ဒန့်သလွန်သီး' ၊ ဒန့်သလွန်ရွက်ကို မြန်မာလူမျိုးများက နှစ်သက်စွာ ချက်ပြုတ်စားသောက်လေ့ရှိကြပါတယ်။ ဒန့်သလွန်သီးကို ချဉ်ရည်ဟင်း ချက်ပြုတ်လေ့ရှိပြီး ဒန့်သလွန်ရွက်ကို ကြော်လို့ တဖုံ၊ ဟင်းခါးရည် ချက်လို့ တမျိုး စားကြပါတယ်။
ဤဆောင်းပါးသည် သဒ္ဒါ၊ သတ်ပုံ၊ ရေးဟန် စသည်တို့အတွက် ဝီကီစံညွှန်းနှင့်အညီ အရေးအသား တည်းဖြတ်ပေးရန် လိုအပ်နေသည်။ |
Moringa oleifera | |
---|---|
မျိုးရိုးခွဲခြားခြင်း | |
လောက: | Plantae |
Clade: | Angiosperms |
Clade: | Eudicots |
Clade: | Rosids |
မျိုးစဉ်: | Brassicales |
မျိုးရင်း: | Moringaceae |
မျိုးစု: | Moringa |
မျိုးစိတ်: | M. oleifera |
ဒွိနာမ | |
Moringa oleifera | |
Synonyms | |
|
ဒန့်သလွန်ရဲ့ ရုက္ခဗေဒအမည်မှာ Moringa Oleifera ဖြစ်၍ horseradish tree, drumstick tree, Ben Oil tree ဟု အရပ်အမည်အဖြစ် ခေါ်ဆိုကြသည်။ ဒန့်သလွန်ပင်၏ ဇာတိမှာ အိန္ဒိယနိုင်ငံ ဖြစ်ပြီး အပူပိုင်းဒေသနိုင်ငံများကို ပျံ့နှံ့ပေါက်ရောက်သည်။ ယနေ့အခါတွင်မူ အာဖရိကနိုင်ငံများ ၊ တောင်အမေရိက ၊ သီရိလင်္ကာ ၊ မက်ဆီကို ၊ မလေးရှား ၊ ဖိလစ်ပိုင်နိုင်ငံတို့တွင် အများအပြား စိုက်ပျိုးကြသည်။ ဒန့်သလွန်ပင်အား နိုင်ငံအလိုက် သက်ဆိုင်ရာ ဘာသာစကားအလိုက် အမည်များစွာ ရှိသော်လည်း အသီး ပုံသဏ္ဌာန်ကြောင့် drumstick tree လို့ လူသိများသည်။
ဒန့်သလွန်ရွက်တွင် ပိုတက်ဆီယမ်၊ သံဓာတ်၊ ပရိုတိန်း ၊ ဗီတာမင်စီ ဓာတ်များ ပါရှိသည်။ မြန်မာနိုင်ငံတွင် ဒန့်သလွန်ရွက်ကို ဟင်းရည်အဖြစ် သွေးတိုးရောဂါရှင်များအတွက် ချက်ပြုတ်ပေးလေ့ရှိကြပါသည်။ ဒန့်ဒလွန်ရွက်အား အရွက်ခြောက်ကို အမှုန့်ပြုလုပ်ကာ ဟင်းရည်များတွင် ထည့်၍ ချက်ပြုတ်ခြင်းများကိုလည်း နိုင်ငံအရပ်ရပ်တွင် တွေ့ရှိရလေ့ရှိသည်
ဒန့်သလွန်သီး အသီးနုများကို ဟင်းချက်စားကြပြီး ရင့်သောအသီးမှ အစေ့များကို မြေပဲကဲ့သို့ စားကြပါတယ်။ ဒန့်သလွန်သီး အစေ့မှ ဆီ ထုတ်ယူပြီး စားသုံးဆီ ၊ စက်သုံးဆီ အဖြစ် အသုံးပြုကြပါတယ်။ ဒန့်သလွန်အပွင့်များကိုလည်း ချက်ပြုတ်စားကြပါတယ်။ ဒန့်သလွန်ပွင့်မှာ လည်းပဲ ကယ်လစီယမ်၊ သံဓာတ် ၊ ဗီတာမင် အေ ၊ ဗီတာမင် ဘီ ၊ ဗီတာမင် စီ နှင့် ပရိုတိန်းဓာတ်များ ကြွယ်ဝနေပါတယ်။ ဒန့်သလွန်ပွင့်ကို ဟင်းချက်လျှင် အရသာမှာ မှိုနှင့်ဆင်တူပါတယ်။ ဒန့်သလွန်ပင်ရဲ့ အခေါက်၊ အမြစ် ၊ အရွက် ၊ အသီး ၊ အပွင့် အားလုံးတို့ဟာ ရိုးရာတိုင်းရင်းဆေးအဖြစ် နိုင်ငံ အတော်များများမှာ အသုံးဝင်ပါတယ်။
