ဝဘ်ဘရောက်ဆာ

ဝဘ်ဘရောက်ဆာ (များသောအားဖြင့် ဘရောက်ဆာဟု ခေါ်သည်။) သည် ဆော့ဖ်ဝဲတစ်ခု ဖြစ်သည်။ World Wide Web တွင် ရင်းမြစ်အချက်အလက်များကို ရယူခြင်း၊ ပြသခြင်း၊ ဖြတ်သန်းပို့ဆောင်သည့် အလုပ်များ လုပ်ဆောင်သည်။ ရင်းမြစ်အချက်အလက်တစ်ခုကို Uniform Resource Identifier (URI/URL) ဖြင့် သတ်မှတ်သည်။ ထိုရင်းမြစ်အချက်အလက်တွင် ဝဘ်စာမျက်နှာ၊ ရုပ်ပုံ၊ ဗီဒီယို သို့မဟုတ် အခြားအရာများ ပါဝင်သည်။ လင့်များသည် အသုံးပြုသူများအား ရင်းမြစ်များရှိရာသို့ လမ်းညွှန်ရန် လုပ်ဆောင်ပေးသည်။ အဓိကအားဖြင့် ဘရောက်တာများသည် World Wide Web တွင် အသုံးပြုရန် ရည်ရွယ်သော်လည်း web servers မှ ဖိုင်များကို ကိုယ်ပိုင်ကွန်ရက်ဖြင့် ရယူအသုံးပြုခြင်းတို့တွင် အသုံးပြုနိုင်သည်။

ဝဘ်ဘရောက်ဆာ
StatCounter အရ ဝဘ်ဘရောက်ဆာများ အသုံးပြုသည့်ဝေစု

လူသုံးအများဆုံး ဝဘ်ဘရောက်ဆာများမှာ ဂူဂယ် ခရုမ်း၊ Edge ( InternetExplorer ထက် အရင်ကျသည်။) ၊ ဆာဖာရီ (Safari)၊ အော်ပရာ (Opera)၊ Firefox တို့ ဖြစ်ကြသည်။

သမိုင်း

၁၉၉၀ ခုနှစ်တွင် Sir Tim Berners-Lee ပထမဆုံးသော ဝဘ်ဘရောက်ဆာကို တီထွင်ခဲ့သည်။ Berners-Lee သည် World Wide Web Consortium(W3C) ၏ ညွှန်ကြားရေးမှူး ဖြစ်သည်။ World Wide Web Foundation ကို တည်ထောင်သူလည်း ဖြစ်သည်။ W3C သည် ဝဘ်ဖွံ့ဖြိုးတိုးတက်မှုကို ကွပ်ကဲသည်။ Berners-Lee တီထွင်ခဲ့သော ဘရောက်ဆာကို WorldWideWeb ဟုခေါ်သည်။ နောက်ပိုင်းတွင် Nexus ဟု ပြောင်းလဲခေါ်ဆိုခဲ့သည်။ ထိုဘရောက်ဆာသည် NeXT ကွန်ပျူတာများတွင် အလုပ်လုပ်နိုင်သည်။ Berners-Lee သည် နီကိုလာ ပဲလိုး နှင့်အတူ Line Mode Browser တစ်ခုရေးခဲ့သည်။ Nicola Pellow သည် CERN တွင် အလုပ်သင်လုပ်နေသည့် သင်္ချာကျောင်းသား ဖြစ်သည်။ ထိုဝဘ်ဘရောက်ဆာသည် dumb terminals ပေါ်တွင် ဝဘ်စာမျက်နှာကို ပြသသည်။ ၁၉၉၁ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။

ဂရပ်ဖစ်အသွင်အပြင်များဖြင့် ပထမဆုံးသော ဘရောက်ဆာသည် Erwise ဖြစ်သည်။ Erwise ဖန်တီးထုတ်လုပ်မှုကို Robert Cailliau က စတင်ခဲ့သည်။

