမ်းကြောင်း ကြေညာခဲ့သည်။ တရုတ်သမ္မတနိုင်ငံကို တည်ထောင်ခဲ့ပြီး အခြားပြည်နယ်များကိုလည်း တော်လှန်ရေးတွင် ပူးပေါင်းရန် ကြေးနန်း ပေးပို့ တိုက်တွန်းခဲ့သည်။

တော်လှန်ရေးသည် နိုင်ငံ၏ အခြားအပိုင်းများသို့ ပျံ့နှံ့သွားသည့် အခါတွင် ချင် အစိုးရသည် သစ္စာခံ စစ်တပ်များကို စုစည်း၍ ဝူဟန်ရှိ ပုန်ကန်မှုကို နှိမ်နင်းရန် ကြိုးပမ်းခဲ့သည်။ အောက်တိုဘာလ ၁၇ ရက်မှ ဒီဇင်ဘာ ၁ ရက် အထိ တော်လှန်ရေးတပ်နှင့် ဒေသခံ လုပ်အားပေးများသည် လက်နက်ပိုမိုကောင်းမွန်၍ အင်အားပိုများသော ယွမ်ရှိခိုင် ဦးဆောင်သည့် ချင်တပ်များကို ယန်ရှားစစ်ပွဲတွင် ရင်ဆိုင်တိုက်ခိုက်ခဲ့ပြီး မြို့တော်ကို ကာကွယ်ခဲ့သည်။ ဟွမ်စင်းသည် နိုဝင်ဘာ အစောပိုင်းတွင် ဝူဟန်သို့ ရောက်ရှိလာခဲ့ပြီး တော်လှန်ရေးတပ်၏ ဦးဆောင်မှုကို လွှဲပြောင်းရယူခဲ့သည်။ ပြင်းထန်စွာ တိုက်ခိုက်၍ အကျအဆုံး များခဲ့ပြီးနောက် ချင်တပ်များသည် ဟန်ကိုး နှင့် ဟန်ယန်းတို့ကို သိမ်းပိုက်နိုင်ခဲ့သည်။ သို့သော်လည်း ယွမ်ရှိခိုင်သည် ရှေ့ဆက်မတက်တော့ဘဲ ရပ်တန့်ရန် သဘောတူခဲ့ပြီး ငြိမ်းချမ်းရေးစကားဝိုင်းတွင် ပါဝင်ခဲ့ကာ နောက်ဆုံးတွင် ဆွန်ယက်ဆင်အား ပြည်နှင်ဒဏ် မှပြန်ခေါ်နိုင်ခဲ့ပြီး ၁၉၁၂ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် တရုတ်သမ္မတနိုင်ငံကို ထူထောင်နိုင်ခဲ့သည်။ ဝူချန် ပုန်ကန်မှုကြောင့် ဝူဟန်သည် တရုတ်ပြက္ခဒိန် ဆင်ဟိုင်းနှစ်ကို အစွဲပြု၍ ခေါ်ဆိုကြသော ဆင်ဟိုင်းတော်လှန်ရေး မွေးဖွားရာ အရပ်အဖြစ် သိရှိကြသည်။ မြို့တော်တွင် တော်လှန်ရေးနှင့် ပတ်သက်သော ပြတိုက်များနှင့် တော်လှန်ရေးအား ကာကွယ်ရင်း အသက်စွန့်ခဲ့ကြသော အာဇာနည် ထောင်ပေါင်းများစွာ နှင့် တော်လှန်ရေးအတွက် အထိမ်းအမှတ် အချို့ ရှိသည်။

တရုတ်သမ္မတနိုင်ငံ

ဝူဟန်မြို့ 
၁၉၃၀ တွင် ဂျပန်တို့ ရေးဆွဲထားသော ဝူဟန်၏ မြေပုံ။ ဟန်ကိုးသည် အတိုးတက်ဆုံး အပိုင်းဖြစ်သည်။

မြောက်ပိုင်းစွန့်စားရှာဖွေသူများ၏ မြောက်ဘက်သို့ ချဲ့ထွင်လာမှုကြောင့် မဟာတော်လှန်ရေး၏ ဗဟိုသည် ပုလဲမြစ်ဝှမ်းမှ ယန်ဇီမြစ်ဝှမ်းသို့ ရွှေ့ပြောင်းရောက်ရှိ လာခဲ့သည်။ နိုဝင်ဘာလ ၂၆ ရက်တွင် ကူမင်တန် ဗဟိုနိုင်ငံရေး ကော်မတီမှ မြို့တော်အား ကွမ်ကျိုးမှ ဝူဟန်သို့ ရွှေ့ပြောင်းရန် ဆုံးဖြတ်ခဲ့ကြသည်။ ဒီဇင်ဘာ လလယ်ပိုင်းတွင် ကူမင်တန် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ နှင့် နိုင်ငံတော် အစိုးရ ကော်မတီဝင် အများစုသည် ဝူဟန်သို့ ရောက်ရှိလာခဲ့ပြီး ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များနှင့် နိုင်ငံတော်အစိုးရ ကော်မတီဝင်များ၏ ညီလာခံကို ပူးတွဲကျင်းပခဲ့ပြီး ပါတီဗဟိုဌာနချုပ်နှင့် နိုင်ငံတော် အစိုးရ၏ ထိပ်ပိုင်းအလုပ်များကို လုပ်ဆောင်ခဲ့ကြပြီး သူတို့သည် ဝူဟန်တွင် အလုပ်လုပ်ကြမည်ဟု ၁၉၂၇ ဇန်နဝါရီ ၁ ရက်တွင် ကြေညာခဲ့ကာ ဝူချန်၊ ဟန်ကိုး နှင့် ဟန်ယန်းတို့ကို ဝူဟန်မြို့တော် အဖြစ် ပေါင်းစည်းရန် ဆုံးဖြတ်ခဲ့ကာ မြို့တော်ဒေသ ဟု ခေါ်ဝေါ်ခဲ့ကြသည်။ နိုင်ငံတော် အစိုးရသည် ဟန်ကိုးရှိ နန်ယန်း အဆောက်အဦးတွင် အခြေစိုက်ပြီး ပါတီဗဟိုဌာနချုပ်နှင့် အခြားအဖွဲ့အစည်းများမှာ ဟန်ကိုး နှင့် ဝူချန်တွင် ရုံးထိုင်ရန် နေရာ ရွေးခဲ့ကြသည်။

၁၉၂၇ ခုနှစ်တွင် ကူမင်တန် ဗဟိုအလုပ်မှုဆောင်ကော်မတီ၏ တတိယမြောက် ဗဟိုညီလာခံသို့ မော်စီတုန်း တက်ရောက်ခဲ့ပြီး ထိုညီလာခံတွင် ဗိုလ်ချုပ်ချန်၏ အာဏာကို ရုပ်သိမ်းခဲ့ပြီး ဝမ်ကျင်းဝေအား ခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့သည်။ မြောက်ပိုင်းစွန့်စားရှာဖွေသူများ၏ ပထမဆုံး အဆင့်မှာ ကူမင်တန်တို့ အတွင်း နိုင်ငံရေး အကွဲအပြဲကြောင့် အနှောင့်အယှက်ဖြစ်ခဲ့ပြီး လက်ရှိ ဝူဟန်အဖွဲ့အား ဆန့်ကျန်သည့် နန်ကျင်းအဖွဲ့ကို ၁၉၂၇ ခုနှစ် ဧပြီလတွင် ဖွဲ့စည်းခဲ့ပြီးနောက်တွင် ဖြစ်သည်။ ဧပြီ ၁၂ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွင် မသေဘဲ ကျန်ရှိနေသည့် တရုတ်ကွန်မြူနစ်ပါတီ အဖွဲ့ဝင်များမှာ ချန် ဒုရှူအား ပါတီ၏ အထွေထွေ အတွင်းရေးမှူး အဖြစ် ပြန်လည်ရွေးကောက် တင်မြှောက်ခဲ့သည်။ ထိုအကွဲအပြဲမှာ ပါတီအတွင်း ကွန်မြူနစ်များကို ဖယ်ထုတ်ရန် ကြိုးစားမှုကြောင့် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ ပထမဆုံးညီညွတ်သောတပ်ဦး ၏ အဆုံးသတ် ဖြစ်စေခဲ့ပြီး ချန်ကေရှိတ်မှာ အမျိုးသားတော်လှန်ရေးတပ်၏ သေနာပတိအဖြစ်မှ မကြာခင် နုတ်ထွက်ခဲ့သည်။

၁၉၂၇ ခုနှစ်ဇွန်လတွင် ဆိုဗီယက်ခေါင်းဆောင် စတာလင်မှ ဝူဟန်ရှိ ကွန်မြူနစ်တို့ထံသို့ ကြေးနန်းပေးပို့ခဲ့ပြီး အလုပ်သမားနှင့် လယ်သမားတို့၏ တပ်ကို စတင်လုပ်ရှားရန် တိုက်တွန်းခဲ့သည်။ . ထိုအဖြစ်အပျက်သည် ဝမ်ကျင်းဝေအား သတိပေးသကဲ့သို့ ဖြစ်ခဲ့ပြီး ကွန်မြူနစ်တို့နှင့် အဆက်အသွယ် ဖြတ်တောက်ကာ ချန်ကေရှိတ် အား မတတ်သာသဖြင့် လက်ခံခဲ့ရသည်။ ဝူဟန် အာဏာသိမ်းမှုသည် ၁၉၂၇ ခုနှစ်တွင် ဝမ်ကျင်းဝေမှ ချန်ကေရှိတ် နှင့် ၎င်း၏ ရှန်ဟိုင်းအခြေစိုက် ပြိုင်ဖက်ကူမင်တန်များဘက်သို့ နိုင်ငံရေး အရ ရွှေ့ပြောင်းခဲ့ခြင်း ဖြစ်သည်။ ဝူဟန် မျိုးချစ်အစိုးရအား ၁၉၂၇ ခုနှစ် ဖေဖော်ဝါရီ ၂၁ တွင် တည်ထောင်ခဲ့ပြီး ၁၉၂၇ ဩဂုတ် ၁၉ တွင် အဆုံးသတ်ခဲ့သည်။

