ခိုးငွေ့

ရူပဗေဒတွင် ခိုးငွေ့ (သို့) ရေငွေ့(အင်္ဂလိပ်: vapour or vapor) သည် အဆုံးစွန်ကူးပြောင်း အပူချိန် (critical temperature) တစ်ခုထက်နိမ့်သော အပူချိန်တစ်ခုခု၌ ရှိသည့် အရာဝတ္ထုတစ်ခု၏ 'အငွေ့'အဆင့်(အနေအထား) တစ်ခုဖြစ်သည်။ ဤနေရာ၌ဆိုလိုသည်မှာ အပူချိန်ကို မလျော့ချဘဲ ဖိအား တိုးမြှင့်လိုက်ခြင်းဖြင့် ရေငွေ့သည် အရည်အဖြစ် ငွေ့ရည်ဖွဲ့နိုင်သည်။ ရေငွေ့သည် 'အငွေ့' ၌တွဲခိုဆိုင်းနေသောအရာ (aerosol) နှင့် မတူ ကွဲပြား၏။ အဲရာဆောလ် (aerosol) ဆိုသည်မှာ အငွေ့တစ်ခုအတွင်း အရည်၊ အခဲ တို့၏ အလွန်သေးငယ်လှသော အမှုန်လေးများ၏ တွဲခိုဆိုင်းနေခြင်းဖြစ်သည်။

ခိုးငွေ့
နိုက်ထရိုဂျင် အောက်ဆိုဒ်ငွေ့ပါရှိသော လေလုံပုလင်းပြွန်တစ်ခု ; နီညိုညို နိုက်ထရိုဂျင် ဒိုင်အောက်ဆိုဒ်နှင့် အရောင်မဲ့ ဒိုင်နိုက်ထရိုဂျင် တက်ထရောဆိုဒ်တို့သည် မျှခြေအနေအထား၌ ရှိနေပုံကို ပြသထား၏။

ဥပမာအနေဖြင့် ရေ၌ အဆုံးစွန်ကူးပြောင်း အပူချိန် (critical temperature) သည် ၆၄၇ ကယ်လ်ဗင် (၃၇၄ ဒီဂရီ စင်တီဂရိတ်; ၇၀၅ ဒီဂရီ ဖာရင်ဟိုက်) ရှိ၍ ထိုအပူချိန်၌ အရည်သဏ္ဌာန်ဖြစ်နေသော 'ရေ'တည်ရှိနိုင်သော အမြင့်ဆုံးအမှတ် အပူချိန်ဖြစ်၏။ ပုံမှန်အပူချိန်၌ လေထုတွင် အငွေ့သဏ္ဌာန်ဖြစ်နေသော 'ရေ' (သို့) ရေငွေ့ သည် ၎င်း၏တစ်ပိုင်းဖိအား (partial pressure) ကို လုံလောက်စွာ တိုးမြင့်လိုက်လျှင် အရည်အဖြစ် ပြန်လည် ကူးပြောင်း (သို့) ငွေ့ရည်ဖွဲ့နိုင်သည်။ condensation ဟု အင်္ဂလိပ်ဘာသာဖြင့် ခေါ်ဆိုနိုင်သည်။

ရေငွေ့သည် အရည် ( သို့ အခဲ) နှင့် ယှဉ်တွဲတည်ရှိနိုင်သည်။ ဤအချက်မှန်ကန်နေသမျှကာလပတ်လုံး အထက်ဖော်ပြပါ အဆင့်နှစ်ခု (ငွေ့ - ရည်/ခဲ) သည် မျှခြေအခြေအနေတစ်ခုတွင် ရှိနေလိမ့်မည်ဖြစ်ပြီး အငွေ့၏ တစ်ပိုင်းဖိအား (partial pressure) သည် အရည်(အခဲ) ၏ မျှခြေအနေအထား ရေငွေ့ဖိအားနှင့်လည်း တူညီနေလိမ့်မည်ဖြစ်၏။

ဂုဏ်သတ္တိများ

ခိုးငွေ့ 
ဖိအား-အပူချိန် ပြောင်းလဲမှုအဆင့်ပြပုံတွင် ခိုးငွေ့-အရည် (vapor-liquid) ၏ အဆုံးစွန်ကူးပြောင်းမှတ် (critical point) သည် အငွေ့-အရည် (liquid-gas) အဆင့်နယ်နိမိတ်မျဉ်း၏ မြင့်မားသော အပူချိန်အစွန်း၌ တည်ရှိသည်။ (အစိမ်းရောင်အစက်မျဉ်းသည် ရေ၏ ပုံမှန်မဟုတ်သော သဘောသဘာဝကို ပြသထား၏။)

