ဒင်္ဂါး

မြန်မာနိုင်ငံတွင် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ကျော်မှစ၍ ဒင်္ဂါးများကိုအသုံးပြုကြသည် ဆိုသည်။ မြန်မာတို့သည် ဒင်္ဂါးဟူသောဝေါဟာရကို ပါဠိစကားလုံး ဋင်္က မှ ထုတ်ယူသုံးစွဲဟု အဆိုရှိသည်။ ဘုရင့်တံဆိပ်လက်ရာရှိသောငွေကြေး ဟုအဓိပ္ပာယ်ရသည်။ အချို့ကလည်း မြန်မာအခေါ် ဒင်္ဂါးသည် သက္ကတဘာသာ တင်္က ဟူသောစာလုံးမှ ရွေ့လျားလာသည်ဟုဆိုသည်။ ဒင်္ဂါးဟူသောဝေါဟာရသည် မြန်မာစကား အသုံးအနှုန်းထဲ၌သာမက စာပေ၊ ကဗျာ ၊ လင်္ကာတို့၌ပင် ပါဝင်နေသဖြင့် မြန်မာတို့နားရည်ဝနေသည်မှာ ကြာပြီဖြစ်သည်။ မြန်မာလင်္ကာဆရာကြီး ဖိုးသူတော်ဦးနု၏ အင်္လကာတစ်ခုတွင် ဒင်္ဂါး - ဒင်္ဂါး အရင်းစကားမှာ ဘင်္ဂလားအခေါ် မျက်နှာပွင့်ဆေး သူပါလျှင် ရင်အေးစေတတ်တာမို့ အနုဆေးလို့လဲခေါ်လောက်ပါရဲ့ ဟူ၍တွေ့ရလေသည်။ ထို့ထက်ရှေးကျသော ကဗျာတစ်ပုဒ်မှာ မြန်မာသက္ကရာဇ် ၉၁၂ ခုနှစ်တွင်နန်းတက်သော ဟံသာဝတီ ဆင်ဖြူရှင်မင်းလက်ထက် ရှင်ကုမာရ ရေးသားသော ဓမ္မရာသီပျို့တွင် ဆန်းကြယ်တင့်တယ် တံဆိပ်ခတ်သား ကျပ် - မတ် - မူး - ပဲ သုံးစွဲဖွယ်မူ ဒင်္ဂါးပြ၍ အကုဋေမျှ ရာမကသား ဟုစပ်ဆိုထားသည်ကိုတွေ့ရသည်။ ဒင်္ဂါးနှင့်ပတ်သက်၍ မြန်မာအဘိဓာန်အကျဉ်းချုပ် အတွဲ ၂ (ဆ - န)၌ တံဆိပ်ခတ်နှိပ်၍ အလေးချိန်နှင့်တန်ဖိုးသတ်မှတ်ကာ သွန်းလုပ်ထားသော ရွှေငွေ စသည့် သတ္တုပြား ဟုအဓိပ္ပာယ်ဖွင့်ဆိုထားသည်။

Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

မေထုနပါရာဇိကမြန်မာ့ အစားအစာကိုယ်ဝန်ဆောင်ခြင်းအာဇီဝဋ္ဌမကသီလအမှတ် (၁) စစ်ဆင်ရေး အထူးအဖွဲ့မှူးအမှတ်(၁၂)ကာကွယ်ရေးပစ္စည်းစက်ရုံကချင်ပြည်နယ်ဗင်းဆင့် ဗန်ဂိုးကျွန်မက မဟေသီ (ရုပ်သံဇာတ်လမ်းတွဲ)အာနန္ဒာထေရ်အလင်္ကာမထိုးသွင်းသော လိင်ဆက်ဆံခြင်းအင်္ဂါဂြိုဟ်ပါဠိနည်းပညာတနင်္သာရီတိုင်းဒေသကြီးဂဠုန်ဦးစောဝိသုဒ္ဓိဗောဇ္ဈင်ခုနစ်ပါးကွန်ဒုံးနန်းမွေစံသီရိလင်္ကာနိုင်ငံတိုင်းစစ်ဌာနချုပ်ကျင့်ဝတ်လွတ်လပ်ရေးကျောက်တိုင်ဆိပ်ကြီးခနောင်တိုမြို့နယ်ဂျိန်းဘာသာကျိုက်ထီးရိုးဘုရားဝတ်မှုန်ရွှေရည်မြထွန်းဦးမြန်မာနိုင်ငံရှိ သန်းခေါင်စာရင်းမြန်မာနိုင်ငံ၏ လူဦးရေဗောဇ္ဈင်္ဂသုတ်ကလောမြို့တမာပင်တရုတ်သမ္မတနိုင်ငံနှစ်ကျိပ်ရှစ်ဆူကာကွယ်ရေးဦးစီးချုပ်(ရေ)ဉာဏ်စဉ်ဟိန္ဒူဘာသာဆီးချိုရောဂါလက္ခဏာများရှစ်ပါးသီလကွန်မြူနစ်ဝါဒဂေါ်ရင်ဂျီကျွန်းဝိပဿနာပျူလူမျိုးအပြာရောင်နန်းလုံးကြိုင်ဘဝင်စိတ်အောင်ဆန်းမလေးရှားနိုင်ငံအမျိုးသမီးတက္ကသိုလ်ဘုန်းနိုင်ငါး (တိရစ္ဆာန်)သရက်သီးဂျပန်နိုင်ငံတရုတ်မဟာဘုတ်ဂလိုဘယ်လိုက်ဇေးရှင်းတင်အောင်စန်းတပ်မတော်၏ လက်မောင်းတံဆိပ်အဆောင်အယောင်များကြို့ထိုးခြင်းသာသနာ သက္ကရာဇ်တရုတ်စံကားမာလာရှမ်းကောမြစ်ငယ်မြစ်ဇီဇဝါသောမတ် အက်ဒီဆင်လိင်တူစုံမက်ခြင်းမောင်မောင်အေးခရစ်ယာန်ဘာသာမဟူရာကျောက်ကျောက်ဆည်မြို့သဗ္ဗေ သတ္တာ ကမ္မသကာဟန်လင်းမြို့ဟောင်းမြန်မာသရုပ်ဆောင်များစာရင်းနေပြည်တော်တိုင်းစစ်ဌာနချုပ်ခေါင်းကိုက်ခြင်း🡆 More