ဂျေရုဆလင်မြို့

ဂျေရုဆလင်မြို့ (အင်္ဂလိပ်: Jerusalem; /dʒəˈruːsələm/; ဟီဘရူး: יְרוּשָׁלַיִם‎ Yerushaláyim; အာရပ်: القُدس‎, al-Quds, အာရပ် အသံထွက်:  ( နားဆင်), ဒေသန္တရ အသံထွက်: ) သည် အနောက်အာရှရှိ ရှေးဟောင်းမြို့တစ်မြို့ ဖြစ်ပြီး မြေထဲပင်လယ်နှင့် ပင်လယ်သေတို့အကြားရှိ ရဟူးဒါတောင်တန်း ကုန်းပြင်မြင့်တွင် တည်ရှိသည်။ ဂျေရုဆလင်မြို့သည် ကမ္ဘာ့ရှေးအကျဆုံး မြို့တစ်မြို့ ဖြစ်ပြီး ဂျူးဘာသာ၊ ခရစ်ယာန်ဘာသာနှင့် အစ္စလာမ်ဘာသာတို့၏ မြင့်မြတ်သော မြို့အဖြစ် ယူဆကြသည်။ ဂျေရုဆလင်အား မြို့တော်အဖြစ် အစ္စရေးနှင့် ပါလက်စတိုင်း နှစ်နိုင်ငံလုံးက အသီးသီး သတ်မှတ်ထားကြသည်။

ဂျေရုဆလင်မြို့
Jerusalem

မြို့
ဂျေရုဆလင်မြို့
ဂျေရုဆလင်မြို့၏ အလံတော်
အလံတော်
Emblem of Jerusalem
တံဆိပ်အမှတ်အသား
နာမည်ပြောင်(များ): Ir ha-Kodesh (The Holy City),
Bayt al-Maqdis (House of the Holiness)
ဂျေရုဆလင်မြို့၏ တည်နေရာ
ဂျေရုဆလင်မြို့၏ တည်နေရာ
ဂျေရုဆလင်မြို့
Jerusalem
ဂျေရုဆလင်မြို့၏ တည်နေရာ
ဂျေရုဆလင်မြို့၏ တည်နေရာ
ဂျေရုဆလင်မြို့
Jerusalem
ဂျေရုဆလင်မြို့၏ တည်နေရာ
ဂျေရုဆလင်မြို့၏ တည်နေရာ
ဂျေရုဆလင်မြို့
Jerusalem
ကိုဩဒိနိတ်: 31°47′N 35°13′E / 31.783°N 35.217°E / 31.783; 35.217 35°13′E / 31.783°N 35.217°E / 31.783; 35.217
အုပ်ချုပ်သူအစ္စရေးနိုင်ငံ
ပိုင်ဆိုင်ကြောင်း ဆိုသူအစ္စရေးနိုင်ငံ နှင့် ပါလက်စတိုင်း
ခရိုင်ဂျေရုဆလင်ခရိုင်
Palestinian governorateဂျေရုဆလင်
Gihon Spring settlementဘီစီ ၃၀၀၀–၂၈၀၀
City of Davidဘီစီ ၁၀၀၀ ခန့်
လက်ရှိ မြို့ရိုးဟောင်း တည်ဆောက်၁၅၄၁
ဂျေရုဆလင် အရှေ့-အနောက် ကွဲခြင်း၁၉၄၈
ပြန်လည်ပေါင်းစည်း၁၉၆၇
အစိုးရ
 • အမျိုးအစားMayor–council
 • အစိုးရအဖွဲ့Jerusalem Municipality
 • အစ္စရေးမြို့တော်ဝန်Moshe Lion (Likud)
 • ပါလက်စတိုင်းမြို့တော်ဝန် (အရှေ့)Zaki al-Ghul (titular)
ဧရိယာ
 • မြို့၁၂၅၁၅၆ dunams (၁၂၅.၁၅၆ စတုရန်းကီလိုမီတာ or ၄၈.၃၂၃ စတုရန်းမိုင်)
 • မြို့ပြကြီး၆၅၂၀၀၀ dunams (၆၅၂ စတုရန်းကီလိုမီတာ or ၂၅၂ စတုရန်းမိုင်)
ပင်လယ်ရေ မျက်နှာပြင်အမြင့်၇၅၄ မီတာ (၂၄၇၄ ပေ)
လူဦးရေ (2019)
 • မြို့၉၃၆,၄၂၅
 • သိပ်သည်းမှု၇၅၀၀/km (၁၉၀၀၀/sq mi)
 • မြို့ပြကြီး၁,၂၅၃,၉၀၀
Demographics (၂၀၁၆)
 • Jewish၆၀.၈%
 • Arab၃၇.၇%
 • အခြား၁.၅%
အချိန်ဇုန်IST, PST (UTC+02:00)
 • နွေရာသီ (DST)IDT, PDT (UTC+03:00)
စာပို့သင်္ကေတ9XXXXXX
တယ်လီဖုန်းကုဒ်+972-2
HDI (၂၀၁၇)၀.၇၀၄ – မြင့်
ဝက်ဘ်ဆိုဒ်jerusalem.muni.il
မမှန်ကန်သော ရွေးချယ်ထားမှု
တရားဝင်အမည်ဂျေရုဆလင်မြို့တော်ဟောင်းနှင့် မြို့ရိုးများ
အမျိုးအစားယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်းii, iii, vi
ရွေးချယ်ခြင်း၁၉၈၁
ရည်ညွှန်းနံပါတ်148
ဒေသဂျေရုဆလင်ခရိုင်
ပျောက်ပျက်ရန် စိုးရိမ်ရမှု၁၉၈၂–လက်ရှိ

