ပြင်းထန်အသက်ရှုလမ်းကြောင်းရောဂါ ကိုရိုနာဗိုင်းရပ်စ် ၂

ပြင်းထန် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါလက္ခဏာ ကိုဖြစ်စေသော ကိုရိုနာဗိုင်းရပ်စ် ၂ (SARS-CoV-2)(ယခင်အမည် 2019-nCoV)သည် positive-sense single-stranded RNA virus အမျိုးအစားဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ၂၀၁၉(COVID-19) ကို ဖြစ်စေသော ဗိုင်းရပ်စ်ပိုးတစ်မျိုးလည်းဖြစ်၏ ။ ၎င်းဗိုင်းရပ်စ်ပိုးသည် လူအချင်းချင်း ကူးစက်တတ်သည်။ ၎င်းသည် ၂၀၁၉-၂၀_ကိုရိုနာဗိုင်းရပ်စ်_ဖြစ်ပွားမှု၏ အကြောင်းတစ်ရပ်လည်းဖြစ်ပေသည်။

Severe acute respiratory syndrome coronavirus 2
Electron micrograph of SARS-CoV-2 virions with visible coronae
Colourised transmission electron micrograph of SARS-CoV-2 virions with visible coronae
Illustration of a SARS-CoV-2 virion
Atomic model of the external structure of the SARS-CoV-2 virion. Each "ball" is an atom.
Blue:envelope
Turquoise:  spike glycoprotein (S)
Red:envelope proteins (E)
Green:membrane proteins (M)
Orange:glycan
ဗိုင်းရပ်စ် ခွဲခြားခြင်း e
(unranked): ဗိုင်းရပ်စ်
Realm: Riboviria
မျိုးပေါင်းစု: incertae sedis
မျိုးစဉ်: Nidovirales
မျိုးရင်း: Coronaviridae
မျိုးစု: Betacoronavirus
Subgenus: Sarbecovirus
မျိုးစိတ်:
Severe acute respiratory syndrome–related coronavirus
Virus:
Severe acute respiratory syndrome coronavirus 2
Notable variants
  • Alpha (B.1.1.7)
  • Beta (B.1.351)
  • Gamma (P.1)
  • Delta (B.1.617.2)
  • Omicron (B.1.1.529)
  • Full list
Synonyms
  • 2019-nCoV

ယခုဗိုင်းရပ်စ်(SARS-CoV-2) သည် လင်းနို့ကိုရိုနာဗိုင်းရပ်စ်နှင့် မျိုးရိုးဗီဇ နီးကပ်စွာတူညီသဖြင့် လင်းနို့သယ်ဆောင်သော ဗိုင်းရပ်စ်မှ ပေါ်ထွက်လာခဲ့သည်ဟု ညွှန်းဆိုပြောကြားကြသည်။ သင်းခွေချပ်ကဲ့သို့သော ရောဂါသိုမှီးရာကြားတိရစ္ဆာန်က လူသို့စတင်ရောက်ရှိစေသော ပတ်သက်မှုရှိနိုင်သည်ဟုလည်း ထင်မြင်ကြသည်။ မျိုးရိုးဗီဇခွဲခြားခြင်းပညာရပ်(taxonomy) ရှုထောင့်မှ SARS-CoV-2 ကို ပြင်းထန် အသက်ရှူလမ်းကြောင်းရောဂါလက္ခဏာနှင့်ဆက်နွယ်သော ကိုရိုနာဗိုင်းရပ်စ်(SARSr-CoV) မျိုးစိတ်မှ တစ်မျိုးဟု ခွဲခြားဖော်ပြကြ၏ ။

လူ့ကိုယ်ခန္ဓာပြင်ပတွင် ဗိုင်းရပ်စ်၏ အလွတ်သဘောပုံစံ viron (free form of the virus) ကို ဆပ်ပြာက သေစေနိုင်သည်။

ဤဗိုင်းရပ်စ်ကို တရုတ်နိုင်ငံ ဟူပေ့ခရိုင် ဝူဟန်မြို့၌ ပထမဆုံးစတင်ခွဲခြားသတ်မှတ်နိုင်ခဲ့၍ "ဝူဟန် ဗိုင်းရပ်စ်" သို့ "ဝူဟန်ကိုရိုနာ ဗိုင်းရပ်စ်" ဟူ၍ ရံခါ၌ ရည်ညွှန်းခဲ့သည်များလည်းရှိသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က နေရာဒေသများအပေါ်အခြေခံသော အမည်များကို သုံးစွဲခြင်းကို တားဆီး၍ ဆားစ် (SARS) ရောဂါနှင့် လွဲမှားမှုမရှိစေရန် ယခုဗိုင်းရပ်စ်ကို "COVID-19" သို့ "the COVID-19 virus" ဟု ပြည်သူ့ကျန်းမာရေးရာ ချိတ်ဆက်ဆက်သွယ်မှုများတွင် ရည်ညွှန်းသုံးစွဲကြသည်။ သမားရိုးကျပြည်သူလူထုက ဤ ဗိုင်းရပ်စ် နှင့် ရောဂါ ကို ကိုရိုနာဗိုင်းရပ်စ် (coronavirus) ဟူ၍ ခေါ်ဝေါ်သုံးစွဲကြ၏ ။ သိပ္ပံပညာရှင်များ နှင့် သတင်းသမားများက ပို၍တိကျသော ဝေါဟာရများဖြင့် သုံးစွဲကြသည်။

