မြောက်အိုင်ယာလန်နိုင်ငံ

မြောက်အိုင်ယာလန် (အိုင်းရစ်: Tuaisceart Éireann တမ်းပလိတ်:IPA-ga; တမ်းပလိတ်:Lang-sco; အင်္ဂလိပ်: Northern Ireland) သည် ယူနိုက်တက်ကင်းဒမ်း၏ အစိတ်အပိုင်းတစ်ခုဖြစ်၍ နိုင်ငံ၊ နယ်မြေ၊ ပြည်နယ်၊ ဒေသအဖြစ် အမျိုးမျိုး ဖော်ပြကြသည်။ အိုင်ယာလန်ကျွန်း၏ အရှေ့မြောက်ဘက်တွင်တည်ရှိသော မြောက်အိုင်ယာလန်သည် တောင်ဘက်နှင့် အနောက်ဘက်တို့တွင် အိုင်ယာလန်သမ္မတနိုင်ငံနှင့် နယ်နိမိတ်ထိစပ်လျက်ရှိသည်။ ၂၀၁၁ ၌ လူဦးရေသည် ၁.၈ သန်းကျော်ရှိ၍ ထိုအရေအတွက်သည် အိုင်ယာလန်ကျွန်း၏ ၃၀% နှင့် ယူကေလူဦးရေ၏ ၃ % တို့ အသီးသီးဖြစ်ကြသည်။ မြောက်အိုင်ယာလန်၏ ဥပဒေပြုလွှတ်တော် ကို အရပ်စကားဖြင့် Stormont ဟုခေါ်ပြီး ၁၉၉၈ မြောက်အိုင်ယာလန်အက်ဥပဒေက အတည်ပြုပြဋ္ဌာန်း ဖွဲ့စည်းစေခဲ့ကာ ထိုလွှတ်တော်သည် နိုင်ငံရေးရာများကို ဗဟိုမှ ခွဲဝေထားသောအာဏာကို ကိုင်စွဲ၍ စီမံဆောင်ရွက်သည်။ အခြားနယ်ပယ်များကိုမူ ဗြိတိသျှအစိုးရအဖွဲ့က တာဝန်ယူဆောင်ရွက်သည်။ မြောက်အိုင်ယာလန်သည် အိုင်ယာလန်သမ္မတနိုင်ငံနှင့် အချို့သော နယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှုများရှိ၏ ။

မြောက်အိုင်ယာလန်နိုင်ငံ
နိုင်ငံတော် သီချင်း: များစွာ
လက်ရှိအခြေအနေယူနိုက်တက်ကင်းဒမ်းရှိ နိုင်ငံ
ပါဝင်ဖွဲ့စည်းသည့်နယ်မြေ(တစ်ခု)
မြို့တော်ဘဲလ်ဖာ့စ်
54°36′N 5°55′W / 54.600°N 5.917°W / 54.600; -5.917
အကြီးဆုံးမြို့ဘဲလ်ဖာ့စ်
ဘာသာစကားများ[b]အင်္ဂလိပ်
ဒေသဆိုင်ရာဘာသာစကားများ
  • အိုင်းရစ်
  • အာလ်စတာ-စကော့
လူမျိုးစု (၂၀၁၁)
  • လူဖြူ ၉၈.၂၁%
  • အာရှ ၁.၀၆%
  • လူမည်း ၀.၂၀%
  • အခြား ၀.၅၄%
အစိုးရတပေါင်းတစည်း စည်းမျဉ်းခံဘုရင်စနစ်အတွင်း ပေါင်းစည်းမျှတခြင်းဆိုင်ရာ အာဏာခွဲဝေစနစ်ဖြင့် ဥပဒေပြုခြင်း
ချားလ်စ် ဝေလမင်းသား
• ဝန်ကြီးချုပ်
Paul Givan
• ဒုတိယဝန်ကြီးချုပ်
Michelle O'Neill
ယူနိုက်တက်ကင်းဒမ်း ပါလီမန်
• အတွင်းဝန်Brandon Lewis
• ယူနိုက်တက်ကင်းဒမ်း အောက်လွှတ်တော်၁၈ MPs (of 650)
ဥပဒေပြုလွှတ်တော်မြောက်အိုင်ယာလန်လွှတ်တော်
ဗဟိုမှ အာဏာခွဲဝေခြင်း
၁၉၂၁ မေ ၃
၁၉၇၃ ဇူလိုင် ၁၈
၁၉၇၄ ဇူလိုင် ၁၇
၁၉၉၈ နိုဝင်ဘာ ၁၉
ဧရိယာ
• Total
၁၄,၁၃၀ km2 (၅,၄၆၀ sq mi)
လူဦးရေ
• 2019 ခန့်မှန်း
Increase 1,893,700
• 2011 သန်းခေါင်စာရင်း
1,810,863
• သိပ်သည်းမှု
၁၃၃/km2 (၃၄၄.၅/sq mi)
GVA2018 estimate
 • Total£49 billion[စာမျက်နှာ လိုအပ်]
 • Per capita£26,000
HDI (2019)0.899
အလွန်မြင့်
ငွေကြေးပေါင်စတာလင် (GBP; £)
အချိန်ဇုန်ဂရင်းနစ် စံတော်ချိန် (UTC )
• နွေရာသီ (DST)
ဗြိတိသျှ နွေရာသီစံတော်ချိန် (UTC+1)
ရက်စွဲပုံစံdd/mm/yyyy (အေဒီ)
ယာဉ်ကြောစနစ်left
တယ်လီဖုန်းကုဒ်+44[c]
  1. The official flag of Northern Ireland is the Union Jack de jure. The Ulster Banner was used by the Parliament of Northern Ireland from 1953 until the latter was abolished in 1973. The Ulster Banner is still used by some organisations and entities and has been adopted as an unofficial flag of the region by unionists but its use is controversial. See Northern Ireland flags issue for more.
  2. ^ Northern Ireland has no official language. English serves as the de facto language of government and diplomacy and is the de jure language of legal proceedings. Irish and Ulster Scots are officially recognised by Her Majesty's Government as minority languages.
  3. ^ +44 is always followed by 28 when calling landlines. The code is 028 within the UK and 048 from the Republic of Ireland where it is treated as a domestic call.
Northern Ireland – Counties
မြောက်အိုင်ယာလန်၏ ရိုးရာစဉ်ဆက်ကောင်တီများ