ဝဘ်ဘရောက်ဆာ 
, Netscape Navigator ကို တီထွင်သူ Marc Andreessen

၁၉၉၃ ခုနှစ်တွင် Marc Andreessen က Mosaic ကို တီထွင်ခဲ့သည်။ Mosaic သည် ကမ္ဘာ့လူသိအများဆုံး ဘရောက်ဆာ ဖြစ်ခဲ့သည်။ World Wide Web ၏ စနစ်ကို လွယ်ကူစွာအသုံးပြုနိုင်ရန် ပြုလုပ်ထားသည်။ သာမန်လူပင် အသုံးပြုနိုင်စေရန် ပြုလုပ်ထားသည်။ Andreesen ၏ ဘရောက်ဆာသည် ၁၉၉၀ ခုနှစ် အင်တာနက်ကြီးထွားမှုကို မြင့်တက်စေခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် Mosaic ကို မိတ်ဆက်လိုက်ခြင်းနှင့်အတူ ဝဘ်အသုံးပြုမှုသည်လည်း ကြီးထွားမြင့်တက်လာခဲ့သည်။ Mosaic သည် ဂရပ်ဖစ်အသွင်အပြင်များပါဝင်သည့် ပထမဆုံး ဘရောက်လည်း ဖြစ်သည်။ Andreessen သည် National Center for Supercomputing Applications (NCSA) ၌ Mosaic အဖွဲ့၏ ခေါင်းဆောင် ဖြစ်သည်။ သူသည် မကြာမီပင် ကိုယ်ပိုင်ကုမ္ပဏီ Netscape ကို စတင်ခဲ့သည်။ Netscape Navigator ကို ၁၉၉၄ ခုနှစ်တွင် ထုတ်ဝေခဲ့ပြီး ကမ္ဘာ့လူသုံးအများဆုံးဘရောက်ဆာ ဖြစ်ခဲ့သည်။ တွက်ချက်လေ့လာမှုများအရ ဝဘ်အသုံးပြုမှု၏ ၉၀% ရှိခဲ့သည်။ Netscape Navigator တွင် Mosaic ၏ နည်းပညာများ လွှမ်းမိုးလျက် ရှိသည်။

၁၉၉၅ ခုနှစ်တွင် မိုက်ခရိုဆော့ဖ်က Internet Explorer ကို ထုတ်ဝေခဲ့သည်။ ထိုအခါမှစကာ ဘရောက်ဆာစစ်ပွဲများ စတင်ရန် ဖြစ်လာခဲ့သည်။ ဝင်းဒိုးတွင် တစ်ပါတည်းထည့်သွင်းပေးလိုက်ခြင်းဖြင့် Internet Explorer သည် ဈေးကွက်ကို ကြီးစိုးနိုင်ခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် Internet Explorer အသုံးပြုမှုဝေစုသည် ၉၅% ကျော် ရှိခဲ့သည်။


အော်ပရာ (Opera) သည် မည်သည့်အခါမှ ကျယ်ပြန့်သော အသုံးပြုခြင်း မရရှိခဲ့ချေ။ Net Applications ၏ အချက်အလက်များအရ ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အသုံးပြသည့် ဝေစု၏ ၂% အောက်သာ ရှိခဲ့သည်။ ၎င်း၏ အသေးစားဗားရှင်းမှာမူ ဘရောက်ဆာအားလုံးအသုံးပြုမှု၏ ၁.၁% ကို ၂၀၁၁ ခုနှစ်၊ ဧပြီလတွင် ရရှိခဲ့သည်။ ထိုဗားရှင်းသည် မိုဘိုင်းဖုန်းများဘရောက်ဆာဈေးကွက်ကို ဦးတည်ခဲ့သည်။ ထိုဘရောက်ဆာကို ဖုန်းအတွင်း ထည့်သွင်းအသုံးပြုမှုသည် သန်း ၄၀ ကျော် ရှိခဲ့သည်။ ၎င်းသည် အခြားသော Nintendo's W ii video game console အပါအဝင် embedded စနစ်များတွင် လည်း အသုံးပြု၍ ရနိုင်သည်။

