မိန်းမ မျိုးပွားအင်္ဂါ

ယောနိ သည် ကြွက်သားမျှင် (Fibromuscular) တို့ဖြင့် ဖွဲစည်းထားပြီး အလုံးခေါင်းပုံရှိကာ ခန္ဓာကိုယ်တွင်းရှိ သားအိမ် တိုင်အောင်ရောက်သည်။ အင်းဆက် အမများနှင့် အချို့သော ကျောရိုးမဲ့ သတ္တဝါ တို့လည်း ယောနိ ရှိပြီး သားမွေးလမ်းကြောင်းလည်း ရှိသည်။

ယောနိ
အသေးစိတ်
Precursoren:urogenital sinus and en:paramesonephric ducts
သွေးလွှတ်ကြောen:Iliolumbar artery, en:vaginal artery, en:middle rectal artery
ပြန်ရည်ကြောupper part to en:internal iliac lymph nodes, lower part to en:superficial inguinal lymph nodes
Identifiers
လက်တင်"sheath" or "scabbard"
MeSHA05.360.319.779
Dorlands
/Elsevier
v_01/12842531
TAA09.1.04.001
FMA19949
Anatomical terminology

အရပ်ခေါ်တွင် ယောနိကို Vagina သို့မဟုတ် အပြင်ပန်း မအင်္ဂါဟုသာ ထင်သော်လည်း အတိအကျအားဖြင့် ယောနိမှာ အတွင်းပိုင်းနှင့် အပြင်ပိုင်း အားလုံးပါသည်။

လူမိန်းမ၏ ခန္ဓာဗေဒ

မိန်းမ မျိုးပွားအင်္ဂါ
ယောနိ အနီးကပ်ပုံ

လူ၏ ယောနိသည် အိပျော့သော အခေါင်း ဖြစ်ပြီး ဆီးခုံမှ သားအိမ် အထိရောက်သည်။ ကွဲပြားမှု များနိုင်သော်လည်း လူ့ယောနိမှာ လိင်စိတ်မဖြစ်ပေါ်သေးသည့် သာမန်အချိန်တွင် အကျယ် ၂.၃ မှ ၃ လက်မ အထိ ရှိပြီး အရှည်မှာ အတွင်းနံရံ အထိ ၃.၅ လက်မ ရှိသည်။ လိင်စိတ် နိုးထစဉ်တွင် ယောနိသည် ကျယ်၍ ရှည်လာသည်။ ၎င်း ကျုံ့နိုင်ကျယ်နိုင်မှုသည် လိင်ဆက်ဆံစဉ် နှင့် သားမွေးစဉ်တွင် အလိုက်သင့် ချဲ့ပေးသည်။ ယောနိ၏ အထက်ပိုင်းတွင် ဟန်ပြသာဖြစ်သော လိင်အင်္ဂါဇာတ်က ဆီးလမ်းကြောင်းနှင့်အတူ ကာထားသည်။

မိန်းမတစ်ယောက် မတ်တပ်ရပ်လျှင် မလိင်အင်္ဂါ အခေါင်းသည် လူ၏ နောက်ဖက် အထက်သို့ ၄၅ ဒီဂရီ ကျော်ကျော်လောက်ဖြင့် သားအိမ်အထိ တက်သွားသည်။ အခေါင်းပေါက်သည် ဆီးသွားရန် အပေါက်နောက်ရှိ vulva တွင် အဆုံးသတ်သည်။ လိင်အင်္ဂါဇတ်၏ အထက် လေးပုံတစ်ပုံကို စအို မှ Rectouterine အိပ် ဖြင့် ကာထားသည်။ လိင်အင်္ဂါ အခေါင်းအထက်တွင် ဆီးခုံမို့မို့ ရှိသည်။ မလိင်အင်္ဂါဇတ်သည် အခြား ကျန်းမာသော နို့တိုက် သတ္တဝါတို့၏နည်းတူ အနီရင့် ပန်းရောင်ရှိသည်။