၁၉၂၀ အိုင်ယာလန်အစိုးရ အက်ဥပဒေအရ အိုင်ယာလန်ကို ခွဲဝေပိုင်းခြားခြင်းဖြစ်စဉ်ပြီးနောက် ၁၉၂၁ တွင် မြောက်အိုင်ယာလန်နိုင်ငံကို တည်ထောင်ခဲ့ကာ မြောက်အိုင်ယာလန်နယ်မြေရှိ ကောင်တီခြောက်နယ်ကို တာဝန်ယူအုပ်ချုပ်ရန် လက်အောက်ခံအစိုးရကို ဖွဲ့စည်းခဲ့ကြလေသည်။ မြောက်အိုင်ယာလန်နယ်မြေရှိ အများစုသည် ၎င်းတို့နယ်မြေကို ယူကေအတွင်းဆက်လက်တည်ရှိစေလိုသူများဖြစ်ခဲ့ကြသည်။ ယေဘုယျအားဖြင့်ဆိုရသော် ၎င်းတို့သည် ဂရိတ်ဗြိတိန်မှ သွားရောက် အခြေချသူများ၊ ပရိုတက်စတင့်ဂိုဏ်းဝင်များဖြစ်ကြ၏ ။ ထိုစဉ်အတွင်း တောင်အိုင်ယာလန်ဖက်က လူအများစုနှင့် မြောက်အိုင်ယာလန်မှ လူအနည်းစုတို့သည် အိုင်းရစ်အမျိုးသားရေးဝါဒီများ၊ အိုင်းရစ် ကတ်သလစ်ဂိုဏ်းဝင်များ ဖြစ်ကြရာ စုစည်းလွတ်လပ်သော အိုင်ယာလန်နိုင်ငံကို အလိုရှိတောင့်တခဲ့ကြလေသည်။ ယနေ့ခေတ်တွင် ထိုသို့ဆက်လက်တည်ရှိနေလိုခဲ့သူများသည် မိမိကိုယ်ကို ဗြိတိသျှလူမျိုးဟု ယူဆကြ၍ ကျန်သူများသည် ၎င်းတို့ကိုယ်၎င်းတို့ အိုင်းရစ်လူမျိုးဟု မှတ်ယူကြသည်။ သို့သော် နောက်ခံအမျိုးမျိုးမှ လူနည်းစုဝင် အများစုက ၎င်းတို့သည် မြောက်အိုင်ယာလန်သား (သို့) အာလ်စတာသား (Ulster) အဖြစ် အခိုင်အမာဆိုကြလေသည်။

