ကြက်တူရွေး: မျိုးနွယ်

ကြက်တူရွေးသည် လှပသောငှက်မျိုး ဖြစ်သည်။ ကြက်တူရွေး၏ နှုတ်သီးသည် ပေါက်ပွင့်ကဲ့သို့ နီရဲ၍ ကောက်ချိတ်သည်။ အမွှေးအတောင်များသည် ပေါက်ရွက်ကဲ့သို့ စိမ်းစိုကြသည်။ ကြီးသောဦးခေါင်း၊ ရှည်၍သေးသွယ်သောအမြီးနှင့် တိုသောခြေထောက်များရှိသည်။ ခြေချောင်းများသည် ရှေ့နှင့် နောက်သို့ တစ်စုံစီ ထွက်နေကြသည်။ ကြက်တူရွေးအမျိုးမျိုးကို ကမ္ဘာပေါ်တွင် ဥရောပတိုက်မှအပ ကျန်တိုက်များနှင့် ကမ္ဘာ့ အပူပိုင်းဒေသများ၌ တွေ့မြင်ရသည်။

ကြက်တူရွေးများ (Parrots)
Temporal range: EoceneHolocene 50–0 Ma
PreЄ
Є
O
S
D
C
P
T
K
Pg
N
ကြက်တူရွေး: မျိုးနွယ်
Clockwise top to bottom: the Kakapo and the Kea, both found in နယူးဇီလန်, the Lesser vasa parrot endemic to မဒါဂတ်စကား, the Palm cockatoo, the တောင်အမေရိကn blue-and-yellow macaw, and the ဩစတြေးလျn ringneck.
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Aves
Clade: Psittacopasserae
မျိုးစဉ်: Psittaciformes
Wagler, 1830
မျိုးရင်းကြီးများ
ကြက်တူရွေး: မျိုးနွယ်
Range of parrots, all species (red)

ကြက်တူရွေးတို့သည် အုပ်သင်းဖွဲ့ကာ နေတတ်ကြသည်။ သစ်ပင်ကို ကုပ်ခြစ်တက်တတ်၍ ပင်မြင့်တွင်သာ ကျက်စားတတ်ကြသည်။ ယာခင်း၊ စပါးခင်း၊ ဥယျာဉ်တို့၌ သီးနှံများကို စားသောအခါ ဆူညံစွာ မြူးတူးလျက် မိမိတို့ စားနိုင်သည်ထက် ပိုမိုကိုက်ဖြတ် ဖျက်ဆီးတတ်ကြသည်။ ကြက်တူရွေးသည် အသိုက်မလုပ်ဘဲ သစ်ခေါင်းတွင် ဥ အုလေ့ ရှိသည်။ ၏အရောင်မှာ ဖြူသည်။ အရွယ်မှာ ပျမ်းမျှအလျား တစ်လက်မသာသာရှိ၍ ပြက် ၂ လက်မသာသာရှိသည်။

'တမာလည်းနု ကျေးလည်းဥ၊' 'တမာလည်းရင့် ကျေးလည်းလွင့်' ဆိုသောစကားအတိုင်း နွေရာသီတွင် ဥ အု၍ နွေရာသီတွင်ပင် ပေါက်ကြသည်။ ဤငှက်မျိုးသည် အသက် ၇ဝ အထိပင် နေနိုင်သည်ဟု ဆိုသည်။ ကြက်တူရွေးသည် လူစကား ပြောသံကို အတုခိုးတတ်သည်။ စကားလုံးအနည်းငယ် သင်ထားလျှင် လိုက်ပြောနိုင်သည်။ 'ကြက်တူရွေးက တော်တော်၊ မယ်ဘော်ကကဲ' ဟူသောစကားပုံသည် စကားမပီကလာ ပြောတတ်သော ကြက်တူရွေးများကြောင့် ဖြစ်ပေါ်လာပေမည်။ ကြက်တူရွေးကို ကျေးဟူ၍လည်း ခေါ်သည်။

မြန်မာနိုင်ငံတွင် တွေ့ရသောကြက်တူရွေးများကို ပါဏဗေဒ အလိုအားဖြင့် ၉ မျိုး ခွဲပြသည်။ ယင်းတို့မှာ