ချောဆီ အရည်ကြည်ကို မလိင်အင်္ဂါ အခေါင်းပေါက်နှင့် ဆီးခုံ နားရှိ ဘာသိုလင် ဂလင်းများ (Bartholin's glands) က ထုတ်ပေးသည်။ မလိင်အင်္ဂါ အရွက်ချပ်သည် ဂလင်းများ မရှိသော်လည်း နံရံတလျှောက် အစိုဓာတ်ကို ပေးသည်။ မျိုးဥကြွေခြင်း (Ovulation) မဖြစ်မီနှင့် ကြွေဆဲတွင် ဆီးခုံ၏ ချွဲကျိ ဂလင်းများ (Mucus Glands) က အခြားချွဲကျိကျိ အရည်တစ်မျိုး ညှစ်ထုတ်ပေးသည်။ ၎င်း ချွဲကျိကျိအရည် အယ်လ်ကာလိုင်း အခြေကိုပေးပြီး သုတ်ကောင် ကြာရှည်စွာ ရှင်သန်ရေးအတွက် အထောက်အကူပြုသည်။

အပျိုမြှေးခေါ် မလိင်အင်္ဂါ အမြှေးပါးသည် ပါးလွှာသော တွယ်ဆက် တစ်ရှူး (connective tissue) ဖြစ်သော အမြှေး (membrane) ဖြစ်ပြီး မလိင်အင်္ဂါ အခေါင်းပေါက်အနီးတွင် ရှိသည်။ သတ္တဝါ အမတိုင်းကဲ့သို့ မလိင်အင်္ဂါ အမြှေးပါးသည် မထိုးဖောက်သည်အထိ မွေးကတည်းက အခေါင်းပေါက်ကို ကာကွယ်ထားသည်။ အမြှေးပါးသည် လိင်ဆက်ဆံခြင်း သို့မဟုတ် လိင်ဆက်ဆံခြင်း မဟုတ်ဘဲနှင့်လည်း ပေါက်ပြဲနိုင်သည်။ လိင်ဆက်ဆံခြင်းသည် အမြဲ အမြှေးပါးကို ပေါက်စေသည်တော့ မဟုတ်ချေ။ ထို့ကြောင့် အမြှေးပါး ရှိခြင်းသည် လိင်ဆက်ဆံခြင်း မပြုရသေးကြောင်း သက်သေမဟုတ်ချေ။

မလိင်အင်္ဂါ ၏ ဇီဝကမ္မဗေဒ

မလိင်အင်္ဂါ သည် များစွာသော ဇီဝကမ္မ အလုပ်များကို လုပ်ဆောင်သည်။

ယောနိ ထုတ်ခြင်း

မလိင်အင်္ဂါသည် ဓမ္မတာသွေး လာခြင်းနှင့် တစ်ရှူးများ ခန္ဓာကိုယ်မှ ထုတ်ခြင်း တို့ကိုပြုလုပ်ရန် လမ်းကြောင်းပေးသည်။ စက်မှု တိုးတက်သော လူအဖွဲအစည်းများတွင် ထိုသို့ ဓမ္မတာလာချိန်၌ ထိုအရည်များကို စုပ်ယူထားရန် အဆို့ (Tampon)၊ ဓမ္မတာခွက် (Menstrual Cup) နှင့် ကျန်းမာရေးပုဝါ (Sanitary Napkin) များကို အမျိုးသမီးသုံးအကာအကွယ် ပစ္စည်းအဖြစ် သုံးကြသည်။

လိင်ဆက်ဆံမှု ပြုခြင်း

မိန်းမတစ်ယောက်၏ အကြိုက်အတိုင်း နှိုးဆွ သောအခါ နဗ်ကြောများသည် မလိင်အင်္ဂါ အခေါင်း၏ အပေါက်ဝတွင် စုဆုံသောကြောင့် လိင်ဆက်ဆံခြင်းပြုသောအခါ အလွန်ပင် အရသာပေးသည်။ လိင်စိတ် နိုးထစဉ်တွင် အထူးသဖြင့် အစေ့ကို ဆွပေးလျှင် မလိင်အင်္ဂါ အခေါင်း၏နံရံမှ သူ့ကိုယ်သူ ဆီလိမ်း ပေးသည်။ ၎င်းသည် လိင်ဆက်ဆံခြင်းမှဖြစ်ပေါ်သော ပွန်းစားမှုကို လျော့ကျစေသည်။ သုသေသန တွေ့ရှိချက်များအရ လိင်ဆက်ဆံစဉ် အစေ့သည် မလိင်အင်္ဂါဇတ်မှ ယောနိအထိရောက်အောင် ဆန့်ထုတ်သည်ဟု ဆိုသည်။