မြောက်အိုင်ယာလန်ဖွဲ့စည်းခြင်း/တည်ထောင်ခြင်းသည် ခွဲဝေပိုင်းခြားခြင်း ဥပဒေများကို ဆန့်ကျင်တော်လှန်၍ အကြမ်းဖက်မှုများလည်း ပေါ်ပေါက်ခဲ့ကြသည်။ ၁၉၂၀-၂၂ အတွင်း မြို့တော်ဘဲလ်ဖာ့စ်တွင် အုပ်စုလိုက် အကြမ်းဖက်မှုများ ပေါက်ပေါက်ခဲ့ကြကာ အထူးသဖြင့် ပရိုတက်စတင့်နှင့် ကတ်သလစ်ဂိုဏ်းဝင်များကြား ဖြစ်သည်။ လူပေါင်း ၅၀၀ ကျော် သေကြေပျက်စီးခဲ့ရကာ ၁၀,၀၀၀ ကျော်သည် ဒုက္ခသည်များဖြစ်လာခဲ့ကြ၍ အများစုသည် ကတ်သလစ်ဂိုဏ်းဝင်များပင်ဖြစ်သည်။ နောက်လာသည့် ဆယ်စုနှစ်များတွင် မြောက်အိုင်ယာလန်၌ ယူနီယံနစ်ပါတီအစိုးရများက စီမံဆောင်ရွက်ခဲ့ကြသည်။ နှစ်ဖက်အုပ်စုကြား အချင်းချင်း ခွဲခြားဆက်ဆံမှုများလည်း အရပ်သဘောအနေဖြင့်ရှိကြကာ ယူနီယံနစ်ပါတီအစိုးရများကို အိုင်းရစ်အမျိုးသားရေးဝါဒီများ၊ ကတ်သလစ်ဝင်လူနည်းစုများကို ခွဲခြားဆက်ဆံပါသည်ဟု စွပ်စွဲမှုများရှိခဲ့ကြလေရာ မြောက်အိုင်ယာလန်ဝန်ကြီးချုပ် (First Minister) ဒေးဗစ် ထရင်ဘဲလ်က (David Trimble) "ကတ်သလစ်ဂိုဏ်းဝင်များအတွက် အနွေးဓာတ်ကင်းမဲ့အိမ်" ဟုပင် ခေါ်ဝေါ်ခဲ့ဖူးသည်။ ၁၉၆၀ နှောင်းပိုင်းကာလများတွင် အမျိုးသားရေးဝါဒီများနှင့် ကတ်သလစ်ဘာသာဝင်များအပေါ် ခွဲခြားဆက်ဆံမှုအဆုံးသတ်ရေးလှုပ်ရှားမှုတစ်ခုအား အာလ်စတာဝါဒီများက သမ္မတနိုင်ငံ(အသစ်)၏ရှေ့ပြေးအဖြစ်ရှုမြင်ခဲ့ကြ၍ ဆန့်ကျင်ခဲ့ကြပြန်သည်။ ထိုသို့ သမ္မတစနစ်လိုလားသူများနှင့် ဆက်လက်တည်စေလိုသူများကြား ပဋိပက္ခသည် သုံးဆယ့်နှစ်နှစ်ကြာ စစ်မက်ဖြစ်ပွားခဲ့ပြီး လူပေါင်း ၃,၅၀၀ ကျော်သေဆုံးခဲ့ကာ ၅၀,၀၀၀ ကျော် ဒဏ်ရာအနာတရ ရရှိခဲ့ကြပေသည်။ ၁၉၉၈ တွင် သောကြာနေ့ကောင်းသဘောတူစာချုပ် (Good Friday Agreement) သည် ထိုဒေသ၏ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အဓိကခြေလှမ်းတစ်ခုဖြစ်လာခဲ့လေသည်။ သို့ရာ၌ ဂိုဏ်ကွဲမှု၊ ခွဲခြားဆက်ဆံမှု၊ လူမှုရေးပြဿနာများ၊ (ပြတ်တောင်းအနေထားဖြင့်) အကြမ်းဖက်မှုများသည် ဆက်လက်ရှိနေခဲ့ပေသည်။

