ကုန်းနေရေနေ သတ္တဝါ

Amphibian ဆိုသည်မှာ မြန်မာလို ကုန်းတစ်ပိုင်းရေတစ်ပိုင်း သို့ ကုန်းနေရေနေသတ္တဝါ ဟု အဓိပ္ပာယ်ရသည်။ သတ္တဝါလောကတွင် ကုန်းနေသတ္တဝါများသည် ရေနေသတ္တဝါများထက်ပိုပြီး အဆင့်မြင့်ကြသည်။ ဤကုန်းနေရေနေသတ္တဝါများ၏ အဆင့်မှာ ကုန်းသတ္တဝါနှင့် ရေသတ္တဝါများ၏ ကြားထဲတွင်ရှိသည်။ ထို့ကြောင့် ၎င်းတို့မှာ အဆင့်မြင့် ကုန်းနေသတ္တဝါများကဲ့သို့ ကုန်းပေါ်တွင် နေထိုင်နိုင်ကြသော်လည်း အချိန်ကြာမြင့်စွာ မနေနိုင်ကြ။ ရေထဲသို့ တစ်ခါတစ်ရံ ပြန်ဆင်းကြရသည်။ ကုန်းနေရေနေ အုပ်စုတွင် ပါဝင်သော သတ္တဝါများမှာ- ဖား၊ မိကျောင်း၊ လိပ်၊ ရေပုတ်သင်နှင့် အခြားအကောင်များပါဝင်သည်။

ကုန်းနေရေနေ သတ္တဝါများ
Temporal range: Late Devonian–present, 370–0 Ma
PreЄ
Є
O
S
D
C
P
T
K
Pg
N
ကုန်းနေရေနေ သတ္တဝါများ စုစည်းထားသောပုံ
Clockwise from top right: Seymouria, Mexican burrowing caecilian, eastern newt and leaf green tree frog
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
Clade: Batrachomorpha
မျိုးပေါင်း: Amphibia
Gray 1825
Subclasses
  • Lepospondyli
  • Temnospondyli
  • Lissamphibia (modern amphibians)
    • Anura (frogs)
    • Caudata (salamanders)
    • Gymnophiona (caecilians)
    • Albanerpetontidae
ကုန်းနေရေနေ သတ္တဝါ

သဘာဝအလေ့အထ

ကုန်းနေရေနေသတ္တဝါများမှာ သွေးအေးသတ္တဝါများ ဖြစ်ကြပြီး ကျောရိုးရှိများဖြစ်သည်။ ခြေလက် လေးချောင်းရှိသည်။ အသက်ရှူရာတွင် ပါးဟက်နှင့် အရေပြားတို့အပြင် အဆုတ်ကိုပါ အသုံးပြုကြသည်။ ဤသတ္တဝါများတွင် အကြေးခွံများ မရှိကြပေ။ ၎င်းတို့ကို ရေနှင့်အနီးတစ်ဝိုက် နေရာများနှင့် စိုစွတ်သော ပတ်ဝန်းကျင်များတွင် တွေ့ရှိနိုင်သည်။ အများစုမှာ အမြီးများရှိကြပြီး အရွယ်ရောက်ပြီး ဖားနှင့် ဖားပြုပ်များ၏ အမြီးများမှာ အမြီးငုတ်တိုများဖြစ်သည်။

စားသောက်ခြင်း

အရွယ်ရောက်ပြီးသော သတ္တဝါအကြီးများမှာ အသားစား သတ္တဝါများ ဖြစ်ကြပြီး အများစုမှာ ကျောရိုးမဲ့ အကောင်များကို စားသုံးကြပြီး ကြီးမားသော ဖားများနှင့်ဖားပြုပ်များသည် ငှက်၊ ငါး၊ နို့တိုက်သတ္တဝါအချို့နှင့် အခြား ကုန်းနေရေနေ သတ္တဝါများကို စားသုံးကြသည်။ အရွယ်မရောက်သေးသော သားလောင်းကောင်များမှာမူ Herbivorous (အပင်စားသတ္တဝါများ) ဖြစ်သည်။ ရေညှိနှင့် အခြားသော ရေထဲရှိ အပင်များကို စားသုံးကြသည်။

