သက္ကရာဇ်ဆိုသည်မှာ အချိန်ကာလကို အမှတ်အသားတစ်ခုအနေဖြင့် သတ်မှတ်ထားသော စံတစ်ခုဖြစ်ပေသည်။ အချိန် ၂၄-နာရီကို တစ်ရက်အဖြစ်သတ်မှတ်ပြီး ရက်ပေါင်း ၃၆၅-ရက်ကို တစ်နှစ်ဟု သတ်မှတ်သည်။ တစ်နှစ်ကို သက္ကရာဇ်တစ်ဟု သတ်မှတ်သည်။
ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက် စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။(1 Sep 2021) |
(၁) မဟာသက္ကရာဇ် = ဂေါတမမြတ်စွာဘုရားရှင်၏ ဘိုးတော် (သီရိမဟာ မာယာဒေဝီ၏ ခမည်းတော်) ဒေဝဒဟ ပြည့်ရှင်ဘုရင် အဉ္စနမင်းကြီးသည် ဒိဗ္ဗစက္ခုအဘိညာဉ်ရ ဒေဝီလရသေ့နှင့် တိုင်ပင်ပြီး မိမိလက်ထက်၌ ရောက်ဆဲဖြစ်သော သက္ကရာဇ် (၈၆၄၅) ခုကို ထိုနှစ် တပေါင်းလကွယ် စနေနေ့ အထိ ဖြိုပြီးလျှင် တန်ခူးလဆန်း(၁)ရက် တနင်္ဂနွေနေ့ကို အစပြု၍ သက္ကရာဇ်တစ်ခု ထားလေသည်။ ထိုသက္ကရာဇ်ကို မဟာသက္ကရာဇ်ဟု ခေါ်တွင်လေသည်။ ထိုအချိန်သည် မြတ်စွာဘုရား ဖွားတော်မမူမီ (၆၈)နှစ် အလိုဖြစ်သည်။ ဂေါတမဘုရားရှင်၏ သက်တော် (၈၀)နှင့်ပေါင်းသော မဟာသက္ကရာဇ်၏ သက်တမ်းမှာ (၁၄၈)နှစ်သာ ရှိသည်။ ထို ၁၄၈-နှစ်ကို ဖြိုပြီး သာသနာသက္ကရာဇ်ကို စ၍တွက်သည်။
(၂) သာသနာသက္ကရာဇ် = မဟာသက္ကရာဇ်၏ သက်တမ်းမှာ (၁၄၈)နှစ်သို့ ရောက်သောအခါ ဂေါတမဘုရားရှင်သည် ပရိနိဗ္ဗာန် စံတော်မူသည်။ သာသနာတော် အနှစ် (၅၀၀၀)ကိုလည်း ထားတော်မူခဲ့သည်။ ပရိနိဗ္ဗာန် စံတော်မူပြီး လေးလအကြာ ရာဇဂြိုဟ်ပြည့်ရှင်ဘုရင် အဇာတသတ် ကြီးကြပ်၍ ပထမသင်္ဂါယနာတင်တော်မူပြီးနောက် သက္ကရာဇ် (၁၄၈)ကို ဖြိုခွင်းပြီး သာသနာနှစ် သက္ကရာဇ်(၁)ခု ကြွင်းထားခဲ့သည်။ ထိုမှစ၍ သာသနာသက္ကရာဇ် ပေါ်ပေါက်လာသည်။
(၃) ကောဇာ (ဂေါဇာ)သက္ကရာဇ်၊ မြန်မာသက္ကရာဇ် = သရေခေတ္တရာ မင်းဆက် သုမုန္ဒရီမင်း လက်ထက် ၆၂၂ ဖြို၊ ပုပ္ပါးစောရဟန်းမင်းလက်ထက် ၅၆၀ ဖြို၍ ရေတွက်သည်။ (လက်ရှိ မြန်မာ ပြက္ခဒိန်)
(၄) ခရစ်နှစ် (ဘီစီ) = ခရစ်တော် မပေါ်မီကာလ နောက်ကို ရေတွက်ရသော နှစ်များ ဖြစ်သည်။