မြောက်အိုင်ယာလန်၏ စီးပွားရေးအခြေအနေသည် အိုင်ယာလန်ကျွန်း ခွဲဝေပိုင်းခြားခြင်းကာလ၌ ကျွန်း၏ စက်မှုလုပ်ငန်း အများစုတည်ရှိခဲ့ရာ ဖြစ်သော်လည်း နိုင်ငံရေး၊ လူမှုရေးမတည်ငြိမ်မှုများကြောင့် စီးပွားရေးကျဆင်းခဲ့ရသည်။ ၁၉၉၀ နှောင်းပိုင်းနှစ်များ၌ စီးပွားရေး သိသိသာသာ ပြန်လည်ဦးမော့လာခဲ့သည်။ similar to the UK figure of 6.2%. မြောက်အိုင်ယာလန်၊ ကျန်အိုင်ယာလန်အပိုင်းများနှင့် ယူကေတို့ကြားရှိ ယဉ်ကျေးမှုဆက်ဆံချိတ်ဆက်မှုများတည်ရှိ၍ အားကစားနယ်ပယ်၌ အိုင်ယာလန်တစ်ကျွန်းလုံးသည် တစ်သင်းတည်းအဖြစ် ပါဝင်ကစားကြသည်။ ခြွင်းချက်အနေဖြင့် မြောက်အိုင်ယာလန် အမျိုးသား ဘောလုံးအသင်းသည် မြောက်အိုင်ယာလန်ကိုသာ ကိုယ်စားပြုသောအသင်းဖြစ်၏ ။ ဓနသဟာယအားကစားပွဲများ၌ မြောက်အိုင်ယာလန်သည် သီးသန့်ပါဝင်ကစား၍ အိုလံပစ်ပွဲများ၌မူ မြောက်အိုင်ယာလန်ရှိသူများသည် ဂရိတ်ဗြိတိန်ကိုယ်စားပြု ယှဉ်ပြိုင်နိုင်သကဲ့သို့ အိုင်ယာလန်(နိုင်ငံ)ကို ကိုယ်စားပြုပါဝင်ပေးနိုင်သည်လည်း ရှိကြသည်။

ကိုးကား

Tags:

ယူနိုက်တက်ကင်းဒမ်းအင်္ဂလိပ်ဘာသာစကားအိုင်ယာလန်သမ္မတနိုင်ငံအိုင်းရစ်ဘာသာစကား

🔥 Trending searches on Wiki မြန်မာဘာသာ:

မျိုးကြီးရခိုင်ပြည်နယ်မန္တလေးမြို့သိဒ္ဓတ္ထမင်းသားသီတဂူဆရာတော်မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလောကနီတိမေးခိုင်ရောဂါကာကွယ်ဆေးရွှေနှင့်ယိုးမှားပန်းစကားဓဇဂ္ဂသုတ်ဟံသာဝတီအမျိုးသမီးအောင်လရေငံပိုင် ဦးရှင်ကြီးအရှေ့မြောက်တိုင်းစစ်ဌာနချုပ်ခင်ညွန့် (ဗိုလ်ချုပ်ကြီး)မင်းတုန်းမင်းခုနစ်နေ့ဘုရားရှိခိုးအမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ်ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်ဝင်းတင်၊ ဦး (ဟံသာဝတီ)ဗီယက်နမ်စစ်ပွဲဂျော်ဒန်နိုင်ငံထုံးစကားကြီး ဆယ်မျိုးဖွေးဖွေးမြစ်ပန်းသနပ်ခါးမြင်းမိုရ်မွန်ပြည်နယ်ဆိုရိုးစကားယာဘအထူးဥပဒေများကချင်လူမျိုးကမ္ဘာမြေနေ့မဂ္ဂင် ၈ ပါးကာလသားရောဂါအနေကဇာတင်ခြင်းခွေးတောက်ပင်မောင်မောင်အေးထားနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမြန်မာနိုင်ငံရှိ မြို့များဆူးလေကုန်းရွာ၊ ကျောက်ဆည်မြို့နယ်ကရင် အမျိုးသား အစည်းအရုံးအောင်ဆန်းစုကြည်ကျောက်စိမ်းနေပြည်တော် ပြည်ထောင်စုနယ်မြေဂျာနယ်ကျော် မမလေးအမြောက်တပ်ဖွဲ့ ညွှန်ကြားရေးမှူးမဟာဘုတ်တပ်မတော် (လေ)ကြောင် (တိရစ္ဆာန်)တေဇ၊ ဦးဒွတ္တဘောင်မင်းကြီးမင်းရဲကျော်စွာအာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်သမ္ဗုဒ္ဓေတိရစ္ဆာန်သံလွင်မြစ်ကဗျာလင်္ကာမုံရွာမြို့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးအင်ကြင်းပင်ကော့သောင်းမြို့ကယားလူမျိုးဝတ်မှုန်ရွှေရည်ဗုဒ္ဓဂါယာကျားဒိုးလုံးဦးပိန်တံတား🡆 More