ကိုပင်ဟေဂင်မြို့

ကိုပင်ဟေဂင်မြို့သည် ဒိန်းမတ်နိုင်ငံ၏ မြို့တော်ဖြစ်သည်။ ဗောလတစ်ပင်လယ် ကမ်းခြေတွင် ဇိလန်ကျွန်းနှင့် အမာဂါကျွန်း ၂ ကျွန်းကို ခွလျက် တည်ရှိ၍ ကျွန်း ၂ ကျွန်းအကြားရှိ ရေလက်ကြားကြီးမှာ ဗောလတစ်ပင်လယ်တွင် အကောင်းဆုံး သင်္ဘောခိုရာ ဆိပ်ကမ်းဖြစ်သည်။ ဗောလတစ်ပင်လယ်ဝတွင် တည်ရှိ၍ ဆိပ်ကမ်း လုံခြုံကောင်းမွန်သဖြင့် ကိုပင်ဟေဂင်မြို့သည် ၁၂ ရာစုနှစ် အလယ်လောက်တွင် တံငါရွာကလေးမှ အရောင်းအဝယ် စည်ကားသော ပင်လယ်ဆိပ်ကမ်းမြို့ကြီးအထိ တိုးတက်လာသည်။

ကိုပင်ဟေဂင်မြို့
ကိုပင်ဟေဂင်မြို့၏ ရှုခင်း တစ်နေရာ

အလယ်ခေတ်တလျှောက်လုံးတွင် လက်နက်နိုင်ငံများစွာတို့သည် ကိုပင်ဟေဂင် ဆိပ်ကမ်းကို ကြီးစိုးပိုင်ဆိုင်ကြရန် စစ်ပြိုင်ခဲ့ကြသည်။ ၁၄၄၃ ခုနှစ်တွင် တတိယ ခရစ္စတိုဖာ ဘုရင်သည် ကိုပင်ဟေဂင်မြို့ကို ဒိန်းမတ်နိုင်ငံ၏ မြို့တော်ပြုလုပ်ခဲ့သည်။ ၁၈၀၇ ခုနှစ်တွင် ပြင်သစ်တို့ လက်တွင်းသို့ ဒိန်းမတ်ရေတပ် ကျရောက်သွားမည် စိုးသဖြင့် ထိုရေတပ်ကို ပေးအပ်ရန် ကိုပင်ဟေဂင်မြို့ကို ဗြိတိသျှရေတပ်က တိုက်ခိုက်ခဲ့ဖူးသည်။ ဒုတိယ ကမ္ဘာစစ်အတွင်း ဂျာမန်တို့သည် ကိုပင်ဟေဂင်မြို့ကို ၁၉၄၀ ပြည့်နှစ်မှ ၁၉၄၅ ခုနှစ်တိုင်အောင် သိမ်းပိုက်ခဲ့သည်။

ကိုပင်ဟေဂင်မြို့တွင် သင်္ဘောတည်ဆောက်ခြင်း၊ အထည်အလိပ် ရက်ခြင်း၊ ကြွေထည်လုပ်ခြင်း၊ အရက်ချက်ခြင်း၊ စန္ဒယားလုပ်ခြင်း၊ နာရီလုပ်ခြင်း၊ ငါးဖမ်းခြင်း စသော လုပ်ငန်းများ ထွန်းကားသည်။ သကြား၊ မုန်ညင်းစေ့၊ ထောပတ်၊ ဒိန်ခဲ၊ သိုးမွေး၊ သားရေစိမ်း၊ အမဲသားတို့ကို ထုတ်ကုန်အဖြစ် နိုင်ငံခြားသို့ တင်ပို့ရောင်းချသည်။

ဒိန်းမတ်တနိုင်ငံလုံး၏ အရောင်းအဝယ် ထက်ဝက်ခန့်ကို ဤမြို့မှ တဆင့်သာလျှင် ပြုလုပ်ကြသည်။ မြို့၏ မြောက်ပိုင်းတွင် တည်ရှိသော ‘အကောက်ခွန်လွတ် ဆိပ်ကမ်းကြီး’ မှာ အထူးစည်ကား၍ အထပ် ၁၁ ထပ်ရှိသော ကျီမြင့်ကြီးနှင့် ကုန်လှောင်ရုံ အမြောက်အမြား ရှိသည်။