ကူးစက်ရောဂါပြန့်ပွားခြင်းနှင့် ကုသခြင်း

၂၀၁၉ ဒီဇင်ဘာလအစောပိုင်းတွင် ပထမဆုံးလူ၌ကူးစက်ပြန့်ပွားခဲ့သည်။ မျိုးရိုးဗီဇပြုပြင်ပြောင်းလဲတိုးတက်မှုပုံစံ(Molecular clock)နည်းစနစ်ဖြင့်လေ့လာချဉ်းကပ်မှုများက အဆိုပါစတင်ဖြစ်ပွားသည့်အချိန်ကာလ(date of origin)ထက် အနည်းငယ်စောနိုင် (သို့) ထိုအချိန်ဝန်းကျင်လည်းဖြစ်နိုင်ဟု ညွှန်းဆိုသည်။

၂၀၁၉ ကိုရိုနာဗိုင်းရပ်စ်(2019-nCoV )စတင်ဖြစ်ပွားမှုကို ၂၀၁၉ ဒီဇင်ဘာလလယ်ပိုင်း၌ တရုတ်နိုင်ငံ ဝူဟန်မြို့တွင် စတင်ထောက်လှမ်းသိရှိနိုင်ခဲ့သည်။ အမေရိကန်ပြည်ထောင်စုပြင်သစ်ဩစတေးလျတောင်ကိုရီးယားထိုင်ဝမ်ဂျပန်ထိုင်းအပါအဝင် တစ်ခြားသောနိုင်ငံများနှင့် တရုတ်ပြည်မကြီး၏ အခြားခရိုင်များသို့လည်း နောက်ပိုင်း၌ ယင်းဗိုင်းရပ်စ်ကူးစက်ပြန့်နှံ့ခဲ့သည်။

၂၀၂၀ ဖေဖော်ဝါရီ ၇ ရက် (04:15 UTC) မှစ၍ အတည်ပြုထားသော ရောဂါဖြစ်ပွားမှု (၃၁,၅၀၇)ခုရှိပြီး (၃၁,၁၆၂)မှာ တရုတ်ပြည်မကြီးတွင်ဖြစ်ပေသည်။ ယနေ့ထိ အနီးစပ်ဆုံးအားဖြင့် ရောဂါစစ်တမ်းထုတ်ထားသော ဖြစ်ပွားမှု ငါးပုံတစ်ပုံသည် အလွန်ဆိုးရွားသောအခြေအနေ၌ ရှိကြသည်။ ယနေ့ထိ တရုတ်ပြည်ပြင်ပတွင်ဖြစ်ပွားမှုများမှာ ဝူဟန်မြို့မှ ခရီးသွားခဲ့သူများ (သို့) ထိုဒေသမှ ခရီးသွားသူတစ်ဦးဦးနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံသောသူများပင်ဖြစ်ကြသည်။ သေဆုံးသောအရေအတွက်မှာ ယခုထိ (၁၀၇၁၃၉၉)ဦးရှိသည်။ အရေအတွက်မှာ အချိန်နှင့်အမျှ တိုးတက်ပြောင်းလဲနေပါသည်။ လူ-မှ-လူ သို့ကူးစက်ပျံ့နှံ့မှုအား ၂၀၂၀ ဇန်နဝါရီ ၂၀တွင် တရုတ်ပြည် ကွမ်းတုံး(Guangdong)၌ ပထမဆုံးအတည်ပြုနိုင်ခဲ့၏ ။

၂၀၂၀ ဇန်နဝါရီ ၃၀တွင် ဝူဟန်ဗိုင်းရပ်စ် (2019-nCoV)ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး(WHO)က ကမ္ဘာလုံးဆိုင်ရာအရေးပေါ်အခြေအနေအဖြစ်ကြေညာခဲ့၏ ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး(WHO)က ဤဗိုင်းရပ်စ်ကဖြစ်စေသော ရောဂါကို "2019-nCoV acute respiratory disease" (၂၀၁၉-nCoV အထူးစိုးရိမ်ဖွယ်ရာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ)ဟူသော ကြားဖြတ်ဝေါဟာရကိုတီထွင်သုံးဆွဲခေါ်ဝေါ်သည်။