(၅) ခရစ်နှစ် (အေဒီ) = ခရစ်တော် မွေးဖွားသည့်နှစ်မှစ၍ အစဉ်အတိုင်း ရေတွက်ရသော နှစ်များ ဖြစ်သည်။ (လက်ရှိ အင်္ဂလိပ် ပြက္ခဒိန်)
ဂေါတမဘုရားရှင်၏ ဘိုးတော် အဉ္ဇနမင်းကြီး လက်ထက်တွင် ဒိဗ္ဗစက္ခုအဘိညာဉ်ရ ဒေဝီလရသေ့နှင့် တိုင်ပင်ပြီး ရှိရင်းသက္ကရာဇ်(၈၆၄၇)နှစ်မှ (၈၆၄၅)နှစ်ဖြို၍ ကျန်နှစ်နှစ်ကို ဘိုးတော်အဉ္ဇဇနမင်း ဖြိုကြွင်းသော အဉ္ဇနသက္ကရာဇ် (မဟာသက္ကရာဇ်)အဖြစ် သုံးစွဲခဲ့လေသည်။
အဉ္ဇနသက္ကရာဇ် အတွင်းမှာပင် ဂေါတမဘုရားရှင် သည် သက္ကရာဇ် ၁၄၈ ခုနှစ် ကဆုန်လပြည့်တွင် ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့သည်။ ထိုနှစ်မှာပင် ဝါခေါင်လ မှ စ၍ ပထမ သင်္ဂါယနာ တင်ရာ ၇- လကြာခဲ့သည်။ ထိုစဉ်က မဂဓတိုင်း၊ ရာဇဂြိုဟ်ပြည်၌ စိုးစံသောဘုရင် အဇာတသတ် နှင့် အရှင်မဟာကဿပတို့ တိုင်ပင်ပြီး ရှိပြီး ၁၄၈-ခုနှစ် ကို ဖြို၍ ထိုနှစ်ကို ဗုဒ္ဓသာသနာနှစ် (သာသနာသက္ကရာဇ်) ၁- ခုနှစ်ဟု သတ်မှတ်ခဲ့သည်။
ထိုမှတစ်ဖန် အစဉ်အဆက် သာသနာသက္ကရာဇ်ကို ဆက်လက်သုံးစွဲလာခဲ့ကြရာ သာသနာ သက္ကရာဇ် ၆၂၄-ခု ရောက်သောအခါ သရေခေတ္တရာပြည့်ရှင် သုမုန္ဒရီမင်းလက်ထက်တွင် ရှေးဆရာ ပညာရှိရသေ့ကြီးများ၏ နည်းအရ ဒေါဒေါရသ (ခေါ်) နှစ်ရှည် သက္ကရာဇ် ဖြိုကိန်းနှင့် ကြုံကြိုက်သဖြင့် ၆၂၄-ခုနှစ်မှ ၆၂၂-ခုနှစ်ကိုဖြို၍ အကြွင်း ၂-နှစ်ကို ထားကာ သုမုန္ဒရီ (သရေခေတ္တရာ) သက္ကရာဇ်အဖြစ် မှတ်သားသုံးစွဲခဲ့ပြန်သည်။
သုမုန္ဒရီ သက္ကရာဇ် ၅၆၂-ခုသို့ ရောက်သောအခါ ပေါက္ကံပြည့်ရှင် ဆရာသင်္ဃရာဇ် ခေါ် ပုပ္ပါးစောရဟန်းမင်းလက်ထက် ခန်းဆပဉ္ဇာ (ခေါ်) နှစ်တိုသက္ကရာဇ် ဖြိုကိန်းနှင့် ကြုံကြိုက်ပြန်သည်နှင့် ၅၆၂-ခုမှ ခန်းဆပဉ္ဇာ ၅၆၀-ခု ဖြိုပြီးကျန်သော ၂-ခုကို ပေါက္ကံသက္ကရာဇ် အဖြစ် ယနေ့ထိ အဖြိုမရှိတော့ဘဲ ဆက်လက်သုံးစွဲခဲ့သည်။ ထိုသုံးစွဲခဲ့သော ပေါက္ကံသက္ကရာဇ်များသည် ယခုအခါ မြန်မာ ကောဇာသက္ကရာဇ် (ဂေါဇာသက္ကရာဇ်) ဟုခေါ်သည်။