  1. ကြက်တော
  2. ကျေးကျုတ်
  3. ကျေးတမာ
  4. ကျေးကုလား
  5. ကျေးကုလားမ
  6. ကျေးသန္တာ
  7. ကျေးမြီးပြာ (ခ) ကျေးသန္တာခေါင်းပြာ၊
  8. မလေးကြက်တူရွေး (ခ)ကျေးသန္တာထိပ်ကွက်နှင့်
  9. အမြှီးရှည်ကြက်တူရွေးတို့ ဖြစ်ကြသည်။ နောက်ဆုံးအမျိုးကို တနင်္သာရီတောင်ပိုင်းတွင်သာ တွေ့ရသည်။

ဝေါဟာရလိနတ္ထဒီပနီကျမ်းပါ မြန်မာအစဉ်အလာအရ ကျေးရှစ်မျိုးရှိသည်။ ယင်းတို့မှာ

  1. ဖေါင်းကား၊
  2. တမာ၊
  3. ကျေးသန္တာ၊
  4. ကျေးဝါ၊
  5. ကျေးကျုတ်၊
  6. ကြက်တော၊
  7. ကုလား၊
  8. ကျေးပုဏ္ဏားတို့ ဖြစ်ကြသည်။

မြန်မာနိုင်ငံတွင် ကျေးနီ၊ ကျေးဝါနှင့် ကျေးပုဏ္ဏား စသော ကျေးမျိုးကို တွေ့ရသည်ဆိုသော်လည်း ယင်းတို့အကြောင်းကို စုံလင်စွာ မသိရသေးချေ။

ကိုးကား

Tags:

ကမ္ဘာငှက်ပေါက်ဥရောပတိုက်

🔥 Trending searches on Wiki မြန်မာဘာသာ:

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင်းဆီဈာန်အနတ္တလက္ခဏသုတ်စေတီပုထိုးများခွေးအတောင်ကြီးမြို့နောင်ချိုမြို့နယ်ရှမ်းဘာသာစကားဘဝင်စိတ်ကျောက်ဆည်မြို့မြန်မာနိုင်ငံ၏ အမည်များပြင်ဦးလွင်မြို့ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်သေဆုံးခြင်းလိင်ဆက်ဆံခြင်းလိင်စိတ်ဆွခြင်းအချစ်ရာမာယဏမုန့်လက်ဆောင်းသင်္ကြန်မိုးနတ်မင်းကြီးလေးပါးသိင်္ဃသူ့သမီးကျောက်စာဖွေးဖွေးမဟာဗန္ဓုလငွေဆောင်ကမ်းခြေဆီးချိုရောဂါလက္ခဏာများအလင်္ကာမြန်မာနိုင်ငံ၏ သမ္မတနေအဖွဲ့အစည်းပြည်ထဲရေး ဝန်ကြီးဌာနဦးပုညငါး (တိရစ္ဆာန်)ဂေါတမဗုဒ္ဓဇီးကွက်ပြည်မြို့စကောကရင်ဘာသာစကားအာနန္ဒာထေရ်ဂေါတမမြတ်ဗုဒ္ဓ၏ဗုဒ္ဓဝင်ရန်သူမျိုးငါးပါးပုလွေမှုတ်ခြင်းအဋ္ဌကထာတက္ကသိုလ်ဘုန်းနိုင်လိင်တံအမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်ခရစ်ယာန်ဘာသာခွေးရူးပြန်ရောဂါကာကွယ်ဆေးသီဟိုဠ်သရက်ပင်သောတာပန်ဗေဒင်ဗုဒ္ဓမြတ်စွယ်တော်ကြူကြူလှငှက်ပစ်တောင်ဘုရားရုရှား သမိုင်းကယားပြည်နယ်မိုးကုတ်မြို့ခရမ်းပင်မိတ္ထီလာမြို့လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနစကားကြီး ဆယ်မျိုးခြင်းလုံးမြန်မာနိုင်ငံဆောင်ခရမ် အားလပ်ရက်သီတဂူဆရာတော်ဘာဂျာမှုတ်ခြင်းခရီးသွားခြင်းကံတစ်လင်တစ်မယားစနစ်မြန်မာပြည် စာတိုက် သင်္ကေတများပုတီးစိပ်နည်းရာဟုစတုမဟာရာဇ်နတ်မင်းကြီးလေးပါးပုဗ္ဗဏှသုတ်မြန်မာနိုင်ငံ၏ နိုင်ငံကူးလက်မှတ်မြန်မာလများ🡆 More