ကုသခြင်း

ယခုအချိန်ထိ တိကျသောကုသမှုမျိုး မရနိုင်သေးပါ။ ထို့ကြောင့် ရောဂါလက္ခဏာအပေါ် ထိန်းချုပ်သက်သာစေခြင်းကိုသာ အဓိကအလေးထား၍ ကုသလျက် ရှိသည်။ ရောဂါလက္ခဏာများတွင် ဖျားခြင်း(fever)၊ အလွန်အမင်းပင်ပန်းနွမ်းနယ်ခြင်း(fatigue)၊ ချောင်းခြောက်ဆိုးခြင်းများ(dry cough)နှင့် အသက်ရှူခက်ခဲခြင်း(shortness of breath)(သို့) အဆုတ်ရောင်ရမ်းခြင်း(pneumonia)နှင့် ဆိုးဝါးသောအခြေအနေများ၌ ကျောက်ကပ်ပျက်ဆီးခြင်း(kidney failure)များပါဝင်၏ ။ တရုတ်နိုင်ငံ ရောဂါထိန်းချုပ်ရေးနှင့် တားဆီးရေးဌာန (Chinese Center for Disease Control and Prevention - (CCDC))မှ ကိုရိုနာဗိုင်းရပ်စ်နှင့်ဆက်စပ် အဆုတ်ရောင်ရောဂါကို ကုသရာတွင်ထိထိရောက်ရောက်ဖြစ်စေရန် လက်ရှိကျင့်သုံးနေသော အဆုတ်ရောင်ရောဂါ(pneumonia)ကုသမှုများကို စစ်ဆေးစမ်းသပ်လျက် ရှိသည်။

လက်ရှိရှိနေသော ဗိုင်းရပ်စ်(ဆန့်ကျင်)ဆေးဝါးများ(antiviral drug)ကို လည်းလေ့လာနေကြ၏ ။ ထိုဗိုင်းရပ်စ်ဆေးဝါးများမှာ indinavir, saquinavir, remdesivir, lopinavir/ritonavir နှင့် interferon beta ကဲ့သို့သော protease inhibitors ဆေးဝါးများဖြစ်ကြ၏ ။ ယခင်အမျိုးအစားခွဲခြားဖော်ပြထားသော monoclonal antibodies (mAbs) ပဋိပစ္စည်းကိုလည်း စစ်ဆေးစမ်းသပ်မှုများပြုလုပ်နေကြသည်။

ရောဂါပိုးမွှားဗေဒ

ရောဂါကူးစက်ခြင်း

လူ မှ လူသို့ SARS-CoV-2 ဗိုင်းရပ်စ် ကူးစက်ခြင်းကို အတည်ပြုပြီးဖြစ်၏။ ရောဂါကူးစက်မှုများသည် (၂)မီတာ (၆ပေ ၇လက်မ) အကွာအဝေးအတွင်း နှာချေခြင်း၊ ချောင်းဆိုးခြင်းမှ ထွက်ရှိလာသော အရည်စက်ကလေးများမှတစ်ဆင့် အဓိကအားဖြင့် ကူးစက်ပါသည်။ သွယ်ဝိုက်၍ (ပိုးရှိသည့်)ညစ်ညမ်းသောမျက်နှာပြင်များကို ထိတွေ့ခြင်းသည် ရောဂါကူးစက်ခြင်း၏ နောက်ထပ်ဖြစ်နိုင်ခြေရှိသော အကြောင်းတရားတစ်ခုဖြစ်သည်။ အစောပိုင်းသုတေသနများက ဤဗိုင်းရပ်စ်ပိုးသည် ပလပ်စတစ်နှင့် သံမဏိ (စတီးလ်) များ၌ သုံးရက်အထိ ဆက်လက်ရှင်သန်နိုင်ပြီး ကတ်ထူပြား၌ တစ်ရက်ထက်မပို၊ ကြေးနီ၌ လေးနာရီထက်မပိုဟု ညွှန်ပြကြသည်။ ဆပ်ပြာက ဗိုင်းရပ်စ်ပိုးကို လှုပ်ရှားတက်ကြွမှု မဲ့စေသည်( inactivate) တစ်နည်း ဆပ်ပြာက ၎င်း၏ အကာကွယ်အလွှာပါး (lipid bilayer)ကို အခြေအနေယိုယွင်း(destablize) သွားစေသည်။ ဗိုင်းရပ်စ် RNA ကို ရောဂါကူးစက်ခံထားရသော လူနာများ၏ မစင်နမူနာများတွင်လည်း တွေ့ရှိရ၏ ။

ရောဂါပျိုးချိန် (incubation period) အတွင်း ဗိုင်းရပ်စ်သည် ကူးစက်/ မကူးစက်နှင့် ပတ်သက်၍ အသေချာမသိနိုင်သေးပါ။ ၂၀၂၀-ဖေဖော်ဝါရီ-၁ တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ရောဂါလက္ခဏမပြသေးသောရောဂါဖြစ်ပွားမှုများမှ(asymptomatic cases) ကူးစက်ခြင်းသည် ရောဂါကူးစက်ခြင်း၏ အဓိကတွန်းအားပေးသောအချက်/အကြောင်းအရင်း မဖြစ်နိုင်ပါဟု ပြောကြားသည်။ သို့ရာတွင် တရုတ်နိုင်ငံ၏ အစောပိုင်းဖြစ်ပွားမှု၏ ရောဂါပြန့်နှံ့ခြင်းဆိုင်ရာ ပုံစံများ၌ ကြိုတင်ရောဂါလက္ခဏာမပြသခြင်းသည် အတည်ပြုမှတ်တမ်းတင်ထားသော ကူးစက်မှုများအကြား အဖြစ်များသည်၊ ဤရောဂါပါဟု အတည်တကျသတ်မှတ်မရသော ကူးစက်မှုများသည် ရောဂါကူးစက်မှု၏ အဓိကရင်းမြစ်ဖြစ်နိုင်ခဲ့ကြောင်း ရည်ညွှန်းပြောဆိုခဲ့သည်။

