ဂိုင်ယာနာနိုင်ငံ

58°45′W / 5°N 58.75°W / 5; -58.75

ဂိုင်ယာနာ နိုင်ငံသည်တောင်အမေရိကတိုက်၏ အရှေ့မြောက်ဘက် ကမ်းခြေတွင် တည်ရှိသည်။ အရှေ့မြောက်ဘက် နယ်နိမိတ်သည် အတ္တလန္တိတ် သမုဒ္ဒရာ ဖြစ်သည်။ အနောက်ဘက်တွင် ဗင်နီဇွဲလား နိုင်ငံ၊ တောင်ဘက်တွင် ဘရာဇီးနိုင်ငံနှင့် အရှေ့ဘက်၌ ဆူရာနမ် နိုင်ငံတို့ ရှိသည်။ ယခင်က ဗြိတိသျှ ဂီယာနာဟု ခေါ်သည်။ ဂိုင်ယာနာ သမ္မတနိုင်ငံ၏ အကျယ်အဝန်းသည် စတုရန်း မိုင် ၈၃,ဝဝဝ ရှိ၍ လူဦးရေမှာ ၁၉၇၆ ခုနှစ် သန်းခေါင် စာရင်းအရ ၇၈ဝ,ဝဝဝ ခန့်ဖြစ်သည်။ မြို့တော်မှာ ဂျော့တောင်းမြို့ ဖြစ်သည်။

ဂိုင်ယာနာသမ္မတနိုင်ငံ
Cooperative Republic of Guyana
ဂိုင်ယာနာနိုင်ငံ၏ အလံတော်
အလံတော်
ဂိုင်ယာနာနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
အမှတ်တံဆိပ်
ဆောင်ပုဒ်: "One People, One Nation, One Destiny"
နိုင်ငံတော် သီချင်း: "Dear Land of Guyana, of Rivers and Plains"
 ဂိုင်ယာနာနိုင်ငံ၏ တည်နေရာ  (အစိမ်း) တောင်အမေရိကတိုက် အတွင်း  (မီးခိုး)
 ဂိုင်ယာနာနိုင်ငံ၏ တည်နေရာ  (အစိမ်း)

တောင်အမေရိကတိုက် အတွင်း  (မီးခိုး)

မြို့တော်
နှင့် အကြီးဆုံးမြို့
ဂျော့ရှ်တောင်းမြို့
6°46′N 58°10′W / 6.767°N 58.167°W / 6.767; -58.167
ရုံးသုံး ဘာသာစကားများအင်္ဂလိပ်
အသိအမှတ်ပြု ဒေသန္တရ ဘာသာစကားများ
ဒေသတိုင်းရင်းသားဘာသာစကားGuyanese Creole
အခြားဘာသာစကားများ
လူမျိုးစု (၂၀၁၂)
ကိုးကွယ်မှု
DemonymGuyanese
အစိုးရပြည်ထောင်စု အမှုဆောင်သမ္မတနှင့် ပါလီမန်သမ္မတနိုင်ငံစနစ်
• သမ္မတ
အီဖန်း အလီ
• ဝန်ကြီးချုပ်/ဒုသမ္မတ (၁)
မက် ဖီးလစ်
• အမျိုးသားလွှတ်တော်ဥက္ဥဋ္ဌ
မန်ဇောရ် နာဒီယာ
• တရားသူကြီးချုပ်
ရော့ဆန် ဂျော့-ဝဲလ်ရှိုင်းယား (ယာယီ)
• အတိုက်အခံခေါင်းဆောင်
ဂျိုးဆက် ဟာမွန်
ဥပဒေပြုလွှတ်တော်အမျိုးသားလွှတ်တော်
တည်ထောင်ခြင်း
• ဒတ်ချ် ဂိုင်ယာနာ
၁၆၆၇–၁၈၁၄
• ဗြိတိသျှ ဂိုင်ယာနာ
၁၈၁၄–၁၉၆၆
• ယူနိုက်တက် ကင်းဒမ်းမှ လွတ်လပ်ရေးရရှိပြီး ဂိုင်ယာနာနိုင်ငံဖြစ်လာခြင်း
၁၉၆၆ ခုနှစ် မေ ၂၆
• သမ္မတနိုင်ငံ
၁၉၇၀ ဖေဖော်ဝါရီ ၂၃ ရက်
• လက်ရှိဖွဲ့စည်းပုံ
၁၉၈၀ အောက်တိုဘာ ၆ ရက်
ဧရိယာ
• စုစုပေါင်း
၂၁၄,၉၇၀ km2 (၈၃,၀၀၀ sq mi) (အဆင့်: ၈၃)
• ရေထု (%)
၈.၄
လူဦးရေ
• ၂၀၁၉ ခန့်မှန်း
၇၄၃,၇၀၀ (အဆင့် - ၁၆၄)
• ၂၀၁၂ သန်းခေါင်စာရင်း
၇၄၇,၈၈၄
• သိပ်သည်းမှု
၃.၅၀၂/km2 (၉.၁/sq mi) (အဆင့် - ၂၃၂)
GDP (PPP)၂၀၂၁ ခန့်မှန်း
• စုစုပေါင်း
Increase $၁၈.၃၅၇ ဘီလီယံ (အဆင့် - ၁၅၂)
• Per capita
Increase $၂၃,258၂၅၈ (အဆင့် - ၆၄)
GDP (nominal)၂၀၂၁ ခန့်မှန်း
• စုစုပေါင်း
Increase $၇.၂၅၅ ဘီလီယံ (အဆင့် - ၁၅၃)
• Per capita
Increase $၉,၁၉၂ (အဆင့် - ၇၄)
Gini (၂၀၀၇)ဂိုင်ယာနာနိုင်ငံ ၄၄.၆
အလယ်
HDI (၂၀၁၉)Increase ၀.၆၈၂
အလယ် · ၁၂၂
ငွေကြေးဂိုင်ယာနာ ဒေါ်လာ (GYD)
အချိန်ဇုန်AST (UTC-4)
ရက်စွဲပုံစံdd-mm-yyyy
ယာဉ်ကြောစနစ်ဘယ်
တယ်လီဖုန်းကုဒ်+၅၉၂
Internet TLD.gy