ဒန့်သလွန်ပင်ဟာ ၁၀ မီတာခန့် မြင့်ပြီး ကိုင်းများက ကျွတ်ဆတ်ပါတယ်။ အိန္ဒိယနိုင်ငံမှာတော့ ကိုင်းဖြတ် မျိုးပွားယူကြပါတယ်။ ဇွန်လ ၊ ဇူလိုင်လ ၊ ဩဂုတ်လများတွင် ဒန့်သလွန်ကိုင်းကို ကိုင်းအရှည် ၁ မီတာမှ ၂ မီတာ အတွင်း ဖြတ်ပြီး အပင်အသစ်အဖြစ် ပြန်လည် စိုက်ပျိုးကြပါတယ်။ စိုက်ပျိုးပြီး ၆ လမှ ၈ လ အကြာမှာတော့ အသီး စတင် သီးပါပြီ။
အပင်တစ်ပင်လုံး အသုံးဝင်သော ဒန့်သလွန်ပင်မှာ အသီး ၊ အရွက် ၊ အပွင့်တို့က အရသာလည်း ရှိတာကြောင့် အမျိုးမျိုး စီမံချက်ပြုတ် စားသောက်ခြင်းဖြင့် အစာလည်းဆေး ၊ ဆေးလည်းအစာ ဖြစ်နေပါတယ် ။
အပင် - ပင်လတ် မျိုးဖြစ် သည်။ အမြင့် ၂၅ ပေ အထိ မြင့်သည်။ အခေါက် ထူ၍ ချောပြီး အဖြူ စက်ကလေး များရှိသည်။ အတွင်းသား ဖြူသည်။
အရွက် - သုံးခါ ငှက်မွေး ရွက်ပေါင်း ဖြစ်၍ ရွက်လွှဲ ထွက်သည်။ ရွက်မြွှာ များ သေးငယ်၍ ဘဲဥပုံ ရှိပြီး အရင်း အနည်းငယ် သွယ်သည်။ ထိပ်ဝိုင်း သည်။ မျက်နှာ ချင်းဆိုင် ထွက်သည်။ ထိပ်ရွက် တစ်ရွက် ပါသည်။ ရွက်ပြား နူးညံ့ ချောမွေ့ ပြီး အနားညီ၏။
အပွင့် - အဖြူရောင် ရှိပြီး အနံ့ ရှိသည်။ တန်ခူး၊ ကဆုန် တွင် ပွင့်သည်။
အသီး - ရှည်လျား ၍ အစိမ်း ရင့်ရောင် ရှိပြီး အက်ကွဲသီး ဖြစ်သည်။ အမြောင်း ပါသည်။ အသီး အတွင်း တွင် အစေ့များ တန်းစီလျက် ၅-၇ စေ့ ခန့် ပါဝင် သည်။ အတွင်းသား ထူသည်။ အစေ့၌ အတောင် ပါသည်။ ကဆုန်၊ နယုန် လတွင် သီး၏။
အမြစ် - အမြစ်ခေါက် ထူသည်။ အမြစ် ဖြာသည်။
အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : ပဉ္စ ငါးပါး။
မြန်မာနိုင်ငံတွင်တွေ့နိုင်သောနေရာများ : မြန်မာ နိုင်ငံ အနှံ့ အပြားတွင် ပေါက်ရောက်သည်။ ဟင်းသီး ဟင်းရွက်ပင် အဖြစ် စိုက်ပျိုး ပေါက်ရောက်၏။ အသုံးဝင်ပုံ : အာနိသင် - မြန်မာ ဆေးကျမ်းများ အလို အရ ဒန့်သလွန် သည် အနည်းငယ် ချို၍ ဖန်သော အရသာ ရှိ၏။ ထက်မြက်၏။ ကြေလွယ်၏။ နှုတ်ကို မြိန်စေ၏။ ဝမ်းမီးကို တောက်စေ၏။ လေ၊ သလိပ်၊ သည်းခြေကို နိုင်၏။ အပူနာ၊ အဖျဉ်း၊ ဂူလုံး အကြော အခြင် ၊ ရောင်ရမ်းနာ တို့ကို နိုင်၏။ မျက်စိ ကို အကျိုးပြု၏။
အသုံးပြုပုံ-
အရွက်
အမြစ်
အသီး
အစေ့
အစေး
အပွင့်
အခေါက်
This article uses material from the Wikipedia မြန်မာဘာသာ article ဒန့်သလွန်, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.