မာရီလင် မွန်ရိုး

မာရီလင် မွန်ရိုး (၁ ဇွန် ၁၉၂၆ - ၅ ဩဂုတ် ၁၉၆၂) သည် အမေရိကန်လူမျိုး သရုပ်ဆောင်၊ အဆိုတော် နှင့် ကိုယ်ဟန်ပြမယ် တစ်ဦး ဖြစ်သည်။ ၁၉၅၀ ပြည့်နှစ်များနှင့် ၁၉၆၀ အစောပိုင်းနှစ်များတွင် ဆွဲဆောင်မှုရှိသောစံပြုရုပ်သွင်အနေဖြင့် ကျော်ကြားလာကာ ငွေကြေးမြတ်စွန်းသည့် ရုပ်ရှင်ဇာတ်ကားအများစုတွင် သရုပ်ဆောင်ခွင့် ရခဲ့သည်။

မာရီလင် မွန်ရိုး
နိုင်ရာဂရာ ရုပ်ရှင် ဝတ်စုံစမ်းဓာတ်ပုံ အရိုက်ခံနေသော မွန်ရိုး

ငယ်ဘဝ

၁၉၂၆ ဇွန်လ ၁ ရက်တွင် နော်မာ ဂျီးန် မော်တင်ဆန် ဟူသော အမည်ဖြင့် မွေးဖွားခဲ့ပြီး နှစ်ခြင်းပြုသော အချိန်တွင် နော်မာ ဂျီးန် ဘိတ်ကာ ဟူသော အမည်ဖြင့် နှစ်ခြင်း ပြုခဲ့သည်။ မိခင်ဖြစ်သူမှာ စိတ်မတည်ငြိမ်သူဖြစ်သည့်အပြင် ကလေးငယ်အားလည်း စောင့်ရှောက်နိုင်စွမ်း မရှိသောကြောင့် ကာလီဖိုးနီးယားပြည်နယ်၊ ဟောသွန်းမြို့ရှိ အဲဘတ်နှင့် အိုင်ဒါ ဘိုလန်ဒါ တို့က ခုနှစ်နှစ်အရွယ်အထိ မွေးစားခဲ့သည်။

သရုပ်ဆောင် ဘဝ

မွေးစားမိဘများဖြင့် အချိန်ကုန်ခဲ့သော မွန်ရိုးသည် ကိုယ်ဟန်ပြမယ်အနေနှင့် ခရီးစခဲ့သော်လည်း ၁၉၄၆ ခုနှစ်တွင် နှစ်ဆယ့်တစ်ရာစုမြေခွေး ရုပ်ရှင်ထုတ်လုပ်ရေး၏ ဇာတ်ကားတစ်ခုတွင်ပါဝင်ရန် စာချုပ်ချုပ်ဆိုခွင့် ရခဲ့သည်။ အစောပိုင်းတွင် လူငယ်သရုပ်ဆောင် အနေဖြင့် စတင်ခဲ့သော်လည်း ၁၉၅၀ ခုနှစ်တွင် ထုတ်လုပ်သော ကတ္တရာတော (The Asphalt Jungle) နှင့် အလုံးစုံသော ဧဝအကြောင်း (All About Eve) ဇာတ်ကားတို့ဖြင့် ပရိသတ်လက်ခံမှုကို ကောင်းစွာ ရရှိခဲ့သည်။ ၁၉၅၂ သို့ရောက်သော် တံခါးခေါက်ဖို့ မပျင်းနဲ့ (Don't Bother to Knock) အမည်ရှိဇာတ်ကားတွင် ခေါင်းဆောင်မင်းသမီးအဖြစ် သရုပ်ဆောင်ခွင့် ရလာသည်။ ၁၉၅၃ ထွက် နိုင်ရဂါရာ (Niagara) အမည်ရှိ အကြမ်းပတမ်းဇာတ်ကားတွင်သရုပ်ဆောင်ခဲ့သည့် ဇာတ်ရုပ်မှာ လူကြိုက်များသည်။

မိသားစုဘဝ

အသက် ၁၆ နှစ်တွင် ဂျိန်း ဒေါ့ဂါတီနှင့် လက်ထပ်သည်။ ကိုယ်ဟန်ပြမယ် စလုပ်သော် ယောက္ခမဖြစ်သူက မကြည်ဖြူသဖြင့် စစ်ထွက်နေသော ဂျင်မီနှင့် အဝေးရောက်ကွာနည်းသုံးကာ လမ်းခွဲသည်။

ဒုတိယမြောက်ခင်ပွန်းမှာ နာမည်ကျော် ဘေ့ဘောသမား ဂျိုးဇက် ဒီမက်ဂီရို ဖြစ်သည်။ ကိုးလသာ ပေါင်းပြီး သဘောထား မတိုက်ဆိုင်သဖြင့် ကွာသည်။ ၁၉၆၂ အစောပိုင်းတွင် ဂျိုးနှင့် ပြန်လက်ထပ်မည်ဟူသောသတင်း ထွက်သည်။

