လိင်ဆက်ဆံခြင်း

ဇီဝဗေဒ အမြင်အားဖြင့် လိင် ဆက်ဆံခြင်း သည် အဖို လိင် အင်္ဂါ သည် အမ လိင် အင်္ဂါ အတွင်းသို့ ရောက်သော အပြုအမူ ပင်ဖြစ်ပြီး စပ်ယှက်ခြင်း ဟုလည်း ခေါ်သည်။ ၎င်းနှစ်ခုသည် ဆန့်ကျင်ဖက် လိင် သို့မဟုတ် ပက်ကျိကဲ့သို့ ဖိုမဒွိ သတ္တဝါ တွင် လိင်တူလည်း ဖြစ်နိုင်သည်။

လိင်ဆက်ဆံခြင်း
Sexual intercourse in the missionary position depicted by Édouard-Henri Avril (1892)
လိင်ဆက်ဆံခြင်း
19th-century painting of a couple engaged in vaginal intercourse, by Achille Devéria
လိင်ဆက်ဆံခြင်း
19th-century erotic interpretation of Roman emperor Hadrian and Antinous engaged in anal intercourse, by Édouard-Henri Avril
လိင်ဆက်ဆံခြင်း
Édouard-Henri Avril depiction of cunnilingus in the life of Sappho
လိင်ဆက်ဆံခြင်း
Édouard-Henri Avril အရုပ်ဖော်သော လူတို့ လှေကြီးထိုး ပုံစံ လိင်ဆက်ဆံပုံ

အစဉ်အလာ အားဖြင့် လိင်ဆက်ဆံခြင်းကို ယောက်ျား နှင့် မိန်းမ စပ်ယှက်ခြင်းဟု ထင်မိကြပြီး ယခုထိတိုင် ထိုအဓိပ္ပာယ် ဆောင်သေးသည်။ သို့သော် ၎င်းအဓိပ္ပာယ်မှာ မကြာသေးမီ နှစ်များမှ ကျယ်ပြန့်လာပြီး အနည်းဆုံး စပ်ယှက်ခြင်း သုံးမျိုး အထိ သက်ရောက်သည်။ ၎င်းစပ်ယှက်ခြင်း သုံးမျိုး မှာ ယောနိတွင်း စပ်ယှက်ခြင်း၊ ပါးစပ်ဖြင့် စပ်ယှက်ခြင်း နှင့် စအိုဖြင့် စပ်ယှက်ခြင်း ဟူ၍ ရှိသည်။

လူမှလွဲ၍ အခြား သတ္တဝါတို့၏ စပ်ယှက်ခြင်းမှာ အဓိကအားဖြင့် မျိုးပွားရန် အတွက်သာ ဖြစ်ပြီး မျိုးဥလာချိန်တွင်သာ ပြုလုပ်သည်။ သို့သော် လူဝံ၊ လင်းပိုင် နှင့် ချင်ပင်ဇီမျောက် တို့သည် မျိုးဥလာချိန် မဟုတ်ပဲ စပ်ယှက်တက်ပြီး တခါတရံ လိင်တူပါ ဆက်ဆံခြင်း ပြုသည်။ အထက်ဖော်ပြပါ အပြုအမူ တို့မှာ သာယာမှု ထက်ပိုလွန်သော ရည်ရွယ်ချက်ရှိပြီး လူမှုရေး ခိုင်မာရန် ဖြစ်သည်။

လိင်ဆက်ဆံခြင်း

လိင်ဆက်ဆံခြင်း 
ဟင်္သာ နှစ်ကောင် မိတ်လိုက်ပုံ

ရေထဲတွင် နေသော သတ္တဝါ တို့သည် ပြင်ပ သန္ဓေအောင်ခြင်း နည်းကို သုံးပြီး Late Ordovician ခေတ်ရောက်သော အခါမှ သတ္တဝါ တို့ တိုးတက်လာပြီး ဂမိတ်များကို အရည်တွင်း ကြီးထွားစေရန် ကိုယ်တွင်း သန္ဓေအောင်ခြင်း ကို သုံးလာသည်။ ကြောရိုးရှိ သတ္တဝါ အများသည် ရင်ခေါင်းပေါက်မှ cloacal မျိုးစပ်ခြင်း၊ နို့တိုက် သတ္တဝါများသည် ယောနိ မျိုးစပ်ခြင်း ဖြင့် ကိုယ်တွင်း သန္ဓေအောင်ခြင်းဖြစ် ကာ မြေလျှောက် ကျောရိုးရှိ သတ္တဝါများသည် ပြင်ပ သန္ဓေအောင်ခြင်း ကိုသာသုံးသည်။