ကိုပင်ဟေဂင်မြို့
ကိုပင်ဟေဂင် မြို့တော်ခန်းမကြီး

ကိုပင်ဟေဂင်မြို့သည် ဥရောပတိုက်တွင် အထူးပင် သာယာလှပသော မြို့တစ်မြို့ဖြစ်၍ နိုင်ငံသမိုင်းတွင် ထင်ရှားသော အဆောက်အအုံ များစွာ ရှိသည်။ နန်းတော်များ၊ ပြတိုက်များ၊ အနုပညာ ပြခန်းများ၊ ဘုရားရှိခိုးကျောင်းများ စသော ရှေးဟောင်း အဆောက်အအုံများအပြင် ဥယျာဉ်ပန်းခြံ၊ မြို့တော်ခန်းမကြီး စသည်တို့လည်း ရှိသဖြင့် သိုက်မြိုက်စည်ကားလှသည်။

ထရင်နီတီ ဘုရားရှိခိုးကျောင်းကြီးသည် ပေ ၁၀၀ ကျော်မြင့်သော မျှော်စင်ဝိုင်းကြီးရှိရာ ထိုမျှော်စင်ဝိုင်ကြီး၏ ထိပ်သို့ ကြောင်လိမ်လှေကားဖြင့် တက်ရောက်နိုင်သည်။

၁၄၇၉ ခုနှစ်တွင် တည်ထောင်ခဲ့သော ကိုပင်ဟေဂင် တက္ကသိုလ်မှာ ဒိန်းမတ်နိုင်ငံ၏ ပညာဆည်ပူးရာ ဗဟိုဌာနကြီး ဖြစ်သည်။

ကိုးကား

မြန်မာ့စွယ်စုံကျမ်း၊ အတွဲ ၁

Tags:

ဒိန်းမတ်နိုင်ငံ

🔥 Trending searches on Wiki မြန်မာဘာသာ:

ဟန်လင်းမြို့ဟောင်းလိမ်လည်မှုဆင်ဖြူရှင်မင်းပတ္တမြားဂျပန်ယန်းငွေ၂၄ ပစ္စည်းအောင်လဖားလူသားကျောက်ကပ်ပြည်မြို့နယ်သာသနာ သက္ကရာဇ်မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး(မန္တလေး)အာဂျင်တီးနားနိုင်ငံသင်ဖြူးဖျာဆွစ်ဇာလန်နိုင်ငံကြာသပတေးဂြိုဟ်ဝန်ကြီးဌာန နှင့် အကြီးအကဲများ စာရင်းသိပ္ပံပညာလီယွန်နယ် မက်ဆီယဉ်ကျေးမှုအာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံဂါထာခြောက်ဆယ်ပျို့ဓာတုဗေဒကနောင်မင်းသားနာဂစ်မုန်တိုင်းအရေပြားလေးဘက်နာရောဂါသိဒ္ဓတ္ထမင်းသားမဟတ္တမ ဂန္ဒီမေတ္တသုတ်ထိုင်းနိုင်ငံ၏ ပြည်နယ်များစိုးဝင်း၊ ဗိုလ်ချုပ်ကြီးဒဿနိကဗေဒခရစ်ယာန်ဘာသာနေပြည်တော်မြို့ရေးမြို့ပိုးဟပ်အတ္တာဟိ အတ္တနော နာထောပုသိမ်မြို့ရွှေတိဂုံစေတီတော်ပေါက်ပန်းဖြူကာကွယ်ရေးဦးစီးချုပ်(ကြည်း)ကဒူးလူမျိုးမြန်မာ့ပြည်တွင်းပဋိပက္ခများမြန်မာနိုင်ငံရှိ ခရိုင်များနာရီစက်တော်ရာအမေနေ့ခင်ခင်ထူးစက်ဝိုင်းအသုံးလုံးမျိုးကြီးကျိုင်းတုံခရိုင်ကရင် အမျိုးသား အစည်းအရုံးပြင်သစ်နိုင်ငံပင်းယ-စစ်ကိုင်းခေတ်ကိုယ်ဝန်ဖျက်ချခြင်းဗိဿနိုးမြို့ဟောင်းမြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးနယ်မြေဒေသများတောင်နိုင်ငံရေးစိန်စတင်းရသအောင်သူ (ဘောလုံးသမား)ကျော်စွာလင်းကလေးမြို့ဂျီသရီးရိုင်ဖယ်အိချောပိုတောင်ငူမြို့မဟာရဋ္ဌသာရ၊ သျှင်မြန်မာ့သနပ်ခါးခင်ဝင့်ဝါငှက်ဖျားရောဂါည (ရုပ်ရှင်)ငါးမျိုးစိတ်များ စာရင်း🡆 More