ရေငွေ့သည် အပူချိန်တစ်ခု၌ ဖြစ်နေသော အငွေ့အဆင့်ကို ရည်ညွှန်းဆိုလို၍ ယင်းအပူချိန်၌ တူညီသောအရာဝတ္ထုတစ်ခု၏ အငွေ့သည် အရည် (သို့) အခဲ အနေအထားများနှင့်လည်း ယှဉ်တွဲတည်ရှိနေနိုင်သည်။ သို့သော် အထက်၌ဖော်ပြသော အပူချိန်တစ်ခုဆိုရာ၌ အဆုံးစွန်ကူးပြောင်း အပူချိန်ထက် နိမ့်ရပေမည်။ (ဥပမာ - ရေ၏ အဆုံးစွန်ကူးပြောင်း အပူချိန်သည် ၃၄၇ °C (၆၄၇ K) ဖြစ်၍ အရည်အနေအထားဖြစ်သော 'ရေ'တည်ရှိနိုင်သည့် အမြင့်ဆုံးအမှတ်ဖြစ်သည်။) အကယ်၍ ရေငွေ့သည် အရည် (သို့) အခဲ အဆင့်နှင့် တွေ့ထိပါက အဆင့်နှစ်ဆင့် (ငွေ့ - ရည် (သို့) ငွေ့ - ခဲ ) သည် သာမိုဒိုင်းနမစ်အရ မျှခြေအနေအထားတွင် ရှိလိမ့်မည်။ အငွေ့ (gas) ဆိုသည်မှာ ဖိညှစ်နိုင်သော ငွေ့ရည် (fluid) အဆင့်ကို ဆိုလိုသည်။ တစ်သမတ် အမြဲဖြစ်နေသော အငွေ့များ (fixed gas) ဆိုသည်မှာ ထိုအငွေ့၏ အပူချိန်၌ ထိုအငွေ့သည် အရည်လည်း မဖြစ်နိုင်၊ အခဲလည်း မဖြစ်နိုင်သော အငွေ့များကို ဆိုလိုသည်။ ဥပမာပြရပါက စံသတ်မှတ်ထားသော ပတ်ဝန်းကျင်အပူချိန်တွင်ရှိနေသော 'လေ' ဖြစ်သည်။ ရေငွေ့ထုတ်လွှင့်ရန်အတွက် အရည် (သို့) အခဲ မှာ (မဖြစ်မနေ) ဆူပွက်စရာမလိုအပ်ချေ။

ရေငွေ့သည် အများသိမြင်ရင်းနှီးနေကြသော ဖြစ်စဉ်များဖြစ်သည့် တိမ်တိုက်ဖွဲ့စည်းခြင်းနှင့် ငွေ့ရည်ဖွဲ့ခြင်း များအတွက် အထူးအရေးပါ၏။ ရေငွေ့ကို ပုံမှန်အားဖြင့် ပေါင်းခံနည်းစနစ်များနှင့် headspace extraction နည်းစနစ်များတွင် အသုံးချကြသည်။

မှတ်စု

ကိုးကား

Tags:

ဖိအားအင်္ဂလိပ်ဘာသာစကားအပူချိန်

🔥 Trending searches on Wiki မြန်မာဘာသာ:

အမှတ်(၁၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မုန်းစွဲ (ရုပ်ရှင်)ဖိလစ်ပိုင်နိုင်ငံတက္ကသိုလ်နရသူ (ပုဂံ)မြန်မာ့ရိုးရာ အတိုင်းအတာယူနစ်များဒူးရင်းသီးဝက်သားတုတ်ထိုးတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဘိုးမင်းခေါင်မင်းသိင်္ခကျွန်းနက်ကုန်းဘောင်ခေတ်မြန်မာဝီကီပီးဒီးယားအင်္ဂလိပ်ဘာသာစကားထားအောင်လအန်ဆန်းရိုဟင်ဂျာအဆိပ်ခင်ဝင့်ဝါဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်ဥပုသ်ကနေဒါနိုင်ငံသမုဒ္ဒရာပုသိမ်မြို့ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်လေးဖြူနိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီသဇင်ပန်းဒီမိုကရေစီမိုးကုတ်တရားပါဠိဓုတင်ဘုရားပင့်မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီပန်ထွာဘုရင်မနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌအမှတ်(၃၃)ခြေမြန်တပ်မဌာနချုပ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ရက္ခိုင့်တပ်တော်ပီမိုးနင်းသားအိမ်အင်္ဂုလိမာလသုတ်မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးနယ်မြေဒေသများဂျပန်ဘာသာစကားဆင်ဖြူရှင်မင်းမြန်မာနိုင်ငံ၏ အမည်များသင်္ကြန်မိုးစိတ်ညှို့ပညာမြန်မာနိုင်ငံ၏ စီးပွားရေးသခွတ်ပင်မဟာဘုတ်ဝဆီရာဝိတ ဆီဝါရီကုန်းနေရေနေ သတ္တဝါသာယာဝတီမင်းရေးမြို့သိက္ခာချသီလရှင်နတ်ပြည် ၆ ထပ်ထွန်းမြတ်နိုင်နိကာယ် ငါးရပ်ဒန့်သလွန်ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းခါကာဘိုရာဇီမြန်မာ့စွယ်စုံကျမ်းမိတ်ဆွေစစ် လေးမျိုးကိုယ်ဝန်ဖျက်ချခြင်းမြန်မာ သက္ကရာဇ်ဂုတ်ထိပ်တံတားလင်းနို့🡆 More