ဒေါ်နယ်လ် ထရန့်

ဒေါ်နယ်လ် ဂျွန် ထရမ့် (အင်္ဂလိပ်: Donald John Trump မွေးရက် - ၁၄ ဇွန်လ ၁၉၄၆) သည် အမေရိကန်ပြည်ထောင်စု ၏ ၄၅ ဦးမြောက် သမ္မတဖြစ်ပြီး စီးပွားရေး သမားတစ်ဦးလည်း ဖြစ်သည်။ ယခုလက်ရှိတွင် သူ၏ အိမ်ခြံမြေ စီးပွားရေး လုပ်ငန်း နှင့် အခြား စီးပွားရေး လုပ်ငန်းများကို ပိုင်ဆိုင်သည့် ကုမ္မဏီ ဖြစ်သော ထရမ့် အော်ဂနိုင်ဇေးရှင်း၏ ဥက္ကဋ္ဌ ဖြစ်ပြီး သမ္မတ အဖြစ် တာဝန် မယူမီတွင် ထိုရာထူးမှ နုတ်ထွက်မည်ဟု ပြောကြားထားသည်။ ၎င်း၏ သက်တမ်းတလျှောက်တွင် ထရမ့်သည် ရုံးစိုက်ရာ တာဝါအဆောက်အဦးများ၊ ဟိုတယ်များ၊ ကက်စီနိုများ၊ ဂေါက်ကွင်းများ နှင့် အခြား ထင်ရှားသော အမှတ်တံဆိပ် ရှိသည့် နေရာများကို ကမ္ဘာတဝှမ်းတွင် ဆောက်လုပ်ခဲ့သည်။

ဒေါ်နယ်လ်ထရမ့်
Donald Trump
ထရမ့်
အမေရိကန် သမ္မတ
၄၅ ကြိမ်မြောက်
ယခင် ဘာရက် အိုဘားမား
ဆက်လက် ဂျိုး ဘိုင်ဒင်
ကိုယ်ရေး အချက်အလက်
အမည်ရင်း ဒေါ်နယ်လ် ဂျွန် ထရမ့်
မွေးနေ့ (၁၉၄၆-0၆-၁၄) ဇွန် ၁၄၊ ၁၉၄၆ (အသက် ၇၇)
မွေးရပ်ဇာတိ နယူးယောက်မြို့နယူးယောက်ပြည်နယ်အမေရိကန်
နိုင်ငံသား ဒေါ်နယ်လ် ထရန့် အမေရိကန်
ပါတီ ရီပတ်ဘလစ်ကင်
ကြင်ဖော် အိုင်ဗန်နာ ဇယ်နစ်ကိုဗာ
ဝဘ်ဆိုတ် trump.com/biography
လက်မှတ် ဒေါ်နယ်လ် ထရန့်