ရောဂါပိုးသိုမှီးရာ

ပြင်းထန်အသက်ရှုလမ်းကြောင်းရောဂါ ကိုရိုနာဗိုင်းရပ်စ် ၂ 
ဤ SARS-CoV-2 ရောဂါပိုး၏ သဘာဝအားဖြင့် ရောဂါသိုမှီးရာဖြစ်နိုင်ခြေအများဆုံးထဲမှ (နှာခေါင်းနေရာ)မြင်းခွာပုံသဏ္ဌာန်ရှိသော လင်းနို့(Horseshoe bat)

အစားအစာအတွက်ရောင်းချသော တိရစ္ဆာန်များသည် ဤရောဂါ၏ မူလသိုမှီးရာနေရာ (သို့) ကြားခံဖြစ်စေသောအရာဟူ၍ သံသယရှိကြသည်။ အဘယ်ကြောင့်ဆိုသော် ပထမဆုံးခွဲခြားဖော်ပြနိုင်သော ရောဂါသယ်ဆောင်သူလူနာများမှာ ဝူဟန် ဟွမ်းနန် ပင်လယ်စာဈေးကြီးမှ အလုပ်သမားများဖြစ်ကြ၏ ။ ဤဗိုင်းရပ်စ်အမျိုးအစားသည် အဆိုပါဈေးမှ စတင်နိုင်ခြေရှိခဲ့ကြောင်း ရည်ညွှန်းမှုများရှိခဲ့၏ ။ သို့သော် အခြားသုတေသနများက ခရီးသည်များက ထိုဈေးသို့ ဗိုင်းရပ်စတင်မိတ်ဆက်ပေးနိုင်ခြေရှိကြောင်း၊ ထို့နောက်မှ ရောဂါကူးစက်ပြန့်နှံ့မှုကို ပို၍ ဖြစ်စေခဲ့သည် ဟု ပြသကြသည်။

၂၀၀၂-၀၄ ဆားစ်ရောဂါ(SARS epidemic)ဟုအသိများသော ပြင်းထန်သည့်အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (Severe acute respiratory syndrome) ကိုဖြစ်စေသော ရောဂါပိုးသဘာဝသိုမှီးရာကို လေ့လာသုတေသနများက ဆားစ်ရောပိုးနှင့်တူသော လင်းနို့ကိုရိုနာဗိုင်းရပ်စ်များ (SARS-like bat coronaviruses)ကို ရှာဖွေတွေ့ရှိခဲ့ကြပြီး ပိုးအများစုမှာ horseshoe bats ၏ မျိုးစုဖြစ်သော Rhinolophus မှစတင်ခဲ့ကာ Rhinolophus sinicus မှယူထားသော နမူနာများတွင်တွေ့ရသည့် nucleic acid sequence နှစ်ခုသည် SARS-CoV-2 နှင့် (၈၀%) တူညီကြသည်။ RaTG13ဟုခေါ်သော ယူနန်ခရိုင်မှ စုဆောင်းယူထားသော Rhinolophus affinis မှ တတိယ nucleic acid sequence သည် SARS-CoV-2 နှင့် (၉၆%) တူညီကြသည်။ WHO မှ SARS-CoV-2 ရောဂါပိုး၏ သိုမှီးရာ ဖြစ်နိုင်ခြေအရှိဆုံးမှာ လင်းနို့ ဟုယူဆသည်။ လင်းနို့ကိုရိုနာဗိုင်းရပ်စ် နှင့် SARS-CoV-2 ကြားကကွဲပြားခြားနားမှုများက လူဆီသို့ ကြားကောင် တစ်ကောင်ကောင်မှ ရောက်လာခဲ့သည်ဟု ဆိုသည်။

၂၀၁၉ တွင်ထုတ်ဝေသော မျိုးရိုးဗီဇလေ့လာမှုတစ်ခုက ဆားစ်ရောဂါကို ဖြစ်စေသည့် ဗိုင်းရပ်စ်ပိုးမျိုး SARS-CoV သည် သင်းခွေချပ်တစ်မျိုး Sunda pangolin နမူနာများကြားအများဆုံးဖြန့်ဝေသော ရောဂါပိုးတစ်မျိုးဖြစ်သည်ဟူ၍ ထုတ်ဖော်ထား၏ ။ ၂၀၂၀ ဖေဖော်ဝါရီ ၇ တွင် ကွမ်ကျိုး သုတေသနပညာရှင်များက SARS-CoV-2နှင့် viral nucleic acid sequence (၉၉%)အထိတူညီသော သင်းခွေချပ်နမူနာတစ်မျိုးကို ရှာဖွေတွေ့ရှိထားကြောင်း ကြေညာခဲ့သည်။ ထုတ်ဝေသောအခါ အသစ်တွေ့ထားသော သင်းခွေချပ် Pangolin-CoV သည် 2019-nCoVနှင့် S protein ၏ receptor-binding domain တွင် တူညီ၍ အမိုင်နိုအက်ဆစ်ကွဲပြားမှု တစ်ခုရှိသည်။

