ဒိန်ခဲ

ဒိန်ခဲ (အင်္ဂလိပ်: cheese) သည် နို့ထွက်ပစ္စည်းဖြစ်ပြီး နို့တွင်ပါသောပရိုတင်း ကေစင်းကို ပျစ်အောင်ပြုကာ ပုံစံ အရောင် အရသာ အမျိုးမျိုးဖြစ်အောင် ဖန်တီးကြသည်။ ဒိန်ခဲတွင် နို့မှရသော ပရိုတင်းနှင့်အဆီတို့ ပါသည်။ နွား ကျွဲ ဆိတ် သိုးတို့မှရသော နို့များဖြင့် အဓိကထုတ်သည်။ ဒိန်ခဲလုပ်ရာတွင် အချဉ်ဖေါက်ပြီး ရန်နက်အန်ဇိုင်း (သို့ အလားတူဖန်တီးနိုင်သောအန်ဇိုင်း) ထည့်ကာ နို့ပရိုတင်း ကေစင်းကို ခဲစေသည်။ ဒိန်ခဲပျော့ကို ဒိန်ရည်မှ ဖယ်ယူကာ လိုချင်သောပုံစံရအောင် ဖိထားရသည်။ အချို့ဒိန်ခဲများတွင် အပေါ်လွှာ၌၎င်း၊ အချို့၌ တတုံးလုံး၌၎င်း အနံ့ထုတ်မှိုများ ပေါက်နေတတ်သည်။ ဒိန်ခဲအများစုကို ဟင်းချက်အပူချိန်၌ တည်ကာ ကျိုတည်။

ဒိန်ခဲ
Red Hawk cheese
ဒိန်ခဲ
A platter with cheese and garnishes
ဒိန်ခဲ
Cheeses in art: Still Life with Cheeses, Almonds and Pretzels, Clara Peeters, c. 1615

နိုင်ငံအသီးသီးမှ ဒိန်ခဲအမျိုးပေါင်း တထောင်ကျော်ကို ထုတ်နေသည်။ နို့ယူသောရင်းမြစ်အလိုက်၎င်း၊ ကျိုထားမထားပေါ် မူတည်၍၎င်း၊ ထောပတ်ဆီပမာဏအရ၎င်း၊ ဘက်တီးရီးယားနှင့်မှိုတို့ကြောင့်၎င်း၊ ထုတ်လုပ်နည်းအရ၎င်း၊ သိပ်ထားချိန်အရ၎င်း၊ အရသာသွင်းသည့် ဆေးရွက် ဟင်းခတ်ပစ္စည်း ကျပ်တိုက်မီးခိုး စသည်တို့ကြောင်း၎င်း ပုံစံ အရောင် အရသာမှာ အပြားပြားကွဲသည်။ ဒိန်ခဲအများစုကို ဒန်းစေ့ဖြင့် အဝါရင့်ရောင် အနီရောင် ရအောင် ထုတ်သည်။ ငရုပ်ကောင်း ကြက်သွန်ဖြူ စသော အခြားပါဝင်ပစ္စည်းများထည့်၍လည်း ထုတ်သည်။

အချို့ဒိန်ခဲတို့ကို ဒိန်ပျော့ရအောင် ရှောက်ရည် ရှာလကာရည်ကဲ့သို့ အချဉ်ရည်များထည့်ကာ လုပ်သည်။ အချို့ဒိန်ခဲတို့မှာမူ အားပျော့သောနည်းဖြစ်သည့် ဘက်တီးရီးယားထည့်ကာ နို့သကြား (လက်တို့) ကို လက်တစ်အစ်ဆစ်ဖြစ်စေသည်။ နောက်မှ ရန်နက်အန်ဇိုင်းထည့်ကာ ဒိန်ခဲပျော့ထုတ်သည်။ သားသတ်လွတ်သမားများအတွက် ရန်နက်မသုံးဘဲ မှိုတမျိုးကို အချဉ်ဖေါက်၍ထုတ်သော ဒိန်ခဲလည်း ရှိသည်။