ထရမ့်သည် နယူးယောက်မြို့တွင် မွေးဖွားကြီးပြင်းခဲ့ပြီး ၁၉၆၈ ခုနှစ်တွင် ပင်ဆယ်လ်ဗေးနီးယား တက္ကသိုလ် ဝှာတန်ကျောင်းမှ ဘောဂဗေဒ အထူးပြုဖြင့် ဘက်ချလာ ဘွဲ့ရခဲ့သည်။ ၁၉၇၁ ခုနှစ်တွင် ဖခင်ဖြစ်သူ ဖရက်ဒ် ထရမ့်၏ အိမ်ခြံမြေနှင့် ဆောက်လုပ်ရေး လုပ်ငန်းကို စတင်ကြီးကြပ်ခဲ့ပြီး နောင်တွင် ထရမ့် အော်ဂနိုင်ဇေးရှင်းဟု အမည်ပြောင်းလဲခဲ့ကာ မကြာမီ အချိန်ကာလ အတွင်း အများပြည်သူကြားတွင် ထင်ရှားလာခဲ့သည်။ ထရမ့်သည် ၁၉၉၆ ခုနှစ်မှ ၂၀၁၅ ခုနှစ် အထိ ၎င်းပိုင်ဆိုင်ခဲ့သော မယ်အမေရိက အလှမယ်ပြိုင်ပွဲတွင် ပါဝင်ပတ်သက်ခဲ့ပြီး ရုပ်ရှင်နှင့် ရုပ်မြင်သံကြား စီးရီးများတွင် တစ်ခန်းစ နှစ်ခန်းစ ပါဝင်သရုပ်ဆောင်ခဲ့သည်။ ၂၀၀၀ ခုနှစ်တွင် ရီဖောင်းမ် ပါတီ၏ သမ္မတ လောင်းအဖြစ် ပါဝင်ခဲ့သော်လည်း မဲမပေးမီတွင် ပြန်လည်နုတ်ထွက်ခဲ့သည်။ ၂၀၀၄ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း အင်န်ဘီစီ ရုပ်သံတွင် အပရန်တိုက်စ် အမည်ရသော ရုပ်သံစီးရီးကို တွဲဖက် ထုတ်ဝေသူ အဖြစ် ပါဝင်ခဲ့သည်။ ၂၀၁၆ ခုနှစ် ဖော်ဘီ၏ စာရင်းအရ ထရမ့်သည် ကမ္ဘာပေါ်တွင် အချမ်းသာဆုံး ပုဂ္ဂိုလ် အဆင့် ၃၂၄ ဖြစ်ပြီး အမေရိကန် ပြည်ထောင်စုတွင် အဆင့် ၁၅၆ ဖြစ်သည်။