လိင်ဆက်ဆံခြင်း

လိင်ဆက်ဆံခြင်း 
အိန္ဒိယစုံတွဲတစ်တွဲမင်းသားနှင့်အမျိုးသမီးကလိင်ဆက်ဆံခြင်းကိုကြာရှည်စေခြင်း

လူတို့သည် ယောနိ မျိုးစပ်ခြင်း ကိုသုံးသည်။ လိင်ဆက်ဆံခြင်းသည် မျိုးဆက်ပြန့်ပွားရေး အတွက်သာ ဖြစ်သော်လည်း တစ်ခါတစ်ရံ အပြောသက်သက်မဟုတ်ကြောင်း အချစ် ကိုပြသရန် နှင့် စိတ်ချင်း နီးစပ်မှုရစေရန် သုံးသည်။ လိင်ဆက်ဆံခြင်းသည် ထုံးစံအားဖြင့် ပြင်းထန်သော နှောင်ကြိုး ကိုရစေပြီး လူ့ အသိုင်းအဝိုင်း တို့တွင် သာမန် အတွဲ တို့မှာ သာယာမှုကို မျှဝေရန်နှင့် စိတ်လုံခြုံမှု ခိုင်မာစေရန် သန္ဓေတားဆေးကို တမင်သုံး၍ မကြာခဏ လိင်ဆက်ဆံလေ့ရှိသည်။

လိင်ဆက်ဆံခြင်းကို အခြား ထိုးသွင်းနည်း များဖြစ်သည့် စအို သို့မဟုတ် ပါးစပ် တို့ကိုလည်း ခေါ်နိုင်သည်။ လိင်ဆက်ဆံခြင်း ဆိုသည်မှာ ၎င်း အပြုအမူ အားလုံးပါပြီး မထိုးသွင်းသော လိင်ဆက်ဆံခြင်း နည်းများကို ဤတွင် မဖော်ပြပါ။

စပ်ယှက်ခြင်းကို အစဦးပိုင်းတွင် လိင်စိတ်ဆွခြင်းမှ လာပြီး လိင်စိတ် နိုးထသောအခါ ယောက်ျား လိင်အင်္ဂါ သည် လိင်တံတင်းမာခြင်း ဖြစ်ပြီး မိန်းမ မျိုးပွားအင်္ဂါသည် သဘာဝ ဆီလိမ်းခြင်း ဖြစ်လာသည်။

စပ်ယှက်ခြင်း ပြုရန်မှာ ယောက်ျား လိင်တံကို မိန်းမ ယောနိ အတွင်းသို့ ထိုးသွင်းရပြီး တစ်ယောက် သို့မဟုတ် နှစ်ယောက်လုံး သူတို့၏ တင်ပါးများကို လှုပ်ရှားကြပြီး လိင်တံသည် ယောနိတွင် ရှေ့နောက် လုံးဝ ထုတ်ခြင်း မပြုပဲ ရွေ့လျားကာ ပွတ်တိုက်ခြင်း ဖြစ်စေသည်။ ဤနည်းဖြင့် ၎င်းတို့ဘာသာ သို့မဟုတ် အပြန်အလှန် ဆွပေးခြင်း ဖြစ်ကာ တစ်ယောက်သော သို့မဟုတ် နှစ်ယောက် စလုံး လိင်အထွဋ်အထိပ်သို့ ရောက်ခြင်းဖြင့် အဆုံးသတ်သည်။

စပ်ယှက်ခြင်း သည် လူတို့၏ အခြေခံ မျိုးပွားခြင်း ဖြစ်သည်။ များသောအားဖြင့် လိင်အထွဋ်အထိပ် သောအခါ သုတ်ပန်းခြင်း အဆင့်တွင် ကြွက်သားများ ဆက်တိုက် ကျုံ့ကြွခြင်းဖြင့် အဖို ဂမိတ် ပါသော သုတ်ရည်ကို လိင်ချောင်းမှ တစ်ဆင့် မိန်းမ အင်္ဂါ အထိ သယ်ဆောင်ပေးသည်။

