လီယိုနာဒိုဒါဗင်ချီ

လီယိုနာဒို ဒီ ဆာ ပီရို ဒါဗင်ချီ ( အီတာလျံ: Leonardo di ser Piero da Vinci; အီတလီ:  ( နားဆင်); ၁၅ ဧပြီ ၁၄၅၂ – ၂ မေ ၁၅၁၉) သည် အီတလီလူမျိုး စွယ်စုံပညာရှင်၊ ပန်းချီဆွဲသူ၊ ပန်းပုထုသူ၊ ဗိသုကာပညာရှင်၊ တေးဂီတသမား၊ သိပ္ပံပညာရှင်၊ သင်္ချာပညာရှင်၊ အင်ဂျင်နီယာ၊ တီထွင်သူ၊ ခန္ဓာဗေဒပညာရှင်၊ ဘူမိဗေဒပညာရှင်၊ မြေပုံဆွဲသူ၊ ရုက္ခဗေဒပညာရှင် နှင့်စာရေးဆရာဖြစ်သည်။ လီယိုနာဒိုကို လူမှုရေးဘာသာရပ်များတွင် ကျွမ်းကျင်နှံ့စပ်သော ပါရမီအခံရှိသည့် ရှေးဦးမူလပုံအဖြစ် ရံဖန်ရံခါ ဖော်ပြခဲ့ကြသည်။ သူ၏ငြိမ်းသတ်၍မရနိုင်သည့် သိလိုစိတ်ပြင်းပြမှုသည် သူ၏တီထွင်မှုစွမ်းအား တစ်ခုတည်းနှင့်သာ ညီမျှခဲ့သည်။ သူ့ကို ထာဝစဉ် အထင်ပေါ်အကျော်ကြားဆုံးသော ပန်းချီဆရာကြီးများထဲမှတစ်ဦးအဖြစ် ကျယ်ကျယ်ပြန့်ပြန့်သိရှိထားကြပြီး၊ အမှန်တကယ်ပင်ပုံစံမျိုးစုံဖြင့် အမြဲတမ်းရှင်သန်နေမည့် အထက်မြက်ဆုံးသော ပုဂ္ဂိုလ်ဖြစ်သည်။

လီယိုနာဒိုဒါဗင်ချီ
လီယိုနာဒိုဒါဗင်ချီ
မွေးဖွားLeonardo di ser Piero da Vinci
(1452-04-15)၁၅ ဧပြီ၊ ၁၄၅၂
ဗင်ချီ၊ ဖလောရန့်သမ္မတနိုင်ငံ (ယခု အီတလီနိုင်ငံ)
ကွယ်လွန်၂ မေ၊ ၁၅၁၉(1519-05-02) (အသက် ၆၇)
အန်ဘွာဇီ၊ ပြင်သစ်ဘုရင့်နိုင်ငံ
ထင်ရှားသည့်
လုပ်ဆောင်မှု
မိုနာလီဆာ
The Last Supper
The Vitruvian Man
Lady with an Ermine
လက်မှတ်
လီယိုနာဒိုဒါဗင်ချီ

လီယိုနာဒို၏ ကမ္ဘာကြီး အပေါ်အမြင်

ပန်းချီသမိုင်းပညာရှင် ဟယ်လင် ဂါဒနာ (Helen Gardner) ၏အဆိုအရ၊ သူ့စိတ်ဝင်စားမှုများ၏ အမြင်စူးရှမှုများသည် ရှေ့ကဖြစ်နှင့်ပြီးသောကိစ္စ ရပ်များ မပါရှိခဲ့ပဲ၊“သူ၏စိတ် နှင့် ရုပ်ရည်သည် ကျွန်တော်တို့အတွက် လူသားထက်သာလွန်ထူးကဲသူ ဟုထင်မြင်ရပြီး၊ သူကိုယ်တိုင်ကပင် လျှို့ဝှက်ဆန်းကျယ်ပြီး ခပ်စိမ်းစိမ်းဖြစ်နေသည့်လူတစ်ဦး ဖြစ်သည်” ။ သို့သော်လည်း လီယိုနာဒိုအကြောင်းကို အမျိုးမျိုးတွေးတောမှန်းဆ နေချိန်တွင်၊ မာကို ရော့စီ (Marco Rosci) ထောက်ပြထားသည်မှာ၊ လီယိုနာဒို၏ ကမ္ဘာကြီး အပေါ်အမြင်သည် လျှို့ဝှက်ဆန်းကျယ်မှုထက် အနှစ်သာရရှိစွာ ယုတ္တိဆန်ပြီး၊ သူပြုလုပ်ခဲ့သည့် လေ့လာစူးစမ်းမှုအတွေ့အကြုံ နည်းနာများသည် သူ့ခေတ်သူ့ကာလက လုပ်ရိုးလုပ်စဉ် အလုပ်များ မဟုတ်ပါ။ Leonardo

