ဇန်နဝါရီလ
ဖေဖော်ဝါရီလ
မတ်လ
(၈) ရက်။
ဂျပန်အမှတ် ၂၁၅ ခြေလျင်တပ်မကြီးနှင့် ဗမာ့လွတ်လပ် ရေးတပ်မတော်တို့ နံနက် ၁၀ နာရီ တွင် ရန်ကုန်မြို့ကို ဝင်ရောက်သိမ်းပိုက်သည်။ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မိုး ဖူးကြီး တိုက်ပွဲတွင် ကျဆုံးသည်။ ဗိုလ်မိုးကြိုး (ဗိုလ်မှူးကြီး စူဇူကီး) က ဗိုလ်မိုး ဖူးကြီးတိုက်ပွဲတွင် ကျဆုံး ရသည်မှာ ဖူးကြီးအနီးရှိ သပြေကုန်းရွာမှ ဗြိတိသျှ တပ်များသို့ သတင်းပေးခြင်းကြောင့်ဟု ယူဆပြီး သပြေကုန်းရွာရှိ ယောက်ျား အားလုံးကိုတန်းစီပြီး ပစ်သတ်စေသည်။ (၉) ရက်။
ဂျပန် အမှတ် ၁၅ တပ်မတော်၏ စစ်သေနာပတိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဂျိုရှီရို အီးဒါး (Lieut-General Shojiro Iida)ရန်ကုန်မြို့သို့ ရောက်ရှိလာသည်။ (၁၀) ရက်။
ဂျပန် အမှတ် ၁၅ တပ်မတော်၏ စစ်သေနာပတိ ဒုတိယ ဗိုလ်ချုပ်ကြီး အီးဒါးက အမှတ် ၁၅ တပ်မတော် တစ်ချက်လွှတ် အမိန့် ၉၈ ထုတ်ပြန်ကာ ဒုတိယ ဦးစီးချုပ် ဗိုလ်မှူးကြီး နာဆူ (Colonel Nasu Yoshio) အား စစ်အုပ်ချုပ်ရေးရုံး ဖွဲ့စည်းရန် တာဝန် ပေးအပ်သည်။ ဂျပန် အမှတ် ၅၅ တပ်မသည် ပဲခူးမှ မြောက်ဘက်ချီ တက်ရာ ပြင်းထန်စွာ ခုခံတိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသည်။ (၁၁) ရက်။
မြန်မာ့အလင်း သတင်းစာ ပြန်လည်ထုတ်ဝေသည်။ အမေရိကန် ဗိုလ်ချုပ်ကြီး စတီး ဝဲလ် (General Joseph Warren Stilwell 1883-1946 His soldiers called him ‘‘Vinegar Joe’’) သည် တရုတ်နိုင်ငံ ချုံကင်း (Chung King) မြို့မှ လားရှိုးမြို့သို့ ရောက်ရှိ လာသည်။ (၁၂) ရက်။
ဗြိတိသျှဗိုလ်မှူးကြီး ဝီလျှံစလင်း (Sir William Joseph Slim 1891-1970) သည် အိန္ဒိယနိုင်ငံ ကလကတ္တားမြို့မှ မကွေးမြို့ သို့ ရောက်ရှိလာသည်။ ဗိုလ်မှူးကြီးစူဇူကီး (ဗိုလ်မိုးကြိုး) ဗိုလ်တေဇ (ဗိုလ်အောင်ဆန်း) တို့သည် ဗမာ့လွတ်လပ်ရေး တပ်မတော် တပ်ဖွဲ့အချို့ကို ဦးဆောင်၍ ရန်ကုန်မြို့သို့ ရောက်ရှိသည်။ (၁၃) ရက်။