ထိုအချိန်မှစ၍ သာသနာသက္ကရာဇ် ဟူသော မူလ အခေါ် ပျောက်သွားကာ ကောဇာ သက္ကရာဇ် (သို့) သက္ကရာဇ် ဟုသာ သုံးပါတော့သည်။ သရေခေတ္တရာပြည် သုမုန္ဒရီမင်း ဖြိုသော ၆၂၂-ကို ပုပ္ပါးစောရဟန်းမင်း လက်ထက် ဖြိုသော ၅၆ဝ နှင့် ပေါင်းလျှင် ၁၁၈၂ နှစ် ရသည်။ ယင်း ၁၁၈၂ ကို လက်ရှိရောက်နေသော ကောဇာသက္ကရာဇ်တွင် ထည့်ပေါင်းပါက ပထမသင်္ဂါယနာတင်ချိန်ကစခဲ့သော သာသနာသက္ကရာဇ်ကို ရသည်။
ယခုအခါ ကောဇာသက္ကရာဇ်နှင့် သာသနာနှစ်တို့မှာ ကွဲပြားခြားနားနေပြန်သည်။ ကောဇာ သက္ကရာဇ်မှာ ၁၃၀ဝ ကျော်သာ ရှိသေးသော်လည်း သာသနာနှစ်မှာ ၂၅၀ဝ ကျော်နေပြီ ဖြစ်သည်။
ထိုသို့ ကွဲပြားခြားနားနေသည်မှာ ပရိနိဗ္ဗာန် စံဝင်တော်မူပြီးနောက် စိုးစံသောဘုရင် အဇာတသတ် နှင့် အရှင်မဟာကဿပတို့ တိုင်ပင်ပြီး ပထမ သင်္ဂါယနာသော နှစ်ကို ပထမမူလ ဗုဒ္ဓသာသနာနှစ် (၁)ခုဟု သုံးစွဲခဲ့လေသည်။ ထိုစဉ်က သက္ကရာဇ် နှစ်မျိုး မရှိသေးချေ။
သာသနာသက္ကရာဇ် ၆၂၄-ခု ရောက်သောအခါ သုမုန္ဒရီမင်းလက်ထက်တွင် ဒေါဒေါရသ (ခေါ်) နှစ်ရှည်သက္ကရာဇ် ဖြိုကိန်းနှင့် ကြုံကြိုက်သဖြင့် ၆၂၄-ခုနှစ်မှ ၆၂၂-ခုနှစ်ကို ဖြို၍ အကြွင်း ၂ -နှစ်ကို ထားကာ သုံးစွဲချိန်မှစ၍ ကောဇာနှင့် သာသနာဟူ၍ သက္ကရာဇ်(၂)မျိုး ကွဲပြားလာသည်။ ယခုအခါ မြန်မာနိုင်ငံ၌ ကောဇာသက္ကရာဇ်ကို အစဉ်အမြဲသုံးစွဲပြီး သာသနာနှစ်ကိုကား အသိအမှတ်ပြုသည့် အနေဖြင့်သာ သုံးစွဲလေသည်။
သာသနာနှစ် သိလိုပါက ကောဇာသက္ကရာဇ် ကို (၁၁၈၂)နှစ်နှင့် ထည့်ပေါင်းလျှင် သာသနာနှစ် အမှန် ဖြစ်ပေသည်။
သက္ကကောဇာ၊ တည်ပြီးခါဝယ်၊ တစ်တစ်ရှစ်နှစ်(၁၁၈၂)နှောတုံလစ်က၊ တိတ်ဖြစ်သာသနာ၊ မှတ်ကြရာ၏ဟု ပညာရှိများ ညွှန်ကြားထား၏။
သက္ကရာဇ်ဖြိုခြင်း ဟူသည်ကား ဂဏန်းသင်္ချာအရေအတွက်တွေ များလာသည်ကို လွယ်ကူစွာ သိမှတ်နိုင် စေရန်ရည်သန်၍ အသစ်အတို ပြုခြင်းပင်ဖြစ်၏၊ သို့သော် အောက်ပါ အင်္ဂါ၃-ပါးနှင့် ညီညွတ်မှ ဖြိုအပ်သည်။ ဖြိုကောင်းသည်ဟု ပညာရှိတို့တွက်ကိန်းပုံစံ ထားကြကုန်၏၊ ကံနီ အတွင်းဝန်မင်းကမူ ကိန်းခမ်းညီးအောင်ဖြိုခြင်းသာ လိုရင်းပဓာနမှတ် ဟု ဆိုလေသည်။
