ရစ်ကြီးငှက်

(Helmeted guineafowl)

ရစ်ငှက်ကြီး

ရစ်ကြီးငှက်
Male at Serengeti National Park, Tanzania
ရစ်ကြီးငှက်
Female at Kruger N.P., South Africa
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Aves
မျိုးစဉ်: Galliformes
မျိုးရင်း: Numididae
မျိုးစု: Numida
Linnaeus, 1764
မျိုးစိတ်:
N. meleagris
ဒွိနာမ
Numida meleagris
ရစ်ကြီးငှက်
Natural range. Introduced to Western Cape, Madagascar and elsewhere.
Synonyms

Phasianus meleagris Linnaeus, 1758

ရစ်ကြီးတို့၏ မူလနေရပ်မှာ အာဖရိကတိုက်ဖြစ်၍ အနောက်ဘက် ဂီနီကမ်းခြေမှ တောင်ဘက်တစ်လျှောက်တွင် ဂွတ်ဟုတ်အငူအထိ ဤငှက်မျိုးကို အတွေ့ရများသည်။ ရှေးနှစ်ပေါင်း နှစ်ထောင် အထက်က ရောမလူမျိုးတို့သည် ရစ်ငှက်အယဉ်တို့ကို ဥရောပတိုက်သို့ ယူဆောင်ခဲ့ကြသည်။ သို့ရာတွင် ရောမခေတ် ပျက်သုဉ်းသွားပြီးနောက် ဥရောပတိုက်မှ ရစ်ငှက်များလည်း ပျောက်ကွယ်သွားလေသည်။ ၁၆ ရာစုနှစ်သို့ ရောက်သည့်အခါ ပေါ်တူဂီလူမျိုးက ရစ်ငှက်များကို ဥရောပတိုက်သို့ တစ်ဖန် ယူဆောင်ခဲ့ကြပြန်သည်ဟု ထင်မှတ်ရလေသည်။ ရစ်များသည် အစုအသင်းဖွဲ့ကာ နေတတ်ကြ၍ အနည်းငယ် လန့်ဖျပ်ရုံမျှနှင့် အဆက်မပြတ် တကြော်ကြော် အော်မြည်နေတတ်ကြသည်။ ထိုကြောင့် နေအိမ်၏ အနီးအနားတွင် ရစ်ငှက်များကို မွေးမြူထားလျှင် ထိုငှက်တို့၏ အော်သံကြောင့် နားငြီးအောင် ဆူညံနေတတ်သည်။ သို့သော် ကြက်ခြံ၊ ဘဲခြံစသည်တို့အတွက် ရစ်များသည် အလွန်စိတ်ချရသော အစောင့်အကြပ်များ ဖြစ်နိုင်ပေသည်။ လူတို့ မွေးမြူကြသော ကြက်ငှက်တို့တွင် ရစ်သည် အလှပဆုံးငှက်ဟု မဆိုစေနိုင်ကာမူ ညိုမွဲရောင်ရှိသော အမွှေးအတောင်များ၌ အဖြူစက်ကလေးများ ပြည့်နှက်လျက် ရှိနေသဖြင့် အမြင်ရ တင့်တယ်၏။

သာမန်ရစ်ကြီးများတွင် များသောအားဖြင့် အရိုးဆန်ဆန် အမောက်တစ်ခု ရှိသည်။ နီမြန်းသည့် အရေပြား၊ နီမြန်းသည့် လည်အောက် အသားတွဲတို့ကြောင့် ဦးခေါင်း၊ မျက်နှာနှင့်လည်ပင်းတစ်စိတ် တစ်ဒေသကို ထူးခြားစေသည်။ အမောက်ပါသော ရစ်ကြီးများ၏ အမွှေးရောင်မှာ အမည်းဖြစ်၍ အပြာပျော့ရောင် အစက်များရှိသည်။ ထိုရစ်ကြီးမျိုး၏လည်တိုင်မှာ ပြာ၍လည်ချောင်းမှာ နီသည်။

