အမေရိကန်ပြည်ထောင်စု ဂျော်ဂျီယာပြည်နယ်

ဂျော်ဂျီးယားပြည်နယ်သည် အမေရိကန်ပြည်ထောင်စု မူရင်း နယ် ၁၃ နယ်တွင် အပါအဝင် ဖြစ်လေသည်။ အင်္ဂလန်နိုင်ငံ ဒုတိယဂျော့ဘုရင်ကို အစွဲပြု၍ ဂျော်ဂျီးယားဟု တွင်သည်။ ခရစ် ၁၇၃၃ ခုနှစ်တွင် တည်ထောင်သည်။ အမေရိကန် ပြည် ထောင်စု၏ အတ္တလန္တိတ်ကမ်းရိုးတန်း တောင်ပိုင်းတွင် တည်ရှိ လေသည်။ ထိုနယ်၏အနောက်ဘက်၌ အယ်လဗားမားပြည်နယ်၊ အရှေ့ဘက်၌ တောင်ကယ်ရိုလီးနားပြည်နယ်နှင့် အတ္တလန္တိတ် သမုဒ္ဒရာ၊ မြောက်ဘက်၌ တင်နက်ဆီပြည်နယ်နှင့် မြောက် ကယ်ရိုလိုင်းနားပြည်နယ်၊ တောင်ဘက်၌ ဖလော်ရီဒါပြည်တို့ ရှိသည်။

ဂျော်ဂျီယာပြည်နယ်
၏ အလံတော်
အလံတော်
၏ တံဆိပ်တုံး
စည်းတံဆိပ်
အမေရိကန်ပြည်ထောင်စု၏ မြေပုံ၊ ဂျော်ဂျီယာ အားအရောင်ခြယ်ပြထား
အမေရိကန်ပြည်ထောင်စု၏ မြေပုံ၊ ဂျော်ဂျီယာ အားအရောင်ခြယ်ပြထား
နိုင်ငံအမေရိကန်ပြည်ထောင်စု
Before statehoodProvince of Georgia
ပြည်ထောင်စုသို့
ဝင်ရောက်ခြင်း
January 2, 1788 (4th)
အကြီးဆုံး မက်ထရိုနှင့် မြို့ပြ ဧရိယာများAtlanta metro area
အစိုးရ
 • ပြည်နယ်အုပ်ချုပ်ရေးမှူးNathan Deal (R)
 • လက်ထောက်
ပြည်နယ်အုပ်ချုပ်ရေးမှူး
Casey Cagle (R)
လူဦးရေ
 • စုစုပေါင်း၉,၈၁၅,၂၁၀ (၂၀၁၁ est)
 • သိပ်သည်းမှု၁၆၅/sq mi (၆၅.၄/km)
 • ပျမ်းမျှ အိမ်ထောင်စု ဝင်ငွေ$၅၀,၈၆၁
 • ဝင်ငွေအဆင့်၂၃rd
ဘာသာစကား
 • ရုံးသုံးဘာသာစကားEnglish
လတ္တီကျူ30.356 – 34.985° N
လောင်ဂျီကျူ80.840 – 85.605° W

ထိုပြည်နယ်၏ အကျယ်အဝန်းမှာ စတုရန်းမိုင်ပေါင်း ၅၈၈၇၆ ရှိ၍ လူဦးရေမှာ ၁၉၅၀ ပြည့်နှစ် သန်းခေါင်စာရင်း အရ ၃၄၄၄၅၇၈ ဖြစ်လေသည်။ ယင်းအနက် ကပ္ပလီလူမျိုး တို့၏ လူဦးရေမှာ ၁၀၀၀၀၀၀ ကျော်လေသည်။

ဂျော်ဂျီးယားနယ်ကို ၁၅၄၀ ပြည့်နှစ်တွင် ဒီဆိုးတိုးအမည်ရှိ ဥရောပတိုက်သားတစ်ဦးက ပထမဦးစွာ ရှာဖွေတွေ့ရှိခဲ့သော် လည်း ထိုနောက် နှစ်ပေါင်း ၂၀၀ ခန့်ကြာသောအခါမှသာ ထိုနယ်တွင် ဥရောပတိုက်သားများ အခြေတကျ နေထိုင်စပြုကြ လေသည်။

ဂျော်ဂျီးယားပြည်နယ်၏ ရာသီဥတုမှာ တစ်နေရာနှင့် တစ်နေရာ မတူချေ။ ဂျောဂျီးယားတောင်ပိုင်း၏ ရာသီဥတုသည် ဖလော်ရီဒါမြောက်ပိုင်း၏ ရာသီဥတုနှင့် တူ၏။ သို့ရာတွင် ပူလွန်း၊ အေးလွန်းသော ရာသီဥတုမျိုးကား မည်သည့်အပိုင်း တွင်မျှ မရှိသဖြင့် ယေဘုယျအားဖြင့် ဂျော်ဂျီးယားပြည်နယ် သည် သမမျှတသော ရာသီဥတုရှိသည်ဟု ဆိုနိုင်ပေသည်။ မြောက်ပိုင်းတွင် မိုးအများဆုံးရွာသွန်း၍ အရှေ့ပိုင်းတွင် မိုး အနည်းဆုံး ဖြစ်လေသည်။ ပျမ်းမျှ မိုးရေချိန်မှာ လက်မ ၅၀ ခန့် ဖြစ်လေသည်။