တက္ကဆက်ရှိ အနုဇီဝပညာရှင်များ နှင့် မျိုးရိုးဗီဇပညာရှင်များသည် SARS-CoV-2၏ ဇစ်မြစ်၌ သင်းခွေချပ်ပါဝင်မှုကို ညွှန်းဆိုနိုင်သော ကိုရိုနာဗိုင်းရပ်စ်၏ မျိုးရီုးဗီဇပြန်လည်စီစဉ်ဖြစ်ပေါ်မှု (reassortment)၏ သက်သေများကို တသီးတခြားတွေ့ရှိခဲ့သည်။ သို့သော် ယခုထိတွေ့ရှိခဲ့ကြသော pangolin coronaviruses များသည် SARS-CoV-2 နှင့် မျိုးရိုးဗီဇအလုံးစုံအားဖြင့် (၉၂%)သာ တူညီမှုရှိကြသည်။ ထို့ကြောင့် RaTG13 ထက်စာလျှင် တူညီမှုလျော့နည်း၏ ။ ၂၀၀၂-၀၄ ဆားစ်ရောဂါဖြစ်ပွားမှုအတွက် တရားခံဖြစ်သော SARS virus သည် တောကြောင်(civet) ကိုရိုနာဗိုင်းရပ်စ် နှင့် မျိုးရိုးဗီဇ (၉၉.၈% ) ထိတူညီကြသည်။ ထို့ကြောင့် ယခုကိစ္စတွင် သင်းခွေချပ်အား ကြားပွဲစားဖြန့်ဝေကောင်ဟု သက်သေပြရန် မလုံလောက်ပါ။

ဆင့်ကဲတိုးတက်ပြောင်းလဲမှုနှင့် အမျိုးအစားခွဲခြားသတ်မှတ်ခြင်း

Genomic information
ပြင်းထန်အသက်ရှုလမ်းကြောင်းရောဂါ ကိုရိုနာဗိုင်းရပ်စ် ၂ 
Genome organisation (click to enlarge)
NCBI genome IDMN908947
Genome size29,903 bases
Year of completion2020

SARS-CoV-2 သည် ကိုရိုနာဗိုင်းရပ်စ်များ(coronaviruses)ဟု သိကြသော ကျယ်ပြန့်သည့် ဗိုင်းရပ်စ်မိသားစု၏ အဖွဲ့ဝင်ဖြစ်သည်။ ၎င်းသည် positive-sense single-stranded RNA (+ssRNA) ဗိုင်းရပ်စ်မျိုးဖြစ်၏ ။ အခြားသော ကိုရိုနာဗိုင်းရပ်စ်များသည် အအေးမိရောဂါ (common cold) မှသည် ပို၍ပြင်းထန်ဆိုးရွားသော မားစ် (Middle East respiratory syndrome -MERS) ရောဂါ၊ ဆားစ် (severe acute respiratory syndrome - SARS)ရောဂါစသော ရောဂါများကိုဖြစ်စေတတ်သည်။ 229ENL63OC43HKU1MERS-CoV နှင့် မူလ SARS-CoV စသောရောဂါဖြစ်စေသော ဗိုင်းရပ်စ်များပြီးနောက် သတ္တမမြောက် သိရှိလာသော ဗိုင်းရပ်တစ်မျိုးဖြစ်သည်။

လူသားများကိုကူးစက်တတ်သော တစ်ခြား ကိုရိုနာဗိုင်းရပ်စ်နှင့် မျိုးရိုးဗီဇအားဖြင့် ကွာဝေးသော်လည်း မျိုးစုနှင့် မျိုးစိတ်ကြားရှိ subgenus တစ်ခုဖြစ်သော Sarbecovirus (Beta-CoV lineage B)၏ အဖွဲ့ဝင် SARS-CoV ကဲ့သို့ ဖြစ်သည်။ ၎င်း၏ RNA sequence သည် အရှည်အားဖြင့် အနီးစပ်ဆုံး 30 kb (Base pair)ဖြစ်၏ ။ သိရှိပြီးဖြစ်သော ဘီတာကိုရိုနာဗိုင်းရပ်စ် (betacoronaviruses) များကြား SARS-CoV-2 သည် အြခားဗိုင်းရပ်စ်များနှင့်မတူ ရောဂါဖြစ်စေသည့်ဂုဏ်သတ္တိ၊ ရောဂါပျံ့နှံ့စေသည်အစွမ်းသတ္တိ၌ ထူးခြားကွဲပြားသည်။