၁၉၃၁ ခုနှစ် တရုတ်နိုင်ငံ ရေကြီးမှုသည် ကမ္ဘာ့သမိုင်းတွင် အသေအပျောက်အများဆုံး ရေကြီးမှု တစ်ခု ဖြစ်ပြီး ဝူဟန်သည် အနီးအနားဒေသများမှ ရေဘေးဒုက္ခသည်များ၏ ခိုနားရာ နေရာ ဖြစ်ခဲ့ပြီး ဒုက္ခသည်များမှာ နွေဦးရာသီ နှောင်းပိုင်းမှ စတင် ရောက်ရှိလာခဲ့သည်။ သို့သော်လည်း နွေရာသီ အစောပိုင်း ဇူလိုင် ၂၇ ရက် မနက် ၆ နာရီ မတိုင်မီ တမံပြိုလဲမှုကြောင့် ဝူဟန်မြို့ပါ ရေကြီးခဲ့ပြီး :270 ခန့်မှန်းခြေအားဖြင့် ၇၈၂,၁၈၉ ဦးမျှသော မြို့နေလူများနှင့် ကျေးလက်ဒုက္ခသည်များမှာ အိုးအိမ်မဲ့ ဖြစ်ခဲ့ရသည်။ ရေကြီးမှုသည် စတုရန်းမိုင် ၃၂ မိုင်မျှ ရှိပြီး မြို့တော်မှာ ၃ လခန့်တိုင်အောင် ပေပေါင်းများစွာသော ရေအောက်တွက် ရှိနေခဲ့သည်။ :269–270 မြို့တော်တစ်ဝှမ်းရှိ ရေဘေးလွတ်ရာ နေရာများတွင် လူအများအပြား စုဝေးနေခဲ့ပြီး လူ ၃၀,၀၀၀ မှာ ဟန်ကိုး အလယ်ပိုင်းရှိ ရထားလမ်း တမံများပေါ်တွင် ခိုလှုံနေခဲ့ကြသည်။ စားနပ်ရိက္ခာ အနည်းအပါးသာ ရှိပြီး ရေပေးဝေရေး စနစ် လုံးဝပျက်စီးသွားခြင်းကြောင့် လူဦးရေ ထောင်ပေါင်းများစွာမှာ မကြာမီ ရောဂါဘယများကို ခံစားခဲ့ရသည်။ ဟူးပေ ရေကြီးမှု တားဆီးရေး အေဂျင်စီမှ စီနီယာ အင်ဂျင်နီယာ ဂျင်ရှိလောင် က ရေကြီးမှု အောက်ပါအတိုင်း ပြောပြခဲ့သည်။

ဘာမှ ကြိုမသိဘူး။ ရေလုံးကြီးက ရုတ်တရက် ရောက်လာတယ်။ အဲဒီတုန်းက ဝူဟန်က အဆောက်အဦး အတော်များများဟာ တစ်ထပ်ပဲ မြင့်ကြတယ်။ လူအများစုအတွက် လွတ်လမ်း မရှိခဲ့ဘူး။ သူတို့ သောင်းနဲ့ချီပြီး သေဆုံးကြသည်။ ကျွန်တော်က ကုမ္ပဏီ ရုံးချုပ်ကနေ ဂျူတီထွက်လာတာ။ အဲဒါက မြို့အလယ်နားမှာ ရှိတဲ့ ၃ ထပ် အဆောက်အဦးအသစ်။ ကျွန်တော် ကြောက်စရာ အသံကြီးကို ကြားပြီး ရေလုံးကြီး ဝင်လာတာ တွေ့လိုက်တော့ ကျွန်တော် အဆောက်အဦး ထိပ်ဆုံးအထိ တက်ပြေးတယ်။ ကျွန်တော်ဟာ အမြင့်ဆုံးနဲ့ အခိုင်မာဆုံး ကျန်ခဲ့တဲ့ အဆောက်အဦးတစ်ခုရဲ့ အပေါ်မှာ ရှိနေတယ်။ အဲဒီအချိန်က ရေက ကျသွားမယ်။ ဒါမှ မဟုတ် ထပ်တက်လာမယ်လို့ ဘယ်သူမှ မသိနိုင်ဘူး။.:270

ဟန်ကိုးတွင် အမြင့်ဆုံး ရေမှတ်သို့ ဩဂုတ် ၁၉တွင် ရောက်ရှိခဲ့ပြီး ရေမှတ်မှာ ပုံမှန်ထက် ၁၆ m (၅၃ ft) မျှ များပြားနေခဲ့သည်။ ၁၉၃၆တွင် တရုတ်ပြည်အလယ်ပိုင်းအား သဘာဝ ဘေးအန္တရာယ်ကျရောက်၍ များပြားလှစွာသော ရေလွှမ်းမှုများမှာ ယန်ဇီမြစ်နှင့် ဟွိုင်မြစ်တို့၏ ကမ်းပါးများ ပြိုကျခြင်းကြောင့် ဟဲဘေ၊ ဟူနန်၊ ကျန်ဇီး၊ ဝူဟန် နှင့် ချောင်ကျင်းတို့သို့ သက်ရောက်စေခဲ့သည်။

ဝူဟန်မြို့ 
ကျောင်ရှန်း စစ်သင်္ဘော

ဒုတိယမြောက် တရုတ်-ဂျပန်စစ်ပွဲတွင် နန်ကင်းမြို့ ဂျပန်တို့လက်သို့ ကျရောက်ပြီးနောက် ဝူဟန်သည် ကူမင်တန်အစိုးရ၏ ယာယီမြို့တော် ဖြစ်လာခဲ့ပြီး ဂျပန်တို့၏ တစ်ယောက်စီး ဗုံးကြဲလေယာဉ်နှင့် တိုက်လေယာဉ်များနှင့် တရုတ်လေတပ်တို့၏ လေယာဉ်များ လေကြောင်းစစ်ပွဲ ဆင်နွှဲရာ အဓိကနေရာအဖြစ် ၁၉၃၈ ခုနှစ် အစောပိုင်းတွင် စတင်ခဲ့သည်။ တရုတ်လေတပ်အား အမေရိကန်တို့၏ အထောက်အပံ့ လျော့ကျလာပြီးနောက် ဆိုဗီယက် လုပ်အားပေး အဖွဲ့များမှ လေယာဉ်နှင့် လူပါ ပံ့ပိုးပေးခဲ့သည်။ ၁၉၃၈ ခုနှစ်အတွင်း တိုက်ပွဲများ ပြင်းထန်လာပြီးနောက် ဝူဟန်နှင့် ပတ်ဝန်းကျင်ဒေသများသည် ဝူဟန်တိုက်ပွဲ ဖြစ်ပွားရာနေရာ ဖြစ်ခဲ့သည်။ ဂျပန်တို့က ၁၉၃၈ ခုနှစ် နှောင်းပိုင်းတွင် သိမ်းပိုက်ခဲ့ပြီးနောက် ဝူဟန်သည် ဂျပန်တို့၏ တရုတ်တောင်ပိုင်းအတွက် အဓိက ထောက်ပံ့ရေးစခန်း တစ်ခု ဖြစ်လာခဲ့သည်။

ဝူဟန်မြို့ 
ဂျပန်တို့ ဝူဟန်ကို ကျူးကျော်ဝင်ရောက်စဉ်တွင် ချန်ကေရှိတ်သည် ဝူဟန်ရှိ စစ်ရေးပြပွဲတွင် ရှိနေခဲ့သည်။

၁၉၃၈ ခုနှစ် အောက်တိုဘာလ အစောပိုင်းတွင် ဂျပန်တပ်များသည် ဝူဟန်မြို့အပြင်ဘက် အရှေ့နှင့် မြောက်ဘက်သို့ ရွေ့လျားလာကြသည်။ ထို့အတွက်ကြောင့် ကုမ္ပဏီနှင့် လုပ်ငန်းအများအပြားနှင့်အတူ လူအများအပြားမှာ ဝူဟန်မှ ဟူးပေ၏ အနောက်ဘက်နှင့် ဇီချွမ်သို့ ဆုတ်ခွာကြရသည်။ ကူမင်တန်ရေတပ်မှ ယန်ဇီမြစ်အား ကာကွယ်ရန် ကင်းလှည့်သည့် တာဝန်ယူခဲ့ပြီး ဆုတ်ခွာသူများကို အကာအကွယ်ပေးခဲ့သည်။ အောက်တိုဘာလ ၂၄ ရက်တွင် ဝူချန်ရှိ ကျင်းကိုမြို့ (ဝူဟန်ရှိ ကျန်ရှားခရိုင်) အနီးတွင် စောင့်ကြည့်နေခဲ့သော ကူမင်တန် စစ်သင်္ဘော ကျောင်ရှန်းသည် ဂျပန်လေယာဉ် ၆ စင်းနှင့် ထိပ်တိုက်တွေ့ဆုံ တိုက်ပွဲ ဖြစ်ခဲ့သည်။ လေယာဉ် ၂စင်းကို ပစ်ချနိုင်ခဲ့သော်လည်း ကျောင်ရှန်းသည် နစ်မြုပ်သွားခဲ့ပြီး လူ ၂၅ ဦးသေဆုံးခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် ယန်ဇီမြစ် အောက်ခြေမှ ဆယ်ယူခဲ့ပြီးနောက် ဒေသတွင်းရှိ သင်္ဘောကျင်း၌ ပြန်လည် ပြုပြင်ခဲ့ကာ ကျောင်ရှန်းသည် ဝူဟန်မြို့၏ ဆင်ခြေဖုံးရှိ ကျန်ရှားခရိုင်တွင် ပြတိုက်အဖြစ် ဖွင့်လှစ်ထားရှိခဲ့ပြီး ၂၀၁၁ ခုနှစ် စက်တင်ဘာ ၂၆ မှ စတင်ပြသခဲ့သည်။

