တယ်လီဖုန်း: ပြောဆိုဆက်သွယ်ရေးကိရိယာ

တယ်လီဖုန်းသည် ကမ္ဘာပေါ်ရှိ တစ်နေရာမှ တစ်နေရာသို့ ဆက်သွယ် စကားပြောရန် နည်းပညာနည်းအရ ပြုလုပ်ထားသော အရာဖြစ်သည်။ တယ်လီဖုန်းကို စကားပြောကြေးနန်း ၊ စကားပြောခွက် ဟူ၍ မြန်မာမှုပြုကြသော်လည်း အသုံးတွင်ကျယ်ခြင်းမရှိပေ။

တယ်လီဖုန်း: ပြောဆိုဆက်သွယ်ရေးကိရိယာ
အလက်ဇန္ဒား ဂရေဟမ်ဘဲလ်

အခြေခံသဘောတရား

တယ်လီဖုန်း ခေါ် စကားပြောကြေးနန်းတွင် (၁) စကားပြောခွက်၊ (၂) လျှပ်စစ်ဓာတ်နှင့် (၃) နားထောင်ခွက်ဟူ၍ ပစ္စည်းသုံးမျိုး အဓိက ပါဝင်သည်။ စကားပြောခွက်ထဲသို့ စကားပြောလိုက်သောအခါ ပါးစပ်မှ အသံလှိုင်းတို့သည် စကားပြောခွက်တွင် တပ်ဆင် ထားသော ဒိုင်အာဖရမ်ခေါ်ပါးလွှာသည့် သတ္တုချပ်ပြားကို တုန်ခါစေသည်။ ထိုတုန်ခါမှုများက ကြေးနန်းကြိုးတစ်လျှောက်တွင် လျှပ်စစ်ဓာတ်စီးကြောင်းကို အသံနှင့်လိုက်၍ မညီညာသော ပြောင်းလဲမှုများ ဖြစ်ပေါ်စေသည်။ ထိုမှအခြားတစ်ဖက်ရှိ နားထောင်ခွက်တွင်ရှိသော လျှပ်စစ်သံလိုက်၌ အလားတူ မညီညာသည့် အားများကို ဖြစ်ပေါ်စေသည်။ ထိုသံလိုက်က အနီးရှိ သတ္တုချပ်ပြားကို ဆွဲငင်သဖြင့် စကားပြောခွက်တွင်ရှိသော သတ္တုချပ်ပြားအတိုင်း တုန်ခါစေပြန်သည်။ ထိုကဲ့သို့ တုန်ခါမှုကြောင့် စကားပြောသူ၏ စကားသံအတိုင်း နားထောင်ခွက်ထဲမှ ပြန်လည်ကြားရခြင်းဖြစ်ပေသည်။

သမိုင်း

၁၈၇၆-ခုနှစ်တွင် အမေရိကန်နိုင်ငံမှ အလက်ဇန္ဒား ဂရေဟမ် ဘဲလ် ‎ ဆိုသူက တီထွင်ခဲ့သည်။ ထိုနှစ်မတိုင်မီ ၁၈၇၅-ခုနှစ်၊ ဇွန်လ ဒုတိယပတ်အတွင်းမှာ ဝါယာကြိုးတစ်ခုတည်းနှင့် တစ်ချိန်တည်း တယ်လီဂရပ် သတင်းများကို ပေးပို့နေရင်း ပေါ်လာသော စိတ်ကူးနှင့် ဘော့စတွန်မြို့၌ လက်တွေ့ စမ်းသပ်ပြုလုပ်ခဲ့သည်။ သံမဏိချောင်းများ ခွေထားသော စပရင်တစ်စုံကို အသုံးပြုခဲ့သည်။ အသံဖမ်းစက် ဆင်ထားသည့် အခန်းမှာ သူက လုပ်ဆောင်နေသည်။ သူ၏ လက်ထောက် သောမတ်စ်ဝပ်ဆင်က အသံပို့စက်ရှိသော နောက်အခန်းတစ်ခုမှာ လုပ်ဆောင်နေသည်။ သံလိုက်ပေါ်မှ အသံများ တုန်ခါနေစဉ် သံမဏိချောင်းများက ဝိုင်ယာကြိုးကို ဖြတ်စီးနေသော စီးကြောင်းအား ပြောင်းလဲနေပုံကို လေ့လာစူးစမ်းကြပြီး တယ်လီဖုန်းကို စတင် တီထွင်ခဲ့လေသည်။


ကိုးကား

Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

သီဟိုဠ်သရက်ပင်ရန်ကုန်မြို့ရှိ ခရိုင်နှင့် မြို့နယ်များစာရင်းစာပေပညာရေးဝန်ကြီးဌာနနာဇီဂျာမနီပင်းယခေတ်ဝေါမြို့အရှေ့တောင်အာရှမုံရွာမြို့မြကော့ကရိတ်မြို့သိက္ခာချစေတီပုထိုးများလယ်တွင်းသား စောချစ်ကွန်မြူနစ်ဝါဒသိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနဘီယာမြန်မာနိုင်ငံရှိ ပွဲတော်များနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟစ်တလာအလင်းသဒ္ဓါဒေါင်းအာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံနပိုလီယန်စံပယ်ပန်းပအိုဝ်းလူမျိုးဒွေးသွား(လူ)တောင်ငူခေတ်ရေကရင်ရိုးရာပွဲတော်များနှင်းဆီစကားခြေမြန်တပ်မဌာနချုပ်ပေါ်တူဂီနိုင်ငံချင်းလူမျိုးရွှေစည်းခုံ စေတီတော် (ပုဂံ)ကားထားဝယ်မြို့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မန္တလေးမြို့အင်္ဂါဆန်ဖရန်စစ္စကိုမြို့အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ကံ့ကော်ပင်ဗောဓိညောင်ပင်အိန်ဂျယ်လ်ရေတံခွန်အင်္ဂလိပ်-မြန်မာ စစ်ပွဲများနတ်မင်းကြီးလေးပါးမိုနာလီဆာမိုးညှင်းမြို့ကြေးမုံ သတင်းစာမယ်လိုဒီပန်ထွာဘုရင်မပွေး(ရောဂါ)ကြာပုညခင်ကျောက်ဖြူမြို့လိပ်တူရကီနိုင်ငံဘာဂျာမှုတ်ခြင်းကိုယ်ဝန်ဖျက်ချခြင်းအာရက္ခတပ်တော်ဖွေးဖွေးအင်းလေးကန်လူသားချောင်းသာကမ်းခြေခန္ဓာငါးပါးအမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဆိပ်စကောကရင်ဘာသာစကားအာဠာဝကဘီလူးဗန်းစကားကိုလိုနီခေတ်ဂျပန်ကိုလိုနီခေတ်ဓဇဂ္ဂသုတ်ဖြူးမြို့🡆 More