ဇန်နဝါရီ ၁၂လောက်တွင် ကိုရိုနာဗိုင်းရက်စ်ဆန်း၏ မျိုးရိုးဗီဇ ငါးခု(five genomes) ကို ဝူဟန်မှ သီးသန့်ဖယ်ထုတ်ခဲ့ကြပြီး (isolated) တရုတ်ရောဂါထိန်းချုပ်ရေးနှင့် တားဆီးရေးဌာနနှင့် တစ်ခြားအဖွဲ့အစည်းများက သတင်းထုတ်ပြန်ခဲ့ကြသည်။ ဇန်နဝါရီ ၂၆တွင် မျိုးရိုးဗီဇအရေအတွက် ၂၈ခုထိတိုးလာခဲ့သည်။ အစောဆုံး ဒေတာအချက်အလက်သိုမှီးရာနေရာ GenBank genomeမှလွဲပြီး genomeများမှာ GISAIDအစီစဉ်တွင် ပိတ်ပင်ထားသည်။ နမူနာများအတွက် မျိုးရိုးဗီဇပိုင်းဆိုင်ရာ ဆင့်ကဲဖြစ်ပေါ်တိုးတက်လာမှုနှင့် ၎င်းတို့အချင်းချင်းကြားပတ်သက်ဆက်နွှယ်သော လေ့လာစိစစ်ချက်များကို Nextstrainမှတဆင့်ရရှိနိုင်သည်။

Structural biology

ပြင်းထန်အသက်ရှုလမ်းကြောင်းရောဂါ ကိုရိုနာဗိုင်းရပ်စ် ၂ 
SARSr-CoV ဗိုင်းရပ်စ်ပိုး၏ အလွတ်ပုံစံ (viron)

SARS-CoV-2 ဗိုင်းရပ်စ်ပိုး၏ အလွတ်ပုံစံ(viron)သည် အချင်းအားဖြင့် ၅၀-၂၀၀ နာနိုမီတာ အနီးစပ်ဆုံးရှိသည်။ အခြား ကိုရိုနုဗိုင်းရပ်စ်များကဲ့သို့ ယခု SARS-CoV-2 သည်လည်း တည်ဆောက်ထားသော ပရိုတိန်း (၄)ခုရှိ၏ ။ S ( spike - ဆူး) ၊ E ( envelope - ) ၊ M (membrane) ၊ N (nucleocapsid) စသည့် proteins များဖြစ်သည်။ N ပရိုတိန်းတွင် RNA genome ကိုအတွင်း၌ရှိစေ၍ S ၊ E ၊ M ပရိုတိန်းများက အတူတကွပေါင်း၍ ဗိုင်းရပ်၏ အပေါ်အလွှာပါး (viral envelope) ကိုဖွဲ့စည်းထား၏ ။ cryogenic electron microscopy အနုကြည့်မှန်ပြောင်းဖြင့် ပုံရိပ်ဖော်ထားသော ဆူးတောင် (spike) ပရိုတိန်း သည် လက်ခံဆဲလ်၏ အလွှာပါးကို ဗိုင်းရပ်စ်အား ကပ်ငြိတွယ်စေရန် တာဝန်ယူသော ပရိုတိန်း ဖြစ်၏ ။

ပြင်းထန်အသက်ရှုလမ်းကြောင်းရောဂါ ကိုရိုနာဗိုင်းရပ်စ် ၂ 
SARS-CoV-2 spike en:homotrimer with one en:protein subunit highlighted; ACE2 binding domain in magenta

အဆိုပါဗိုင်းရပ်စ်၏ spike အပေါ်တွင်ပြုလုပ်ထားသော ပရိုတိန်းမောဒယ်တည်ဆောက်ပုံ စမ်းသပ်မှုများက မကြာသေးမီက ပြောဆိုသည်မှာ SARS-CoV-2 သည် လူ့ဆဲလ်၏ receptor angiotensin converting enzyme 2 (ACE2) နှင့် လုံလောက်စွာ တူညီပေါင်းစပ်နိုင်မှုရှိကာ ၎င်းတို့ကို ဆဲလ်ဝင်ပေါက်၏ ယန္တယားအဖြစ်အသုံးချကြသည်။ ၂၀၂၀ ဇန်နဝါရီ ၂၂ တွင် ဗိုင်းရပ်၏ မျိုးရိုးဗီဇစဉ်တစ်ခုလုံးကို လေ့လာလုပ်ကိုင်နေသော တရုတ်နိုင်ငံက အဖွဲ့တစ်ဖွဲ့နှင့် reverse genetics နည်းလမ်းများသုံးစွဲလုပ်ကိုင်သော အမေရိကန်ပြည်ထောင်စုရှိ အဖွဲ့တို့သည် လူ့ဆဲလ်၏ အပိုင်း ACE2 သည် SARS-CoV-2 အတွက် ကြိုဆိုလက်ခံရာဝင်ပေါက်အဖြစ် (receptor) ဆောင်ရွက်မှုရှိကြောင်း သရုပ်ပြသခဲ့ကြသည်။ လေ့လာမှုများက ပြသသည်မှာ မူလဆားဗိုင်းရပ်စ်မျိုးထက် SARS-CoV-2 သည် လူ၏ ACE2 နှင့် ပို၍ မြင့်မားစွာပေါင်းစည်းနိုင်စွမ်းရှိသည်။ SARS-CoV-2 သည် ဆဲလ်အထဲသို့ ဝင်ခွင့်ရရန် basigin ကို သုံးကောင်းသုံးနိုင်သည်။