ယန်ဇီမြစ်၏ အဓိက ဗဟိုဌာန တစ်ခုဖြစ်သဖြင့် ဝူဟန်သည် တရုတ်ပြည်ရှိ ဂျပန်တို့၏ စစ်ဆင်ရေးအတွက် အဓိက အခြေစိုက်စခန်း တစ်ခု ဖြစ်ခဲ့သည်။ ၁၉၄၄ ခုနှစ် ဒီဇင်ဘာ ၁၈ တွင် ဝူဟန်အား အမေရိကန် ဗုံးကြဲလေယာဉ် ၇၇ စင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထို့အတွက်ကြောင့် မီးမုန်တိုင်းဆင်ကာ မြို့၏ အစိတ်အပိုင်း အတော်များများ ပျက်စီးခဲ့သည်။ နောက်ထပ် ၃ ရက်တွင် ဝူဟန်အား အမေရိကန်တို့မှ ဆက်လက် ဗုံးကြဲခဲ့ပြီး ဝူဟန်ရှိ ဆိပ်ကမ်းများနှင့် ဂိုဒေါင်များအားလုံး နှင့် မြို့တော်ရှိ ဂျပန်တို့၏ လေတပ် အခြေစိုက်စခန်းကို ဖျက်စီးခဲ့သည်။ လေကြောင်းတိုက်ပွဲကြောင့် တရုတ်ပြည်သူ ထောင်နှင့်ချီ၍ သေဆုံးခဲ့ရသည်။ ၁၉၄၆ တွင် ဟန်ကိုးမြို့တော်မှ စုဆောင်းထားသော စာရင်းအရ ၁၉၄၄ ခုနှစ် ဗုံးကြဲတိုက်ခိုက်မှုတွင် လူ ၂၀,၀၀၀ ကျော် သေဆုံး သို့မဟုတ် ဒဏ်ရာရခဲ့သည်။

ဝူဟန်မြို့ 
ပြည်သူ့လွတ်မြောက်ရေး တပ်မတော် တပ်များ၊ ကျောင်ရှန်းရိပ်သာလမ်း၊ ၁၉၄၉ ခုနှစ် မေလ ၁၆ ရက်

ပြည်သူ့လွတ်မြောက်ရေး တပ်မတော် တပ်များသည် ဝူဟန်သို့ ၁၉၄၉ ခုနှစ် မေလ ၁၆ ရက် နေ့လယ်ပိုင်းတွင် ဝင်ရောက်လာခဲ့သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ

ဝူဟန်မြို့ 
မော်စီတုန်း သည် ဝူဟန်ရှိ ၁၉၅၄ ခုနှစ် ရေကြီးမှု အမှတ်တရ ကျောက်တိုင်တွင် ရေးထိုးထားသော သူ၏ "ရေကူးခြင်း" အမည်ရသော ကဗျာတွင် အထက်ဘက်တွင် ကျောက်တံတိုင်း ကာရံမည်ဟု ဖော်ပြထားခဲ့သည်။

ချန်ကျန်း ရေအရင်းအမြစ် ကော်မရှင်အား ၁၉၅၀ ခုနှစ် ဖေဖော်ဝါရီလတွင် ပြန်လည်တည်ထောင်ခဲ့ပြီး ဝူဟန်တွင် ရုံးချုပ် ထားရှိခဲ့သည်။ ၁၉၅၄ ခုနှစ် ဇွန်လမှ စက်တင်ဘာလ အထိ ယန်ဇီမြစ်ရေလွှမ်းမိုးမှုသည် ဟူပေးပြည်နယ်တွင် အများစု ဖြစ်ပွားသော ဆက်တိုက်ကျရောက်သော ကပ်ဘေးဒုက္ခများ ဖြစ်သည်။ ပုံမှန်မဟုတ်သော အလွန်တရာများပြားလှသည့် မိုးရေချိန်များ နှင့် အလွန်တရာမှပင် ရှည်လျားလှသော မိုးရာသီကြောင့် ၁၉၅၄ ခုနှစ် နွေဦးရာသီ နှောင်းပိုင်း ဇွန်လ နောက်ပိုင်းတွင် ယန်ဇီမြစ်၏ အလယ်ပိုင်း တစ်ကြောတွင် မြစ်ရေသည် ပုံမှန်အဆင့်မှ ပို၍ မြင့်တက်လာခဲ့သည်။ ၁၉၆၉ ခုနှစ်တွင် ၁၉၅၄ ခုနှစ် ယန်ဇီမြစ် ရေလွှမ်းမိုးမှုတွင် သူရဲကောင်းပီသစွာ ရင်ဆိုင်ခဲ့မှုများအတွက် ဂုဏ်ပြုသည့်အနေနှင့် ကြီးမားသော ကျောက်တိုင်ကြီးကို ဟန်ကိုးရှိ မြစ်ဘေး ဥယျာဉ်တွင် တည်ဆောက်ခဲ့သည်။

ဝူဟန်ယန်ဇီမြစ်ကူးတံတားကို မတည်ဆောက်မီက အင်္ဂလန် ဟန်းစလက် အင်ဂျင်ကုမ္ပဏီမှ ဧရာမအရွယ်စား ၀-၈-၀ အရွယ် ရထားခေါင်းတွဲ နှစ်ခုအား ဝူဟန်ရှိ ယန်ဇီမြစ်ကို ဖြတ်ကူးသည့် ရထားလွန်းပျံယာဉ်များကို သယ်ဆောင်ရန်အတွက် တည်ဆောက်ခဲ့သည်။

ပထမဆုံး ယန်ဇီမြစ်ကူးတံတားဖြစ်သည့် ဝူဟန် ယန်ဇီမြစ်ကူးတံတား တည်ဆောက်ရေး စီမံကိန်းမှာ ပထမ ငါးနှစ် စီမံကိန်းအတွင်း အဓိက စီမံကိန်း တစ်ခု အဖြစ်ပါဝင်သည်။ ၁၉၅၅ ခုနှစ် အောက်တိုဘာ ၂၅ ရက်တွင် တံတားတည်ဆောက်မှဒ စတင်ခဲ့သည်။ ၁၉၅၇ ခုနှစ် ထိုနေ့တွင်ပင် စီမံကိန်း တစ်ခုလုံး ပြီးဆုံးခဲ့ပြီး အောက်တိုဘာ ၁၅ ရက်တွင် ဖြတ်သန်းရန်ဖွင့်ပေးသည့် အခမ်းအနားကို ကျင်းပခဲ့သည်။ ပထမ ယန်ဇီ မြစ်ကူး တံတားမှ ဘေဂျင်း-ဟန်ကိုး ရထားလမ်းနှင့် ဂွမ်ဒေါင်း-ဟန်ကိုး ရထားလမ်းတို့ကို ဘေဂျင်း-ဂွမ်ဒေါင်း ရထားလမ်း အဖြစ် ပေါင်းစပ်ပေးနိုင်ခဲ့ကာ ဝူဟန်အား ပြည်နယ် ၉ ခုအတွက် အဓိက ဖြတ်သန်း လမ်းမကြီး အဖြစ် သတ်မှတ်အမည်ပေးခဲ့သည့် အပြင် အချက်အလက်အရလည်း ထိုအတိုင်းပင် ဖြစ်ခဲ့သည်။

ချန်ဒူး ညီလာခံ အပြီးတွင် မော်စီတုန်းသည် ချောင်ကျင်း နှင့် ဝူဟန်တို့သို့ ဧပြီလတွင် သွားရောက်ခဲ့ပြီး ကျေးလက်နှင့် စက်ရုံများကို စစ်ဆေးရန်အတွက် ဖြစ်သည်။ ဝူဟန်တွင် သူသည် ချန်ဒူး ညီလာခံသို့ မတက်ရောက်ခဲ့သော ပြည်နယ် နှင့် စည်ပင်သာယာရေး နယ်နိမိတ် ခေါင်းဆောင်များအား သူတို့၏ လုပ်ဆောင်မှုများကို လာရောက် အစီရင်ခံ တင်ပြစေခဲ့သည်။ မော်စီတုန်း၏ အတွင်းရေးမှူးဖြစ်သူ တျန်ဂျာယင်းမှ ဝူဟန် ညီလာခံသည် ချန်ဒူး ညီလာခံ၏ နောက်ဆက်တွဲဖြစ်သည်ဟု ဆိုသည်။

၁၉၆၇ ခုနှစ် ဇူလိုင်လတွင် ဝူဟန်အဖြစ်အပျက် (ဇူလိုင် ၂၀ အဖြစ်အပျက်) ဟုခေါ်သော ပြည်သူများ အကြား ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး ယဉ်ကျေးမှု တော်လှန်ရေး ၏ အထွဋ်အထိပ်တွင် ကြမ်းတမ်းသော အဖွဲ့နှစ်ခုမှ မြို့တော်ကို ထိန်းချုပ်ရန် လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

၁၉၈၁ ခုနှစ်တွင် ဝူဟန်မြို့တော် အစိုးရမှ ကြိုးကြာဝါ မျှော်စင်အား နေရာအသစ်တွင် ပြန်လည်တည်ဆောက်မှု စတင်ခဲ့ပြီး မူလနေရာမှ ၀.၆၂မိုင် (၁ ကီလိုမီတာ) အကွာတွင်ရှိကာ ၁၉၈၅ တွင် အပြီးသတ် တည်ဆောက်နိုင်ခဲ့သည်။ ၁၉၅၇ တွင် ဝူဟန် ယန်ဇီမြစ်ကူး တံတားကို တည်ဆောက်ခဲ့စဉ်က မြင်းခံခုံတစ်ခုအား မူလမျှော်စင်ရှိရာ နေရာတွင် တည်ဆောက်ခဲ့ပြီး ၁၈၈၄ ခုနှစ်က နောက်ဆုံး ဖျက်စီးခံခဲ့ရခြင်း ဖြစ်သည်။