လိင်စိတ် နိုးထစဉ်တွင် ယောနိမှာ အလျှင်အမြန် ပျမ်းမျှအားဖြင့် ၄ လက်မလောက် ရှည်ထွက်လာပြီး နောက်တွင် လိင်စိတ်အလိုက် ဆက်လက်၍ ရှည်ထွက်သည်။ မိန်းမတစ်ယောက် အစွမ်းကုန် နိုးထသောအခါ ဆီးခုံကကျုံ့ကာ ယောနိက နေရာယူသွားသည်။ ယောနိ၏ နံရံသည် ချွဲသော အမြှေးအရေပြားများကို ခေါက်၍ အိပျော့အောင် လုပ်ထားသောကြောင့် ယောက်ျား အင်္ဂါတံ အရွယ် အလိုက် ကျုံ့ ချဲ့ပေးသည်။ သင့်တင့်စွာ လိင်စိတ် နိုးထလျှင် ဖြစ်နိုင်သော မည်သည့် အင်္ဂါတံ အရွယ်မဆို ချိန်ကိုက်နိုင်သည်။

မိန်းမ မျိုးပွားအင်္ဂါ

လိင်စိတ်နိုးထရာနေရာ (Erogenous Zone) တစ်ခုဖြစ်သော များသောအားဖြင့် ဂျီပြောက် (G-spot) သည် ယောနိ၏ နောက်ပိုင်း နံရံတွင်တည်ရှိပြီး အပေါက်ဝမှ ငါး စင်တီမီတာခန့် အကွာတွင် ရှိသည်။ လိင်ဆက်ဆံခြင်း ပြုစဉ် ဂျီပြောက်ကို မှန်ကန်စွာ နှိုးဆွပေးလျှင် အချို့သောမိန်းမတို့မှာ ပြင်းထန်သောအရသာကို ခံစားရသည်။ ဂျီပြောက်ဖြင့် လိင်အထွတ်ရောက်ခြင်း (Orgasm) သည် မိန်းမ အရည် ညှစ်ခြင်း (Female Ejaculation) ကို ဖြစ်ပေါ်စေနိုင်သောကြောင့် အချို့သော ဆရာဝန် နှင့် သုတေသီ တို့က ဂျီပြောက်၏ သာယာမှုသည် အမှန်တကယ်ရှိသော အရာထက် ယောက်ျားတို့၏ Prostate ကဲ့သို့ စကန်း ဂလင်း (Skene's Gland) မှ လာသည် ဟု ယုံကြည်ကြသည်။ အချို့သော သုတေသီများမှာ ဂျီပြောက် ရှိကြောင်း ငြင်းဆိုသည်။

မိန်းမ မျိုးပွားအင်္ဂါ

သားမွေးခြင်း ပြုစဉ်တွင် ယောနိသည် ကလေးကို သားအိမ်မှ မိခင် ပြင်ပ အထိရောက်ရန် သယ်ဆောင်ရန် လမ်းကြောင်းအဖြစ် ဆောင်ရွက်သည်။ သားမွေးစဉ် ယောနိ ကို မွေးလမ်းကြောင်း ဟုခေါ်သည်။ ယောနိသည် သားမွေးစဉ် အံ့ဩဖွယ် ကောင်းလောက်အောင်ပင် ပင်ကိုထက် အဆများစွာ ချဲ့နိုင်သည်။