ပန်းချီကားများ

လီယိုနာဒိုဒါဗင်ချီ 
လီယိုနာဒို ဒါဗင်ချီ၏ နာမည်ကြီး လက်ရာတစ်ခုဖြစ်သည့် "မိုနာလီစာ"ပန်းချီကား


လီယိုနာဒိုသည် စာချုပ်စာတန်းရှေ့နေ ပီရို ဒါ ဗင်ချီ နှင့် လယ်သူမ ကက်တာရီးနား တို့မှ ဖလောရင့်စ်ဒေသ ဗင်ချီ တွင် မွေးဖွားခဲ့ပြီး၊ အီတလီနိုင်ငံ ဖလောရင့်စ်မြို့၏နာမည်ကျော်ကြားသော ပန်းချီဆရာကြီး ဗာရော့ချီအို (Verrocchio) ၏ ပန်းချီအလုပ်ခန်းတွင် ပညာသင်ကြားခဲ့ရသည်။ သူ၏ငယ်စဉ်ဘဝ အချိန်တော်တော်များများသည် မီလန် (Milan) မြို့ရှိ လူဒိုဗွီကို အီး မော်ရို (Ludovico il Moro) ၏ အလုပ်များတွင် ကုန်ဆုံးခဲ့ရသည်။ နောက်ပိုင်းတွင် သူသည် ရောမ ၊ ဘိုလောက်နား ၊ နှင့် ဗင်းနစ် မြို့တို့တွင် အလုပ်လုပ်ခဲ့ပြီး၊ သူ၏နောက်ဆုံးအချိန်များကို ပြင်သစ်နိုင်ငံရှိ ပထမဖရန့်စစ်ဘုရင် ဆုချီးမြှင့်ခဲ့သည့် နေအိမ်တွင် ကုန်ဆုံးခဲ့သည်။ လီယိုနာဒိုသည် ပထမဦးစွာ ပန်းချီဆရာလည်းဖြစ်ခဲ့ပြီး၊ အောင်မြင်ကျော်ကြားသူလည်း ဖြစ်ခဲ့သည်။ သူ၏ပန်းချီကားများထဲမှ နှစ်ကား ဖြစ်သည့် ၊ မိုနာလီဆာ နှင့် နောက်ဆုံးညစာ တို့သည် အထင်ရှားအကျော်ကြားဆုံး နှင့် အချိန်တိုင်းလိုပင် ပုံတူဟာသ ရေးဆွဲခံရခြင်း၌အများဆုံး နှင့် ပုံတူဘာသာရေး ပန်းချီကားအဖြစ် အများဆုံး ပြန်လည်ထုတ်လုပ်ပေးရသည်။ ထိုပန်းချီကားများ ၏ကျော်ကြားမှုနောက် ကပ်၍ပါလာသည့်ပန်းချီကားမှာ မိုက်ကယ်အိန်ဂျလို၏အာဒမ်၏ဖန်ဆင်းမှုဖြစ်သည်။ လီယိုနာဒို၏ပန်းချီကားတစ်ကားဖြစ်သည့် စွယ်စုံရလူသည်လည်း ယဉ်ကျေးမှု၏ပြယုဂ်အဖြစ် အစဉ်သတိ ရနေကြပြီး၊ ယူရို မှအစ ပြဋ္ဌာန်းစာအုပ်များ ၊ တီရှပ်များ အဆုံး ပစ္စည်းတိုင်းလိုလို အပေါ်တွင် ပြန်လည်ကူးယူ အသုံးပြုနေကြသည်။