လက်ရှိ ဂျေရုဆလင်မြို့ရှိ လူဦးရေမှာ ၇၆၃,၈၀၀ ဖြစ်ပြီး အရှေ့ဂျေရုဆလင် ပါဝင်လျှင် မြို့ဧရိယာမှာ ၁၂၅.၁ km2 ကျယ်ဝန်းသည်။ ဂျေရုဆလင်သည် မြေထဲပင်လယ်နှင့် ပင်လယ်သေအကြား တောင်တန်းပေါ်တွင် တည်ရှိသည်။ ခေတ်သစ် ဂျေရုဆလင်မြို့သည် ယခုအခါတွင် ဂျေရုဆလင်မြို့ဟောင်းထက် များစွာ ဖွံ့ဖြိုးလာပြီဖြစ်သည်။ ဂျက်ဖားသင်္ဘောဆိပ်မြို့၏ အနောက်တောင်ဘက် ၃၅ မိုင်ကွာ ၌ရှိသော တောင်ကုန်းမြင့်တစ်ခုပေါ်တွင် တည်ရှိ၏။

'ဂျေရုစလင်'၏ အဓိပ္ပာယ်မှာ ငြိမ်းချမ်းရေးမြို့တော်ဖြစ်၏။ သို့သော်လည်း ဤမြို့၌ မကြာခဏ စစ်ပွဲများ ဖြစ်ပွားသောကြောင့် မကြာခဏ ပြန်လည် ပြင်ဆင်တည်ဆောက်ခဲ့ရသဖြင့် ထိုမြို့သည် ကမ္ဘာပေါ်ရှိမြို့အပေါင်းတို့တွင် ငြိမ်းချမ်းမှု အနည်းဆုံးမြို့ ဖြစ်ပေသည်။ ယခုမြို့၏ မြေအောက်ပေ ၃၀ ခန့်တွင် ရှေးခေတ်က ရောမလူမျိုးတို့ ဖောက်လုပ်ထားခဲ့သည့် လမ်းမကြီးကို တွေ့နိုင်လေသည်။ အမှန်စင်စစ် ဂျေရုဆလင်မြို့သည် မြို့ ၃ မျက်နှာကို နက်ရှိုင်းသောချောက်ကြီး ၃ ခု ဝန်းရံနေ သောကြောင့် သဘာဝခံတပ်မြို့တစ်မြို့ ဖြစ်၏။