၁၉၉၈ ခုနှစ်တွင် မော်ဇီလာဖောင်ဒေးရှင်းသည် Netscape ကို ထုတ်ဝေခဲ့သည်။ open source ဆော့ဖ်ဝဲများတွင် ပြိုင်ဆိုင်နိုင်မည့် ဘရောက်တစ်ခုအဖြစ်ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။ ၂၀၀၄ ခုနှစ်နှောင်းပိုင်း Firefox 1.0 ကို ထုတ်ဝေပြီး မကြာလိုက်သည့် အချိန်တွင် Firefox ၏ ဗားရှင်းအားလုံးသည် ဘရောက်ဆာအသုံးပြုမှု၏ ၇% ကို ရရှိခဲ့သည်။ ၂၀၁၁ ခုနှစ်၊ ဩဂုတ်လ တွင် ၂၈% ရှိခဲ့သည်။

၂၀၀၃ ခုနှစ်၊ ဇူလိုင်လတွင် အက်ပဲ၏ ဆာဖာရီဘရောက်စာ အစမ်းထုတ်ကို ထုတ်ဝေခဲ့သည်။ ၂၀၁၁ ခုနှစ်၊ ဧပြီလတွင် အက်ပဲအခြေပြုအသုံးပြုမှုများတွင် ကြီးစိုးထားနိုင်သည့် ဘရောက်ဆာ ဖြစ်ခဲ့သည်။ အချက်အလက်များအရ ဘရောက်ဆာဝေစု၏ ၇% ကျော် ရှိခဲ့သည်။

ဘရောက်ဆာဈေးကွက်သို့ အဓိကပြိုင်ဘက်အဖြစ် မကြာခင် ဝင်ရောက်လာသည့် ဘရောက်ဆာသည် ခရုမ်း (Chrome) ဖြစ်သည်။ ၂၀၀၈ ခုနှစ်၊ စက်တင်ဘာလတွင် ပထမဆုံး ထုတ်ဝေခဲ့သည်။ ခရုမ်းသည် တစ်နှစ်ထက်တစ်နှစ် အသုံးပြုမှု မြင့်တက်လာခဲ့သည်။ ၂၀၁၁ ခုနှစ်၊ ဩဂုတ်လတွင် အသုံးပြုမှုဝေစုသည် ၈% မှ ၁၆% သို့ နှစ်ဆမြင့်တက်ခဲ့သည်။ ခရုမ်း၏ မြင့်တက်မှုသည် Internet Explorer ၏ ကုန်ကျစရိတ်ကို မြင့်မားစေခဲ့သည်။ Internet Explorer ဈေးကွက်ဝေစုသည်လည်း တစ်လထက်တစ်လ နိမ့်ကျလာခဲ့သည်။ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလတွင် ခရုမ်းသည် Internet Explorer 8 ကို ကျော်တက်ကာ ကမ္ဘာ့လူသုံးအများဆုံးဘရောက်ဆာ ဖြစ်လာခဲ့သည်။ သို့သော် Internet Explorer ဗားရှင်းအားလုံး၏ ဝေစုအောက် နည်းလျက် ရှိသည်။ ခရုမ်းကို အသုံးပြုမှုသည် ကြီးထွားမြင့်တက်လျက် ရှိသည်။ ၂၀၁၂ ခုနှစ်၊ မေလတွင် ခရုမ်းအသုံးပြုမှုသည် Internet Explorer ဗားရှင်းအားလုံးအသုံးပြုမှုကို ကျော်ဖြတ်သွားခဲ့သည်။ ၂၀၁၄ ခုနှစ်၊ ဧပြီလတွင် ခရုမ်းအသုံးပြုမှုသည် ၄၅% သို့ ရောက်ခဲ့သည်။

ဝင်းဒိုး ၁၀ တွင် Internet Explorer နေရာတွင် Microsoft Edge ကို ပုံသေ (default) ဘရောက်ဆာအဖြစ် အစားထိုးခဲ့သည်။

စီးပွားရေးဆိုင်ရာ ပုံစံများ

အချိန်နှင့်အမျှပင် ဘရောက်ဆာပြုလုပ်သူတို့သည် ၎င်းတို့၏ ထုတ်လုပ်မှုကုန်ကျစရိတ်အတွက် ရန်ပုံငွေ ရှာခဲ့ကြသည်။ ပထမဆုံးဘရောက်ဆာဖြစ်သည့် WorldWideWeb သည် သုတေသနစီမံကိန်းတစ်ခု ဖြစ်သည်။