မြန်မာပြည် စစ်တပ်များ၏ ဒုတိယဦးစီးမှူး ဗိုလ်ချုပ်ကြီး အလက်ဇန္ဒြား (General Harold Alexander 1891-1969 ) နှင့် ဗိုလ်မှူးကြီး စလင်းတို့ ပြည်မြို့၌ အစည်းအဝေး ကျင်းပပြီး နောက် ဗိုလ်မှူးကြီးစလင်းသည် အမှတ် (၁) မြန်မာတပ်မကြီး (No.1 Burma Corps) ၏ တပ်မှူးအဖြစ် တာဝန်ယူသည်။ (၁၄) ရက်။
မေမြို့ (ယခုပြင်ဦးလွင်) တွင် အမေရိကန်ဗိုလ်ချုပ်ကြီး စတီးဝဲလ်၊ ဗိုလ်ချုပ်ကြီး မောရစ် General Morris) နှင့် ဗိုလ်ချုပ်ကြီး အလက်ဇန္ဒြားတို့ အစည်းအဝေးကျင်းပသည်။ (၁၅) ရက်။
ဂျပန်အမှတ် ၁၅ တပ်မတော် စစ်သေနာပတိ ဒုတိယ ဗိုလ်ချုပ်ကြီး အီးဒါးက အမှတ် ၁၅ တပ်မတော် သိမ်းပိုက်ထားသော နယ်မြေ အုပ်ချုပ်ရေး လုပ်ငန်း လမ်းညွှန် ချမှတ်သည်။ ထို လမ်းညွှန်ချက် တွင် စစ် အုပ်ချုပ်ရေး တည်ရှိစေသည့် ရည်မှန်းချက်မှာ ပြည်သူ့ ငြိမ်းချမ်းရေးနှင့် စည်းကမ်းသေဝပ်ရေးကို တည်ဆောက်ရန် ဂျပန် တပ်မတော် အတွက်အထောက်အပံ့များ လုံလောက်စွာရရှိရန် အရေးကြီးသယံဇာတများ လျင်မြန်စွာ ထုတ်လုပ်သုံးစွဲရန်နှင့် အနာဂတ်စနစ်တကျအုပ်ချုပ်ရေးအတွက် လိုအပ်သော ပြင်ဆင်မှုပြုလုပ်ရန်အတွက် ဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံအားဗြိတိသျှ တံပိုးအောက်မှ လွတ်မြောက်စေပြီး ဂျပန်အင်ပါယာနှင့် စစ်ရေး စီးပွားရေးကို ရင်းရင်းနှီးနှီး တည်ဆောက်ရန်။ နောင်တွင် မြန်မာနိုင်ငံအား လွတ်လပ်ရေး ပေးပြီး လွတ်လပ်သော အစိုးရ ဖွဲ့စည်း ထူထောင် နိုင်အောင် ဆောင်ရွက် ပေးရန် လိုအပ်သော်လည်း လောလောဆယ် တွင်မူ မဟာ အရှေ့အာရှ စစ်ပွဲ အောင်မြင်မှု ရရှိပြီးမှ မြန်မာ့ လွတ်လပ်ရေး အကောင်အထည် ပေါ်လိမ့်မည်ဟု မျှော်လင့် နေရသည့် အတွက် မြန်မာ့ လွတ်လပ်ရေး ပြဿနာကို မထုတ်ဖော် ရန် ။ သို့ရာတွင်မြန်မာတို့၏ လွတ်လပ်ရေး မျှော်လင့်ချက်များ မပျောက်ပျက် စေရအောင် ဂရုပြုရမည်ဟု ပါရှိသည်။ ဂျပန်တပ်မတော် ဒုတိယဦးစီးချုပ် ကြည်းတပ်ဗိုလ်မှူးကြီး နာဆူသည် ဂွန်ဆေဘု (Gunseibu) ခေါ် ဂျပန် စစ်အုပ်ချုပ်ရေး ရုံး ဖွဲ့စည်းထူထောင်၍ ရန်ကုန်မြို့ရှိ ဘုရင်ခံ အိမ်တော် (ယခု ပြည်သူ့ လွှတ်တော်ဝင်း အတွင်း တည်ရှိ ခဲ့ဖူးသည်) တွင် ရုံးဖွင့်သည်။ နာဆူသည် စစ်အုပ်ချုပ်ရေးရုံး ဉက္ကဋ္ဌ အဖြစ်ဆောင်ရွက်သည်။ (၁၈) ရက်။
