ယူးထရက်မြို့

ဥရောပတိုက်၌ ထင်ရှားသော စာချုပ်တစ်ရပ်ကို ၁၇၁၃ ခုနှစ်တွင် ထိုမြို့၌ ချုပ်ဆိုခဲ့သည်။ ထိုမြို့ရှိ တက္ကသိုလ် ကျောင်းသည် နယ်သာလန်နိုင်ငံတွင် ထင်ရှားသော တက္ကသိုလ်ကျောင်း ဖြစ်သည်။

ယူးထရက်မြို့
ယူးထရက်မြို့ မြင်ကွင်း

ဒပ်ချ်ရှေးဟောင်းမြို့


ယူးထရက်မြို့သည် နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့ အရှေ့တောင်ဘက် ၂၂ မိုင်ကွာ၌ တည်ရှိ၍ ဒပ်ချ် ရှေးဟောင်းမြို့ ဖြစ်သည်။ နယ်သာလန်နိုင်ငံသမိုင်းတွင် အရေးပါအရာရောက်သော မြို့လည်း ဖြစ်သည်။ ၁၅၇၉ ခုနှစ်တွင် စပိန် အစိုးရလက်အောက်ခံ နယ်သာလန်မြောက်ပိုင်းပြည်နယ် ခုနစ်နယ်တို့သည် ယူးထရက်ပြည်ထောင်စုဟူ၍ ပေါင်းစည်းပြီးလျှင် စပိန်အစိုးရကို တော်လှန်ခဲ့ကြသည်။ ယူးထရက်ပြည်ထောင်စုမှ နယ်သာလန်နိုင်ငံဟူ၍ ပေါ်ပေါက်လာသည်။ ဥရောပ သမိုင်း၌ ထင်ရှားသော ယူးထရက်စာချုပ်ကို ၁၇၁၃ ခုနှစ်တွင် ဤမြို့၌ ချုပ်ဆိုခဲ့ကြသည်။ ထိုစာချုပ်အရ စပိန်ထီးနန်း ဆက်ခံ ရေးစစ်ပွဲသည် ပြီးဆုံးခဲ့ရလေသည်။

ယူးထရက်မြို့တွင် လှပသောပန်းခြံများနှင့် ကျယ်ပြန့်သော လမ်းများ ရှိ၏။ ယူးထရက်မြို့ကို ဖြတ်၍ တူးမြောင်းနှစ်ခု ဖောက်လုပ်ထား၏။ ထိုတူးမြောင်းများကို ဖြတ်ကျော်ရန် တံတားပေါင်း ၉ဝ ကျော် ရှိသည်။ ထို့ကြောင့်လည်း ယူးထရက်မြို့ကို တံတားပေါသောမြို့ဟု ခေါ်စမှတ်ပြုကြ သည်။ ရေလမ်း၊ မီးရထားလမ်းအဆက်အသွယ်ကောင်းသဖြင့် ယူးထရက်မြို့သည် ကုန်သွယ်ရေးအချက်အချာမြို့ ဖြစ်သည်။ နယ်သာလန်နိုင်ငံ၏ မီးရထားလမ်းဆုံမြို့ကြီးလည်း ဖြစ်သည်။ ယူးထရက်မြို့ရှိ စက်မှုလုပ်ငန်းများမှာ သစ်စက်များ၊ စက်ကိရိယာအလုပ်ရုံများ၊ ဘီယာချက်စက်ရုံများနှင့် ကတ္တီပါ၊ ခြည်ထည်၊ ကော်ဇော၊ လင်နင်ပိတ်ချော၊ တူရိယာ စသည် ထုတ်လုပ်သည့် စက်ရုံများ ဖြစ်သည်။

မြို့လယ်တွင် ၁၅ ရာစုနှစ်၌ ဆောက်လုပ်ပြီးစီးသော ဂေါ့သပုံစံ ကသီဒရယ် ဘုရားရှိခိုးကျောင်း ရှိသည်။ ထိုဘုရား ကျောင်းသည် နယ်သာလန်နိုင်ငံတွင် ထင်ရှားသော တက္ကသိုလ် ကျောင်း ဖြစ်လေသည်။ ထိုတက္ကသိုလ်ကျောင်းကို ၁၆၃၆ ခုနှစ် တွင် စတင်တည်ထောင်ခဲ့သည်။

လူဦးရေးမှာ ၁၉၆၅ ခုနှစ်တွင် ၂၆၇ဝဝဝ ယောက်ခန့် ရှိလေသည်။

ကိုးကား

Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

ငါးမန်းလများ (အချိန်အတိုင်းအတာ)အားပစ္စဝေက္ခဏာဆင်ခြင်ခြင်းခင်သီရိသက်မွန်တောင်ကြီးမြို့စိန်မဟော်သဓာဇာတ်တော်ကောသလမင်း အိပ်မက် (၁၆)ချက်ဗုဒ္ဓဝင်သမ္မာကျမ်းစာအမှတ်(၁၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကားတင်မြန်မာအက္ခရာတောက်တဲ့အရှေ့တောင်အာရှလိင်စိတ်ဆွခြင်းအမှတ်(၁၂)ကာကွယ်ရေးပစ္စည်းစက်ရုံဗိုလ်တစ်ထောင်ဘုရားသိင်္ဃသူ့သမီးကျောက်စာအဖြူဆင်းခြင်းဆီးချိုရောဂါလက္ခဏာများမာရဝိဇယဗုဒ္ဓရုပ်ပွားတော်ခရူးဆိတ် စစ်ပွဲများမိတ္ထီလာမြို့နယ်မြေပုံစကားပုံကျောင်းဂေါတမမြတ်ဗုဒ္ဓ၏ဗုဒ္ဓဝင်သဗ္ဗမင်္ဂလာဂါထာတော်စကောကရင်ဘာသာစကားစစ်ဦးစီးတက္ကသိုလ်သမုဒ္ဒရာဘားအံမြို့ကြွက်တက်ခြင်းမြဝတီမြို့ဦးသန့်နပိုလီယန်တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်ဘောလုံးကစားခြင်းဝင်းဦးခွေးအဘုရားဂုဏ်တော်မန်ကျည်းကင်ပွန်းချဉ်ပင်သွေးအုပ်စုအင်းလေးကန်ကံ ကံ၏အကျိုးဇော်ဂျီ (စာရေးဆရာ)မိုးကုတ်မြို့လီယွန်နယ် မက်ဆီမင်းအောင်လှိုင်အနန္တော အနန္တ ငါးပါးဘုရား (ဗုဒ္ဓဘာသာ)မြန်မာနိုင်ငံရှိ ပွဲတော်များဝိသုဒ္ဓိငါးပါးသီလတစ်သောင်းကျပ်တန် ငွေစက္ကူကြာနီကန်ဆရာတော်ခင်ညွန့် (ဗိုလ်ချုပ်ကြီး)ဒုတိယ ကမ္ဘာစစ်မြန်မာနိုင်ငံ၏ နိုင်ငံကူးလက်မှတ်အဆိပ်ဘုန်းကြီးနှင့် ဘုန်းကြီးကျောင်းသစ္စာလေးပါးနှင်းဆီကမ္မဋ္ဌာန်းတရုတ်ပြည်သူ့သမ္မတနိုင်ငံကွန်မြူနစ်ဝါဒတာချီလိတ်မြို့ဘဝင်စိတ်ဗုဒ္ဓသင်္ဂါယနာ🡆 More