Netscape Navigator နှင့် Opera ကို စီးပွားရေးအရ ရောင်းချခဲ့သည်။

Internet Explorer သည် ဝင်းဒိုးစက်လည်ပတ်မှုစနစ်တွင် အခမဲ့ တစ်ပါတည်း ပါဝင်ခဲ့သည်။ ထို့ပြင် အခမဲ့ ဒေါင်းလုတ်ပြုလုပ်ကာ ရယူနိုင်သေးသည်။ Internet Explorer ကို ကွန်ပျူတာထုတ်လုပ်သူများသို့ ဝင်းဒိုးနှင့်အတူ ရောင်းချခြင်း၊ အသုံးပြုသူများသို့ တိုက်ရိုက်ရောင်းချခြင်း တို့ဖြင့် ရန်ပုံငွေ ရှာခဲ့သည်။ Internet Explorer သည် Mac ကွန်ပျူတာများတွင်လည်း အသုံးပြုနိုင်သည်။ IE ကို Mac အတွက် ထုတ်ဝေခြင်းသည် မိုက်ခရိုဆော့ဖ်၏ တိုက်ခိုက်ခြိမ်းခြောက်မှုထဲမှ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့သည်။ သူ၏ ပလက်ဖောင်းသည် ဝဘ်စံနှုန်းများ၊ ဂျာဗား (Java) စသည်တို့အပေါ် ကြီးစိုးရန် ဖြစ်သည်။ IE သည် ဝင်းဒိုး နှင့် မိုက်ခရိုဆော့ဖ်အသုံးချဆော့ဖ်ဝဲများတွင် ထည့်သွင်းရောင်းချသည့်နည်းကို အသုံးပြုခဲ့သည်။

လုပ်ဆောင်ချက်များ

ဝဘ်ဘရောက်ဆာ 
၂၀၁၂ ခုနှစ်၊ မေလ နိုင်ငံအလိုက်လူသုံးအများဆုံး ဘရောက်ဆာများ
  Internet Explorer
  Google Chrome
  Opera

ဝဘ်ဘရောက်ဆာများ၏ မူလရည်ရွယ်ချက်သည် အသုံးပြုသူများသို့ သတင်းအချက်အလက်များ ယူဆောင်ပေးရန် ဖြစ်၏။ အသုံးပြုသူသည် အချက်အလက်များကို ကြည့်ရှုနိုင်ခြင်း၊ အခြားသောအချက်အလက်များကို ရယူအသုံးပြုခြင်း (လင့်များ) စသည်တို့လည်း ဝဘ်ဘရောက်ဆာတွင် လုပ်ဆောင်နိုင်၏။

Uniform Resource Locator (URL) တွင် အချက်အလက်များ (ဥပမာ - http://en.wikipedia.org/) ထည့်သွင်းပြီး ဘရောက်ဆာ၏ လုပ်ဆောင်ချက်ကို စတင်နိုင်သည်။ URL ၏ ရှေ့ဆက်ပုဒ်(prefix) ဖြစ်သည့် Uniform Resource Identifier or URI သည် URL က မည်ကဲ့သို့ အဓိပ္ပာယ်ကောက်ရမည့်အလုပ် (interpret)ကို သတ်မှတ်ပေးသည်။ http: နှင့်စသည့် URI ကို အများဆုံးအသုံးပြုကြသည်။ Hypertext Transfer Protocol (HTTP) ပေါ်မှ resource tobe ရယူသည့်အလုပ်ကို သတ်မှတ်သည်။ ဘရောက်ဆာအများအပြားသည် အခြားသောရှေ့ဆက်ပုဒ်အများအပြားကို အထောက်အပံ့ ပေးထား၏။ ဥပမာ - https: for HTTPS, ftp: for the FileTransfer Protocol, and file: for local files တို့ ဖြစ်ကြသည်။ ရှေ့ဆက်ပုဒ်များကို ဝဘ်ဘရောက်ဆာများသည် တိုက်ရိုက်ကိုင်တွယ်ထိန်းချုပ်၍ မရပေ။ ဥပမာ - mailto: URIs အသုံးပြုသူ၏ ပုံသေအီးမေးလ်အသုံးချဆော့ဖ်ဝဲကို ဖြတ်ကျော်သည်။ news:URIs သည် အသုံးပြုသူ၏ ပုံသေ newsgroup reader ကို ဖြတ်ကျော်သည်။

