ကိုယ်ဝန်ဖျက်ချခြင်း

ကိုယ်ဝန်ဖျက်ခြင်းဆိုသည်မှာ သားလောင်း သို့မဟုတ် သန္ဓေသားအား သားအိမ်ပြင်ပ၌ မရှင်သန်မီ ဖယ်ရှားပစ်ခြင်း ဖြစ်သည်။ ပရောဂမပါသော ကိုယ်ဝန်ပျက်ကြခြင်းကို သားပျက်သားလျောခြင်းဟု အသိများသည်။ တမင်ရည်ရွယ် ဖျက်ချခြင်းကို ဆေးပေးဖျက်ချခြင်း သို့တည်းမဟုတ် တမင်ပျက်ကျစေခြင်း ဟု သုံးစွဲသည်။ ကိုယ်ဝန်ဖျက်ချခြင်း စကားလုံးသက်သက်ကို ကိုယ်ဝန်ပျက်စေခြင်းအတွက် ရည်ညွှန်းသုံးစွဲသည်။ သန္ဓေသားက သားအိမ်ပြင်ပ၌ ရှင်သန်နိုင်သည့် အလားအလာရှိပြီးမှ ဖျက်ချသည့် အလားတူလုပ်ရပ်ကို ကိုယ်ဝန်နောက်ဆုံးပတ်မှ ဖျက်ချခြင်း သို့မဟုတ် ကိုယ်ဝန်ရင့်မှ ဖျက်ချခြင်း ဟု ခေါ်ဆိုသည်။

သင့်လျော်မှန်ကန်စွာဆောင်ရွက်ပါက ကိုယ်ဝန်ဖျက်ချခြင်းသည် ဆေးပညာ၏ အန္တရာယ်အကင်းဆုံး လုပ်ငန်းစဉ်များ အနက် တစ်ခုဖြစ်သော်လည်း အန္တရာယ်မကင်းသော ကိုယ်ဝန်ဖျက်ချခြင်းသည် အထူးသဖြင့် ဖွံ့ဖြိုးဆဲ ကမ္ဘာရှိ မိခင်သေဆုံးမှု၏ အဓိကအကြောင်းရင်းတစ်ခုဖြစ်စေသည်။ အန္တရာယ်ကင်းသည့် ကိုယ်ဝန်ဖျက်ချခြင်းကို တရားဥပဒေနှင့် ညီစေပြီး လက်လှမ်းမီစေပါက မိခင်သေဆုံးမှုကို လျော့ကျစေမည်။ အမေရိကန်ပြည်ထောင်စု၌ အသက်အန္တရာယ် အလားအလာ ၁၄ ဆ ပိုမြင့်သော မီးဖွားခြင်းထက် အန္တရာယ်ကင်းသည်။ ခေတ်ပေါ်နည်းလမ်းများက ဆေးပေးခြင်း သို့မဟုတ် ခွဲစိတ်ခြင်းဖြင့် ကိုယ်ဝန်ဖျက်ပေးသည်။ ကိုယ်ဝန် ပထမ နှင့် ဒုတိယပတ်အတွက် မစ်ဖ်ပရစ်စတုန်း နှင့် ပရိုစတက်ဂလန်ဒင်း ဆေးအတွဲသည် ခွဲစိတ်မှုကဲ့သို့ ထိရောက်ပြီး အန္တရာယ်ကင်းသည်။ အသုံးများသော ခွဲစိတ်မှုနည်းပညာတွင် သားအိမ်အဝချဲ့ပြီး စုပ်ထုတ်စက်ကို အသုံးပြုသည်။ တားဆေး သို့မဟုတ် သားအိမ်တွင်းထည့် ပစ္စည်းကဲ့သို့ ကိုယ်ဝန်တားနည်းများကို ဖျက်ချပြီးသည်နှင့် ချက်ချင်းအသုံးပြုနိုင်သည်။ ဆန္ဒရှိသော အမျိုးသမီးများ အတွက် တရားဝင် အန္တရာယ်ကင်းသော ဆေးပေးဖျက်ချပါက ကာလကြာရှည် စိတ်ပိုင်း နှင့် ရုပ်ပိုင်းဆိုင်ရာ ဘေးဖြစ်စေမှု မတိုးစေပါ။ ဆန့်ကျင်ဘက်အားဖြင့် အန္တရာယ်မကင်းသော ကိုယ်ဝန်ဖျက်ချခြင်း (မတတ်ကျွမ်းသူများ ၊ ဘေးဖြစ်စေမည့် အသုံးအဆောင်များ သို့မဟုတ် မသန့်ရှင်းသော နေရာများ) ကြောင့် နှစ်စဉ်သေဆုံးမှု ၄၇၀၀၀ နှင့် ဆေးရုံတက် ကုသရမှုပေါင်း ၅ သန်း ခန့်ရှိသည်။ အန္တရာယ်ကင်းပြီး တရားဥပဒေနှင့်ညီသည့် ကိုယ်ဝန်ဖျက်ချခြင်းကို အမျိုးသမီးတိုင်း လက်လှမ်းမီစေရေး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တိုက်တွန်းထားသည်။