လီယိုနာဒိုဒါဗင်ချီ 
လီယိုနာဒို ဒါဗင်စီ၏ နာမည်ကြီးခန္ဓာဗေဒပြလက်ရာ

သူ၏ပန်းချီကား၁၅ခု ကျန်ခဲ့ကောင်းကျန်ခဲ့ရမည်ဖြစ်ပြီး၊ အရေအတွက်အနည်းငယ်သာကျန်ခဲ့ရခြင်းသည် မကြာခဏဖြစ်တတ်သည့် ဘေးဒုက္ခအန္တရာယ်များကြောင့်လည်းကောင်း၊ သူ၏နည်းပညာအသစ်များအပေါ် အစဉ်တစိုက်အချိန်ယူ စမ်းသပ်မှုများ နှင့် သူ၏လုပ်လက်စများကို အချိန်ကြာကြာပစ်ထားတတ်ခြင်း တို့ကြောင့်လည်းကောင်း ဖြစ်သည်။ သို့သော်လည်း အနည်းငယ်သာကျန်ရှိသည့် သူ၏လက်ရာများနှင့်အတူ ဆွဲထားသည့်ပုံများ၊ သိပ္ပံပညာဆိုင်ရာပုံကြမ်းများ နှင့် ပန်းချီကား၏သဘာဝအပေါ် သူ၏တွေးခေါ်မှုများ ပါရှိသည့် သူ၏မှတ်စုစာအုပ်များ တို့သည် ပန်းချီ ပညာရှင် နောက်မျိုးဆက်များအတွက် ထားပေးခဲ့သည့် အမွေအနှစ်များ ဖြစ်ပြီး၊ သူနှင့်ခေတ်ပြိုင် မိုက်ကယ် အိန်ဂျလို နှင့် ပြိုင်ဆိုင်ရာတွင် တစ်ခုတည်းသော အားသာချက်ဖြစ်သည်။ https://www.youtube.com"

နည်းပညာတီထွင်မှု

လီယိုနာဒိုသည် သူ၏နည်းပညာတီထွင်ခြင်းများအတွက်လေးစားမြတ်နိုးခြင်းခံရသည့် ပုဂ္ဂိလ်ဖြစ်သည်။ သူသည်ရဟတ်ယာဉ်၊ တင့်ကား၊ အားပြင်းသည့်နေရောင်ခြည်စွမ်းအား၊ ဂဏန်းပေါင်းစက်၊အခွံနှစ်ထပ် နှင့် သတ္တုအလွှာထပ်ပိုးခြင်း၏ အစဦးဆုံးထုတ်ဖော်ချက်-သီအိုရီ- များကို တွေးတောစဉ်းစား ထုတ်ဖော်ခဲ့သည်။ ထိုနည်းတူစွာပင် သူရေးဆွဲခဲ့သည့်ပုံစံ အနည်းငယ်သာ တည်ဆောက်ခဲ့သည် သို့မဟုတ် သူအသက်ရှိစဉ်အတွင်းကတည်းကပင် တည်ဆောက်ပြီးခဲ့ သည်။ သို့သော် သူ၏အချို့သော အသေးစား တီထွင်မှုများဖြစ်သည့် အလိုအလျှောက်ရစ်လုံးရစ်စက်နှင့် ဝါယာကြိုးဆွဲဆန့် အားတိုင်းတာသည့် စက်တို့သည် ပစ္စည်းထုတ်လုပ်နေသည့်ကမ္ဘာထဲသို့မကြေညာဘဲဝင်ရောက်လာခဲ့ကြသည်။ သိပ္ပံပညာရှင်အဖြစ် သူသည် ခန္ဓာဗေဒ၊ မြို့ပြ အင်ဂျင်နီယာလုပ်ငန်း၊ အမြင်နှင့်အလင်းဆက်နွယ်မှုကို သိပ္ပံနည်းကျလေ့လာမှုများ နှင့် အရည်များ၏ သက်ရောက်အင်အားပညာရပ်များ တို့၏ နယ်ပယ်တွင် ရှိသော သူ၏အသိပညာအဆင့်သည် ရှေ့သို့များစွာကြို၍သိသောအဆင့်သို့ ရောက်ရခဲ့သည်။ ကတ်ကြေးကိုလည်း တီထွင်ခဲ့သည်။

လီယိုနာဒို ဒါဗင်ချိ(ခရစ် ၁၄၅၂ - ၁၅၁၉)