http, https, file နှင့် အခြားသောအရာများစသည်တို့ကို တစ်ကြိမ်ရယူပြီးပါက ဘရောက်ဆာသည် ပြသလိမ့်မည် ဖြစ်သည်။ HTML နှင့် ဆက်စပ်သည့်အရာများ (image files, formatting information such as CSS, etc.) စသည်တို့သည် ဘရောက်ဆာ၏ layout အင်ဂျင်ကို ဖြတ်ကျော်ကာ markup မှ interactive document သို့ ကူးပြောင်းပေးသည်။ ထိုဖြစ်စဉ်ကို rendering ဟုခေါ်သည်။ HTML မှလွဲ၍ ဝဘ်ဘရောက်ဆာများသည် ဝဘ်စာမျက်နှာတစ်ခုတွင်ပါဝင်သည့် မည်သည့်အရာကိုမဆို ပြသနိုင်သည်။ ဘရောက်ဆာအများစုသည် ရုပ်ပုံ၊ အသံ၊ ဗီဒီယို၊ XML ဖိုင် များကိုပြသနိုင်ပြီး Flash applications နှင့် Java applets များကို ထောက်ပံ့ပေးနိုင်သည့် plug-ins လည်း ပါရှိကြသည်။ အထောက်အပံ့ပေးထားခြင်း မရှိသည့် အမျိုးအစားများ၊ ဖိုင်များကိုမူ ပြသခြင်းထက် ဒေါင်းလုတ်ပြုလုပ်စေသည်။ ဘရောက်ဆာသည် အသုံးပြုသူကို ဖိုင်ကို ဟာ့ဒစ် (disk) အတွင်းသိမ်းရန် ပြောဆိုလုပ်ဆောင်သည်။ သတင်းအချက်အလက်ရင်းမြစ်များတွင် ဟိုက်ပါလင့်ခ်များ (hyperlinks) များ ပါဝင်ကြသည်။ hyperlinks များသည် အခြားအချက်အလက်ရင်းမြစ်များကိုလည်း ချိတ်ဆက်ပေးကြသည်။ လင့်ခ်တစ်ခုချင်းစီတွင် သွားရောက်ရမည့် ရင်းမြစ်၏ URI ပါဝင်သည်။ လင့်တစ်ခုကို ကလစ်နှိပ်လိုက်သောအခါ ဘရောက်ဆာသည် ရည်ရွယ်သောလင့်၏ URI ရင်းမြစ်ဆီကို သွားသည့်အလုပ်ကို လုပ်ဆောင်သည်။ ထို့နောက် အချက်အလက်များကို အသုံးပြုသူဆီသို့ တစ်ဖန်ပြန်၍ ယူဆောင်လာခဲ့သည်။

ဈေးကွက်ဝေစု

တမ်းပလိတ်:Bar gap
Desktop/laptop browser statistics
Google Chrome
  
62.09%
Mozilla Firefox
  
14.81%
Internet Explorer
  
9.62%
Safari
  
5.34%
Microsoft Edge
  
3.68%
Opera
  
1.6%
Yandex Browser
  
0.5%
Coc Coc
  
0.29%
UC Browser
  
0.24%
Chromium
  
0.18%
Sogou Explorer
  
0.16%
Maxthon
  
0.16%
360 Secure Browser
  
0.16%
QQ Browser
  
0.11%
Mozilla Suite
  
0.04%
Phantom
  
0.03%
Vivaldi
  
0.03%
Pale Moon
  
0.02%
Amigo
  
0.02%
SeaMonkey
  
0.02%
Other
  
0.06%
၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ StatCounter အရ စားပွဲတင်ကွန်ပျူတာတွင်အသုံးပြုသည့် ဝဘ်ဘရောက်ဆာများ၏ ဈေးကွက်ဝေစု