ဓာတ်ခွဲခန်းတွင် မွေးမြူထားသော လူ့ဆဲလ်များမှ ပေါ်ထွက်လာသော SARS-CoV-2(အဝါရောင်) ၏ electron မိုက်ခရိုစကုပ်ပုံ၊ နည်းပညာဖြင့် အရောင်သွင်းထားခြင်း။

ကာကွယ်ဆေး သုသေသန

၂၀၂၀ ဇန်နဝါရီတွင် ဖော်ပြထားသော မျိုးရိုးဗီဇပေါ်အခြေခံ၍ 2019 n-CoVအတွက် ကာကွယ်ဆေးထုတ်လုပ်ခြင်း လုပ်ငန်းကို အဖွဲ့အစည်းတချို့စတင် လုပ်ဆောင်နေခဲ့သည်။

တရုတ်ပြည်တွင် တရုတ်နိုင်ငံ ရောဂါထိန်းချုပ်ခြင်းနှင့် တားဆီးခြင်းဌာနသည် ကိုရိုနာဗိုင်းရပ်စ်ဆန်းကာကွယ်ဆေး လေ့လာပြုစုနေသည်။ ယခင် ၂၀၀၃ ဆားစ်ရောဂါဗိုင်းရပ်စ်ပိုးမွှား ပြန့်ပွားမှုတွင် ပါဝင်လုပ်ကိုင်ဖူးသော ဟောင်ကောင်တက္ကသိုလ် Yuen Kwok-yung၏ အဖွဲ့မှ ကာကွယ်ဆေးကို ယခုစမ်းသပ်ထုတ်လုပ်နေသော်လည်း တိရစ္ဆာန်များနှင့် စမ်းသပ်ခြင်းရှေ့ဆက်မလုပ်ဆောင်ရသေးပေ။

တစ်ခြားသောနေရာများ၌ ကာကွယ်ဆေးသုံးမျိုးလုပ်ငန်းကို Coalition for Epidemic Preparedness Innovations (CEPI)အဖွဲ့မှ ထောက်ပံ့ပေးထားပြီး လုပ်ငန်းတစ်ခုကို ဇီဝနည်းပညာကုမ္ပဏီ Moderna နှင့် Inovio Pharmaceuticals မှ လုပ်ကိုင်၍ နောက်လုပ်ငန်းတစ်ခုကို University of Queenslandမှ လုပ်ကိုင်လျက် ရှိသည်။ အမေရိကန်ပြည်ထောင်စု အမျိုးသားကျန်းမာရေးတက္ကသိုလ်(National Institutes of Health)သည် Modernaနှင့်ပူးပေါင်းလုပ်ကိုင်နေ၊ ကိုရိုနာဗိုင်းရပ်စ်မျက်နှာပြင်ရှိဆူးချွန်(spike of the coronavirus surface)နှင့် ကိုက်ညီသော RNAကာကွယ်ဆေးကို ၂၀၂၀ မေလတွင်ထုတ်ရန်ကြိုးစားနေကြသည်။ ဩစတေးလျ၌ ကွင်းစလန်တက္ကသိုလ်မှ ကိုယ်ခံအားတုံ့ပြန်မှုကို နှိုးဆွရန်နှင့် ကိုရိုနာဗိုင်းရပ်စ်ကိုအတုခိုးစေရန်အတွက် viral proteinsများအားမျိုးရိုးဗီဇပြုပြင်တိုးတက်စေမည့် molecular clamp vaccineတစ်ခု၏ အလားအလာရှိမှုကို စစ်ဆေးစမ်းသပ်နေကြသည်။

လွတ်လပ်၍ အမှီခိုကင်းလုပ်ငန်းတစ်ခုတွင် ကနေဒါနိုင်ငံပြည်သူ့ကျန်းမာရေးအေဂျင်စီက University of Saskatchewan ၌ နိုင်ငံတကာကာကွယ်ဆေးဌာန(International Vaccine Centre - VIDO-InterVac )ကို ကာကွယ်ဆေးတစ်မျိုးစတင်ဖော်စပ်ရန် ခွင့်ပြုချက်ပေးထားသည်။ VIDO-InterVacက ထုတ်လုပ်မှုများ စတင်နေပြီး ၂၀၂၀ မတ်လတွင် တိရစ္ဆာန်စမ်းသပ်မှုများစတင်၍ ၂၀၂၁တွင် လူသားစမ်းသပ်မှုများ ပြုလုပ်မည်ဟုရည်ရွယ်ထားသည်။

လန်ဒန်တော်ဝင်ကောလိပ်(Imperial College London)ရှိ ဆေးပညာဌာနမှ ကာကွယ်ဆေးတစ်ခုထုတ်လုပ်ရန်နှင့် တိရစ္ဆာန်စမ်းသပ်မှုများပြုလုပ်ရန်ငွေစိုက်ထုတ်ထားပြီးဖြစ်၏ ။ ထိုစမ်းသပ်မှုအဆင့်သည် ၂၀၂၀ ဖေဖော်ဝါရီလလယ်၌ ပြီးဆီးနိုင်မည်ဟုလည်းမျှော်လင့်ကြသည်။ သို့သော် လူများ၌လေ့လာစမ်းသပ်မှုဆက်လက်လုပ်ကိုင်ရန် ပိုမိုသောငွေစိုက်ထုတ်မှုလိုအပ်လျက် ရှိသည်။