မိန်းမ မျိုးပွားအင်္ဂါ

ယောနိသည် သူ့ဘာသာသူ သန့်ရှင်းသော အင်္ဂါအစိတ်အပိုင်း ဖြစ်သောကြောင့် အထူးစောင့်ရှောက်ရန် မလိုပေ။ ဆရာဝန်များသည် အများအားဖြင့် Douch ခေါ် ပိုက်သွင်း၍ ဆေးကြောခြင်းကို အားမပေးပေ။ ကျန်းမာသော ယောနိသည် ရောဂါ ဖြစ်စေတတ်သော ပိုးမွှား များကို ကာကွယ်သော အပြန်အလှန် အကျိုးပြု အဏုဇီဝ ပိုးမွှားများ ရှိနေသောကြောင့် ၎င်းအခြေကို ဖျက်ခြင်းသည် ဓမ္မတာ မမှန်ခြင်း စသည့် မလိုလားအပ်သော အကျိုးဆက်များ ဖြစ်ပေါ်နိုင်သည်။ ကျန်းမာသော ယောနိ၏ အချဉ်ဓာတ်မှာ အပြန်အလှန် အကျိုးပြု အဏုဇီဝ သတ္တဝါများက ထုတ်လွှတ်သော လက်တစ် အက်စ် ကြောင့် ဖြစ်ပြီး အန္တရာယ်ရှိ ပိုးမွှားများ ပေါက်ပွားခြင်းကို ဟန့်တားသည်။

မိန်းမ မျိုးပွားအင်္ဂါ

အမျိုးသမီး ရောဂါ လက္ခဏာများမှာ အဖုပေါ်ခြင်း၊ ဓမ္မတာ သွေးသွန်ခြင်းနှင့် နာကျင်ခြင်း တို့ဖြင့်သည်။

အဖု ပေါ်ခြင်း

ယောနိ၏ နံရံနှင့် အခြေတစ်ဝိုက်တွင် ရှိနေကျ မဟုတ်သော အဖုပေါ်လျှင် သာမန်မဟုတ်သည်မှာ သေချာပေါက် ဖြစ်သည်။ တွေ့နေကျမှာ ဘာသိုလင် အကြိတ် (Bartholin's cyst) ဖြစ်သည်။ ပဲစိကဲ့သို့ရှိ ၎င်းအကြိတ်သည် ယောနိအစပ်ရှိ ဂလင်းများ ပိတ်ခြင်းကြောင့် ဖြစ်သည်။ ၎င်းကို သင့်တော်သလို ခွဲစိတ်ကုသခြင်း သို့မဟုတ် Silver Nitrateဖြင့် အလွယ်တစ်ကူ ကုသနိုင်သည်။ အခြား တွေ့နေကျမဟုတ်သော အဖု ပေါ်ခြင်း အကြောင်းမှာ Herpes Simplex ကြောင့်ဖြစ်သည်။ ၎င်းဖြစ်ပေါ်ရခြင်းမှာ အကြောင်းပေါင်းစုံစု၍ ဖြစ်ပေါ်လာပြီး အရေပြားခွံမှ ထွက်သော အရေကြည်များဖြင့် အလွန် နာကျင်သည်။ ယောနိတွင် ဖြစ်သော ကင်ဆာ ဖြင့် ပတ်သက်သော အဖုမှာ ရှားပါးပြီး အသက် ရ၀ ကျော်မှသာ ဖြစ်လေ့ရှိသည်။ ၎င်းတို့အနက် အတွေ့ရဆုံးမှာ squamous cell carcinoma ဖြစ်ပြီးနောက် adenocarcinoma နှင့် အလွန်ရှားပါးစွာ melanoma လည်း ဖြစ်တတ်သည်။