အင်္ဂါရပ်များ

ဝဘ်ဘရောက်ဆာများသည် minimal, HTML အတွက် text-based user interfaces with bare-bones အစရှိသည့် အင်္ဂါရပ်များမှ ဖိုင်ပုံစံ (file format)၊ ပရိုတိုကော (protocol) အများအပြားတွက် ထောက်ပံ့သည့် rich userinterfaces စသည်တို့အထိ ပါဝင်၏။ ဘရောက်ဆာများသည် e-mail,Usenet news, and Internet Relay Chat (IRC) အစရှိသည့် "Internet suites" များကို ထောက်ပံ့ပေးသည့် အရာများ ပါဝင်ကြသည်။

အဓိကအသုံးပြုကြသည့် ဘရောက်ဆာအားလုံးတွင် တစ်ချိန်တည်းတွင် တစ်ခုထက်မကသော အချက်အလက်ရင်းမြစ်များကို ဖွင့်ကြည့်နိုင်သည်။ မတူညီသည့်ဘောက်ဆာဖြစ်သည့် windowsor တွင် တူညီသော window တစ်ခုတည်းတွင် tab များဖွင့်ကာ ကြည့်ရှုနိုင်သည်။ အဓိကဘရောက်ဆာများတွင် အသုံးပြုသူ၏ သဘောတူညီမှုမပါသည့် မလိုလားအပ်သော "poppingup" များကို ကာကွယ်ပေးသည့် pop-up blockers များပါဝင်ကြသည်။

ဘရောက်ဆာအများစုသည် အသုံးပြုသူက Bookmark လုပ်ထားသော ဝဘ်ဘရောက်ဆာများကို ပြသပေးနိုင်သည်။ အသုံးပြသူသည် လိုအပ်ပါက လျင်မြန်စွာ ရရှိနိုင်ရန်အတွက် ဖြစ်သည်။ Internet Explorer တွင် Bookmarks ကို "Favorites" ဟု ခေါ်သည်။ ထို့ပြင် အဓိကဘရောက်ဆာအားလုံးသည် web feedaggregator တစ်ပါတည်း ပါဝင်ကြသည်။ Firefox တွင် web feeds များကို "live bookmarks" အဖြစ် ပုံစံပြောင်း၏။ ထို့နောက် Bookmark folder တွင် recententries အဖြစ် ရှိနေသည်။ အော်ပရာတွင် traditional feed reader ပါဝင်ပြီး feed များကို သိမ်းဆည်းခြင်း၊ ပြသခြင်းများကို လုပ်ဆောင်သည်။ In Opera, a more traditional feed reader is included which stores and displays the contents of the feed.

ဘရောက်ဆာအများစုတွင် အခြားသော အင်္ဂါရပ်များဖြင့် အသုံးပြုသူများသည် plug-ins များကို ဒေါင်းလုတ်ပြုလုပ်ကာ အသုံးပြုနိုင်ကြသည်။

အသွင်အပြင်

ဝဘ်ဘရောက်ဆာ 
အချို့အိမ်သုံးဖျော်ဖြေရေးပစ္စည်းများသည် LG Smart TV ကဲ့သို့ ဝဘ်ဘရောက်ဆာများ ပါဝင်လာကြသည်။ ဘရောက်ဆာကို LG's "Magic Motion" remote နှင့် on-screen keyboard များ အသုံးပြုကာ ထိန်းချုပ်သည်။

အဓိကအသုံးပြုကြသည့် ဝဘ်ဘရောက်ဆာများ၏ အသွင်အပြင်တွင် အောက်ပါအရာများသည် အများအားဖြင့် ပါဝင်လေ့ ရှိသည်။