အရှေ့နှင့် အရှေ့မြောက်ဘက်တွင် ကစ်ဒရွန်ချောက်ကြီးသည် မြို့တော်ကို သံလွင်ပင်ကြီးများပေါက်ရောက်ရာ သံလွင်တောင်မှ ခြားထား၏။ အနောက်ဘက်တွင် တောင်ဘက်သို့ တန်းသွားသော ဟင်နွန်(ဝါ) ဂီဟင်းနာချိုင့်ဝှမ်းကြီး ရှိသည်။ ယင်းမှာ ရှေးက ဖီနီရှန်လူမျိုးတို့ လူကိုသတ်ဖြတ် ယဇ်ပူဇော်ရာနေရာ ဖြစ်သည်။

ဂျေရုစလင်မြို့ရိုးမှာ ကြိမ်ဖန်များစွာ ဖျက်ဆီးခြင်း ခံခဲ့ရသည့်ပြင် အဖန်ဖန် ပြန်လည်ပြင်ဆင် တည်ဆောက်ခဲ့ရသော မြို့ရိုးဖြစ်၍ ယခု မြို့တံခါး ၈ ပေါက်မှာ ၁၆ ရာစုနှစ်က စူလတန်ဘုရင် ဆူလေမန် တည်ဆောက်ထားခဲ့သော တံခါးများ ဖြစ်၏။ မြို့၏ တောင်ဘက်တွင် ဂျူးတို့ အထွတ်အမြတ်ထားရာ ဘုရားဝတ်ပြု တန်ဆောင်းကြီးတစ်ခု၏ နံရံဟောင်းတစ်ခု ရှိသည်။ ယင်းတန်ဆောင်းမှာ ရဟူဒီဘုရင်ကြီး ဆော်လမွန် တည်ဆောက်ခဲ့သော အဆောက်အအုံကြီးတစ်ခုဟု ယုံကြည်ကြလေသည်။ သောကြာနေ့တိုင်း ရဟူဒီဘုရားဖူးတို့သည် ဤနံရံဟောင်းကြီးကို နဖူးနှင့်ကပ်လျက် ငိုကြွေး မြည်တမ်းကာ ရှေးခေတ်ဟောင်းက ရဟူဒီတို့ ခမ်းနားကြီး ကျယ်ခဲ့ပုံကို အောက်မေ့တမ်းတလေ့ရှိသဖြင့် ငိုကြွေးရာတံတိုင်းဟု အမည်တွင် လျက်ရှိသည်။ ယင်းသည့် ရဟူဒီ တန်ဆောင်းကြီးနေရာတွင် မူစလင်တို့၏ အိုမာဗလီဝတ် ကျောင်းကြီးကို ကျောက်သားဖြင့် လှပစွာ ဆောက်လုပ်ထားလေသည်။ ဂျေရုဆလင်မြို့တွင် ခရစ်ယာန်ဘုရားဖူးတို့ အထူး သွားရောက် ဖူးမြော်တတ်သောနေရာကား ဟိုးလီးဆီးပါးလခါး ဘုရားရှိခိုးကျောင်းဖြစ်၏။ ထိုကျောင်းတော်ရာမှာ ခရစ်တော်၏သင်္ချိုင်းရာ ဖြစ်သည်ဟု ယုံကြည်ကြ၏။ အမှန်စင်စစ် ခရစ်တော်အား ကားစင်တင်သတ်သော လက်ဝါးကပ် တိုင်တည်ရာ ခရစ်တော်အား မြှုပ်နှံရာနေရာတို့ကို မည်သူမျှ အတိအကျ မပြနိုင်ကြချေ။ သို့ရာတွင် မြင့်မြတ်သောနေရာကို ရည်မှန်း၍သာလျှင် ဖူးမြော်နေကြလေသည်။

မြို့တော်ဟောင်း၏လမ်းများမှာ ကျဉ်းမြောင်းကောက်ကွေ့၏။ မြို့ရိုးပြင်ဘက် ဆင်ခြေဖုံးများတွင် ကျယ်ပြန့်၍ ဘေးတဖက်တချက်တွင် သစ်ပင်စိုက်ထားသော လမ်းမကြီးများ၊ ဥယျာဉ်များနှင့် အဆောက်အအုံများ ရှိ၏။ မြို့တော်၏အကြီးဆုံး ရပ်ကွက်သစ်မှာ ဂျက်ဖားတံခါးမကြီး၏ အနောက်ဘက်တွင် ရှိလေသည်။