၁၉၈၉ ခုနှစ် ထျန်းအန်းမင်ရင်ပြင် ဆန္ဒပြမှု ၌ ဝူဟန်ရှိ ကျောင်းသားများသည် ယန်ဇီမြစ်ကူး ရထားတံတားကို ပိတ်ဆို့ ဆန္ဒပြခဲ့ပြီး အခြား ကျောင်းသား ၄,၀၀၀ မှာ ဘူတာရုံတွင် စုဝေး ဆန္ဒပြခဲ့သည်။ :400 ကျောင်းသား ၁,၀၀၀ ခန့်သည် ရထားလမ်းတွင် ပိတ်ဆို့၍ ထိုင်သပိတ် မှောက်ခဲ့သည်။ ဘေဂျင်း-ကွမ်ကျိုး နှင့် ဝူဟန်-ဒါလီယန် ရထားသွားလာမှုကို အနှောင့်အယှက် ဖြစ်စေခဲ့သည်။ ကျောင်းသားများမှ အစိုးရပိုင်လုပ်ငန်းများမှ ဝန်ထမ်းများကိုလည်း ပါဝင်ဆန္ဒပြရန် တိုက်တွန်းခဲ့သည်။ :405 အခြေအနေမှာ အလွန်တင်းမာသည့် အတွက် မြို့နေလူများမှာ ဘဏ်များမှ အပြေးအလွှား ငွေထုတ်ကြပြီး ပစ္စည်းများကို ကြောက်လန့်တကြား ဝယ်ယူစုဆောင်းခဲ့ကြသည်။ :408

အမေရိကန်ပြည်ထောင်စုမှ ၁၉၉၉ ခုနှစ် မေလ ၇ ရက်တွင် ဘဲလ်ဂရိတ်မြို့ ရှိ တရုတ်သံရုံးအား ဗုံးကြဲပြီးနောက် တရုတ်ပြည်တဝှမ်းလုံး ဝူဟန်အပါအဝင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။

၂၀၀၀ ခုနှစ် ဇွန်လ ၂၂ ရက်တွင် အန်းရှိမှ ဝူဟန်သို့ ပျံသန်းသော ဝူဟန်လေကြောင်းလိုင်း ခရီးစဉ်မှာ မိုးကြိုးမုန်တိုင်းများကြောင့် ဝူဟန်မြို့ပေါ်တွင် မိနစ် ၃၀ ကြာမျှ ပျံဝဲနေခဲ့ရသည်။ နောက်ဆုံးတွင် လေယာဉ်သည် ဟန်ယန်းခရိုင်အတွင်း ဟန်မြစ်ကမ်းပါးပေါ်သို့ ပျက်ကျခဲ့ကာ လေယာဉ်ပေါ်တွင် လိုက်ပါလာသောသူ အားလုံး ( လေယာဉ်အမှုထမ်း နှင့် ခရီးသည် အရေအတွက်မှာ ရင်းမြစ် အမျိုးမျိုးမှ အမျိုးမျိုး ထုတ်ပြန်ကြသည်။) သေဆုံးခဲ့သည်။ ထို့အပြင် လေယာဉ်ပျက်ကျမှုကြောင့် မြေပြင်ပေါ်ရှိ လူ ၇ ဦး သေဆုံးခဲ့သည်။

တရုတ်ဆန္ဒပြသူများက ပြင်သစ်ပိုင် ကဲရ်ဖိုး စူပါမားကက်များအား တရုတ်ပြည်ရှိ ကူမင်း၊ဟဲဖေး နှင့် ဝူဟန် အပါအဝင် အဓိကမြို့ကြီးများတွင် သပိတ်မှောက်ခဲ့ကြပြီး ပြင်သစ်အား ခွဲထွက်ရေး အားပေးမှုတွင် လျှို့ဝှက်ကြံစည်ပါဝင်သည် ဟူ၍ လည်းကောင်း တရုတ်ဆန့်ကျင်ရေး လူမျိုးရေးမုန်းတီးမှု လုပ်ဆောင်သည်ဟူ၍ လည်ကောင်း စွပ်စွဲခဲ့ကြသည်။ ဘီဘီစီ သတင်းအရ ဘေဂျင်း၊ ဝူဟန်၊ ဟဲဖေး၊ ကူမင်း နှင့် ချင်းဒေါင်တို့တွင် ရာပေါင်းများစွာသော လူများ ဆန္ဒပြခဲ့ကြသည်။ ၂၀၁၁ ခုနှစ် မေလ ၁၉ ရက်တွင် ဘေဂျင်း စာတိုက်နှင့် ကြေးနန်းဆက်သွယ်ရေး တက္ကသိုလ် ကျောင်းအုပ်ကြီး ဖန်ဘင်ဇင်း (တရုတ် မဟာ ဖိုင်းယားဝေါလ်၏ ဖခင်ကြီးဟုလည်း သိကြသည်။) မှ ဝူဟန်တက္ကသိုလ်တွင် လက်ချာပေးနေစဉ် ဟွာကျောင်း သိပ္ပံနှင့်နည်းပညာတက္ကသိုလ် ကျောင်းသူတစ်ဦးမှ ပစ်ပေါက်လိုက်သော ဖိနပ်သည် ရင်ဘတ်တွင် ထိမှန်ခဲ့သည်။

မြို့တော်သည် ပြင်းထန်သော ရေလွှမ်းမိုးမှုများနှင့် မကြာခဏ ကြုံတွေ့ရပြီး ၎င်းအား ယခုအခါ ၂၀၀၈ ခုနှစ်တွင် ပြီးစီးခဲ့သည့် ရည်ရွယ်ချက်ကြီးမားစွာ တည်ဆောက်ထားသော မြစ်ကျဉ်းသုံးသွယ် ရေကာတာ ကြောင့် ထိန်းချုပ်နိုင်မည်ဟု ယူဆရသည်။ ၂၀၀၈ ခုနှစ် တရုတ် ဆောင်းရာသီ နှင်းမုန်တိုင်းကြောင့် ဝူဟန်ရှိ ရေပေးဝေရေးစက်များ ပျက်စီးခဲ့ပြီး ရေပိုက်အချို့ ပေါက်ထွက်ကာ ဒေသတွင်း အိမ်များသို့ ဖြန့်ဝေသော ရေလိုင်းများ ပြတ်တောက်ခဲ့သဖြင့် လူပေါင်း ၁၀၀,၀၀၀ ကျော် ရေမရရှိဘဲ ဒုက္ခဖြစ်ခဲ့ရသည်။ ၂၀၁၀ မြောက်ကမ္ဘာခြမ်း နွေရာသီ အပူလှိုင်းသည် ဝူဟန်အား ဇူလိုင် ၃ ရက်တွင် ရိုက်ခတ်ခဲ့သည်။ ၂၀၁၀ တရုတ်ပြည် ရေလွှမ်းမိုးမှုတွင် ဝူဟန်ရှိ ဟန်မြစ်သည် နှစ် ၂၀ အတွင်း အဆိုးရွားဆုံး ရေလွှမ်းမိုးမှုနှင့် ကြုံတွေ့ခဲ့ရပြီး အာဏာပိုင်များမှ ဟန်မြစ်နှင့် ယန်ဇီမြစ် တစ်လျှောက်တွင် သဲအိတ်များ စုပုံကာကွယ်ခဲ့ရပြီး ရေကာတာများကို စစ်ဆေး ခဲ့ရသည်။ ၂၀၁၁ ခုနှစ် တရုတ်ပြည် ရေလွှမ်းမိုးမှုတွင် ဝူဟန်သည် ရေလွှမ်းမိုးခြင်း ခံခဲ့ရပြီး မြို့၏ တစ်စိတ်တစ်ပိုင်းမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ရသည်။ ၂၀၁၆ ခုနှစ် တရုတ်ပြည် ရေလွှမ်းမိုးမှုတွင် ဝူဟန်သည် မိုးရေချိန် ၅၇၀ mm (၂၂ in) မျှ ဇူလိုင်လ ပထမပတ်တွေ တွေ့ကြုံခဲ့ရကာ ၁၉၉၁ ခုနှစ်တွင် ရွာသွန်းခဲ့သော မိုးရေချိန် စံချိန်ကို ကျော်သွားခဲ့သည်။ ဇူလိုင် ၂ရက်တွင် မိုးသည်းထန်စွာ ရွာသွန်းမှု အတွက် အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်ခဲ့ပြီး ထိုနေ့တွင်ပင် ၂ m (၆.၆ ft) မျှ မြင့်မားသော ရေတံတိုင်း၏ ၁၅-မီတာ (၄၉-ပေ) မြင့်သော အပိုင်း သူတို့အပေါ် ပြိုကျခဲ့သဖြင့် လူ ၈ ဦး သေဆုံးခဲ့သည်။ မြို့တော်၏ မြေအောက်ရထား ဖြစ်သော ဝူဟန် မက်ထရိုမှာ တစိတ်တပိုင်း ရေလွှမ်းမိုးခြင်း ခံခဲ့ရပြီး အဓိက ရထားဘူတာရုံမှာလည်း ရေလွှမ်းမိုးမှု ခံခဲ့ရသည်။ အနည်းဆုံး မြို့နေလူ ၁၄ ဦး သေဆုံးပြီး ၁ ယောက်ပျောက်ဆုံးကာ လူပေါင်း ၈၀,၀၀၀ ကျော်ကို နေရာ ရွှေ့ပြောင်းခဲ့ရသည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် ယူနိုက်တက်ကင်းဒမ်း၏ ဝန်ကြီးချုပ် ထရီဇာမေ မှ ဝူဟန်သို့ အလည်အပတ် လာရောက်ခဲ့ပြီး ကြိုးကြာဝါ မျှော်စင် နှင့် ပထမ ယန်ဇီ မြစ်ကူးတံတားတို့သို့ အလည်အပတ် သွားရောက်ခဲ့သည်။