ဤ၌ သက္ကရာဇ်ကိုဖြိုသွားကြသောမင်းနှင့် ကိန်းခန်း၊ ရသေ့ရဟန်းတို့၏ အမည်များကို ရာဇဝင်၊ မဟာဝင်၊ သာသနာဝင်၊ ဆရာစဉ်တို့ မှတ်တမ်းမှ သုတေသနပြု တွေ့ရှိသမျှဖြင့် ထုတ်ပြဖြေကြားသွားပါမည်။ အမှားပါဝင်က အမှန်ကို လျင်စွာရှာကြပါကုန်။
(၁) အာကာရဋ္ဌမင်းလက်ထက် ကမ္ဘာဦးကာလမှစ၍ "မဟာသုဒ္ဓဝယပ္ပ"ဟူသော ပိဋက သင်္ချာနှင့်အညီ သက္ကရာဇ် (၁၁၄၉၇၈၅) ခုနှစ်တို့ကိုဖြိုခဲ့သည်။ ထိုနောက်-
(၂) ကုသမင်းကြီးလက်ထက်မှာ ``နာတိမဇ္ဇလဒ္ဓံဝိယ´´ ဟူသော ပိဋကသင်္ချာကိန်းခန်းနှင့် အညီသက္ကရာဇ် (၁၄၉၃၈၅၆၀)သော ခုနှစ်တို့ကိုဖြိုခဲ့လေသည်။ ၎င်းနောက်-
(၃) ဘိုးတော်အဉ္စနမင်းကြီးသည် ဒေဝီလရသေ့နှင့်တိုင်ပင်ကာ ``မာဃစန္ဒေ၊ သို့မဟုတ် ဏဝစန္ဒေ ´´ ဟူသော ပိဋက သင်္ချာ ကိန်းခမ်းနှင့်အညီ သက္ကရာဇ် (၈၆၄၅) ခုနှစ်တို့ကို ဖြိုခဲ့လေသည်။
ထိုနောက်မြတ်စွာဘုရားသခင် ပရိနိဗ္ဗာန် စံဝင်တော်မူပြီးသောအခါ သာသနာနှင့်ဂေါဇာနှစ် ညီစေရန်-
(၄) အဇာတသတ် မင်းကြီးနှင့် ရှင်မဟာကဿပထေရ် တိုင်ပင်ကာ ``ဒေဝီယ´´ ဟူသော ပိဋကသင်္ချာ ကိန်းနှင့်အညီ သက္ကရာဇ် (၁၄၈)ခုနှစ်တို့ကို ဖြိုလိုက်ပြန်လေသည်။
ထိုနောက် ၆၂၄-ခုနှစ်သို့ရောက်သောအခါ-
(၅) သုမုန္ဒရီမင်းကြီးသည် သီရိခေတ္တရာပြည်ကြီး၌ ``ဒေါဒေါရသ ´´ကိန်းခမ်းအရ ၂-ခုကြွင်းထား ၍ သက္ကရာဇ် (၆၂၂)နှစ်တို့ကိုဖြိုလိုက်ပြန် လေသည်။
ထိုနောက် ၅၆၂-ခုနှစ်သို့ရောက်ပြန်သောအခါ-
(၆) ပုပ္ပါးစောရဟန်းမင်းကြီးသည် ပုဂံပြည်၌ ``အလံဗိက´´ ကိန်းကြုံ၍ ``ခဆ ပဉ္စန်း´´ ခေါ် နှစ်ပေါင်း (၅၆၀)တို့ကို ၂-ခုကြွင်းထားလျက်ဖြိုလိုက်ပြန်လေသည်။
ထိုမှနောက် သက္ကရာဇ် (၈၀၀)ခုနှစ်သို့ရောက်သော အခါ-
(၇) မိုးညှင်း မင်းတရားကြီးသည်၊ ``အဋ္ဌနဝ သတ္တကိန်း´´ သို့မဟုတ် ``ဗသျှုဆိဒ္ဒမုနိကိန်း ´´ အရ (၇၉၈) ခုနှစ်ကို ဖြိုပြန်သော်လည်း ကိန်းခမ်း မရောက်၍ မပြိုမကြေဟု ပညာရှိတို့ ဆိုကြကုန်၏၊