ကမ္ဘာတဝှမ်း၌ တစ်နှစ်လျှင် ကိုယ်ဝန်ဖျက်ချမှု ၅၆ သန်းခန့်ရှိပြီး ၄၅ ရာခိုင်နှုန်းမှာ အန္တရာယ်မကင်းပေ။ ၂၀၀၃  နှင့် ၂၀၀၈ ခုနှစ်အကြား ကိုယ်ဝန်ဖျက်ချမှုနှုန်း အပြောင်းအလဲ မဖြစ်စလောက်သာရှိသော်လည်း ယင်းမတိုင်ခင် ဆယ်စုနှစ် ၂ ခုအတွင်းက မိသားစုစီမံကိန်း နှင့် သားဆက်ခြားနည်း လက်လှမ်းမီမှု မြင့်တက်ခြင်းကြောင့် လျော့ကျခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် ကမ္ဘာ့အမျိုးသမီးဦးရေ၏ ၄၀ ရာခိုင်နှုန်းသည် အကြောင်းပြချက်ပေးရခြင်းကဲ့သို့ ကန့်သတ်ချက်များမရှိဘဲ တရားဝင်ကိုယ်ဝန်ဖျက်ချခွင့်ရသည်။ ကိုယ်ဝန်ဖျက်ချခွင့်ပြုသော နိုင်ငံများတွင် ကိုယ်ဝန်သက်မည်မျှထိ ဖျက်ချခွင့်မှာ ကွဲပြားသည်။

သမိုင်းတလျောက် ကိုယ်ဝန်ဖျက်ချခြင်းကို ဘယဆေးပင်များ၊ ချွန်ထက်သောကိရိယာများ၊ အားသုံးနှိပ်နယ်ခြင်း နှင့် အခြားရိုးရာနည်းများဖြင့် ဆောင်ရွက်ခဲ့ကြသည်။ ကိုယ်ဝန်ဖျက်ခွင့်ဥပဒေများ နှင့် ကိုယ်ဝန်ဖျက်ခြင်းအပေါ် ရိုးရာ သို့မဟုတ် ဘာသာရေးအမြင်များမှာ ကမ္ဘာ့နေရာအနှံ့အပြားတွင် ကွဲပြားသည်။ အချို့နေရာများတွင် အဓမ္မပြုကျင့် ခံရခြင်း၊ သန္ဓေသားပြဿနာ၊ ဆင်းရဲမွဲတေမှု၊ အမျိုးသမီးကျန်းမာရေးအန္တရာယ် သို့မဟုတ်  သွေးသားရင်း လိင်ဆက်ဆံခြင်း ကဲ့သို့သော ကိစ္စရပ်များတွင်သာ ကိုယ်ဝန်ဖျက်ချခြင်းမှာ ဥပဒေနှင့် လွတ်ကင်းသည်။ ကိုယ်ဝန်ဖျက်ချခြင်းနှင့်စပ်လျဉ်း၍ စိတ်ဓာတ်၊ ကိုယ်ကျင့်တရား နှင့် ဥပဒေဆိုင်ရာ ပြဿနာများအပေါ် ဆွေးနွေးငြင်းခုံမှုများ ရှိသည်။ ကိုယ်ဝန်ဖျက်ချခွင့်ကို ဆန့်ကျင်သူများက သန္ဓေသားလောင်းသည် အသက်ရှင်သန်ပိုင်ခွင့် ရှိသော လူသားဖြစ်သည်ဟု ငြင်းခုံပြီး ကိုယ်ဝန်ဖျက်ချခြင်းကို လူသတ်ခြင်းနှင့် နှိုင်းယှဉ်ပြောဆိုသည်။ ထောက်ခံသူများ က ကိုယ်ပိုင်ခန္ဓာနှင့်ပတ်သက်၍ အမျိုးသမီးများ၏ ဆုံးဖြတ်ပိုင်ခွင့် တစိတ်တပိုင်းအဖြစ် ရှုမြင်သည်။ တရားဥပဒေနှင့် ညီပြီး လက်လှမ်းမီနိုင်သော ကိုယ်ဝန်ဖျက်ချခြင်းကို ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုအဖြစ် အခြားသူများက လိုလားသည်။