၂၀၁၈ ခုနှစ် ဧပြီလ ၂၆ တွင် အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ မှ ဝူဟန်သို့ နှစ်ရက်ကြာ အလည်အပတ် လာရောက်ခဲ့ပြီး တရုတ်ဝန်ကြီးချုပ် ရှီကျင်းဖျင် နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုထိပ်သီး အစည်းအဝေးတွင် သူတို့သည် အရှေ့ဘက်ရေကန် နှင့် ဟူပေးပြည်နယ်ပြတိုက်တို့သို့ အလည်အပတ် သွားရောက်ခဲ့သည်။

၂၀၁၉ ခုနှစ် ဇူလိုင်လ အစောပိုင်းတွင် ဝူဟန်ရှိ ဆင်ကျိုးခရိုင်တွင် အမှိုက်ဖျက်စက်ရုံ အသစ် တည်ဆောက်ခြင်းအတွင် ဆန္ဒပြမှုများ ရှိခဲ့သည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် ဝူဟန်သည် ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကြောင့် လူသိများခဲ့ပြီး ဆားရ်ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသော ရောဂါနှင့် ဆင်တူ၍ ဝူဟန်ဗိုင်းရပ်စ်ဟု ခေါ်ဆိုခဲ့ကာ ရောဂါဖြစ်ပွားသူကို ဝူဟန်မြို့တွင် ပထမဆုံး တွေ့ရှိခဲ့သောကြောင့် ဖြစ်သည်။ ၂၀၂၀ ဇန်နဝါရီလတွင် တရုတ်အာဏာပိုင်များက ဝူဟန်မြို့အား ကိုရိုနာ ဗိုင်းရပ်စ် ပြန့်ပွားမှုကို လျှော့ချနိုင်ရန်အတွက် အဆက်အသွယ် ဖြတ်တောက် ပိတ်ဆို့ ထားခဲ့သည်။ ထိုပိတ်ဆို့မှုမှ အများပြည်သူ သွားလာရေးဆိုင်ရာ လမ်းကြောင်းများကို ပိတ်ဆို့ခဲ့ပြီး ရထားသွားလာရေးနှင့် လေကြောင်းသွားလာရေးတို့အား ထိခိုက်ခဲ့သည်။

ပထဝီဝင်

မြို့မြင်ကွင်း

ကြိုးကြာဝါ မျှော်စင်မှ မြင်ရသော ဝူဟန်မြို့ မြင်ကွင်းကျယ် (၂၀၁၃)
ဝဲမှယာ ယန်ဇီမြစ်၊ ဝူချန်းခရိုင်၊ ဝူဟန် ယန်ဇီမြစ်ကူးတံတား ၊ ဟန်ယန်း၊ လိပ်တောင် ရုပ်မြင်သံကြား တာဝါ၊ ဟန်မြစ်ဝ နှင့် ဟန်ကိုး
ဟန်ကိုး မြင်ကွင်းကျယ် (၂၀၁၇)
ဟန်ကိုး မြင်ကွင်းကျယ် (၂၀၁၇)
ဟန်ယန်း၊ ဟန်ကိုး နှင့် ဝူချန်တို့၏ မြင်ကွင်းကျယ် (၂၀၁၇) ဝဲမှယာ: လိပ်တောင် ရုပ်မြင်သံကြား တာဝါ နှင့် ဟန်ယန်း၊ ဝူဟန် စင်တာ နှင့် ဟန်ကိုး၊ ဝူဟန်း ယန်ဇီမြစ်ကူးတံတား၊ ယန်ဇီမြစ်၊ ဝူချန်၊ ဝူဟန် ဂရင်းလန်း တာဝါ နှင့် ကြိုးကြာဝါ မျှော်စင်
ဟန်ယန်း၊ ဟန်ကိုး နှင့် ဝူချန်တို့၏ မြင်ကွင်းကျယ် (၂၀၁၇)
ဝဲမှယာ: လိပ်တောင် ရုပ်မြင်သံကြား တာဝါ နှင့် ဟန်ယန်း၊ ဝူဟန် စင်တာ နှင့် ဟန်ကိုး၊ ဝူဟန်း ယန်ဇီမြစ်ကူးတံတား၊ ယန်ဇီမြစ်၊ ဝူချန်၊ ဝူဟန် ဂရင်းလန်း တာဝါ နှင့် ကြိုးကြာဝါ မျှော်စင်

အကျဉ်းချုပ်

ဝူဟန်မြို့ 
ဝူဟန် ဧရိယာ ပါဝင်သော စစ်သုံးမြေပုံ၊ ၁၉၅၃

ဝူဟန်မြို့သည် ဟူးပေပြည်နည်၏ အရှေ့အလယ်ပိုင်း မြောက်လတ္တီကျု ၂၉° ၅၈' မှ ၃၁° ၂၂' အတွင်း၊ အရှေ့လောင်ဂျီကျု ၁၁၃° ၄၁' မှ ၁၁၅° ၀၅' အတွင်း တည်ရှိသည်။ ဝူဟန်မြို့သည် ဟန်မြစ်မှ ယန်ဇီမြစ်အတွင်းသို့ စီးဝင်ရာ မြစ်ဆုံတွင်တည်ရှိပြီ ယန်ဇီမြစ် အလယ်ပိုင်း ကျန်းဟန်လွင်ပြင်၏ အရှေ့ဘက်တွင် တည်ရှိသည်။

မက်ထရိုပိုလစ်တန် ဒေသတွင် ဝူချန်၊ ဟန်ကိုး နှင့် ဟန်ယန်း ဆိုသော ဒေသ ၃ ခုပါဝင်ပြီး ဝူဟန် ၃ မြို့ဟု အများသိကြသည်။ (ဝူဟန်ဆိုသော အမည်မှာ ပထမမြို့မှ "ဝူ" နှင့် နောက် နှစ်မြို့မှ "ဟန်" ကို ပေါင်းစပ် ခေါ်ဝေါ်ခြင်း ဖြစ်သည်။) ထိုမြို့ ၃ မြို့ကို ပေါင်းစပ်ခြင်းအာ ၁၉၂၇ ခုနှစ်တွင် ဆောင်ရွက်ခဲ့ပြီး ဝူဟန်မြို့ကို တည်ထောင်ခဲ့သည်။ ယခင်မြို့ ၃ မြို့သည် မြစ်ကို ဖြတ်သန်း၍ မျက်နှာခြင်းဆိုင် တည်ရှိနေကြပြီး တံတားဖြင့် ဆက်သွယ်ထားက "ပထမတံတား" ဟု တရုတ်တွင် သိကြသော ခေတ်သစ်တံတားတစ်ခုလည်း ပါဝင်သည်။

  • ဝူချန်သည် ယန်ဇီမြစ်၏ အရှေ့တောင်ဘက်တွင် တည်ရှိပြီး ၎င်းအား ဟန်ကိုး နှင့် ဟန်ယန်း နှစ်ခုစလုံးမှ ကွဲထွက်နေသည်။
  • ဟန်ကိုးသည် ယန်ဇီမြစ်၏ မြောက်ဘက်တွင် ရှိပြီး ဝူချန်မှ ကွဲထွက်နေသည်။ ဟန်ကိုးသည် ဟန်မြစ်၏ မြောက်ဘက်တွင်ရှိ၍ ဟန်ယန်းမှ ကွဲထွက်နေသည်။
  • ဟန်ယန်းသည် ယန်ဇီမြစ်၏ အနောက်ဘက်တွင် ရှိပြီး ဝူချန်မှ ကွဲထွက်နေသည်။ ဟန်ယန်းသည် ဟန်မြစ်၏ တောင်ဘက်တွင် ရှိ၍ ဟန်ကိုးမှ ကွဲထွက်နေသည်။

ဝူဟန်မြို့၏ မြေမျက်နှာသွင်ပြင်သည် ရိုးရှင်းသည်။ အလယ်ပိုင်းတွင် မြေနိမ့်ပြီး ပြန်ပြူးနေကာ တောင်ဘက်တွင် တောင်ထူထပ်သည်။ ယန်ဇီနှင့် ဟန်မြစ်တို့သည် မြို့အား ဝိုင်းပတ်ထားကြသည်။ ရှီမြစ်သည် ယန်ဇီမြစ်အတွင်းသို့ ဟွမ်ပိ ခရိုင်တွင် စီးဝင်သည်။ ဝူဟန်မြို့သည် မြေဧရိယာအားဖြင့် ၈,၄၉၄.၄၁ စတုရန်း ကီလိုမီတာ (၃,၂၇၉.၇၁ စတုရန်းမိုင်) မျှ ရှိပြီး အများစုမှာ နုန်းမြေလွင်ပြင်များဖြစ်ကာ တောင်များနှင့် များပြားလှစွာသော ကန်များ ရေအိုင်များ ရှိ၍ အရှေ့ရေကန် နှင့် တန်စွန်းရေကန် တို့ပါဝင်ကာ ၎င်းတို့မှာ တရုတ်ပြည်မြို့တော်များ အတွင်းရှိသော ရေကန်များတွင် အကြီးဆုံး ဖြစ်သည်။ အခြား ထင်ရှားသော ရေကန်များမှာ တောင်ဘက်ရေကန် နှင့် သဲရေကန်တို့ ဖြစ်သည်။ ဟူပေးပြည်နယ်ရှိ မြေမျက်နှာပြင်အားဖြင့် အကျယ်ပြန့်ဆုံး ဖြစ်သော လျန်ဇီရေကန်သည် ကျန်ရှားခရိုင်၏ အရှေ့တောင်ပိုင်းတွင် တည်ရှိသည်။ ဝူဟန်ရှိ အမြင့်ဆုံးနေရာမှာ ပင်လယ်ရေမျက်နှာပြင်ထက် ၇၀၉ m (၂,၃၂၆ ft) မျှ မြင့်မားသော ဟွမ်ပိခရိုင် အနောက်မြောက်ပိုင်းရှိ ရွန်ဝူးတောင် ဖြစ်သည်။ ဝူဟန်မြို့တော် နယ်နိမိတ် အတွင်း အခြားတောင်များလည်း ရှိပြီး ၎င်းတို့မှာ ဝူချန်ခရိုင်ရှိ လိုကျားတောင် ၊ ဟောင်ရှန်း ခရိုင် အတွင်းရှိ ဟောင်တောင် နှင့် ယူကျားတောင် တို့ ဖြစ်ကြသည်။