၂၀၁၅ ခုနှစ် ဇွန်လတွင် ထရမ့်သည် ရီပါဘလစ်ကန်ပါတီ၏ သမ္မတလောင်း အဖြစ် ဝင်ရောက်အရွေးခံမည်ဟု ကြေညာခဲ့ပြီး ၎င်းပါတီ၏ သမ္မတလောင်း အဖြစ် အရွေးချယ်ခံမည့်သူများတွင် ရှေ့မှ ပြေးနေခဲ့သည်။ ၂၀၁၆ ခုနှစ် မေလတွင် ရီပါဘလစ်ကန် ပါတီရှိ ၎င်း၏ ပြိုင်ဘက်များမှ မဲဆွယ်နေမှုများကို ရပ်တန့်ခဲ့ပြီး ဇူလိုင်လတွင် ၂၀၁၆ ရီပါဘလစ်ကန် အမျိုးသား ကွန်ဗန်းရှင်းမှ ၎င်းအား ရီပါဘလစ်ကန် ပါတီအား ကိုယ်စားပြု ယှဉ်ပြိုင်မည့် သမ္မတ လောင်း အဖြစ် တရားဝင် ကြေညာခဲ့သည်။ ထရမ့်သည် ယခင်က မကြုံဖူးအောင် မီဒီယာ၏ အရေးစိုက်မှုကို ခံခဲ့ရပြီး နိုင်ငံတကာ၏ အာရုံစိုက်မှုကိုလည်း ခံခဲ့ရသည်။ အင်တာဗျူးများ၊ တွစ်တာ နှင့် မဲဆွယ်ပွဲများတွင် ပြောကြားခဲ့သော စကားများမှာ အငြင်းပွားစရာ စကား သို့မဟုတ် အမှားများ ဖြစ်သည်။ ရီပါဘလစ်ကန် ပါတီ အတွင်း သမ္မတလောင်း အဖြစ် အရွေးခံရစေရန် ပြုလုပ်သော မဲဆွယ်ပွဲအချို့တွင် ဆန္ဒပြမှု သို့မဟုတ် အကြမ်းဖက်မှုများဖြင့် ကြုံတွေ့ခဲ့ရသည်။ ၂၀၀၅ ခုနှစ် အောက်တိုဘာလ ၇ ရက်တွင် ထရမ့်မှ အမျိုးသမီးများအား အဓမ္မ ဖက်နမ်းခြင်း နှင့် ဖျစ်ညှစ်ခြင်း ပြုလုပ်သည်ကို ဝါကြွားပြောဆိုသော အသံဖိုင် ထွက်ပေါ်လာခဲ့ပြီး အမျိုးသမီး အများအပြားမှ ၎င်းတို့အား ထိုသို့ပြုလုပ်ခဲ့ကြောင်း ထိုအသံဖိုင် ထွက်ပေါ်လာပြီးနောက်တွင် ပြောကြားခဲ့သည်။ ၎င်းမှ ၂၀၀၅ ခုနှစ် တွင် ပြောဆိုခဲ့သော စကားများကို တောင်းပန်ခဲ့သော်လည်း စွပ်စွဲမှုများကို ငြင်းဆိုခဲ့ပြီး ၎င်း၏ ဂုဏ်သိက္ခာကျဆင်း စေရန် လုပ်ဆောင်သော ကန်ပိန်း၏ တစိတ်တဒေသမျှသာ ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ထရမ့် မဲဆွယ်ရာတွင်ပြုလုပ်သော စည်းရုံးမှုများတွင် အမေရိကန်-တရုတ်တို့၏ ကုန်သွယ်ရေး သဘောတူညီမှု နှင့် နက်ဖ်တာ နှင့် ထရန် ပစိဖိတ် ပါတနာရှစ် သဘောတူညီချက် အစရှိသော ကုန်သွယ်ရေး သဘောတူညီမှုများကို ပြန်လည် ညှိနှိုင်းမည်၊ အမေရိကန်-မက္ကဆီကို နယ်စပ်တွင် တံတိုင်းကာရံခြင်း အပါအဝင် လူဝင်မှုကြီးကြပ်ရေး ဥပဒေများကို တင်းကြပ်သွားမည်၊ စစ်မှုထမ်းဟောင်းတို့၏ အခွင့်အရေးများကို ပြန်လည်ပြုပြင်မည်၊ တတ်နိုင်သော ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေကို ပြန်လည်ရုပ်သိမ်းပြီး အသစ်ပြန်လည် ရေးဆွဲသွားမည်၊ အခွန် လျှော့ချမည် စသည်တို့ ပါဝင်သည်။ ၂၀၁၅ နိုဝင်ဘာလ ပါရီ တိုက်ခိုက်မှု အပြီးတွင် ထရမ့်မှ အမေရိကန်ပြည်ထောင်စုသို့ မူစလင်များ ပြောင်းရွှေ့နေထိုင်မှုကို ယာယီတားမြစ်ရန် ပြောဆိုခဲ့ပြီး နောင်တွင် ပြင်ဆင်ပြောဆိုခဲ့သည်မှာ အကြမ်းဖက်မှုနှင့် ပတ်သက်သော ရာဇဝင် ရှိသည့် နိုင်ငံများမှ နိုင်ငံသားများကိုသာ ရည်ရွယ်ကြောင်းနှင့် အကြမ်းဖက်သမား ဖြစ်လာမည့် သူများကို စစ်ဆေးခြင်း တိုးတက်လာသည့် အချိန်အထိ ဟူ၍ ဖြစ်သည်။ အသက် ၇၀ နှင့် သမ္မတ ဖြစ်လာသောကြောင့် သမ္မတ အဖြစ် ပထမ သက်တမ်း တာဝန်ထမ်းဆောင်မည့် သူများတွင် အသက် အကြီးဆုံး ဖြစ်ပြီး ရော်နယ် ရေဂင်၏ ၁၉၈၁ ခုနှစ်တွင် အသက် ၆၉နှစ်၌ အသက်အကြီးဆုံး သမ္မတ အဖြစ် ပထမအကြိမ် တာဝန် ထမ်းဆောင်ခဲ့သော စံချိန်ကို ချိုးခဲ့သည်။ သီအိုဒိုး ရုစဗဲ ပြီးလျှင် နယူးယောက်မြို့တွင် မွေးဖွားသော ဒုတိယမြောက် သမ္မတ ဖြစ်သည်။

