မြည်း: စပ

ခရစ်တော် မပေါ်မီ နှစ်ပေါင်းများစွာ အထက်က အီဂျစ်လူမျိုးတို့သည် မြည်းကို ယဉ်ပါးအောင်ပြုလုပ်ခိုင်းစေခဲ့ ကြောင်းကို ထိုတိုင်းပြည်ရှိ အလွန်ရှေးကျသော သင်္ချိုင်းဂူများ အတွင်း၌ ကျောက်နံရံတို့တွင် မြည်းပုံများ ထွင်းထုထားခဲ့ ကြသည်ကို တွေ့မြင်ရခြင်းဖြင့် သိရှိရလေသည်။ ထိုကြောင့် မြည်းသည် မြင်းထက် အလျင် လူတို့၏ မိတ်ဆွေဖြစ်ခဲ့ ကြောင်း ထင်ရှား၏။ အီဂျစ်နိုင်ငံတွင် နိုင်းမြစ်ကမ်းအရှေ့ဘက်ရှိ နူဗီယန်သဲကန္တရများနှင့် အာရှတိုက်အလယ်ပိုင်း ပူပြင်းခြောက်သွေ့သော အရပ်များသည် ယနေ့ထက်တိုင် မြည်းရိုင်းများ ကျက်စားရာ အရပ်ဒေသများဖြစ်ကြသည်။

မြည်း
မြည်း: စပ
ယဉ်ပါးအောင် မွေးမြူထား
မျိုးရိုးခွဲခြားခြင်း e
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Mammalia
မျိုးစဉ်: Perissodactyla
မျိုးရင်း: Equidae
မျိုးစု: Equus
မျိုးစိတ်:
E. africanus
မျိုးစိတ်သေး:
E. a. asinus
တြိနာမ
Equus africanus asinus

မြည်းကို အများက ထူသည် ထုံသည်ဟု စွပ်စွဲပြောဆိုလေ့ရှိ ကြသော်လည်း မြည်းရိုင်းများကို တွေ့မြင်ဘူးသူ ခရီးသည်များကမူ ထိုစွပ်စွဲချက်မှာ လုံးဝမမှန်ဟု ဆိုပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် မြည်းရိုင်း များသည် အလွန် လျင်မြန်ဖျတ်လတ်သော တိရစ္ဆာန်များဖြစ်၍ ရဲရဲရင့်ရင့် လည်းရှိကြသည်ကို တွေ့မြင်ရခြင်းကြောင့်ဖြစ်သည်။ အစာကျွေးရာတွင်လည်း မြင်းကဲ့သို့ ဂရုစိုက်ကျွေးရန် မလိုချေ။ လူတို့ယဉ်ပါးအောင် ပြုလုပ်၍ ခိုင်းစေလျက်ရှိသော မြည်းများမှာ အာဖရိကတိုက် အီသီယိုးပီးယားနိုင်ငံရှိ မြည်းမျိုးမှဆင်းသက်လာသော အမျိုးဖြစ်လေသည်။

မြည်းသည် ပုံသဏ္ဌာန်အားဖြင့် မြင်းကျားနှင့်တူ၏။ သို့သော် ကိုယ်ပေါ်၌ အစင်းကျားများ မပါရှိချေ။ မြင်းထက် ကိုယ်ထည်သေးငယ်၍၊ အများအားဖြင့် ညိုမွဲမွဲအသွေးရှိသည်။ မြည်းများတွင် ရှည်၍ ထောင်နေသော နားရွက်များရှိ၍ မြင်းထက် လည်ဆံ တိုသည်။ အင်္ဂလန်ပြည်သို့ ၁၆ ရာစု နှစ်များအတွင်း၌ မြည်းများ စတင်၍ ရောက်ရှိသွားရာ ယနေ့တိုင်အောင် ဝန်ဆွဲရန်အတွက် မြည်းကို အသုံးချလျက်ရှိကြသည်။