မျိုးပွားနည်း

ကုန်းနေရေနေ သတ္တဝါများသည် ဥဥခြင်းဖြင့် မျိုးပွားကြသည်။ ၎င်းတို့ ဥချလိုက်သော ဥများမှ သားလောင်းများ ပေါက်လာကြသည်။ ထိုသားလောင်းများမှ တစ်ဆင့် အရွယ်ရောက်ပြီး အကောင်များဖြစ်လာသည်။ ဥများကို အများအားဖြင့် ရေထဲတွင် ဥတတ်ကြသည်။


ကိုးကားချက်

Tags:

ကုန်းနေရေနေ သတ္တဝါ သဘာဝအလေ့အထကုန်းနေရေနေ သတ္တဝါ စားသောက်ခြင်းကုန်းနေရေနေ သတ္တဝါ မျိုးပွားနည်းကုန်းနေရေနေ သတ္တဝါ ကိုးကားချက်ကုန်းနေရေနေ သတ္တဝါဖားမိကျောင်းလိပ်

🔥 Trending searches on Wiki မြန်မာဘာသာ:

စာပေသာသနာ သက္ကရာဇ်သခွတ်ပင်ဝိပဿနာဉာဏ်ဂဠုန်ဦးစောသမ္မာဝါစာဘင်္ဂလားဒေ့ရှ်နိုင်ငံဝိကာလဘောဇနသိက္ခာပုဒ်ဈာန်ယာဘမြန်မာ့တပ်မတော် သမိုင်းကြောင်းပြိတ္တာသွေးတိုးရောဂါဆတ်အောင်ဆန်းလက်ဖက်သုပ်မိုးဟေကိုအားတော်ဆယ်ပါးစိုင်းထီးဆိုင်မုန့်လုံးရေပေါ်အသည်းရောင် အသားဝါ ရောဂါ စီပိုးဇာမဏီကနောင်မင်းသားသီတဂူဆရာတော်လိင်ဆက်ဆံခြင်းHTMLကျုံးကိုယ်ဝန်ဖျက်ချခြင်းမိုးကုတ်တရားရာသီအလိုက်ပွင့်သောပန်းများအကုသလကမ္မပထဆယ်ပါးမြန်မာနိုင်ငံ၏ ပြည်သူ့စစ်မှုထမ်းဥပဒေသမုဒယသစ္စာလင့်ဝတ္တရားသင်္ခါရချမ်းချမ်းညှင်းလောကနီတိသန်းဌေးရှရွတ်ခန်းမဇ္ဈိမ သတင်းဌာနဧရာဝတီမြစ်မြန်မာတိုင်းရင်းသားမျိုးနွယ်များကျေးရွာအုပ်စုလွတ်လပ်ပြီးခေတ်မြန်မာနိုင်ငံထားစောလူးမင်းနရသီဟပတေ့ယူကျူ့ဘ်ကဗျာလင်္ကာမြန်မာ့ လက်ဝှေ့စိုးမြတ်သူဇာရွေးပင်ဂုဏ်တော်ကွန်ချာဆီးချိုရောဂါဒေသနာကြားခြင်းဘာသာစကားအမှတ်(၁၁)ခြေမြန်တပ်မဌာနချုပ်သဲအင်းဂူဆရာတော်လစ်ဘရယ်ဝါဒမဟာဘူတကျောက်ကျောပဲခူးတိုင်းဒေသကြီးနန်းမတော်မယ်နုကွန်ဖြူးရှပ်သံဃာဂုဏ်တော်လှဌေးဝင်း (ဗိုလ်ချုပ်ကြီး)လာအိုနိုင်ငံအာဇီဝဋ္ဌမကသီလဇာတ်ကြီးဆယ်ဘွဲ့စစ်ကိုင်းမြို့ပဲခူးမြို့မေဆွိပန်ထွာဘုရင်မခေါင်းကိုက်ခြင်းလိင်တံ🡆 More