လူထုငြိမ်းအေးစေရေး တပ်ဖွဲ့ တပ်ဖွဲ့မှူး ကိုဘာယာ ရှီ (Kobayashi) က ကျေညာချက် တစ်ရပ် ထုတ်ပြန်သည်။ ကျေညာချက်မှာ စစ်ဘေးဒဏ် ခံခဲ့ရသော ပြည်သူလူထုအား သနားညှာတာ စာနာထောက်ထားပါကြောင်း။ ယခင်က ရန်ကုန်မြို့ပေါ်တွင် နေထိုင်ခဲ့ကြသော တရုတ်နှင့် အိန္ဒိယ လူမျိုးများအနက် သူတော်ကောင်း လက်မှတ် ရယူလိုသူများ သည် သက်ဆိုင်ရာရုံးသို့ လျှောက်ထားနိုင်ကြောင်း။ မြန်မာလူမျိုးများနှင့် သူတော်ကောင်း လက်မှတ် ရထားသော တရုတ်၊ အိန္ဒိယလူမျိုးများထဲမှ အနေအထိုင် ကြပ်တည်း၍ အစားအသောက် ငတ်မွတ်ဆင်းရဲကြသူတို့ အား ဆန်နှင့်ဆားများကို တတ်အား သရွေ့ ထောက်ပံ့ကူညီနေကြောင်း။ အလုပ်လက်မဲ့များအား အလုပ်အကိုင် တစ်စုံတစ်ခု ရှာဖွေပေးနေကြောင်း။ တို့ပါရှိသည်။ (၂၀) ရက်။
ဗန္ဓုလဦးစိန်သည် ဟံသာဝတီနယ်မှ ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး ကန်တော်ကြီး စောင်းရှိ ဒေါက်တာဘမော်အိမ်တွင် တည်းခိုသည်။ (၂၁) ရက်။
မကွေး လေယာဉ်ကွင်း ရှိ ဗြိတိသျှလေတပ် (Royal Air-force) ကို ဂျပန်လေတပ်က တိုက်ခိုက် ဖျက်ဆီးသည်။ မြန်မာနိုင်ငံဘုရင်ခံ ဆာဒေါ်မန်စမစ်သည် ရှမ်းပြည်တစ်ခွင် လှည့်လည်ရန် မေမြို့ (ပြင်ဦးလွင်) မှသီပေါသို့ စတင်ခရီးထွက်သည်။ ဂျပန် စစ်ဗဟိုဌာနမှ ကြေညာချက် တစ်ရပ် ထုတ်ပြန်ရာတွင် ဗြိတိသျှ တို့၏ အနှောင်အဖွဲ့ကို ခံစားနေရ သော မြန်မာပြည်အား ကျွန်ဘဝမှ လွတ်မြောက်ရန်အတွက် မြန်မာပြည် အတွင်းသို့ ဂျပန်စစ်သည်တော်များ ချီတက် လာသည့် အခါ၌ ဂျပန်တပ်မတော်များမှာ ထားဝယ်၊ ကော့ကရိတ်၊ မော်လမြိုင်၊ မုတ္တမ၊ ဘီးလင်း၊စစ်တောင်း၊ ပဲခူး၊ ရန်ကုန်နှင့်တကွ စစ်မျက်နှာအရပ်ရပ်တွင် သူရသတ္တိ ကြီးမားစွာ အဆက်မပြတ်အောင်မြင် ခဲ့ကြပြီဖြစ်ကြောင်း၊ မြန်မာလူမျိုး အမြောက် အမြား သည် ဂျပန်တို့၏ စစ်ရေးစစ်ရာကို ပူးပေါင်း ဆောင်ရွက်မှုမှာ နေရာတိုင်းတွင် အထူး ကြီးကျယ်ကြောင်း၊ ဂျပန် တပ်မတော်ကြီးနှင့် ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက် သော မြန်မာပြည်ကို ကြီးမားသော ကမ္ဘာ့ အရှေ့ပိုင်း စစ်ကြီး၏ အကောင်းဆုံး အပိုင်းဟု မှတ်ယူမည် ဖြစ်ကြောင်း စစ်ပွဲမှာ မပြီးပြတ်သေးကြောင်း၊ အထက်မြန်မာပြည်တွင် အင်္ဂလိပ်၊ အိန္ဒိယနှင့် တရုတ်တပ်များ ပူးပေါင်းပြီး မြန်မာပြည်ကို အနှောင်အဖွဲ့ထားရန် ရည်ရွယ်နေကြောင်းပါ ရှိသည်။ ဂျပန်စစ်ဌာနချုပ်မှ ငွေစက္ကူသုံးစွဲရေးနှင့် ပတ်သက်၍ ကြေညာချက် တစ်ရပ်ထုတ်ပြန်သည်။ ထိုကြေညာချက်တွင် ဂျပန်စစ်ဖက်ဌာနသည် ဒေါ်လာ ဂ္စန်းဖြင့် ရိုက်နှိပ်ထားသော စစ်သုံး ငွေစက္ကူများကို မြန်မာပြည်တွင် တရားနည်းလမ်း သက်ဝင်စွာ အသုံးပြုလိမ့်မည်ဖြစ်ကြောင်း၊ အရှေ့အာရှတိုက် ခေတ်သစ် ထူထောင်သည့် နိုင်ငံများတွင် သုံးစွဲသည့်အတိုင်း ဂျပန် စစ်ဘက် ဆိုင်ရာက အသုံးပြုသော ဒေါ်လာငွေများ၏တန်ဘိုး တည်တံ့ခိုင်မြဲမှုကို ဂျပန်အစိုးရက လုံးဝ တာဝန် ယူကြောင်း။ ထို့ပြင် ဂျပန်စစ်ဘက်ဌာနသည် ကျပ်ဂ္စန်းဖြင့် ရိုက်နှိပ်သော ငွေစက္ကူများ ကိုလည်း ထုတေ်ဝကြောင်း၊ မြန်မာ ငွေ နှင့် ဂျပန်ဒေါ်လာ နှစ်မျိုးနှစ်စားသည် တန်ဖိုး ညီမျှကြောင်း။ ငွေစက္ကူ အသုံးပြုရာတွင် လွယ်ကူစေရန် ပဲ၊ ပိုင်စနစ်ကို ပယ်ဖျက်၍ ဆင့် ၁၀၀ ကို အခြေခံထား၍ အသုံးပြုမည်ဖြစ်ကြောင်း။ အထက်ပါ ငွေစက္ကူကို အသုံးမပြုဘဲ ငြင်းဆန်သူကို ရန်သူအဖြစ် သဘောထား၍ အပြစ် ပေးမည် ဖြစ်ကြောင်းနှင့် ယခင်မူလလက်ရှိ ငွေစက္ကူများနှင့် ပိုက်ဆံ ကြေးငွေ များ ကို လည်း ဆက်လက် သုံးစွဲနိုင်သည်ဟု ပါရှိသည်။ (၂၃) ရက်။
ဂျပန်အမှတ် ၁၅ တပ်မတော်၏ စစ်သေနာပတိ ဒုတိယဗိုလ်ချုပ်ကြီးအီးဒါးက ဂျပန် စစ်အုပ်ချုပ်ရေးရုံး (ဂွန်ဆေဘု) အမှုထမ်းများအား ဖိတ်ခေါ်၍ မဟာ အရှေ့အာရှ စစ်ပွဲကြီး ဆင်နွဲ နေဆဲကာလ၌ သိမ်းပိုက်ထားသော နယ်မြေများ၌ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရမည့် စစ်အုပ်ချုပ် ရေးရုံးတွင် တာဝန်ထမ်းဆောင်ကြရသည်မှာ တာဝန် ကြီးလေးကြောင်း