ရာသီဥတု မျှတသော နိုင်ငံဖြစ်၍ စိုက်ပျိုးရေး ဖြစ်ထွန်း သည်။ နိုင်ငံ၏ ဝင်ငွေကောင်းကောင်း ရရှိစေသော စပါးနှင့် ကြံကို အဓိကထား၍ စိုက်ပျိုးသည်။ သစ်တောထူထပ်သော နိုင်ငံလည်း ဖြစ်သည်။ ဗောက်ဆိုက် သတ္တုတူးဖော်ရေးသည် အဓိက စက်မှုလုပ်ငန်း ဖြစ်သည်။ ရွှေနှင့် စိန်တို့လည်း တူးဖော်ထုတ်လုပ်သည်။ သတ္တုသိုက်များ ကြွယ်ဝသော နိုင်ငံဖြစ်၍ မတူးဖော် မထုတ်လုပ်ရသေးသော သတ္တုသိုက် အများအပြား ရှိသည်။

လှပသော ရေတံခွန်များကြောင့် ဂိုင်ယာနာနိုင်ငံသည် ကျော်ကြားလေသည်။ ၁၄၉၉ ခုနှစ်ခန့်က စပိန်သင်္ဘောသားများ ဤဒေသသို့ စတင် ရောက်ရှိခဲ့ကြသည်။ ၁၈ ရာစုနှစ်တွင် ယခုဂိုင်ယာနာ နိုင်ငံသည် ဒတ်ခ်ျကိုလိုနီနယ်ပယ် ဖြစ်ခဲ့သည်။

တစ်ဖန် ၁၈၁၄ ခုနှစ်တွင် ဗြိတိသျှတို့က ဒတ်ခ်ျတို့ထံမှ လွဲပြောင်း လက်ခံယူပြီး ၁၈၃၁ ခုနှစ်တွင် ဗြိတိသျှ ဂီယာနာ ကိုလိုနီအဖြစ် ထူထောင်ခဲ့သည်။

၁၉၆၁ ခုနှစ်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြီး ၁၉၆၆ ခုနှစ် မေလ ၂၆ ရက်နေ့တွင် လွတ်လပ်ရေး ရရှိခဲ့သည်။ ဗြိတိသျှ တို့သည် ကပ္ပလီလူမျိုးများအပြင် အိန္ဒိယလူမျိုးများကိုလည်း ခေါ်ယူ၍ စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်စေခဲ့သည်။ ယခုအခါ ကပ္ပလီလူမျိုးများထက် အိန္ဒိယအမျိုးသား အဆက် အနွယ်များက လူများစု ဖြစ်နေသည်။