လီယိုနာဒို ဒါဗင်ချိ ဟူသောအမည်ကို အနုသုခုမပညာရပ်များ၌ လေးစားမှုရှိသူတိုင်း ကြားဖူးကြပေလိမ့်မည်။ လီယိုနာဒို ဒါဗင်ချိသည် အထူးသဖြင့် ကမ္ဘာပေါ်တွင် အတော်ဆုံးဟု အသိအမှတ်ပြုခြင်းခံရသော စွယ်စုံပညာရှင်ကြီးတစ်ဦးဖြစ် သည်၊ လီယိုနာဒိုသည် အနုသုခုမပညာရပ်များ ဖြစ်သော ပန်းချီ၊ ပန်းပု၊ ဗိသုကာ၊ ဂီတ စသည်တို့တွင်သာမက စက်မှုလက်မှုအတတ်မျိုးစုံကို တစ်ဖက်ကမ်းခတ်အောင် တတ်မြောက်ခဲ့သူ ပုဂ္ဂိုလ်ချွန်တစ်ဦးဖြစ်ခဲ့ပေသည်။ ဒဿနိကဗေဒဆိုင်ရာတွင်လည်း ကဝိတစ်ဆူ ဖြစ်ချေသေးသည်။ အဘက်ဘက်မှ ပညာရပ်များကို ထူးချွန်စွာ တတ်မြောက်သူ ဖြစ်လေရာ သူ့အား ကမ္ဘာ့ဉာဏ်ကြီးရှင် ပုဂ္ဂိုလ်ကြီးတစ်ဦးဟု ခေါ်ဆိုရပေမည်။ လီယိုနာဒို ဒါဗင်ချိသည် အီတာလျံလူမျိုးဖြစ်၍ ၁၄၅၂ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့တွင် ဖလော်ရင့်မြို့အနီးရှိ ဗင်ချိအရပ်တွင် ဖွားမြင်လေသည်။ ဒါဗင်ချိဟူသောအမည်မှာ ထိုအရပ်ကို အစွဲပြု၍ မှည့်ခေါ်သောဆွေမျိုးစဉ်အမည်ဖြစ်၏။ လီယိုနာဒို၏ ဖခင်သည် ရှေ့နေတစ်ဦးမျှသာ ဖြစ်ပေသည်။ လီယိုနာဒိုသည် ငယ်စဉ်မှစ၍ ဂီတ၊ ပုံဆွဲနှင့် ရုပ်လုံးထုခြင်း စသောပညာရပ်များတွင် ဝါသနာထုံခဲ့၏။ သူ၏ ဖခင်သည် လီယိုနာဒိုရေး ဆွဲသော ပုံအချို့ကို မိတ်ဆွေ ပုံဆွဲပညာကျော် အန်ဒရီယား ဒယ်ဗာရော့ချို အားပြသရာ ဗာရော့ချိုကြီးသည် လီယိုနာဒိုကလေး၏ လက်စွမ်းလက်စကို များစွာချီးမွမ်းအံ့ ဩလေသည်။ ထို့နောက် လီယိုနာဒိုသည် ဗာရော့ချို၏ ပန်းချီခန်း၌ အခြားတပည့်များနှင့်အတူ ပုံဆွဲပညာကို ဆည်းပူးခွင့်ရလေသည်။ အသက် ၁၈ နှစ်အရွယ်တွင် လက်ရာကောင်းများ ရေးဆွဲနိုင်ခဲ့သဖြင့် ကျော်ကြားစပြုလာရာ အသက် ၂ဝ အရွယ်တွင် ပုံဆွဲပညာသည်များအသင်းသို့ ဝင်ခွင့်ရလေသည်။