ရစ်ကြီးသည် မြေပေါ်တွင် ကျက်စား၍ သစ်ပင်ထက်၌ အိပ်တန်းတက်တတ်သော ငှက်ဖြစ်သည်။ ၁ဝ လုံးမှ အလုံး ၂ဝ ထိရှိသော ဥများကို မြေပြင်ပေါ်တွင် အုချတတ်သည်။ ဥများတွင် အစက်များ ပါရှိသည်။ ရစ်၏အသားမှာ အလွန်နူးညံ့၍ အရသာရှိသဖြင့် လူကြိုက်များသည်။ ရစ်ဥများမှာမူ သေးငယ်သဖြင့် အသုံးမဝင်လှချေ။ ထိုကြောင့် ရစ်ငှက်တို့ကို အသားအတွက် မွေးမြူထားကြသည်။

ရစ်ကြီးမျိုးစိတ်ပေါင်း ၂၃ မျိုး ရှိသည်။ ယင်းတို့သည် ဘေးအန္တရာယ်မှ လွတ်မြောက်စေရန် ကြိုးစားရာတွင် ပျံခြင်းထက် ပြေးခြင်းကို ပို၍ နှစ်သက်ကြသည်။

ကိုးကား

Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

စိတ်နေမြင့်သူမြန်မာနိုင်ငံ၏ နိုင်ငံရေးပင်းယ-စစ်ကိုင်းခေတ်ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနMinecraftဂဠုန်ဦးစောရှမ်းလူမျိုးဗမာ့ကာကွယ်ရေးတပ်မတော်မြန်မာနိုင်ငံအရိုးဆေးခြောက်ပင်ဂုဏ်ဆယ်ပါးပြည်သူ့ကာကွယ်ရေးတပ်မတော်မြန်မာနိုင်ငံရှိ သန်းခေါင်စာရင်းအတ္ထုပ္ပတ္တိရိုဟင်ဂျာမြန်မာနိုင်ငံ ရဲတပ်ဖွဲ့သီတင်းကျွတ်လအမေရိကန်ပြည်ထောင်စုမြန်မာအဘိဓာန်ဗိုလ်ချုပ်မှူးကြီးငပလီကမ်းခြေဆွစ်ဇာလန်နိုင်ငံဒေဝဒတ်သိဒ္ဓတ္ထမင်းသားမွန်ဂိုးလီးယားနိုင်ငံဓမ္မစကြာသုတ္တန်ဂြိုဟ်စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ဗီတိုကင်ဆာရောဂါပရိတ်ကြီး ၁၁ သုတ်တဏှာကြွက်နို့ရောဂါဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်အပင်ကြွက်နို့နေ့နံအင်္ဂုတ္တရနိကာယ်လိမ်လည်မှုရေးမြို့နယ်ဆင်ဖြူတော်ကိုရီးယားစစ်ပွဲမွန်လူမျိုးကျွန်းနက်ဗိဿနိုးမြို့ဟောင်းချက်ပြုတ်နည်းစနစ်များမြန်မာနိုင်ငံ၏ စီးပွားရေးပုပ္ပါးတောင်မဂ္ဂင် ၈ ပါးတင်မိုးမြန်မာ သက္ကရာဇ်လိင်စိတ်ဆွခြင်းအင်းဝမင်းဆက်လှိုင်မြို့နယ်ဧရာဝတီတံတား (ပခုက္ကူ)ကျောက်ကပ်သထုံမြို့ကော့သောင်းမြို့အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအာဋာနာဋိယသုတ်တစ်ကိုယ်ရည်အာသာဖြေခြင်းဒင်းပုန်းရွာ၊ ဆင်ပေါင်ဝဲမြို့နယ်ရန်ကုန်တိုင်းဒေသကြီးမြွေပွေးပင်းယခေတ်ရခိုင်ဘာသာစကားသုဝဏ္ဏသာမဇာတ်တော်အာရက္ခတပ်တော်အီမီ ဖူကာဒါကိုးပါးသီလပထဝီဝင်အမှတ်(၆၆)ခြေမြန်တပ်မဌာနချုပ်ဗမာပြည် ကွန်မြူနစ်ပါတီတောင်တွင်းကြီးမြို့လင်ခန်းမယားခန်း ပြတ်စဲခြင်း🡆 More