ဗင်နီဇွဲလားနိုင်ငံက ဂိုင်ယာနာနိုင်ငံ၏ အနောက်ဘက် ပိုင်းကို ပိုင်ဆိုင်ပါသည်ဟု အငြင်းပွားနေဆဲ ဖြစ်သည်။ ဆူရာနမ်နိုင်ငံနှင့်လည်း နယ်ခြားပြဿနာများ အငြင်းပွားဆဲ ဖြစ်သည်။


၁၉၇ဝ ပြည့်နှစ်တွင် သမ္မတနိုင်ငံအဖြစ် ထူထောင်ခဲ့ လေသည်။ ဓနသဟာယအဖွဲ့နှင့် ကုလသမဂ္ဂ၌လည်း အဖွဲ့ဝင် အဖြစ် ပါဝင်သော နိုင်ငံဖြစ်သည်။ သမ္မတမှာ မစ္စတာ အာသာချွန်း ဖြစ်သည်။

၁ဝ၇၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ အစပြု၍ ဂိုင်ယာနာ သမ္မတနိုင်ငံ အတွင်းရှိ အမေရိကန်ပိုင် မိုင်းတွင်းများကို ပြည်သူပိုင် သိမ်းပိုက်ခဲ့သည်။

ကိုးကား

Tags:

ပထဝီဝင် ကိုဩဒိနိတ် စနစ်

🔥 Trending searches on Wiki မြန်မာဘာသာ:

ဝါထပ်ခြင်းမဟာပင်းယခေတ်ရုရှားနိုင်ငံမင်္ဂလာပါနန်းလုံးကြိုင်လာအိုဘုရင့်နိုင်ငံတီဘီရောဂါမြန်မာနာမည်တာချီလိတ်မြို့နယ်ဆယ်ပါးသီလမြိတ်မြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ထေရဝါဒမိုးပုဗ္ဗဏှသုတ်မြန်မာပြည် စာတိုက် သင်္ကေတများနေ့နံရှင်သီဝလိဂါထာအားတော်ဆယ်ပါးဒေဝဒတ်ပဋ္ဌာန်းဗဟိုစာမျက်နှာသမ္မာဝါစာဈာန်သင်္ကြန်မိုးဖျားနာခြင်းဩကာသ ဘုရားရှိခိုးမဟာစည်ဆရာတော်သဗ္ဗညုဘုရား(ပုဂံ)ဝန်ကြီးဌာန နှင့် အကြီးအကဲများ စာရင်းတောင်တွင်းကြီးမြို့မယ်စကြဝဠာ မန္တလေးလများ (အချိန်အတိုင်းအတာ)စစ်ပွဲလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ညှင်းဘဒ္ဒကမ္ဘာမြဝတီမြို့တပ်မတော်၏ လက်မောင်းတံဆိပ်အဆောင်အယောင်များပုစဉ်းရင်ကွဲအငဲသင်္ကန်းအစ္စရေးနိုင်ငံတယ်လီဖုန်း ကုတ်နံပါတ်၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းနိုင်ငံတော် သံဃမဟာနာယကအဖွဲ့မြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များမုန့်ဟင်းခါး၃၁-ဘုံသီပေါမင်းရတနသုတ်ပါဏာတိပါတခင်ဝင့်ဝါနေသမုဒယသစ္စာကမ္မဝါစာမဇ္ဈိမ သတင်းဌာနစန္ဒာဒေဝီ မိဖုရားခေါင်ကြီးကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ငြိမ်းချမ်းရေးကောင်စီ)မော်လဒိုက်နိုင်ငံရပ်ပြစ်ရှစ်ပါးနေပြည်တော်မြို့သားစိုးအာဆင်နယ်ရှင်ဥတ္တမကျော်တောလားသိမ်အောင်လင်းဒွေးယသောဓရာအမှတ် (၁) စစ်ဆင်ရေး အထူးအဖွဲ့မှူးပန်းမိုင်းခရပ်ဖ်မဟာသမယသုတ်ရှစ်လေးလုံးအရေးအခင်း🡆 More