ဂျော်ဂျီးယားနယ်တွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြ၍ ဝါဂွမ်းကို အများဆုံး စိုက်ပျိုးကြ၏။ အခြား စိုက်ပျိုးသော အသီးအနှံတို့မှာ ဂျုံ၊ ပြောင်း၊ ကန်စွန်းဥ၊ ဆေးပင် စသည်တို့ ဖြစ်လေသည်။ သစ်တောများမှာလည်း စတုရန်းမိုင်ပေါင်း ၄၀၀၀၀ ခန့်ရှိလေသည်။ စက်မှုလက်မှု လုပ်ငန်းများလည်းရှိရာ ယခုအခါ ရေအားသုံး လျှပ်စစ်အား ကြောင့် တစ်နေ့တခြား ကြီးပွားတိုးတက်လျက်ရှိပေသည်။ ဂျော်ဂျီးယားပြည်နယ်သည် အမေရိကန်ပြည်ထောင်စုထဲတွင် မြေစေးဖြူ အများဆုံးထွက်သော ဓာတ်သတ္တုများမှာ နှမ်းဖတ် ကျောက်၊ စကျင်ကျောက်၊ မန်ဂနီ၊ ကန့်ကူ၊ ရွှေ၊ ငွေနှင့် လချေးတို့ ဖြစ်သည်။

ဂျော်ဂျီးယားပြည်နယ်၏ မြို့တော်မှာ အတ္တလန္တာမြို့ဖြစ်၍ လူဦးရေ ၃၃၁၃၁၄ ရှိလေသည်။ ဗရန်ဇွစ်နှင့် ဆာဗန္နာမြို့များ မှာ အရှေ့ဘက်ကမ်းခြေတွင်ရှိ၍ သင်္ဘောဆိပ်မြို့များ ဖြစ်လေ သည်။

ကိုးကား

Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

ဖော်ကာအသံဟားခါးမြို့မုန့်ဟင်းခါးဆိုင်းဝိုင်းစိတ်လောက (ဗုဒ္ဓဘာသာ)စကားပုံအရှေ့တောင်တိုင်းစစ်ဌာနချုပ်လူသားဝိဇ္ဇာဘွဲ့၂၄ ပစ္စည်းရုရှားနိုင်ငံသံလွင်မြစ်အဲလ်ဘတ်ကမူး ၏ မှားတဲ့ဘက်နဲ့ မှန်တဲ့ဘက်အာရှမုံရွာမြို့လိင်တံဥပေက္ခာအောင်လအန်ဆန်းလူမှုအရင်းအနှီးကျေးရွာအုပ်စုမဇ္ဈိမ သတင်းဌာနစိုးမောင်နရပတိစည်သူ(ပုဂံ)ထန်းရည်ခရစ်ယာန်ဘာသာဗဟိုစာမျက်နှာဗြဟ္မဝိဟာရ ၄ပါးလင်းယုန်ခန္ဓာဗေဒဂုဏ်တော်ကွန်ချာအဘိဓမ္မာပိဋကတ်ဥသျှစ်ပင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမိုင်တဲလ် မြန်မာပြစ်မှုဆိုင်ရာဥပဒေမှော်ပညာသစ္စာလေးပါးမြင့်လှိုင်အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံအင်စတာဂရမ်တိုကျိုမြို့ကလောမြို့မွန်ဂိုမြန်မာနိုင်ငံမှ ရင်ချင်းဆက်အမွှာဇော်ဝမ်းမဂ္ဂသစ္စာစံပယ်ပန်းဂျာနယ်ကျော် မမလေးမောင်မောင်အေးအမ်-၁၆ ရိုင်ဖယ်ဘီယာကဘန်နီဖြိုးဆီးချိုရောဂါမြန်မာ့ပြည်တွင်းပဋိပက္ခများအစ္စလာမ်ဘာသာမဂ္ဂင် ၈ ပါးဗီဒီယိုတောင်ငူခေတ် အုပ်ချုပ်သူများ စာရင်းအရိုးပါရမီသွေးတပ်မတော်အုပ်ချုပ်မှုကျောင်း (ပြင်ဦးလွင်)ခြင်းလုံးဘိုးမင်းခေါင်မြန်မာနိုင်ငံ၏ ရပ်ကွက်များပုညကြိယာဝတ္ထုနိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဘုရင့်နောင်ဓာတ် ၁၈-ပါးမြန်မာလများငှက်ဖျားရောဂါကားလိုး ကော်လိုဒီအလင်္ကာ🡆 More