ထိုနောက်ကား သက္ကရာဇ်ဖြိုမင်း မရှိ မပေါ်သေးပေ။
သာကမင်းဆက် (အိန္ဒိယမင်းဆက်)ကိုအကြောင်းပြု၍ သက္ကရာဇ်ခေါ်၏။ အချို့ဆရာတို့ကမူ သက္ကာရိယတေတိသက္ကာရိတော ဟုနှစ်အရေအတွက်ကို အရိုအသေပြု၍ မှတ်ခြင်း၊ တစ်နည်း သက္ကရာဇံဌိတံကတွာပြု၍သိကြားဟောယူသည်။ သက္ကရာဇိတ ကို သက္ကရာဇန ဟုပုဒ်ပြု၍လည်း သိကြားဟောမယူ၊ တတ်စွမ်းနိုင်သော ပညာရှိအစီအရင်ယူသည်။ ဤသို့ ကနီအတွင်းဝန်ရေး မကာရန္တဗေဒင်လက်ရိုး ဋီကာတွင် ဆိုလေသည်။
အိန္ဒိယနိုင်ငံသမိုင်းအရ 'သာကခေတ်'နှစ်မျိုးရှိ၏။ သာကခေတ်ဟောင်းသည် ခရစ်မပေါ်မီ၁၂၃ ခုနှစ် (ဘီစီ၁၂၃ခုနှစ်) မှစ၍ သာကခေတ်သစ်သည် ခရစ်ဖွားပြီး ၇၈ခုနှစ် (အေဒီ ၇၈) ခုနှစ်မှစ၍ ယူသည်။ ထို့ကြောင့် သက္ကရာဇ်သည် မြတ်စွာဘုရားပရိနိဗ္ဗာန်ပြုပြီးနောက် ၄၂၁ ခုနှစ်မှ ဖြစ်ပေါ်လာခဲ့သည်။ ထိုသက္ကရာဇ်မတိုင်မီတွင် 'ကလိယုဂ်နှစ်'၊ 'သာသနာနှစ်'စသည်တို့ဖြစ်ချေသည်။
သူရိယသိဒ္ဓန္တကျမ်း၏ နှစ်များမှာစတုယုဂ်တစ်ခုတွင် နှစ်ပေါင်း ၄၃၂ဝဝဝဝရှိ၍ ယုဂ်လေးပါး ပိုင်းခြားထား၏။ (၁)ကတယုဂ်-နှစ်၁၇၂၈ဝဝဝ (၂)တြေတာယုဂ်-နှစ် ၁၂၉၆ဝဝဝ (၃) ဒွါပရယုဂ် -၈၆၄ဝဝဝ (၄)ကလိယုဂ်-နှစ်၄၃၂ဝဝဝ ဟုဆို၏။ ယခုမြန်မာနိုင်ငံ၌ အသုံးပြုနေသောသက္ကရာဇ်သည် ကလိယုဂ်နှစ်များမှ မင်းအဆက်ဆက် သက္ကရာဇ်ဖြိုခဲ့သောနှစ်ဖြစ်၏။ မြတ်စွာဘုရားဘိုးတော်အဉ္စနမင်းသည် ဒွါပရယုဂ်မှနှစ်ကျန် ၆၂၃၆ နှင့်ကလိယုဂ်မှနှစ်ကျန်၆၂၃၆နှစ်နှင့် ကလိယုဂ်ဆန်းနှစ် ၂၄ဝ၉ပေါင်း၍ ၈၆၄၅နှစ်ကိုဖြိုတော်မူသည်။ ထိုသို့ဖြိုပြီးနောက် မဟာသက္ကရာဇ် ၆၈ခုနှစ်တွင် မြတ်စွာ ဘုရားအလောင်းကို ဖွားမြင်တော်မူ၍ သက်တော် ၈ဝ၊ ဝါတော်၄၅၊ မဟာသက္ကရာဇ် ၁၄၈−ခုနှစ်တွင် ဘုရားရှင်ပရိနိဗ္ဗာန်ပြုတော်မူသည်။ ယင်းသည်နောက် ရှင်မဟာကဿပ အမှူးပြု၍ပထမသင်္ဂါယနာတင်ပြီးလျှင် အဇာတသတ်မင်းသည် မဟာသက္ကရာဇ် ၁၄၈ ခုနှစ်ကိုဖြိုတော်မူ၍ သာသနာ သက္ကရာဇ်ပြုတော်မူသည်။ ဤသက္ကရာဇ်ဖြိုခြင်းသည် ကိန်းခန်းများညီညွတ်ရန်မဟုတ်၊ သာသနာသက္ကရာဇ် ပြုရန်အတွက် ဖြိုခြင်းဖြစ်သည်။