နှင့် တန်ဖိုး ရှိကြောင်း ဩဝါဒစကားပြောကြားသည်။ ထို့နောက် စစ်အုပ်ချုပ်ရေးရုံး ဥက္ကဋ္ဌ နာဆူ ကလည်း စစ်အုပ်ချုပ်ရေးရုံး အမှုထမ်းများအား ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန် အသေးစိပ်ကို ညွှန်ကြား သည်။ ဂျပန် ဗိုလ်ချုပ်ကြီးက စစ်ဘက်ဆိုင်ရာ ကြေညာချက် တစ်ရပ် ထုတ်ပြန်ရာတွင် ဂျပန်စစ်တပ်က သိမ်းပိုက်ပြီးသော နယ်များရှိ နယ်သူနယ်သားများ သည် ဂျပန်တပ်မတော်အား ပုန်ကန်ရန် ကြံရွယ်ခြင်း။ ဂျပန် တပ်မတော်၏ အသွားအလာကို သူလျှိုအဖြစ် ထောက်လှမ်းခြင်း။ ခရီးအသွားအလာ ခက်ခဲအောင် သံကြိုး၊ ကြေးနန်း၊ မီးရထား အဆက်အသွယ်နှင့်လမ်းများကို ပိတ်ဆို့ခြင်း၊ တူးမြောင်းများ၊ စစ်ဘက် အသုံးဝင်သော ရေလမ်းများကို ဖြတ်တောက်ခြင်း၊ ဖျက်ဆီးခြင်း။ ဂျပန်စစ်ဘက် အရာရှိ၊ စစ်သားများနှင့် မြို့သူမြို့သားများကို နှောင့်ယှက်ခြင်း၊ ခဲယမ်းမီး ကျောက်များကို ခိုးယူဖျက်ဆီးခြင်း။ ဂျပန်စစ်တပ်များ ပျက်စီးရန် ရည်ရွယ်၍ အဆိပ်မှုန့်အဆိပ် နှင့် ပတ်သက်သောအရာများကို ပြန့်သွားအောင် ပြုလုပ်ခြင်း။ ဂျပန်အုပ်ချုပ်ရေး အရာရှိများ၏ ဝါဒနှင့် ဆန့်ကျင်သော အလွန်အကြူး အမြတ်တင် ရောင်းခြင်း၊ ကုန်အရောင်း အဝယ်များကို ဖျက်လိုဖျက်ဆီး ပြုလုပ်ခြင်း၊ ငွေအသုံးအစွဲများကို မလိုက်နာခြင်း။ ဂျပန် တပ်မတော်၏ လုံခြုံရေး ကို ခြိမ်းခြောက်ခြင်း စသော မည်သည့်အပြုအမှုမျိုးမဆို ပြုလုပ်ခြင်း။ ဂျပန်တပ်မတော် ဗိုလ်ချုပ်ကြီး ၏ ကြေညာချက်အား လိုက်နာခြင်းကို တားမြစ်ခြင်း။ အထက်ပါ အချက်များကို ကြံစည်အားပေးပြုလုပ်ခြင်း တို့ကိုမပြုလုပ်ရန် တားမြစ်လိုက် ကြောင်း၊ တားမြစ်ချက်များကို ကျူးလွန်ပါက စစ်ဥပဒေအရ ကြီးလေးသော အပြစ်ဒဏ် (သို့မဟုတ်) သေဒဏ်ပေးခြင်း ခံရမည် ဖြစ်ကြောင်း ပါရှိသည်။ မြန်မာနိုင်ငံဘုရင်ခံ ဆာဒေါ်မန်စမစ် ညောင်ရွှေမြို့ သို့ ရောက်ရှိသည်။ (၂၄) ရက်။
မြန်မာနိုင်ငံဘုရင်ခံဆာဒေါ်မန်စမစ် တောင်ကြီးမြို့မှ မိတ္ထီလာမြို့သို့ ရောက်သည်။ ဂျပန်တပ်တို့က တောင်ငူရှိ တရုတ် တပ်တို့ကို တိုက်ခိုက်ရာ တရုတ်တပ်များ မခံနိုင်ဘဲ ဆုတ်ခွာ ရသည်။ (၂၅) ရက်။