ဓမ္မတာ သွေးသွန်ခြင်း

အများအားဖြင့် ဓမ္မတာ သွေးသွန်ခြင်းမှာ ပုံမှန် သို့မဟုတ် ဇီဝကမ္မကိစ္စ ဖြစ်ပြီး သွေး သို့ သားအိမ်မှ အကျိအချွဲ နှင့်အတူ လိင်စိတ် နိုးထသောအခါ ထွတ်သော အရည်ကြည် သို့မဟုတ် ဆီးခုံမှ ထုတ်သောအရည် တို့လည်း ရောပါသည်။ အခြား ကူးစက်ရောဂါ မဟုတ်သော ပြင်ပ အရာဝတ္တုတို့ကို ထုတ်ပယ်သော သဘာဝ ဖြစ်သည့် dermatitis လည်း ရှိပြီး မိန်းကလေးငယ်များ မိမိ ယောနိသို့ အရာဝတ္တု ထည့်သွင်းမိလျှင်လည်း ဖြစ်တတ်သည်။ နောက်အကြောင်း အရာများမှာ လိင်ကြောင့် ဖြစ်သော ကူးစက် ရောဂါ ဖြစ်ကြပြီး ဂနို (gonorrhoea)၊ chlamydia နှင့် trichomonas တို့ ဖြစ်ကြသည်။ ၎င်းတို့မှ ထုတ်သော အရာများမှာ ဖြူ၍ အနည်းငယ် နံပြီး trichomonas မှ ဖြစ်လျှင် စူးရှသော အနံ့ ရှိပြီး အစိမ်းရောင် ရှိကာ ဂနို မှ ထုတ်သော အရာများမှာ အညိုရောင် သို့ အဝါရောင် သန်းပြီး အနာပြည် များလည်း ပါနိုင်သည်။

နာကျင်ခြင်း

နာကျင်ခြင်း အကြောင်းအားလုံးတို့မှာ ယောနိ နံရံ ၏ နူညံ့သော အမြှေးများ ပျက်ဆီးရာ နှင့် ပတ်သက်သည်။ ဖြစ်နေကြမှာ ပွန်းစားခြင်း နှင့် အကြိတ်များကြောင့် ဖြစ်သော အနာငယ်များ ကြောင့်ဖြစ်သည်။ ၎င်းသည် လိင်ကျင့်လွန်ခြင်းကြောင့် ဖြစ်နိုင်သော်လည်း အမှန်တစ်ကယ်မှာ အဝတ်စ သို့မဟုတ် ကျန်းမာရေးပုဝါ များဖြင့် အလွင်အကျွံ တိုက်ခြင်းကြောင့် ဖြစ်သည်။ ဆစ်ဖလစ် ကြောင့်ဖြစ်သော အနာ မှာ ဖောင်းကြွတတ် သော်လည်း မနာပေ။ ၎င်းတို့မှာ ယောနိ အတွင်းပိုင်းတွင် ဖြစ်သောကြောင့် မသိရှိနိုင်ပဲရှိတတ်သည်။ ယောနိ နံရံ အခေါက်အခွက် ၌ အပူဖုများ ဖြစ်ပေါ်နိုင်ပြီး ၎င်းတို့သည် အလွန် နူညံ့ကာ ဖောင်းကြွပြီး ဆီးသွားရန် ခက်ခဲသည်။ ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် ယောနိ အနာ ဖြစ်သော Leishmaniasis ကဲ့သို့ ကပ်ပါး ရောဂါ (parasitic disease) ရှိပြီး အနောက်နိုင်ငံများ တွင် မတွေ့ရပေ။

ယောနိ တွင် လိင်ဆက်ဆံခြင်း ပြုစဉ် HIV/AIDS ရောဂါများ စွဲကပ်နိုင်ပြီး ၎င်းမှာ အခြားရောဂါ များနှင့် သီးသန့် ဖြစ်သည်။ အထက်ပါ ယောနိ ရောဂါများကို အလွယ်တစ်ကူပင် ကုသနိုင်သည်။ တစ်ခါတစ်ရံ အမွှေးရိတ်လိုက်လျှင်ပင် ကုသနည်း အဖြစ်သုံးသည်။

မိန်းမ မျိုးပွားအင်္ဂါ

မိန်းမ မျိုးပွားအင်္ဂါ

Tags:

မိန်းမ မျိုးပွားအင်္ဂါ လူမိန်းမ၏ ခန္ဓာဗေဒမိန်းမ မျိုးပွားအင်္ဂါ မလိင်အင်္ဂါ ၏ ဇီဝကမ္မဗေဒမိန်းမ မျိုးပွားအင်္ဂါ ယောနိ ထုတ်ခြင်းမိန်းမ မျိုးပွားအင်္ဂါ လိင်ဆက်ဆံမှု ပြုခြင်းမိန်းမ မျိုးပွားအင်္ဂါ ဂျီပြောက်မိန်းမ မျိုးပွားအင်္ဂါ သားမွေးခြင်းမိန်းမ မျိုးပွားအင်္ဂါ လိင် ကျန်းမာရေး နှင့် သန့်ရှင်းရေးမိန်းမ မျိုးပွားအင်္ဂါ အမျိုးသမီး ရောဂါ လက္ခဏာများမိန်းမ မျိုးပွားအင်္ဂါ ထပ်မံလေ့လာရန် ဓာတ်ပုံများမိန်းမ မျိုးပွားအင်္ဂါ ကိုးကားမိန်းမ မျိုးပွားအင်္ဂါကျောရိုးမဲ့ သတ္တဝါသားအိမ်အင်းဆက်

🔥 Trending searches on Wiki မြန်မာဘာသာ:

စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ရှမ်းဘာသာစကားကင်ဆာရောဂါနယူးဇီလန်နိုင်ငံအောင်ဆန်းစုကြည်ဟန်လင်းမြို့ဟောင်းစာရင်းကိုင်ပညာပအိုဝ်းလူမျိုးကိုကိုကျောက်ကပ်ရောင်ရောဂါမေတ္တသုတ်ကျောက်မဲမြို့ချက်ပြုတ်နည်းစနစ်များနီပေါနိုင်ငံအင်းဝမြို့စစ်ကိုင်းမင်းဆက်မြန်မာနိုင်ငံ၏ ရွာများကျောက်စိမ်းကားလိုး ကော်လိုဒီဖေ့စ်ဘွတ်ခ်မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး(မန္တလေး)မာလာရှမ်းကောဝဆီရာဝိတ ဆီဝါရီဦးသိန်းစိန် အစိုးရဝ လူမျိုးမြန်မာနိုင်ငံမှဒင်္ဂါးများသမိုင်းဖားကန့်မြို့မြန်မာ့ ပထမဆုံးများရတနသုတ်ဖားဝေသာလီမြို့ဖြူးမြို့နို့သမ္ဗုဒ္ဓေသွေးတိုးရောဂါရန်ကုန်ပညာရေးတက္ကသိုလ်ဗြိတိသျှအင်ပါယာအသည်းရောင် အသားဝါ ရောဂါ စီပိုးမော်လမြိုင်မြို့တွင်းနက်ကြာကန်တော့ပလ္လင်ဘုရားထားဝယ်မြို့တောင်ကိုရီးယားနိုင်ငံလှိုင်မြို့နယ်၁၀၂၇ စစ်ဆင်ရေးမြန်မာနိုင်ငံရှိတက္ကသိုလ်ကောလိပ်များတောင်တွင်းကြီးမြို့နယ်မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးနယ်မြေဒေသများမြန်မာ့သနပ်ခါးမအင်္ဂါ အစေ့ဗန်းစကားအမှတ်(၉၉)ခြေမြန်တပ်မဌာနချုပ်ဗိုလ်ချုပ်မှူးကြီး၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းစက္ကူပန်းနိုင်ငံတော် သံဃမဟာနာယကအဖွဲ့နက္ခတ် ၂၇ လုံးလာအိုနိုင်ငံဗလာဒီမီယာ ပူတင်ဝေါမြို့ဖော်ကာတရားအာဠာဝကဘီလူးမြန်မာနိုင်ငံရှိ မြို့နယ်များမန္တလေး နန်းတော်အောင်ခြင်း ၈ ပါးအသည်းရောင် အသားဝါ ရောဂါ အေပိုးမန္တလေးတိုင်းဒေသကြီးမွန်လူမျိုးကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဝိနည်းခွေးရူးပြန်ရောဂါကာကွယ်ဆေးမြန်မာနိုင်ငံ၏ နိုင်ငံရေး🡆 More