ထိုနောက် သရေခေတ္တရာ ၂၅ ဆက်မြောက်သုမုန္ဒြီမင်း လက်ထက်တော်၌ နက္ခန်ကိန်းခန်း ကျသဖြင့် ဒေါဒေါရသ၊ သာသနာသက္ကရာဇ်၆၂၂ ကိုဖြိုခဲ့၏။ ဤမင်းဖြိုနှစ်နှင့် တစ်ပြိုင်တည်း အိန္ဒိယနိုင်ငံ၌လည်း မယုရမင်းလက်ထက်တွင် နက္ခတ်ကိန်းခန်းအရ သက္ကရာဇ်ဖြို၍ 'သာကနှစ်'အစပြုခဲ့၏။ ထိုနောက် ပုဂံပြည်ပုပ္ပါးစောရဟန်းမင်း လက်ထက်တွင် ခဆပဉ္စ၊ သက္ကရာဇ် ၅၆ဝကိုဖြိုခဲ့သည်။ ထိုနောက်သက္ကရာဇ် ၈ဝဝပြည့်နှစ် ရောက်သောအခါ ရတနာပုရ အင်းဝပြည်တွင် မိုးညှင်းမင်းတရားလက်ထက်၌ သက္ကရာဇ် နှစ်ခုအကြွင်းထားပြီးလျှင် အဋ္ဌနဝသတ္တ၊ သက္ကရာဇ် ၇၉၈ ခုဖြိုခဲ့ရာတွင် မအောင်မြင်ချေ။ သက္ကရာဇ်ဟောင်း အခေါ်မပျောက်။ မြန်မာတစ်နိုင်ငံလုံး ပုဂံခေတ် သက္ကရာဇ်ကိုသာ ဆက်လက်၍ အသိအမှတ်ပြုခဲ့သည်မှာ ယနေ့တိုင်ပင်ဖြစ်၏။ ဤအခါမှစ၍ သက္ကရာဇ်ရှည် သက္ကရာဇ်တိုဟု သက္ကရာဇ်နှစ်ရပ်ဖြစ်ခဲ့သေး၏။ ယခုကောဇာသက္ကရာဇ်တွင် ၅၆ဝနှစ်နှောလျှင် သုမုန္ဒြီခေတ်သက္ကရာဇ်ရ၏။ ယင်းကို ၆၂၂နှောလျှင် မြတ်စွာဘုရားပရိနိဗ္ဗာန်ပြုပြီးသည့်နောက် သာသနာနှစ်ဖြစ်၏။ ယင်းတွင် ၂၅၅ရ နှစ်နှောလျှင် ကလိယုဂ်နှစ်ပေါင်းဖြစ်၏။ ပုံပမာ (၁) သက္ကရာဇ် ၁၃၂၄+၅၆ဝ=၁၈၈၄-သုမုန္ဒြီသက္ကရာဇ်၊ အိန္ဒိယနိုင်ငံသုံး ပြက္ခဒိန်၏'သာကနှစ်'
(၂)သက္ကရာဇ် ၁၈၈၄+၆၂၂=၂၅ဝ၆·သာသနာနှစ်၊ (သီဟိုဠ်လူမျိုးတို့သည် သာသနာ သက္ကရာဇ်ကို အသုံးပြုကြသည်။)
(၃) သာသနာနှစ် ၂၅ဝ၆+၂၅၅ရ=၅ဝ၆၃ ကလိယုဂ်နှစ်၊ (သူရိယသိဒ္ဓန္တ ကျမ်းမှ နက္ခတ်တွက်ကိန်းများတွက်လျှင် ကလိယုဂ်နှစ်များကို အသုံးပြုကြသည်။)