ငယ်ဘဝ

စီးပွားရေးသမားဘဝ

ဖျော်ဖြေရေးနှင့် မီဒီယာ လုပ်ငန်းများ

နိုင်ငံရေး

မိသားစုဘဝ

ကိုးကား

Tags:

ဒေါ်နယ်လ် ထရန့် ငယ်ဘဝဒေါ်နယ်လ် ထရန့် စီးပွားရေးသမားဘဝဒေါ်နယ်လ် ထရန့် ဖျော်ဖြေရေးနှင့် မီဒီယာ လုပ်ငန်းများဒေါ်နယ်လ် ထရန့် နိုင်ငံရေးဒေါ်နယ်လ် ထရန့် မိသားစုဘဝဒေါ်နယ်လ် ထရန့် ကိုးကားဒေါ်နယ်လ် ထရန့်အင်္ဂလိပ်ဘာသာစကားအမေရိကန်ပြည်ထောင်စု

🔥 Trending searches on Wiki မြန်မာဘာသာ:

မျက်စိနာခြင်းနံ့သာဖြူဖိလစ်ပိုင်နိုင်ငံအမှတ်(၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်လောက်ကိုင်မြို့မွန်လူမျိုးယူကရိန်းနိုင်ငံသင်္ဃန်းညီနောင်ရွာ၊ မြဝတီမြို့နယ်အစ္စလာမ် သမိုင်းနေဝင်း (ဗိုလ်ချုပ်ကြီး)တဘောင်ကွန်ပျူတာမျောက်မင်းကွန်းတိပိဋကဆရာတော်မုံရွာမြို့အမှတ်(၁၂)ကာကွယ်ရေးပစ္စည်းစက်ရုံရှင်စောပုနောင်ချိုမြို့နယ်နည်းပညာမေဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်နွားခရူးဆိတ် စစ်ပွဲများကျောက်ဆည်မြို့ဩကာသ ဘုရားရှိခိုးပျော်ဘွယ်မြို့ရန်ကုန်-မန္တလေး အမြန်လမ်းဝင်းမြင့် (နိုင်ငံတော်သမ္မတ)မြန်မာဝီကီပီးဒီးယားပါရမီမဟော်သဓာဇာတ်တော်မြန်မာနိုင်ငံ၏ နိုင်ငံကူးလက်မှတ်ပျူမြို့ပြနိုင်ငံများအပြင် ၃၇ မင်းအစာအိမ်ဘုရားဂုဏ်တော်ပုသိမ်မြို့ရိုဟင်ဂျာရှစ်လေးလုံးအရေးအခင်းသင်္ကြန်စာခွေးမော်လမြိုင်မြို့အသက်ရှူခြင်းမိုဟာမက်ကျုံးပီမိုးနင်းဗင်းဆင့် ဗန်ဂိုးမောင်အေး (ဒုတိယဗိုလ်ချုပ်မှူးကြီး)လိင်ပြန်ခြင်းငပလီကမ်းခြေသက္ကာယဒိဋ္ဌိကင်ပွန်းချဉ်ပင်ကရင်အမျိုးသားအလံတော်ကာမိုင်းမြို့သိန်းစိန် (နိုင်ငံတော်သမ္မတ)စစ်ကိုင်းတိုင်းဒေသကြီးရခိုင်ပြည်တပ်မတော်ရန်ကုန်တိုင်းစစ်ဌာနချုပ်ကရင် အမျိုးသား အစည်းအရုံးသခင်စိုးဘန်ကောက်မြို့မေသက်ခိုင်မိုးငှက်ကုလားအုတ်ကရင်ပြည်နယ်မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးနယ်မြေဒေသများမြန်မာစာစတင်ဖြစ်ပေါ်လာပုံဆိပ်ကြီးခနောင်တိုမြို့နယ်မှ နာမည်ကြီး လူလိမ်နှင်းယုလှိုင်အကြည်တော်ရန်ကုန်ဘူတာကြီးကိုယ်ဝန်ဖျက်ချခြင်းဘုန်းကြီးနှင့် ဘုန်းကြီးကျောင်းပရိတ်ကြီး ၁၁ သုတ်🡆 More