ကိုးကား

Tags:

ကိုယ်ဝန်ဆောင်ခြင်းသန္ဓေသားဗေဒသားလောင်းပညာသားအိမ်

🔥 Trending searches on Wiki မြန်မာဘာသာ:

အနိစ္စမြန်မာစာစတင်ဖြစ်ပေါ်လာပုံပြည်သူ့ခုခံတော်လှန်စစ်လိင်စိတ် နိုးထခြင်းမြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်အလောင်းမင်းတရားနိုင်ငံခြားရေး ဝန်ကြီးဌာနရှမ်းပြည်နယ်ကင်ဆာရောဂါကနေဒါနိုင်ငံဘာသာစကားနေရောင်ခြည်စွမ်းအင်မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကျေးရွာအုပ်စုကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံသိန်းစိန် (နိုင်ငံတော်သမ္မတ)ကမ္ဘောဒီးယားနိုင်ငံမိုနာလီဆာလိင်တံအယ်လ်ဇိုင်းမား ရောဂါရေငုပ်သင်္ဘောသင်္ကြန်မိုးကုသိုလ်ကမ္မပထ တရား ဆယ်ပါးဘရူနိုင်းနိုင်ငံခင်မောင်တိုးချစ်ပို၊ မ၊ သူရရဲဘော်သုံးကျိပ်အငဲတပ်မတော်၏ လက်မောင်းတံဆိပ်အဆောင်အယောင်များပအိုဝ်းလူမျိုးစကားကြီး ဆယ်မျိုးသထုံမြို့ပြင်သစ်နိုင်ငံ၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းကင်းထောက်ခြင်းဦးပိန်တံတားခန္ဓသုတ်ငါး (တိရစ္ဆာန်)အိန်ဂျယ်လ်ရေတံခွန်ပဋ္ဌာန်းကွန်ဒုံးထားဝယ်မြို့ဗျည်းနိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မိုးကုတ်မြို့ကိုလိုနီခေတ်သျှင်မဟာ သီလဝံသဝဇီရ၊ ဘိုးအမျိုးသမီးများ၏ အခွင့်အရေးမရမ်းကုန်းမြို့နယ်စစ်ရေးမြန်မာပြည် စာတိုက် သင်္ကေတများပရိတ်ကြီး ၁၁ သုတ်မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်စအိုဖြင့် လိင်ဆက်ဆံခြင်းလွတ်လပ်ရေးကြေညာစာတမ်းအင်္ဂါဂြိုဟ်ဘီလူးလောင်းကစားခြင်းပဋိစ္စသမုပ္ပါဒ်ဘလုံ၊ ဦး (ပန်းချီဆရာ)ဒေဝဒတ်အလင်းငွေကိုင် (ပန်းချီဆရာ)ငါးပိစိတ်နေမြင့်သူနိကာယ် ငါးရပ်Minecraftတပ်မတော် (ရေ)မြထွန်းဦးမဂ္ဂင် ၈ ပါးကမ္ဘာဂြိုဟ်ကနေအဖွဲ့အစည်းကိုရီးယားနိုင်ငံနှင်းဆီစကား🡆 More