ငယ်စဉ်ကပင် သူ၏လက်ရာမျာသည် အခြားသော ပညာသည်များ၏ လက်ရာနှင့်မတူ တစ်မူဆန်းပြား၍ ခွဲခြားသိနိုင်လောက်အောင် ကောင်း မွန်ခဲ့ပေသည်။ ဆရာကြီး ဗာရော့ချို၏ ပန်းချီခန်းမှ တပည့်တပန်းများနှင့်အတူ ရေးဆွဲလိုက်သော ပန်းချီကားတွင် လီယိုနာဒို လက်ရာအချို့လည်းပါဝင်ခဲ့၏။ ထိုသို့ တစ်ပိုင်းတစ်စပါဝင်သော လက်ရာသည်ပင်လျှင် ဤကားလီယိုနာဒို၏ လက်ရာဖြစ်၏။ ဤကားမဟုတ်ဟူ၍ အခိုင်အမာ ဆိုနိုင်လောက်အောင် ထူးခြားခဲ့ပေသည်။ လီယိုနာဒိုသည် ဉာဏ်သစ် အရေး ပုံတွင် ပေါ်ပေါက်ခဲ့သည့် အခြားအနုပညာသည်များကဲ့သို့ ရှေးခေတ်အနုသုခု ပညာရပ်မျးကို အတုယူ၍လည်းမရေးဆွဲ၊ မည်သည့်နည်းစနစ်ကိုမျှလည်း မယူဘဲ မိမိကိုယ်တိုင် သဘာဝ၏ သဘောတရားများကို စေ့စပ်သေချာစွာ လေ့လာပြီးမှရေးဆွဲလေသည်။ သဘာဝနှင့် သက်ရှိတို့၏ တည်နေပုံဖွဲ့စည်းပုံနှင့် အလင်းအမှောင်တို့၏သဘောကို အာရုံဝင်စားကာလေ့လာ၏။ ပန်းချီကားများကို ရေးခြယ်ရာတွင် ဆေးရေးခြယ်ခြင်းထက် လူနှင့်တိရစ္ဆာန်တို့၏ ကောဋ္ဌာသဗေဒ၊ သစ်ပင်တို့၏ဖြစ်ပျက်ပုံသဘောတရား၊ ကမ္ဘာမြေနှင့် ရေ၏တည်နေပုံ အင်အားစသော သဘာဝကို ဖန်တီးသည့် အကြောင်းအရာ များကို အရေးထား၍ စဉ်းစားလေသည်။ ထို့ကြောင့်လည်း အတတ်ပညာ အမျိုးမျိုးတွင် ကျွမ်းကျင်ခဲ့ခြင်းဖြစ်ပေရာအနုသုခုမပညာသည်တို့ မှတ်သား အတုယူစရာ ဖြစ်လာပေသည်။ လီယိုနာဒို၏ ဗဟုသုတပြည့်ဝမှု၊ စေ့စပ်သေချာစွာ လေ့လာပြီးမှ ရေးဆွဲမှု စသည်တို့ကြောင့် သူ၏လက်ရာများသည် အကြမ်းရေးခြစ်သော အတိုအစများပါမကျန် ကျော်ကြားလာလေသည်။

လူအမျိုးမျိုးတွင် ဝါသနာအလျောက် တတ်အပ်သော ပညာရပ်ဟူသည် ရှိစမြဲပင်ဖြစ်၏။ လူတစ်ယောက်လျှင် တစ်ခုသော ပညာရပ်တွင် ထူးချွန်တတ်၏။ လီယိုနာဒို အဖို့မူကားလူတို့တတ်အပ်သော ပညာရပ်တိုင်းကို တတ်မြောက်ထူးချွန်ခဲ့သူဖြစ်သော သူကဲ့သို့ ပါရမီခံရင့်သန်သူ ကမ္ဘာပေါ် တွင် နှစ်ဦးပေါ်ပေါက်ရန် ခဲယဉ်းလှပေ၏။ သိပ္ပံပညာရပ်များတွင်လည်း ယခုခေတ်ပေါ် သိပ္ပံပညာရပ်များ အရိပ်အရောင်မျှ မသန်းမီကာလကပင်လျှင် ကြိုတင်မှန်းဆနိုင်ခဲ့သော အစွမ်းရှိလေသည်။ သူရေးဆွဲခဲ့သော ပန်းချီလက်ရာများမှာ အားလုံးပင် ကျော်ကြားခဲ့သော်လည်း နှစ်ခုမှာကမ္ဘာကျော် ဖြစ်သည်။ တစ်ခုမှာ မီလန်မြို့ ဆန်တာ မရီယာကွန်ဗင့် ဘုရားရှိခိုးကျောင်းတွင် ရေးဆွဲထားသော ခရစ်တော်၏ နောက်ဆုံးညစာစားပွဲ ဖြစ်၏။ ကျန်တစ်ခုမှာ အမျိုးသမီးတစ်ဦး၏ ပုံတူဖြစ်၍ မိုနာလီဆာဟုခေါ်သည်။ ယခုတိုင် ပါရစ်မြို့ရှိ လူးဗရပြတိုက် တွင်ရှိသည်။

လီယိုနာဒိုသည် အနုပညာရပ်များ၌ကျော်ကြားသော မြို့ကြီးများ ဖြစ်သော ဖလော်ရင့်၊ မီလန်၊ ဗင်းနစ်၊ ရောမမြို့များသို့ လှည့်လည်ခဲ့လေသည်။ ထို့နောက် ပြင်သစ်နိုင်ငံ အမ်ဗီအရပ်၌ ၁၅၁၉ ခုနှစ်တွင် ကွယ်လွန် လေသည်။ အသက်အရွယ်များစွာ မကြီးရင့်မီပင် ကွယ်လွန်သော်လည်း အသက်တမ်းနှင့်မမျှအောင် များပြားသော သူ၏လက်ရာများသည် နောင်လာ နောက်သားများအဖို့ မှတ်သားဖွယ် အနုပညာသမိုင်းတွင် ထင်ထင်ရှားရှား ကျန်ရစ်ခဲ့ပေသည်။