ရာသီဥတု

ဝူဟန်မြို့ 
ရှားပါးလှသော နှင်းကျမှု အပြီးတွင် ဝူဟန်ရှိ အလယ်တန်းကျောင်းတံခါးတွင် ပါးလွှာသော နှင်းလွှာထုက ဖုံးအုပ်ထားခဲ့သည်။

ဝူဟန်မြို့၏ ရာသီဥတုသည် စိုစွတ်သော အပူလျော့ပိုင်း ရာသီဥတု (ကိုပန်ရာသီဥတု သတ်မှတ်ချက် "Cfa") ဖြစ်ပြီး မိုးရွာသွန်းမှု များပြားကာ ရာသီဥတု ၄ ခု ရှိသည်။ ဝူဟန်သည် စိုစွတ်သော နွေရာသီ ရှိသည်ဟု သိရှိကြပြီး နှင်းဖြစ်မှတ်သည် တစ်ခါတစ်ရံ ၂၆ °C (၇၉ °F) နှင့် အထက်သို့ ရောက်ရှိလေ့ ရှိသည်။ သမိုင်းကြောင်းအရ ဝူဟန်အား ချောင်ကျင်းနှင့် နင်ကျင်းမြို့တို့နှင့် အတူ ယန်ဇီမြစ်တလျှောက်ရှိ မီးဖိုမြို့ ၃ ခုဟု ရည်ညွှန်းလေ့ ရှိကြပြီး နွေရာသီတွင် အလွန်မြင့်မားသော အပူချိန် ရှိသောကြောင့် ဖြစ်သည်။ သို့သော်လည်း လတ်တလော နှစ်များအတွင် ရရှိသော ရာသီဥတု အချက်အလက်များအရ ဝူဟန်သည် "နွေရာသီတွင် အပူဆုံးမြို့များ" ၏ ထိပ်ပိုင်းတွင် မပါဝင်တော့ပဲ မီးဖိုမြို့ အသစ် ၄ ခုမှာ ချောင်ကျင်း၊ ဖူကျိုး၊ ဟန်ကျိုးနှင့် နန်ချန်း တို့ ဖြစ်ကြသည်။ နွေဦးနှင့် ဆောင်းဦးရာသီတို့သည် ယေဘုယျအားဖြင့် ပြင်းထန်လေ့ မရှိဘဲ ဆောင်းရာသီတွင် အေးမြ၍ တစ်ခါတစ်ရံ နှင်းကျလေ့ ရှိသည်။ လစဉ် ပျမ်းမျှ အပူချိန်မှာ ဇန်နဝါရီတွင် ၄.၀ ဒီဂရီ စင်တီဂရိတ် (၃၉.၂ ဒီဂရီ ဖာရင်ဟိုက်) မျှ ရှိ၍ ဇူလိုင်လတွင် ၂၉.၁ ဒီဂရီ စင်တီဂရိတ် (၈၄.၄ ဒီဂရီ ဖာရင်ဟိုက်) မျှ ရှိသည်။ နှစ်စဉ် မိုးရေချိန် စုစုပေါင်းမှာ ၁,၃၂၀ mm (၅၂ in) မျှ ရှိပြီး အများစုမှ ဧပြီလနှင့် ဇူလိုင်လ ကြားတွင် ရွာကျလေ့ ရှိသည်။ နှစ်စဉ် အပူချိန် အလယ်မှတ်မှာ ၁၇.၁၃ ဒီဂရီ စင်တီဂရိတ် (၆၂.၈ ဒီဂရီ ဖာရင်ဟိုက်) မျှ ဖြစ်ပြီး အေးခဲမှု မရှိသော ကာလမှာ ၂၁၁ ရက်မှ ၂၇၂ ရက်အထိ ရှိသည်။ လစဉ် ဖြစ်နိုင်သော နေပူခြင်း ရာခိုင်နှုန်းမှာ မတ်လတွင် ၃၁ ရာခိုင်နှုန်းမှ ဩဂုတ်လတွင် ၅၉ရာခိုင်နှုန်း အထိ ရှိသဖြင့် မြို့ဧရိယာသည် နှစ်စဉ် လင်းလက်သော နေရောင်ခြည် ၁,၈၆၅ နာရီမျှ ရရှိလေ့ ရှိသည်။ အဆိုးရွားဆုံး အပူချိန် မှတ်တမ်းမှာ ၁၉၇၇ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် −၁၈.၁ ဒီဂရီ စင်တီဂရိတ် (−၁ ဒီဂရီ ဖာရင်ဟိုက်) နှင့် ၂၀၁၇ ခုနှစ် ဇူလိုင် ၂၇ ရက်တွင် ၃၉.၇ ဒီဂရီ စင်တီဂရိတ် (၁၀၃ ဒီဂရီ ဖာရင်ဟိုက်) တို့ဖြစ်ကြသည်။ (တရားဝင်မဟုတ်သော မှတ်တမ်းအရ ၁၉၃၄ ခုနှစ်တွင် ၄၁.၃ ဒီဂရီ စင်တီဂရိတ် (၁၀၆ ဒီဂရီ ဖာရင်ဟိုက်) မျှ ရှိသည်။)


အစိုးရနှင့် နိုင်ငံရေး

ဝူဟန်မြို့ 
ဝူဟန် မြူနီစီပါယ် ပါတီကော်မတီ၏ ပင်မတံခါးပေါက်

ဝူဟန်သည် ပြည်နယ်အဆင့် မြို့တော်ဖြစ်သည်။ မြူနီစီပါယ် အစိုးရအား ဒေသခံ တရုတ်ကွန်မြူနစ်ပါတီမှ ထိန်းသိမ်း အုပ်ချုပ်ပြီး ဝူဟန် တရုတ်ကွန်မြူနစ်ပါတီ အတွင်းရေးမှူး မဂိုကျန်း မှ ဦးဆောင်သည်။ ဒေသခံ တရုတ်ကွန်မြူနစ်ပါတီသည် အုပ်ချုပ်ရေး အမိန့်များ ထုတ်ပြန်ခြင်း၊ အခွန်ကောက်ခြင်း၊ စီးပွားရေးအား စီမံခန့်ခွဲခြင်း၊ မြူနီစီပါယ် လူထုညီလာခံ၏ ကော်မတီဝင်များအား ပေါ်လစီဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ညွှန်ကြားခြင်းနှင့် ဒေသခံအစိုးရအား အုပ်ထိန်းခြင်းတို့ကို ပြုလုပ်သည်။

အစိုးရ အာဏာပိုင်များတွင် မြို့တော်ဝန် ကျိုရှန်းဝမ် နှင့် ဒု-မြို့တော်ဝန်များ ပါဝင်သည်။ ဥပဒေ၊ အများပြည်သူဆိုင်ရာ လုံခြုံရေး နှင့် အခြားအရေးကိစ္စများအတွက် အဖွဲ့အသီးသီးက တာဝန်ယူဆောင်ရွက်ကြသည်။

အုပ်ချုပ်ရေး ဒေသများ

ဝူဟန်မြို့သည် ပြည်နယ်မြို့တော်ဖြစ်ပြီး ခရိုင် ၁၃ ခုပါဝင်သည်။ ၂၀၁၀ ခုနှစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဆဋ္ဌမအကြိမ်မြောက် လူဦးရေ စာရင်းအရ ခရိုင် ၁၃ ခုတွင် မြို့နယ် အဆင့် ၁၆၀ ပါဝင်ပြီး ခရိုင်ခွဲ ၁၅၆ ခုနှင့် မြို့ ၃ ခု ပါဝင်သည်။

မြေပုံ ခရိုင် တရုတ်ဘာသာ (S) ပင်ယင်း လူဦးရေ
(၂၀၁၀ လူဦးရေစာရင်း)
ဧရိယာ(km2) လူနေသိပ်သည်းမှု
(/km2)
1
2
3
Hanyang
Wuchang
Qingshan
Hongshan
Dongxihu
Hannan
Caidian
Jiangxia
Huangpi
Xinzhou
Hankou districts
1. Jiang'an
2. Jianghan
3. Qiaokou
Central Districts 6,434,373 888.42 7,242
ကျန်အန်းခရိုင် 江岸 Jiāng'àn Qū 895,635 64.24 13,942
ကျန်းဟန်ခရိုင် 江汉 Jiānghàn Qū 683,492 33.43 20,445
ချောင်းကိုခရိုင် 硚口 Qiáokǒu Qū 828,644 46.39 17,863
ဟန်ယန်းခရိုင် 汉阳 Hànyáng Qū 792,183 108.34 7,312
ဝူချန်ခရိုင် 武昌 Wǔchāng Qū 1,199,127 87.42 13,717
ကျင်းရှန်ခရိုင် 青山 Qīngshān Qū 485,375 68.40 7,096
ဟောင်ရှန်းခရိုင် 洪山 Hóngshān Qū 1,549,917 480.20 3,228
Suburban and Rural Districts 3,346,271 7,605.99 440
တုန်းရှိဟူခရိုင် 东西湖 Dōngxīhú Qū 451,880 439.19 1,029
ဟန်နန်းခရိုင် 汉南 Hànnán Qū 114,970 287.70 400
ထိုက်ဒျန့်ခရိုင် 蔡甸 Càidiàn Qū 410,888 1,108.10 371
ကျန်ရှားခရိုင် 江夏 Jiāngxià Qū 644,835 2,010.00 321
ဟွမ်ပိခရိုင် 黄陂 Huángpí Qū 874,938 2,261.00 387
ဇင်ကျိုးခရိုင် 新洲 Xīnzhōu Qū 848,760 1,500.00 566
Water Region (水上地区) 4,748 - -
Total 9,785,392 8,494.41 1,152