နောက်ပိုင်းတွင် ၎င်းသုတ်ကောင်တို့သည် ယောနိအိုး မှ ဆီးခုံကို ဖြတ်ကာ သားအိမ်သို့ ရောက်ရှိပြီး သားဥပြွန် (fallopian tube) ထဲ့သို့ ကျသွားသည်။ သုတ်ပန်းစဉ်တွင် သန်းပေါင်းများစွာသော သုတ်ကောင်များ ပါရှိပြီး မျိုးအောင်ရန် ပိုမို လမ်းစ ရစေသည်။ အမျိုးသမီး လိင်အထွဋ်အထိပ် ရောက်ခြင်းသည် သန္ဓေတည်ရန် အတွက် မလိုသော်လည်း အကယ်၍ သုတ်ပန်းချိန်တွင် အမျိုးသမီး ကလည်း လိင်အထွဋ်အထိပ် ရောက်ခဲ့လျှင် ယောနိ ကျုံ့သွားခြင်းကြောင့် သုတ်ကောင် သားဥပြွန်ထဲ့သို့ ရောက်ရန် အခြေအနေပေးကာ ပိုမို မျိုးအောင်စေသည်။ [ကိုးကားချက်လိုသည်]အဖိုမျိုးဖြစ်သည့် သုတ်ကောင် နှင့် အမ မျိုးဥတို့ပေါင်းမိ၍ မျိုးအောင်ပြီးသော မျိုးဥ သည် endometrium ခေါ် သားအိမ်ရှိ နံရံတွင် ကပ်သွားပြီး သန္ဓေတည်ခြင်း ဖြစ်စေသည်။

အခြား သတ္တဝါများနှင့် ခြားနားသည်မှာ လူတို့ ၏ စပ်ယှက်ခြင်းသည် ဆိတ်ကွယ်ရာအရပ်တွင် ပြုကျင့်ကြခြင်းပင် ဖြစ်သည်။ ထို့အပြင် လူတို့၏ လိင်စိတ်သည် မျိုးဥကြွေချိန် နှင့် ဆက်စပ်မှု မရှိပဲ မည်သည့် အချိန်အခါမဆို ဖြစ်နိုင်သလို ကိုယ်ဝန်ဆောင်စဉ်တွင်လည်း ဖြစ်နိုင်သည်။

လိင်ဆက်ဆံခြင်း

Tags:

ဇီဝဗေဒပက်ကျိမိန်းမ မျိုးပွားအင်္ဂါလိင်လိင်တံ

🔥 Trending searches on Wiki မြန်မာဘာသာ:

မြင်းခွာပင်မြန်မာအက္ခရာမုံရွာမြို့နယ်မြန်မာနိုင်ငံရှိ ပွဲတော်များမင်းသုဝဏ်သမ္ဗုဒ္ဓေပြည့်တန်ဆာနှင်းဆီဗလာဒီမီယာ ပူတင်ဂျပန်သမိုင်းလင်ခန်းမယားခန်း ပြတ်စဲခြင်းဘုန်းကြီးကျောင်းမြန်မာနိုင်ငံ၏ သမ္မတများ စာရင်းရန်ကုန်တက္ကသိုလ်မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်သင်္ချာလိင်ကွန်မြူနစ်ဝါဒမင်္ဂလသုတ်မန်ချက်စတာ ယူနိုက်တက်သီလဂျိုဆွန်းအော်ကာစအိုဖြင့် လိင်ဆက်ဆံခြင်းသုက်ပန်းခြင်းနေအဖွဲ့အစည်းဒုတိယ ကမ္ဘာစစ်ကားကိုးပါးသီလဝိုင်ဝိုင်းပါတော်မူခြင်းအာဇာနည်နေ့ဗဒလင်းဂူဆေးခြောက်နတ်ပြည် ၆ ထပ်မျိုးကြီးမြန်မာနိုင်ငံ၏ လူဦးရေသိကြားမင်းဆေးပေါ့လိပ်ဗုဒ္ဓဘာသာဝင်တို့၏ အခါတော် နေ့ရက်ကြီးများပုညခင်စကားပုံပုစဉ်းရင်ကွဲရှစ်လေးလုံးအရေးအခင်းသင်္ကြန်ထမင်းဘန်ကောက်မြို့ထီးလိုမင်းလိုဘုရားလိင်စိတ်ဆွခြင်းစိတ်နန္ဒမာလာဘိဝံသမြောက်ဦးမြို့မန္တလေးမြို့တော်ဝန်မနုဿဗေဒမောင်ဝဏ္ဏ (ဒါရိုက်တာ)ကျောက်စိမ်းအနေကဇာတင်ခြင်းသူရဿတီအင်ဒိုနီးရှားနိုင်ငံသာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်အနော်ရထာသောတာပန်ခုနစ်နေ့ဘုရားရှိခိုးရက္ခိုင့်တပ်တော်မြဘာဂျာမှုတ်ခြင်းဆယ်ပါးသီလစစ်ဆောင်ပန္နားဗုဒ္ဓဝင်တိုင်တန်းနစ်သင်္ဘောနတ်သျှင်နောင်မဇ္ဈိမ သတင်းဌာနရန်ကုန်ခေတ်သစ် မီဒီယာသက္ကရာဇ်ဟစ်တလာရခိုင်ဘာသာစကား🡆 More