ဘီစီ ၁၄၀၀ ပြည့်နှစ်ခန့်တွင် ဤမြို့တော်ကို အီဂျစ် လက်အောက်ခံ ဘုရင်တစ်ပါးက အုပ်ချုပ်ခဲ့၏။ ထို့နောက် ဘီစီ ၁၀၀၀ ခန့်လောက်တွင် ဒေးဗစ်ဘုရင် သည် ဂျေရုဆလင်ကို ယဟူဒီနိုင်ငံသစ်၏မြို့တော် ပြုလုပ်ခဲ့လေသည်။ ဘီစီ ၅၈၆ ခုနှစ်တွင် ဗက်ဗီလုံးဘုရင် နက်ဗူခတ်နက်ဇာသည် ဂျေရုဆလင်မြို့ကို သိမ်းပိုက်၍ မြို့သူမြို့သား အမြောက်အမြားကို ဖမ်းဆီး ခေါ်ဆောင်သွားလေသည်။ ပါရှားဘုရင် ဆိုင်းရပ်လက်ထက်တွင် မြို့သစ်ပြန်တည်၍ ဘီစီ ၄၄၅ ခုနှစ်လောက်တွင် မြို့ရိုး များကို အသစ်ပြန်လည်၍ ဆောက်လုပ်ခဲ့လေသည်။ ထိုမှတစ်ဖန် ဂျေရုဆလင်မြို့သည် ဂရိဘုရင် အယ်လက်ဇန္နား-သည်-ဂရိတ်၏ လက်အောက်သို့ ကျရောက်ခဲ့ပြန်သည်။ နောင်အခါတွင် ဆီးရီးယန်းနှင့် အီဂျစ်ဘုရင်တို့ သူတပြန်ငါတပြန် တိုက်ခိုက်သိမ်းပိုက်ခြင်း ခံခဲ့ရပြန်၏။ ဘီစီ ၆၃ ခုနှစ်တွင် ရောမစစ်ဗိုလ်ကြီး ပွန်ပီက သိမ်းပိုက်ခဲ့၏။ ရောမတို့ လက်အောက်တွင် ယဟူဒီလူမျိုးများက ထကြွပုန်ကန်သဖြင့် မြို့ကို ၂ ကြိမ်မျှ ဖျက်ဆီးပစ်လိုက်ခြင်း ခံရ၏။ အေဒီ ၆၃၇ ခုနှစ်တွင် မူစလင်တို့က သိမ်းပိုက်လိုက်၏။ ဂျေရုစလင်မြို့သည် တူရကီနှင့် အီဂျစ်လူမျိုးတို့လက်ထဲမှ ၁၀၉၉ ခုနှစ်တွင် ကရူးဆိတ် စစ်ဆင်သူ ဥရောပဘုရင်များ၏လက်သို့ ကျရောက်ခဲ့ရ၏။ ၁၁၈၇ ခုနှစ်တွင် အာရပ်မူစလင်ခေါင်းဆောင် ဆဲလဒင်းက ပြန်လည် သိမ်းပိုက်ခဲ့၍ ၁၅၁၇ ခုနှစ်တွင် တူရကီတို့ လက်ထဲသို့ ရောက်သွား၏။ ၁၁၈၇ နှစ်မှ ၁၁၉၇ ခု ဗြိတိသျှ စစ်တပ်များက သိမ်းပိုက်သည်အထိ မူစလင်တို့ လက်ထဲ၌ ရှိခဲ့ပေသည်။

ဂျေရုစလင်မြို့နှင့် ခရိုင်မှာ ယခုအခါ အစ္စရေးနိုင်ငံ အစိုးရနှင့် ဂျော်ဒန်နိုင်ငံ အစိုးရတို့ ခွဲဝေအုပ်ချုပ်လျက်ရှိ၏။ မြို့ဟောင်းကို ဂျော်ဒန်ကပိုင်၍ မြို့သစ်ကို အစ္စရေးကပိုင်သည်။ မြို့ဟောင်းတွင် အထွတ်အမြတ်နေရာ ၃၄ ခု ရှိသည်။ မြို့သစ်၌မူ အထွတ်အမြတ်ထားရာနေရာ ၂ ခုသာ ရှိသည်။ ဂျေရုဆလင်မြို့သည် ၁၉၅၀ ပြည့်နှစ် ဇန်နဝါရီလ ၂၃ ရက်နေ့ မှစ၍ အဇ္ဇရီယယ်နိုင်ငံ၏ မြို့တော်ဖြစ်ခဲ့လေသည်။ လူဦးရေမှာ ၁၉၅၃ ခုနှစ်တွင် ကောက်ယူခဲ့သော သန်းခေါင်စာရင်းအရ ၁၄၃,၅၀၀ ဖြစ်လေသည်။