သံတမန် ဆက်ဆံရေး

ဝူဟန်တွင် သံတမန် ဆက်ဆံရေးရုံးရှိသော နိုင်ငံ ၄ နိုင်ငံ ရှိသည်။ (ရုရှားသည် ဝူဟန်တွင် သံတမန် ဆက်ဆံရေးရုံး ဖွင့်လှစ်ရန် စီစဉ်နေသည်။)

သံတမန် ဆက်ဆံရေးရုံး ခုနှစ် Consular District
ဝူဟန်မြို့  ပြင်သစ် သံတမန် ဆက်ဆံရေးရုံး ဝူဟန် ၁၉၉၈၊ အောက်တိုဘာ ၁၀ ရက် ဟူပေး/ဟူနန်/ကျန်းစီ
ဝူဟန်မြို့  အမေရိကန်ပြည်ထောင်စု သံတမန် ဆက်ဆံရေးရုံး ဝူဟန် ၂၀၀၈၊ နိုဝင်ဘာ ၂၀ ရက် ဟူပေး/ဟူနန်/ဟဲနန်/ကျန်းစီ
ဝူဟန်မြို့  ကိုရီးယားသမ္မတနိုင်ငံ သံတမန် ဆက်ဆံရေးရုံး ဝူဟန် ၂၀၁၀ အောက်တိုဘာ ၂၅ ရက် ဟူပေး/ဟူနန်/ဟဲနန်/ကျန်းစီ
ဝူဟန်မြို့  ယူနိုက်တက်ကင်းဒမ်း သံတမန် ဆက်ဆံရေးရုံး ဝူဟန် ၂၀၁၅၊ ဇန်နဝါရီ ၈ ရက် ဟူပေး/ဟဲနန်

လက်ရှိ အမေရိကန် သံမှူး ဖြစ်သော မစ္စတာ ဂျေမီဖောက် သည် ဝူဟန်သို့ ၂၀၁၇ ခုနှစ် ဩဂုတ်လတွင် ခန့်အပ်တာဝန်ပေးအပ်ခြင်း ခံရသည်။ အမေရိကန် သံရုံး ၊ တရုတ်ပြည် အလယ်ပိုင်း (ဝူဟန်တွင် တည်ရှိသည်။) သည် ၎င်း၏ တရားဝင် ဖွင့်လှစ်မှုကို ၂၀၀၈ ခုနှစ် နိုဝင်ဘာ ၂၀ တွင် ကျင်းပခဲ့ပြီး အမေရိကန်ရှိ သံရုံးအသစ်အဖြစ် နှစ် ၂၀ ကျော်အတွင်း ပထမဆုံး ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ သံရုံးသည် ၂၀၁၈ ဆောင်းဦး မှစ၍ ဗီဇာ နှင့် နိုင်ငံသားဆိုင်ရာ ဝန်ဆောင်မှုများကို ဆောင်ရွက်ရန် ပြင်ဆင်ခဲ့သည်။

ဂျပန်နိုင်ငံ နှင့် ရုရှားနိုင်ငံ တို့သည် ဝူဟန်တွင် သံရုံးဖွင့်လှစ်ရန် စီစဉ်နေကြသည်။

စီးပွားရေး

ဝူဟန်မြို့ 
ဟောင်ရှန်ခရိုင်ရှိ ခေတ်သစ် ဈေးဝယ်စင်တာတစ်ခုအား ညဘက် တွေ့မြင်ရပုံ

ဝူဟန်သည် နိုင်ငံပေါင်း ၈၀ ကျော်မှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ခေါ်ယူနိုင်ခဲ့ပြီး နိုင်ငံခြားလုပ်ငန်းပေါင်း ၅,၉၇၃ ခုသည် ဝူဟန်တွင် တည်ထောင်ခဲ့ကာ စုစုပေါင်း ရင်းနှီးမြှုပ်နှံငွေ ပမာဏ အမေရိကန်ဒေါ်လာ ၂၂.၄၅ ဘီလီယံ အထိ ရှိခဲ့သည်။ ထိုလုပ်ငန်းများတွင် ပြင်သစ်ကုမ္ပဏီများ ဖြစ်ကြသော ရေးနော့ နှင့် ပီအက်စ်အေ ဂရု တို့သည် မြို့တွင်း လည်ပတ်နေသော လုပ်ငန်းများ ရှိကာ တရုတ်တစ်နိုင်ငံလုံး ရင်းနှီးမြှုပ်နှံမှု၏ ၃ ပုံ ၁ပုံမျှ ရှိကာ တရုတ်နိုင်ငံရှိ မြို့အားလုံးတွင် ပြင်သစ်တို့၏ ရင်းနှီးမြှုပ်နှံမှု အများဆုံး ဖြစ်သည်။ မြူနီစီပါယ်အစိုးရမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် အမျိုးမျိုးသော ဆွဲဆောင်နိုင်သည့် ပေါ်လစီများကို ချမှတ်ပေးခဲ့ပြီး ၎င်းတို့တွင် အခွန်သက်သာခွင့်၊ အတိုးနှုန့် လျှော့ချပေးထားသော ချေးငွေနှင့် အစိုးရမှ ပံ့ပိုးပေးမှုများ ပါဝင်သည်။

ဝူဟန်သည် တရုတ်နိုင်ငံ၏ စီးပွားရေး၊ ကုန်သွယ်ရေး၊ ဘဏ္ဍာရေး၊ သယ်ယူပို့ဆောင်ရေး၊ သုတနည်းပညာနှင့် ပညာရေးတို့အတွက် အရေးပါသော ဗဟိုဌာန တစ်ခု ဖြစ်သည်။ ဝူဟန်ရှိ အဓိက လုပ်ငန်းများတွင်း အော့ပတစ်-အီလက်ထရွန်းနစ်၊ မော်တော်ကား ထုတ်လုပ်ရေး၊ သံ နှင့် စတီးလ် ထုတ်လုပ်ရေး၊ ဆေးဝါးဆိုင်ရာ ကဏ္ဍအသစ်၊ ဇီဝဗေဒ အင်ဂျင်နီယာရင်း၊ ကုန်ကြမ်းအမျိုးအစားသစ် လုပ်ငန်းနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ ပါဝင်သည်။ ဝူဟန် သံနှင့် စတီးလ် ကော်ပိုရေးရှင်းနှင့် ဒေါင်းဖန်-စိုင်ထရိုယန် မော်တော်ကား ကုမ္ပဏီ တို့သည် ဝူဟန်တွင် ရုံးချုပ် တည်ရှိသည်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အနာဂတ်မျှော် ထိန်းသိမ်းရေးလုပ်ငန်း ဝူဟန်၏ တိုးတက်လာသော လုပ်ငန်းတစ်ခု ဖြစ်ပြီး ၎င်းတို့တွင် စွမ်းအင်အပြည့်အဝ သုံးစွဲနိုင်ရေး နည်းပညာများနှင့် ပြည့်ဖြိုးမြဲစွမ်းအင်တို့ ပါဝင်သည်။

ဝူဟန်သည် တရုတ်ပြည်တွင်း ကုန်သွယ်ရေးအတွက် အဓိက အရေးပါသော အင်အားတစ်ခုဖြစ်ပြီး ပထမအဆင့် မြို့တော်များဖြစ်သော ရှန်ဟိုင်း၊ ဘေဂျင်း၊ ကွမ်ကျိုးတို့နှင့် အရောင်းအဝယ် ပမာဏတွင် ပြိုင်ဆိုင်လျက် ရှိသည်။ ထို့ပြင် တရုတ်ပြည်၏ ထိပ်တန်း မက်ထရိုပိုလစ်မြို့တော်များတွင် ပါဝင်သည်။ ဝူဟန် ကုန်တိုက်၊ ကျောင်ရှန်း ကုမ္ပဏီ၊ ဟန်ယန်းကုန်တိုက် နှင့် ဗဟိုကုန်တိုက်တို့သည် အလွန်နာမည်ကြီးပြီး ဝူဟန်၏ အဓိက ကူးသန်းရောင်းဝယ်ရေး လုပ်ငန်း ၄ ခု ဖြစ်ကာ စတော့အိတ်ချိန်းတွင် တင်ထားသော ကုမ္ပဏီများ ဖြစ်သည်။ ဟန်ကျန်ဂျဲ အသေးစားကုန်ရောင်းဝယ်ရေး ဈေးသည် နှစ်ပေါင်း ရာချီအောင် ဖွံ့ဖြိုးခဲ့ပြီး တကမ္ဘာလုံးတိုင် ကျော်ကြားသည်။

စက်မှုဇုံများ

ဝူဟန်ရှိ အဓိက စက်မှုဇုံများတွင် အောက်ပါတို့ ပါဝင်သည်။

  • ဝူဟန် ဒေါင်ဟူး နည်းပညာသစ် ဖွံ့ဖြိုးတိုးတက်ရေးဇုန်

ဝူဟန် ဒေါင်ဟူး နည်းပညာသစ် ဖွံ့ဖြိုးတိုးတက်ရေးဇုန်သည် နိုင်ငံတော်အဆင့် အဆင့်မြင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး ဇုန်တစ်ခုဖြစ်သည်။ အော့ပတစ်ကယ်-အီလက်ထရွန်းနစ်၊ အဝေးဆက်သွယ်ရေး နှင့် စက်ထုတ်လုပ်ရေးတို့သည် ဝူဟန် အရှေ့ကန် အဆင့်မြင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးဇုန် (Wuhan East Lake High-Tech Development Zone (ELHTZ)) ၏ အဓိက လုပ်ငန်းများ ဖြစ်ပြီး နိုင်ငံခြားမှ ဆော့ဖ်ဝဲလ်များကို ရေးသားပေးခြင်း နှင့် အီလက်ထရွန်းနစ် လုပ်ငန်းများကိုလည်း အားပေးသည်။ ELHTZ တွင် တရုတ်ပြည်၏ အကြီးမားဆုံးသော အော့ပတိုအီလက်ထရွန်းနစ် ပစ္စည်းများကို ထုတ်လုပ်ရာ ဌာနဖြစ်ပြီး အဓိက ထုတ်လုပ်သူများ ဖြစ်သော ယန်ဇီ အော့ပတစ်ကယ် ဖိုင်ဘာ နှင့် ကေဘယ်လ် (တရုတ်ပြည်၏ အကြီးဆုံး ဖိုင်ဘာကေဘယ်လ် ထုတ်လုပ်သူ) နှင့် ဖိုင်ဘာဟုမ်း အဝေးဆက်သွယ်ရေး တို့ ပါဝင်သည်။ ဝူဟန် ဒေါင်ဟူး နည်းပညာသစ် ဖွံ့ဖြိုးတိုးတက်ရေးဇုန်သည် တရုတ်ပြည်၏ လေဆာ လုပ်ငန်းများ ဖွံ့ဖြိုးရာ ဌာနဖြစ်ပြီး အဓိက ကုမ္ပဏီများဖြစ်သော အိတ်ချ်ဂျီ တက်ခ်နှင့် ချူတီယန် လေဆာတို့ အခြေစိုက် ကြသည်။