ဒိန်ခဲသည် သယ်ရန်လွယ်ခြင်း၊ အတန်ကြာ ကြာရှည်ခံခြင်း၊ အဆီ ပရိုတင်း ကယ်လဆီယမ် ဖော့စဖောရပ် ပါမှုများခြင်းတို့ကြောင့် အဖိုးတန်သည်။ နို့ထက် အထားခံပြီး ဒိန်ခဲအမျိုးအစားပေါ်လိုက်၍ ကြာရှည်ခံမှု ကွဲသည်။ ဒိန်ခဲတုံးများကို လေထုတ်ထားသောအိတ်များတွင် ထည့်၍၎င်း၊ ကာဘွန်ဒိုင်အောက်ဆိုက်နှင့်နိုင်ထရိုဂျင်ဖြည့်ထားသော ပလပ်စတစ်အိတ်များ၌ ထည့်၍၎င်း ဖြန့်ဖြူးနည်းကို ၂၁ ရာစုနောက်ပိုင်းတွင် အသုံးများသည်။

ကိုးကား

Tags:

အင်္ဂလိပ်ဘာသာစကား

🔥 Trending searches on Wiki မြန်မာဘာသာ:

ပညာရေးကားဩစတြေးလျနိုင်ငံစကားဝှက်အမှတ်(၆၆)ခြေမြန်တပ်မဌာနချုပ်လယ်တီဆရာတော်မေတ္တာဂျန် အောပြည်ထောင်စုနေ့စက်တော်ရာပလောင်လူမျိုးဝဋ္ဋသုတ်တောင်ငူခေတ်လား (တိရစ္ဆာန်)ဧပြီရှင်စောပုမကွေးတိုင်းဒေသကြီးရခိုင်ဘာသာစကားဟင်္သာဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံးပဲခူးတိုင်းဒေသကြီးပုဗ္ဗဏှသုတ်ဗီဒီယိုကြူကြူလှစွန်းဝူခုန်းကားလိုး ကော်လိုဒီနီလင်းအောင်အီလွန် မက်စ်ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်ဘဒ္ဒကမ္ဘာခရစ်ယာန်ဘာသာအလင်္ကာကျန်စစ်သားကိုယ်ဝန်ဖျက်ချခြင်းအကုသိုလ်စေတသိက်ဗမာလူမျိုးလ (ကမ္ဘာရံဂြိုဟ်)မေတ္တေယျဘုရားဝိနည်းခရီးသွားခြင်းကာမေသုမိစ္ဆာစာရဝန်ကြီးဌာန နှင့် အကြီးအကဲများ စာရင်းကပ်မြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များသစ်ပိုးအသည်းရောင် အသားဝါ ရောဂါ ဘီပိုးဒီမိုကရေစီမာန်အောင်မြို့သဘာဝဘေးအန္တရာယ်စစ်တွေမြို့မြန်မာ့သမိုင်းဒါနငါးရာ့ငါးဆယ် နိပါတ်တော်ကျော်ဆွေ (ဒုတိယဗိုလ်ချုပ်ကြီး)ရှင်အဇ္ဇဂေါဏမြန်မာ-အင်္ဂလိပ် အဘိဓာန်ခင်မောင်တိုးနတ်သျှင်နောင်လိင်ဆက်ဆံခြင်းမန်ချက်စတာ ယူနိုက်တက်ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်လီယိုနာဒိုဒါဗင်ချီကျောက်ချဉ်ဆိုဗီယက်ပြည်ထောင်စု သမ္မတနိုင်ငံနန်းမွေစံဂြိုဟ်ကြို့ထိုးခြင်းဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်သန်လျင် မင်းကျောင်းဆရာတော်ရှင်လုကာခရစ်ဝင်စိန်မြန်မာနိုင်ငံရှိ လက်ထပ်ထိမ်းမြားခြင်းပုဂံသင်္ကြန်🡆 More