တစ်နည်းကား(၁) ကောဇာသက္ကရာဇ်တွင် ၁၁၈၂ နှောလျှင်သာသနာနှစ်ဖြစ်၏။ (၂) ကောဇာသက္ကရာဇ်တွင် ၃၇၃၉ နှောလျှင် ကလိယုဂ်နှစ်ပေါင်းဖြစ်၏။ သက္ကရာဇ်ဖြိုခြင်းအကြောင်းကား သက္ကရာဇ်အများထက် အနည်းကိုအလွယ်မှတ်သားစေရန်၊ ဝေါဟာရပြက္ခဒိန်တွင် တိထီနက္ခတ်၊ ပုဏ္ဏမီ စသည်များ သာမန်လထပ်ရက်ငင်ပြုသော်လည်း မညီညွတ်ခြင်း၊ နေကြတ်လကြတ်ဂြိုဟ်သွားတို့တိမ်းစောင်းခြင်း စသောလက္ခဏာများပေါ်ပေါက်လျှင် တွက်ပုံကိန်းခန်းများညီညွတ်စေရန်နှင့် ဝေါဟာရပြက္ခဒိန်စင်ကြယ်မှုရရှိစေရန် အုပ်ချုပ်သောမင်းများသည် နက္ခတ်ပညာရှိများနှင့်တိုင်ပင်နှီးနှောလျက် သက္ကရာဇ်များ ဖြိုသင့်ကဖြို၍ ကိန်းများညှိနှိုင်းပြုပြင်ရသည်။ ထို့ပြင် တိုင်းပြည်အုပ်ချုပ်သောမင်းများ မိမိတို့၏ခေတ်ကို ရာဇဝင်တွင်အထင်အရှားရှိစေရန် သက္ကရာဇ်ကို ဖြို၍ မိမိတို့အုပ်ချုပ်သောနှစ်မှ ခေတ်သစ်သက္ကရာဇ်များပြုကြသည်။
ဗေဒင်တွက်ရိုး စီရင်သောကျမ်းများ၌ သက္ကရာဇ်အများကို အနည်းဖြင့်စီရင်ကြသည်မှာ သက္ကရာဇ် ဖြိုခြင်းမမည်။ ကျမ်းပြုနှစ်သာမည်၏။ ပုံပမာ-သံဒိဋ္ဌကျမ်း၌ ကောဇာ သက္ကရာဇ်ကိုတည်၍ ၃၇၃၉ ခုနှောလျှင် ကလိယုဂ်ဆန်းနှစ် ဖြစ်၏။ ၎င်းတွင် ၄၈၃၉ ချေ၊ သေသနှစ်ကြွင်း 'ရဿ'ဖြစ်၏။ ဤရဿနှစ်သည်သက္ကရာဇ်ဖြိုနှစ်မဟုတ်ချေ။ အတာဗိုလ်တွက်ခြေလွယ်ကူစေရန် ချုံးထားသော ကိန်းဂဏန်းများသာ ဖြစ်၏။
သူရိယသိဒ္ဓန္တကျမ်းဂြိုဟ်စဉ်များတွက်ရေး၌ ကလိယုဂ်နှစ်ဖြင့် အခြေပြုသကဲ့သို့ အနောက်နိုင်ငံ ဂြိုဟ်စဉ်တွက်ကိန်းများ၌လည်း ဂျူလီယန်နှစ်များရှိ၏။ ယင်းနှစ်သည် ခရစ်မပေါ်မီ ၄၇၁၃ ခုနှစ် (ဘီစီ၄ရ၁၃)မှ စတင်ရေတွက်ခဲ့၏။ ခရစ်နှစ်၁၉၆၂ခုနှစ် (အေဒီ၁၉၆၂)သည် ဂျူလီယန်နှစ် ၆၆၇၅ နှစ် ဖြစ်၏။
မင်းအမည် ဖြိုနှစ် ကလိယုဂ် ခရစ်နှစ်ပေါင်း နှစ် ဝ ဘီစီ ၁၃ဝ၁
ဘိုးတော်အဉ္စနမင်း ၂၄ဝ၉ ၂၄ဝ၉ ဘီစီ ၆၉၂
အဇာတသတ်မင်း ၁၄၈ ၂၅၅ရ ဘီစီ ၅၄၄
သုမုန္ဒြီမင်း ၆၂၂ ၃၁၇၉ အေဒီ ရ၈
စောရဟန်း ၅၆ဝ ၃၇၃၉ အေဒီ ၆၃၈
မိုးညှင်းမင်းတရား ၇၉၈ ၄၅၃ရ အေဒီ၁၄၃၆
This article uses material from the Wikipedia မြန်မာဘာသာ article သက္ကရာဇ်, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.