တတိယမြောက်ခင်ပွန်းမှာ နာမည်ကျော် စာရေးဆရာ အာသာ မေလာ ဖြစ်သည်။ အာသာနှင့် သားသမီးရရန် အခွင့်အရေးများ ပေါ်သော်လည်း စိတ်ဖိစီးမှု၊ အရက်နှင့် ဆေးဝါးများ အလွန်အကျွံသုံးမှုကြောင့် နှစ်ယောက်မှာ အဖက်မတင်။ သားအိမ်အပြင်၌ သန္ဓေတည်သော ကလေးကိုလည်း ဖယ်လိုက်ရသည်။ ပြင်သစ်မင်းသားနှင့် ဇာတ်လမ်းပွားမိသော မွန်ရိုးကို မေလာလည်း လမ်းခွဲသွားသည်။

ဘဝနိဂုံး

မွန်ရိုး၏ ဘဝနောက်ဆုံးနှစ်များမှာ နာမကျန်းမှုများ၊ ပုဂ္ဂိုလ်ရေးပြဿနာများ၊ သတင်းဆိုးထွက်မှုများနှင့် ရှုပ်ထွေးနေသည်။ သေမှုသေခင်းအရ အိပ်ဆေးအသောက်လွန်သည်ကသာ လက်သည်အဖြစ် မှတ်တမ်းကျန်သော်လည်း ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သည်ဟုထင်မှတ်အောင် ဖန်တီးထားသည့် လုပ်ကြံမှုဟုလည်း လူပြောများသည်။

၁၉၆၂ ခုနှစ် ဩဂုတ်လ ၆ ရက်၊ အသက် ၃၆ နှစ်တွင် ကွယ်လွန်သည်။

ကိုးကား

Tags:

မာရီလင် မွန်ရိုး ငယ်ဘဝမာရီလင် မွန်ရိုး သရုပ်ဆောင် ဘဝမာရီလင် မွန်ရိုး မိသားစုဘဝမာရီလင် မွန်ရိုး ဘဝနိဂုံးမာရီလင် မွန်ရိုး ကိုးကားမာရီလင် မွန်ရိုး

🔥 Trending searches on Wiki မြန်မာဘာသာ:

မြန်မာ သက္ကရာဇ်ဖဿသမ္ဗုဒ္ဓေထိုင်းနိုင်ငံ၏ ပြည်နယ်များမင်္ဂလသုတ်သိဒ္ဓတ္ထမင်းသားဓဇဂ္ဂသုတ်ခရစ်ယာန်ဘာသာအမေနေ့တရားလိင်စိတ် နိုးထခြင်းကစစ်တွေမြို့ရွှေငါးရခိုင်ပြည်တပ်မတော်ထားဝယ်မြို့ကြောင် (တိရစ္ဆာန်)ကြွက်တက်ခြင်းမိုးကုတ်မြို့နယ်ဇီဝဇိုးငှက်မြန်မာမုန့်များရခိုင်ဘုရင်များ စာရင်းဩစတြေးလျနိုင်ငံဆလုံလူမျိုးဧရာဝတီမြစ်ခြေမြန်တပ်မဌာနချုပ်သီတင်းကျွတ်လပြည့်နေ့ဓမ္မရံကြီးဘုရားစနေဂြိုဟ်သားချော့တေးကိုလိုနီခေတ်ကက်သလစ် အသင်းတော်ဖေ့စ်ဘွတ်ခ်နတ်ပြည် ၆ ထပ်တားရော့ပညာမြင်းခြံမြို့သီလအမှတ်(၁၁)ခြေမြန်တပ်မဌာနချုပ်သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်နတ်ပင့်ဂါထာအိတ်ချ်အိုင်ဗွီ ရောဂါပိုးမျိုးကြီးမြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)သရဏဂုံချစ်ပို၊ မ၊ သူရဂျူးဘာသာလွှမ်းပိုင်မိုင်းခရပ်ဖ်ကမ္ဘာကြီး ပူနွေးလာမှုဂြိုဟ်ကွမ်ယင်မယ်တော်ချက်ပြုတ်နည်းစနစ်များရေသည်ပြဇာတ်ကိုယ်ဝန်ဖျက်ချခြင်း၃၁-ဘုံအင်းတော်ကြီးကန်ပုပ္ပါးတောင်ဗမာ့ကာကွယ်ရေးတပ်မတော်အငဲအောင်သူ (ဘောလုံးသမား)ကျောက်မီးသွေးနေပြည်တော်မြို့တောင်ငူခေတ်ကျိုက်ထီးရိုးဘုရားကန္တာရဆူးပင်မြန်မာစာပေဗေဒင်ကမ္ဘာဂြိုဟ်အိချောပိုတေလာ ဆွစ်ဖ်ဗုဒ္ဓနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌကျောက်ဖြူမြို့မြန်မာ့ အစားအစာ🡆 More