ကိုးကား

ပြင်ပလင့်ခ်များ

Tags:

ပြင်းထန်အသက်ရှုလမ်းကြောင်းရောဂါ ကိုရိုနာဗိုင်းရပ်စ် ၂ ကူးစက်ရောဂါပြန့်ပွားခြင်းနှင့် ကုသခြင်းပြင်းထန်အသက်ရှုလမ်းကြောင်းရောဂါ ကိုရိုနာဗိုင်းရပ်စ် ၂ ကုသခြင်းပြင်းထန်အသက်ရှုလမ်းကြောင်းရောဂါ ကိုရိုနာဗိုင်းရပ်စ် ၂ ရောဂါပိုးမွှားဗေဒပြင်းထန်အသက်ရှုလမ်းကြောင်းရောဂါ ကိုရိုနာဗိုင်းရပ်စ် ၂ ကာကွယ်ဆေး သုသေသနပြင်းထန်အသက်ရှုလမ်းကြောင်းရောဂါ ကိုရိုနာဗိုင်းရပ်စ် ၂ ကိုးကားပြင်းထန်အသက်ရှုလမ်းကြောင်းရောဂါ ကိုရိုနာဗိုင်းရပ်စ် ၂ ပြင်ပလင့်ခ်များပြင်းထန်အသက်ရှုလမ်းကြောင်းရောဂါ ကိုရိုနာဗိုင်းရပ်စ် ၂ကိုရိုနာဗိုင်းရပ်စ် ရောဂါ ၂၀၁၉၂၀၁၉-၂၀ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှု

🔥 Trending searches on Wiki မြန်မာဘာသာ:

အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်ဂျူးဘာသာမြန်မာနိုင်ငံရှိ မြို့နယ်များဂေါတမဗုဒ္ဓတာမွေမြို့နယ်ဖြူးမြို့ကြမ်းပိုးကနောင်မင်းသားကမ္ဘာ့အလုပ်သမားနေ့မြန်မာနိုင်ငံ၏ ဒုတိယ သမ္မတလွတ်လပ်ရေးကျောက်တိုင်မြန်မာနိုင်ငံမှဒင်္ဂါးများသမိုင်းမြင်းကျဒိုးရွာ၊ ရွာငံမြို့နယ်ပါလီမန် ဒီမိုကရေစီ စနစ်အင်းဝမင်းဆက်အပူချိန်သဒ္ဓါစစ်ကိုင်းတိုင်းဒေသကြီးမြန်မာသရုပ်ဆောင်များစာရင်းမြန်မာအက္ခရာတောင်ကိုရီးယားနိုင်ငံတပ်မတော်၏ လက်မောင်းတံဆိပ်အဆောင်အယောင်များလူသားတစ်ဦး၏လိင်တံအရွယ်အစားတောင်ငူမြို့ဟန်လင်းမြို့ဟောင်းတားရော့ပညာနှစ်ကျိပ်ရှစ်ဆူအယုဒ္ဓယတရုတ်ပြည်သူ့သမ္မတနိုင်ငံမဟာသမယသုတ်ဇာတ်ကြီးဆယ်ဘွဲ့ပရိမိတ္တဇာလသုတ်ကျောက်မျက် ရတနာမြန်မာ့သနပ်ခါးပြည်ထဲရေး ဝန်ကြီးဌာနရခိုင်ပြည်တပ်မတော်ပရိတ်ကြီး ၁၁ သုတ်သမထငပလီကမ်းခြေမအင်္ဂါ အစေ့အပင်ဒေသနာကြားခြင်းကမ္ဘောဒီးယားနိုင်ငံMinecraftလိင်ဆက်ဆံခြင်းလှိုင်မြို့နယ်လတ္တီကျူစကားထာသင်္ကြန်မိုးသန်းရွှေ (ဗိုလ်ချုပ်မှူးကြီး)ဒိုးလုံးဒိဋ္ဌိကိုရီးယားနိုင်ငံမေသန်းနုဂဠုန်တွင်းနက်ဝန်ကြီးဌာန နှင့် အကြီးအကဲများ စာရင်းကျော်ဟိန်းမြန်မာအဘိဓာန်ကနေဒါနိုင်ငံသထုံမြို့အဲလ်ဘတ် အိုင်းစတိုင်းဇာတာမြန်မာနိုင်ငံ၏ ရွာများငါး (တိရစ္ဆာန်)လူ့အခွင့်အရေးအင်္ဂုလိမာလသုတ်မြန်မာကျပ်ငွေလန်ဒန်မြို့မင်္ဂလသုတ်ဂျပန်သမိုင်း၂၀၁၄ခုနှစ် မြန်မာနိုင်ငံသန်းခေါင်စာရင်းမြန်မာနိုင်ငံ ရဲတပ်ဖွဲ့ခရိုမိုဆုမ်းနိုင်ငံခြားရေး ဝန်ကြီးဌာန🡆 More