ပြတိုက်

ကြည့်ရန်

ဂျေရုဆလင်မြို့ 

မှတ်စုများ

ကိုးကား

ပြင်ပလင့်ခ်များ

အစိုးရဌာန

ယဉ်ကျေးမှု

ပညာရေး

မြေပုံ

Tags:

ဂျေရုဆလင်မြို့ ပြတိုက်ဂျေရုဆလင်မြို့ ကြည့်ရန်ဂျေရုဆလင်မြို့ မှတ်စုများဂျေရုဆလင်မြို့ ကိုးကားဂျေရုဆလင်မြို့ ပြင်ပလင့်ခ်များဂျေရုဆလင်မြို့ArAlquds.oggHe-Jerusalem.oggခရစ်ယာန်ဘာသာဂျူးဘာသာဖိုင်:ArAlquds.oggဝီကီပီးဒီးယား:IPA for Englishဟီဘရူးဘာသာစကားအကူအညီ:IPAအင်္ဂလိပ်ဘာသာစကားအစ္စလာမ်ဘာသာအာရပ်ဘာသာစကားဤအသံ အကြောင်း

🔥 Trending searches on Wiki မြန်မာဘာသာ:

အပြင် ၃၇ မင်းဗီယက်နမ်နိုင်ငံပုပ္ပါးတောင်မြန်မာနိုင်ငံရေးသမိုင်းဟင်္သာတထွန်းရင်အချိန်၊ မြန်မာ့ရိုးရာပယင်းမန်ကျည်းမဂ္ဂင် ၈ ပါးမြေပုံထိုင်းနိုင်ငံ၏ ပြည်နယ်များရေမွန်ဝိပတ္တိတရားလေးပါးဆိုင်းဝိုင်းအီမီ ဖူကာဒါနေလီဆာထေရဝါဒရှင်စောပုအပျိုမြှေးမဇ္ဈိမပဋိပဒါလင်းသိုက်ညွန့် (မြန်မာ့မြေ)မြင်းမိုရ်စကားပုံကယားလူမျိုးကုလသမဂ္ဂမြွေပါကျောက်ကပ်ငါးပိကြက်ဟင်းခါးပင်ဆတ်မျိုးကြီးအိုစမာ ဘင်လာဒင်ခေါင်းကိုက်ခြင်းဗီဒီယိုရန်ကုန်မြို့ဝိပဿနာသာရိပုတ္တရာထေရ်ဗမာပြည် ကွန်မြူနစ်ပါတီကီလိုဂရမ်သီလတပ်မတော် (ရေ)လိင်တူစုံမက်ခြင်းမိတ်ဆွေစစ် လေးမျိုးလက်ဖက်သုပ်ကိလေသာအိုမန်နိုင်ငံကမ္ဘာ့အထိမ်းအမှတ်နေ့နေ့နံစစ်ကိုင်းမြို့အရိယာစိုးဝင်း၊ ဗိုလ်ချုပ်ကြီးစိတ်ပညာဘာဂျာမှုတ်ခြင်းမဟာဂီရိနတ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌလမ်းမတော်ဖိုးတုတ်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးသန်းရွှေ (ဗိုလ်ချုပ်မှူးကြီး)အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ထိုင်းနိုင်ငံမြန်မာ့သမိုင်းထန်းပင်အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်အောင်ဆန်းစုကြည်၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းစာပေတပ်မတော်နည်းပညာတက္ကသိုလ်ထားရတနသုတ်ကုသိုလ်တော် ဘုရား(မန္တလေး)ကမ္ဘောဒီးယားနိုင်ငံ🡆 More