ရှေးအခါမှ စ၍ မြည်းကို ထူထိုင်းသော တိရစ္ဆာန်ဟု သမုတ်ခဲ့ကြသည်။ အီဂျစ်လူမျိုးတို့သည် အသိဉာဏ် ကင်းမဲ့သော သူတစ်ယောက်၏ ပုံကို ရေးဆွဲသည့်အခါ၌ ထိုသူ၏ ကိုယ်တွင် မြည်းဦးခေါင်းနှင့် မြည်းနားရွက်များကို တပ်ဆင်ထားလေ့ရှိကြ၏။ ဥရောပတိုက် တောင်ပိုင်းတွင် မြည်းများကို ဂရုစိုက်မွေးမြူထားကြသဖြင့် မြည်းမျိုးကောင်းများကို ထိုအရပ်များ၌ တွေ့ရှိရသည်။ သို့ရာတွင် ဆီးရီးယား ပြည်နှင့် အီဂျစ်ပြည်များ၌သာလျှင် မျိုးအကောင်းဆုံး မြည်းများကို တွေ့မြင်နိုင်လေသည်။ မြည်းနို့ရည်ကိုလည်း လူတို့ သောက်သုံးကြသည်။ အထူးသဖြင့် မသန်စွမ်း သူများအတွက် သင့်လျော်သည်။ မြည်းထီးနှင့် မြင်းမတို့ မျိုးစပ်၍ ပေါက်ဖွားလာသော သားသမီးများကို လားဟုခေါ်သည်။

သိပ္ပံ အလိုအားဖြင့် မြည်းသည် အီကီံဒီးမျိုးရင်းတွင် ပါဝင်၍ လူတို့မွေးမြူခိုင်းစေလျက်ရှိသော မြည်းနှင့် အာဖရိကတိုက်ရှိ မြည်းရိုင်းနှစ်မျိုးလုံးကို အီကွပ် အက်ဆိနပ်ဟု ခေါ်သည်။


ကိုးကား


Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

ဗမာ့ကာကွယ်ရေးတပ်မတော်ဆီးချိုရောဂါ ဝေဒနာရှင်များအတွက် အစားအစာကမ္ဘာ့အလုပ်သမားနေ့စစ်တွေမြို့ရာပြည့်အော်ကာမောရသုတ်ကုန်းဘောင်ခေတ်သီရိလင်္ကာနိုင်ငံရန်ကုန်တိုင်းစစ်ဌာနချုပ်ဇီဝဗေဒအနေကဇာတင်ခြင်းဘုရင့်နောင်ဒီမိုကရေစီသထုံမြို့လွတ်လပ်ရေးကြေညာစာတမ်းလက်ဖက်သုပ်မင်္ဂလာပါတာမွေမြို့နယ်အလင်္ကာကရင်လူမျိုးအဲလ်ဘတ် အိုင်းစတိုင်းမြန်မာသဒ္ဒါယူနိုက်တက်ကင်းဒမ်းနိုင်ငံအီပိုးမြို့ဒုတိယ ကမ္ဘာစစ်မယ်လိုဒီရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ဆီးချိုရောဂါသီပေါမင်းခန္ဓသုတ်မောင်အေး (ဒုတိယဗိုလ်ချုပ်မှူးကြီး)အငဲကက်သလစ် အသင်းတော်တိရစ္ဆာန်သင်္ကြန်ဖားကန့်မြို့မြန်မာ့ပြည်တွင်းပဋိပက္ခများမြင့်မြတ်ကွန်ဒုံးအမှတ်(၁၁)ခြေမြန်တပ်မဌာနချုပ်လောင်းကစားခြင်းမိုးကုတ်မြို့နယ်နပိုလီယန်အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အနိစ္စဗီယက်နမ်နိုင်ငံဇာတ်ကြီးဆယ်ဘွဲ့ပင်းယမြို့၁၀၂၇ စစ်ဆင်ရေးကြွက်တက်ခြင်းမြန်မာ သက္ကရာဇ်မြန်မာအက္ခရာအစာအိမ်ဂေါ်ရင်ဂျီကျွန်းရန်ကုန်မြို့ရှိ ခရိုင်နှင့် မြို့နယ်များစာရင်းရှင်သီဝလိဂါထာသမုဒ္ဒရာဗီတိုကာလသားရောဂါပတ္တမြားခြင်းလုံးဘိုးလှိုင်၊ ဦး(ယောမင်းကြီး)အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အားကစားအင်္ဂုတ္တရနိကာယ်ဓဇဂ္ဂသုတ်ခရမ်းပင်ဝါရမိတ္တုရက်ကြီးအောင်လအန်ဆန်းပညာရေးဝန်ကြီးဌာနလမ်းမတော်ဖိုးတုတ်ဖွေးဖွေးဦးပိန်တံတား🡆 More