  • Back နှင့် forward ခလုတ်များ ပါဝင်ကြသည်။ အရင်ကြည့်ပြီးသားအရာကို ကြည့်ရန်နှင့် ရှေ့ဆက်ကြည့်မည့်အရာများကို ကြည့်ရန် သုံးသည်။
  • refresh သို့မဟုတ် reload ခလုတ် ပါဝင်သည်။ လက်ရှိကြည့်နေသည့်ရင်းမြစ်ကို ပြန်လည်ရယူရန် သုံးသည်။
  • stop ခလုတ် - ရင်းမြစ်ရယူနေမှုကို ပယ်ဖျက်ရန် သုံးသည်။ stop ခလုတ်ကို reload ခလုတ်နှင့် တွဲထားသည်။
  • home ခလုတ် - အသုံးပြုသူ၏ မူလစာမျက်နှာသို့ ကြည့်ရှုရန် သုံးသည်။
  • address bar - Uniform Resource Identifier (URI) များ ထည့်သွင်းရန် ဖြစ်သည်။
  • search bar - ရှာဖွေရေးအင်ဂျင်တွင် အချက်အလက်များ ရိုက်ထည့်ကာ ရှာဖွေခြင်းအတွက် သုံးသည်။ search bar နှင့် address bar ကို တွဲထားကြသည်။
  • status bar ရင်းမြစ်များ ရယူသည့်အလုပ်၏ ဖြစ်စဉ်များကို ပြသရန် ဖြစ်သည်။ ဝလ်စာမျက်နှာကို ချုံ့/ချဲ့လုပ်သည့်အခါနှင့် လင့်များအပေါ် cursor ရောက်ရှိသည့်အခါများတွင် URI ကို ပြသပေးသည်။
  • viewport - ဘရောက်ဆာဝင်းဒိုးနှင့်အတူ ဝဘ်စာမျက်နှာ၏ မြင်နိုင်သည့် ဧရိယာ ဖြစ်သည်။
  • ဝဘ်စာမျက်နှာ၏ HTML ရင်းမြစ်များကို ပြသနိုင်သည့်စွမ်းရည်။

အဓိကအသုံးပြုသည့် ဘရောက်ဆာများသည် ဝဘ်စာမျက်နှာအတွင်းရှိအရာများကို ရှာဖွေနိုင်သည့် လုပ်ဆောင်ချက်များ ပိုင်ဆိုင်သည်။

ကိုယ်ရေးကိုယ်တာနှင့် လုံခြုံမှု

ဘရောက်ဆာအများစုသည် HTTP လုံခြုံရေးအတွက် ထောက်ပံ့ထား၏။ ကိုယ်ရေးကိုယ်တာအချက်အလက်များဖြစ်သည့် web cache, download history, formand search history, cookies, and browsing history တို့ကို လျင်မြန်လွယ်ကူစွာ ဖျက်ပစ်နိုင်သည်။

စံနှုန်းများ ထောက်ပံ့မှု

အစောပိုင်းကလ ဘရောက်ဆာတို့သည် ရိုးရှင်းသည့် HTML ဗားရှင်းကိုသာ အထောက်အပံ့ပေး၏။ နောက်ပိုင်း ဖွံ့ဖြိုးတိုးတက်လာသည့်အခါ ဝဘ်ဘရောက်ဆာများသည် HTML စံနှုန်းနှင့် မကိုက်ညီသည့်ဘက်သို့ ဖြစ်လာခဲ့သည်။ ခေတ်သစ်ဘရောက်ဆာတို့သည် standards-based and de facto HTML and XHTML စသည်တို့ကို ထောက်ပံ့နိုင်၏။

တိုးချဲ့နိုင်စွမ်း

ဘရောက်ဆာ၏ လုပ်ဆောင်နိုင်စွမ်းကို တိုးချဲ့ခြင်းကို browser extension ဟု ခေါ်၏။ ကွန်ပျူတာပရိုဂရမ်တစ်ခု ဖြစ်၏။ browser extensions ကို ထုတ်လုပ်ရန် အဓိကအသုံးပြုသည့် ဘရောက်ဆာအားလုံးတိုင်း ထောက်ပံ့ပေးထားကြသည်။