ကိုးကား

ပြင်ပလင့်ခ်များ

Tags:

လီယိုနာဒိုဒါဗင်ချီ လီယိုနာဒို၏ ကမ္ဘာကြီး အပေါ်အမြင်လီယိုနာဒိုဒါဗင်ချီ ပန်းချီကားများလီယိုနာဒိုဒါဗင်ချီ နည်းပညာတီထွင်မှုလီယိုနာဒိုဒါဗင်ချီ လီယိုနာဒို ဒါဗင်ချိ(ခရစ် ၁၄၅၂ - ၁၅၁၉)လီယိုနာဒိုဒါဗင်ချီ ကိုးကားလီယိုနာဒိုဒါဗင်ချီ ပြင်ပလင့်ခ်များလီယိုနာဒိုဒါဗင်ချီIt-Leonardo di ser Piero da Vinci.oggခန္ဓာဗေဒဖိုင်:It-Leonardo di ser Piero da Vinci.oggဘူမိဗေဒရုက္ခဗေဒအီတာလျံ ဘာသာ

🔥 Trending searches on Wiki မြန်မာဘာသာ:

အင်္ဂုလိမာလသုတ်လိပ်ပထမ ကမ္ဘာစစ်ဘိုးမင်းခေါင်ကာကွယ်ရေးဦးစီးချုပ်(ကြည်း)တရုတ်နှစ်သစ်ကူးဘန်ကောက်မြို့ထိကရုန်းပင်အင်္ဂလန်နိုင်ငံမိုဟာမက်ဥဩအမှတ် (၁) စစ်ဆင်ရေး အထူးအဖွဲ့မှူးအေဝမ်းတင်မောင်ပြည်မြို့မြန်မာနိုင်ငံရာသီအလိုက်ပွင့်သောပန်းများအားထားဝယ်လူမျိုးမာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြဝတီမြို့မြန်မာအက္ခရာတောင်ဥက္ကလာပမြို့နယ်သီလရာဟုလာပျူလူမျိုးရေမွန်မိုးရန်ကုန်တိုင်းဒေသကြီးမိုးဟေကိုပဲခူးမြို့ရှင်သီဝလိဂါထာမြန်မာစာစတင်ဖြစ်ပေါ်လာပုံကုသိုလ်ကမ္မပထ တရား ဆယ်ပါးသံသရာတစ်ကိုယ်ရည်အာသာဖြေခြင်းလီယွန်နယ် မက်ဆီမာနရွှေတိဂုံ၏ အံ့ဖွယ် (၉)ပါးဓဇဂ္ဂသုတ်သီရိလင်္ကာနိုင်ငံမြန်မာနိုင်ငံ၏ သမ္မတကိုယ်ဝန်ဆောင်ခြင်းရွှေဆံတော်စေတီ (ပုဂံ)ယူနိုက်တက်ကင်းဒမ်းနိုင်ငံသိန်းစိန် (နိုင်ငံတော်သမ္မတ)လား (တိရစ္ဆာန်)ဂုဏ်တော်ကွန်ချာဧရာဝတီတိုင်းဒေသကြီးအလောင်းစည်သူMinecraftဗုဒ္ဓမြတ်စွယ်တော်ယူကျူ့ဘ်ကမ္မဋ္ဌာန်းမြန်မာ ရုပ်ရှင်ဇာတ်ကားများ စာရင်းဝမ်းလျှောခြင်းကျေးရွာအုပ်စုမယ်နုအုတ်ကျောင်းကပ်ဆီးချိုရောဂါလက္ခဏာများရခိုင်ဘာသာစကားဂျန် အောသင်္ကြန်ထမင်းသံလိုက်အိမ်မြှောင်လိင်ပြန်ခြင်းရာပြည့်ကျောက်ချဉ်ရာသီခွင်ဆက်သွယ်ရေးတပ်ဖွဲ့အကျဉ်းဦးစီးဌာနနေမြန်မာ ငွေစက္ကူ သမိုင်းခင်ဝင့်ဝါနင်ဂျာပန်းဆယ်မျိုးအော်ကာနာဂစ်မုန်တိုင်း🡆 More