  • ဝူဟန် စီးပွားရေး နှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး ဇုန်
  • ဝူဟန် ပို့ကုန် ထုတ်လုပ်ရေး ဇုန်
  • ဝူဟန် အလင်းတန်းတောင်ကြား (ဂွမ်ဂူး) ဆော့ဖ်ဝဲလ် ပါ့ခ်
  • ဝူဟန် ဘိုင်အိုလိတ်ခ်

လူဦးရေ ပျံ့နှံ့နေထိုင်မှု

သမိုင်းတစ်လျှောက် လူဦးရေများ
ခုနှစ်လူဦးရေ±%
၁၉၅၃၁၄၂၇၃၀၀—    
၁၉၈၂၄၁၀၁၀၀၀+187.3%
၁၉၉၀၆၉၀၁၉၁၁+68.3%
၂၀၀၀၈၃၁၂၇၀၀+20.4%
၂၀၀၇၇၂၄၃၀၀၀−12.9%
၂၀၁၀၉၇၈၅၃၈၈+35.1%
၂၀၁၄၁၀၃၃၈၀၀၀+5.6%
၂၀၁၅၁၀၆၀၇၇၀၀+2.6%
Population size may be affected by changes on administrative divisions. 1953, 1982, 1990, 2000 2007 2015

ဝူဟန်သည် တရုတ်နိုင်ငံ အလယ်ပိုင်းတွင် လူဦးရေ အများဆုံးမြို့ ဖြစ်ပြီး တရုတ်နိုင်ငံရှိ လူဦးရေ အများဆုံးမြို့များတွင် ပါဝင်သည်။ ၂၀၁၀ ခုနှစ် ဆဋ္ဌမအကြိမ် လူဦးရေ စာရင်းကောက်ယူရာတွင် ဝူဟန်ရှိ မြိုပြခရိုင် ၁၀ ခုတွင်းမှ ၈ ခုတွင် လူဦးရေ ၈,၈၂၁,၆၅၈ ဦး နေထိုင်လျက် ရှိသည်။ ၂၀၁၅ ခုနှစ်တွင် ဝူဟန်မြို့၏ ခန့်မှန်းခြေ လူဦးရေမှာ ၁၀,၆၇၀, ၇၀၀ ဦး ရှိသည်။

စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (အိုအီးစီဒီ) ၏ ခန့်မှန်းချက်အရ ပတ်ဝန်းကျင် မက်ထရိုပိုလစ်တန် ဒေသများတွင် ၂၀၁၀ ခုနှစ်တွင် လူဦးရေ ၁၉ သန်းရှိမည်ဟု ခန့်မှန်းသည်။

ယုံကြည်ကိုးကွယ်မှု

ဝူဟန်မြို့ 

ဝူဟန်ရှိ ကိုးကွယ် ယုံကြည်မှု (၂၀၁၇)

  တရုတ်ရိုးရာ ဘာသာ သို့မဟုတ် ဘာသာမဲ့ (တာအိုဘာသာဝင် ၀.၉% အပါအဝင်) (79.2%)
  ပရိုတက်စတင့် (2.9%)
  ရိုမန်ကက်သလစ် (0.3%)
  အခြား (1.6%)

၂၀၁၇ ခုနှစ်တွင် ထုတ်ပြန်သော စစ်တမ်းအရ ဝူဟန်ရှိ လူဦးရေ ၇၉.၂% သည် ဘာသာမဲ့ သို့မဟုတ် တရုတ်ရိုးရာ နတ်ဘုရားများနှင့် ဘိုးဘေးများကို ကိုးကွယ်ကြသည်။ ၎င်းတို့ထဲတွင် တာအိုဘာသာကိုးကွယ်သူ ၀.၉%လည်း ပါဝင်သည်။ အခြားဘာသာဝင်များတွင် ၁၄.၇% မှာ ဗုဒ္ဓဘာသာ ကိုးကွယ်ကြပြီး၊ ၂.၉% မှာ ပရိုတက်စတင့် ခရစ်ယာန် ဘာသာဝင်များ ဖြစ်ကာ ၀.၃% မှာ ရိုမန်ကက်သလစ် ခရစ်ယာန်ဘာသာဝင်များ ဖြစ်၍ ၁.၆%မှာ အစ္စလာမ် ဘာသာဝင်များဖြစ်သည်။ ၁.၆% သော လူဦးရေမှာ အခြားသော ဘာသာများကို ကိုးကွယ်ကြသည်။

သယ်ယူပို့ဆောင်ရေး

ခရီးသွားလုပ်ငန်း

ပညာရေး

မီဒီယာ

ယဉ်ကျေးမှု

ဗိသုကာပညာ

ထင်ရှားသော ဝူဟန်မြို့သားများ

ညီအစ်မမြို့တော်များ

သဘာဝနှင့် သားရိုင်းတိရစ္ဆာန်

ကိုးကား

မှတ်စု

Tags:

ဝူဟန်မြို့ အမည်မှည့်ခေါ်ခြင်းဝူဟန်မြို့ သမိုင်းကြောင်းဝူဟန်မြို့ ပထဝီဝင်ဝူဟန်မြို့ အစိုးရနှင့် နိုင်ငံရေးဝူဟန်မြို့ စီးပွားရေးဝူဟန်မြို့ လူဦးရေ ပျံ့နှံ့နေထိုင်မှုဝူဟန်မြို့ သယ်ယူပို့ဆောင်ရေးဝူဟန်မြို့ ခရီးသွားလုပ်ငန်းဝူဟန်မြို့ ပညာရေးဝူဟန်မြို့ မီဒီယာဝူဟန်မြို့ ယဉ်ကျေးမှုဝူဟန်မြို့ ဗိသုကာပညာဝူဟန်မြို့ ထင်ရှားသော သားများဝူဟန်မြို့ ညီအစ်မမြို့တော်များဝူဟန်မြို့ သဘာဝနှင့် သားရိုင်းတိရစ္ဆာန်ဝူဟန်မြို့ ကိုးကားဝူဟန်မြို့ မှတ်စုဝူဟန်မြို့တရုတ်ပြည်သူ့သမ္မတနိုင်ငံ

🔥 Trending searches on Wiki မြန်မာဘာသာ:

ဘုရား (ဗုဒ္ဓဘာသာ)စိတ်ခုနစ်နေ့ဘုရားရှိခိုးမိန်းမကောင်းအင်္ဂါ (၆၄) ရပ်အင်္ဂလိပ်-မြန်မာ စစ်ပွဲများXXXတဲန်တာရွှန်စတီဖင် ချောင်အမှတ်(၁၁)ခြေမြန်တပ်မဌာနချုပ်ဝင်းဦးကရင်လူမျိုးသင်္ဂါယနာသိပ္ပံပညာတပ်မတော်မြပဲခူးမြို့အာနာပါနဓဇဂ္ဂသုတ်.mmဗိဿနိုးမြို့ဟောင်းလွှမ်းမိုးပဲခူးတိုင်းဒေသကြီးပန်ဆယ်လိုဩစတြေးလျနိုင်ငံမြန်မာနိုင်ငံ၏ ရွာများမြစေတီကျောက်စာဗမာပြည် ကွန်မြူနစ်ပါတီနွားမန်ချက်စတာ ယူနိုက်တက်တပ်ကုန်းမြို့ထိုင်းလူမျိုးမြန်မာကိန်းဂဏန်းများဓမ္မကျိုက်ထီးရိုးဘုရားတပ်မတော် (ရေ)ဉာဏ်စဉ်လောကဓံဗေဒင်အမှတ်(၃၃)ခြေမြန်တပ်မဌာနချုပ်လှဌေးဝင်း (ဗိုလ်ချုပ်ကြီး)ကြက်သွန်ဖြူနီနီခင်ဇော်ဓာရဏပရိတ်ရက္ခိုင့်တပ်တော်ဘိုးမင်းခေါင်ရန်ကုန်တိုင်းစစ်ဌာနချုပ်စိုင်းထီးဆိုင်ဒိုးလုံးလများ (အချိန်အတိုင်းအတာ)နေပြည်တော် ပြည်ထောင်စုနယ်မြေလ (ကမ္ဘာရံဂြိုဟ်)ထားတောင်ကြီးမြို့နယ်မြဘုရားအချိန်၊ မြန်မာ့ရိုးရာဂျပန်သမိုင်းမြစ်ငယ်မြစ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)မြန်မာပြည်သိန်းတန်ရပ်ပြစ်ရှစ်ပါးမျိုးကြီးအရှေ့တောင်အာရှနိုင်ငံများအသင်းဗြဟ္မာဘုံမဟာဘူတပုဗ္ဗဏှသုတ်ဘူးပင်စကားဝှက်စေတနာတောင်ငူခေတ်အလောင်းစည်သူဗုဒ္ဓပြည်သူ့ခုခံတော်လှန်စစ်ကံမယ်စကြဝဠာ မန္တလေးအရေပြားလေးဘက်နာရောဂါသံဃာဂုဏ်တော်🡆 More