ပါဝင်သည့်အရာများ

ဝဘ်ဘရောက်ဆာများတွင် user interface, layout engine, rendering engine, JavaScript interpreter, UI backend, networking componentand data persistence component များ ပါဝင်၏။ ထိုပါဝင်သည့် အရာများဖြင့် ဘရောက်ဆာတစ်ခုသည် လုပ်ဆောင်ချက်များကို လုပ်ဆောင်သည်။ ထို့အပြင် လုပ်ဆောင်ချက်အားလုံးကိုလည်း အတူတကွ လုပ်ဆောင်ပေး၏။

ကိုးကား

Tags:

ဝဘ်ဘရောက်ဆာ သမိုင်းဝဘ်ဘရောက်ဆာ စီးပွားရေးဆိုင်ရာ ပုံစံများဝဘ်ဘရောက်ဆာ လုပ်ဆောင်ချက်များဝဘ်ဘရောက်ဆာ ဈေးကွက်ဝေစုဝဘ်ဘရောက်ဆာ အင်္ဂါရပ်များဝဘ်ဘရောက်ဆာ ပါဝင်သည့်အရာများဝဘ်ဘရောက်ဆာ ကိုးကားဝဘ်ဘရောက်ဆာWorld Wide Web

🔥 Trending searches on Wiki မြန်မာဘာသာ:

လက်ဖက်အာဇာနည်နေ့နတ်ပင့်ဂါထာဗောဇ္ဈင်္ဂသုတ်နန်းလုံးကြိုင်ဦးပိန်တံတားရွှေမော်ဓောဘုရား(ပဲခူး)တာချီလိတ်မြို့ကြွက်နို့ထွန်းမြတ်နိုင်လီယွန်နယ် မက်ဆီရာသီဥတုပြောင်းလဲမှုRဇာနည်ငွေ (သတ္တု)ပထမ ကမ္ဘာစစ်အောင်လမြင်းခြံမြို့တက္ကသိုလ်ဘုန်းနိုင်ဦးပုညလယ်တွင်းသား စောချစ်အမေရိကန်ပြည်ထောင်စုဂျန် အောပဋိစ္စသမုပ္ပါဒ်ဂြိုဟ်မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုဟိန္ဒူဘာသာအိမ်တရုတ်သမိုင်းမွန်ပြည်နယ်မလေးရှားနိုင်ငံကချင်လွတ်မြောက်ရေးတပ်မတော်သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး(မန္တလေး)မြန်မာဝီကီပီးဒီးယားဖိုးစိန်၊ ဦး (ဂရိတ်)တစ်ကိုယ်ရည်အာသာဖြေခြင်းယဉ်ကျေးမှုဟိမဝန္တာ တောင်တန်းဟင်္သာတထွန်းရင်ကိန်းဖြူးမြို့ထန်းလျက်ပိဋကတ် သုံးပုံစီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမြန်မာတိုင်းရင်းသားမျိုးနွယ်များဆောက်လုပ်ရေး ဝန်ကြီးဌာနတပ်မတော် စစ်ဘက်ဆိုင်ရာအကြီးအကဲများတပ်မတော်သခင်ကိုယ်တော်မှိုင်းမြန်မာနိုင်ငံ၏ အလံများ စာရင်းမြန်မာနိုင်ငံ၏ နိုင်ငံကူးလက်မှတ်လူသားတစ်ဦး၏လိင်တံအရွယ်အစားရာသီအလိုက်ပွင့်သောပန်းများမေတ္တေယျဘုရားအင်းတော်ကြီးကန်တောင်ငူခေတ် အုပ်ချုပ်သူများ စာရင်းညှင်းဗဟိုစာမျက်နှာဖွေးဖွေးဇနက္ကဇာတ်တော်မြန်မာနိုင်ငံ၏ လူဦးရေမြစေတီကျောက်စာတောင်ကိုရီးယားနိုင်ငံဘီယာအလီ၊ မိုဟာမက်ပြင်ဦးလွင်မြို့ခရစ်ယာန်ဘာသာကာကွယ်ရေးဝန်ကြီးဌာနကံဘာသာစကားမြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေများ🡆 More