မြန်မာနိုင်ငံဘုရင်ခံ ဆာဒေါ်မန်စမစ် မိတ္ထီလာမှ မန္တလေး မြို့ကို ဖြတ်သန်း၍ မေမြို့သို့ ပြန်လည် ရောက်ရှိသည်။ ဗိုလ်မှူးကြီး စူဇူကီး (ဗိုလ်မိုးကြိုး)က ဗန္ဓုလဦးစိန်အား ခေါ်ယူတွေ့ဆုံသည်။ ရန်ကုန်မြို့ ဘီအေအေ ကွင်း (Burma Atheletic Association) တွင် မြန်မာ့ အောင်ပွဲစစ်နေ့ အခမ်းအနား ကျင်းပသည်။ (၂၆) ရက်။
ဂျပန်အမှတ် ၅၅ တပ်မသည် တောင်ငူမြို့ အနီးသို့ ရောက်ရှိသည်။ (၂၈) ရက်။
ရန်ကုန်မြို့ ရွှေတိဂုံ စေတီတော် အနောက်မုခ်တွင် နံနက် ၉ နာရီ၌ လွတ်လပ်ရေးတိုက်ပွဲတွင် ကျဆုံးသူ အာဇာနည်များဖြစ်သည့် အရှင်ဦးဝိစာရ သာယာဝတီအရေးတော်ပုံတွင် ကျဆုံးသော ဆရာစံနှင့်တကွ အာဇာနည်ပုဂ္ဂိုလ်များ ရေနံမြေသပိတ် အရေးတော်ပုံ တွင် ကျဆုံးသော အာဇာနည် ပုဂ္ဂိုလ်များ ကျောင်းသား အရေးတော်ပုံ၌ ကျဆုံးသော ဗိုလ်အောင်ကျော် နှင့် အခြားအာဇာနည်ကျောင်း သားများ မန္တလေးအရေးတော်ပုံ၌ ကျဆုံးသော အာဇာနည်များ မြန်မာပြည် လွတ်လပ်ရေးနှင့် ပတ်သက်၍ နယ်အသီးသီး၌ ကျဆုံးသော အာဇာနည်များ ယခုတိုက်ပွဲတွင် ကျဆုံးသော တပ်သားများနှင့် တပ်ဗိုလ်များ ကို ချီးကျူးပွဲနှင့်၎င်းတို့ကို ရည်စူး၍ ဆွမ်းသွတ် အမျှဝေပွဲ ပြုလုပ်သည်။ ဂျပန် အမှတ် ၅၆ တပ်မ တောင်ငူ မြို့အနီး ချီတက်ရောက်ရှိလာပြီး အမှတ် ၅၅ တပ်မကို ကူညီအားဖြည့်သည်။ (၂၉) ရက်။
နံနက်ပိုင်းတွင် ရွှေတောင်မြို့အတွင်းသို့ ဂျပန်တပ်မတော် နှင့် ဗိုလ်ရန်နိုင် ကြီးမှူးသည့် ဗမာ့လွတ်လပ်ရေး တပ်မတော် ရေကြောင်းချီ တပ်ဖွဲ့များ ဝင်ရောက်သည်။ ရွှေတောင်မြို့ မြောက်ဘက် ခြောက်မိုင်အကွာ ခုနစ်အိမ်တန်းရွာတွင် ရေကြောင်းချီ တပ်ဖွဲ့ဝင်များနှင့် ဗြိတိသျှတပ်ဖွဲ့များ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားသည်။ ဗြိတိသျှတို့က ပြည်မြို့သို့ ရောက်ရှိနေသည့် ၂/၁၃ နယ်ခြားသေနတ်ကိုင်တပ်ဖွဲ့အား ထပ်မံစေလွှတ်၍ တိုက်ခိုက်ရာ ည ၇ နာရီ တွင် ရေကြောင်းချီ တပ်ဖွဲ့ဝင်များ ရွှေတောင် မြို့တွင်း ဆုတ်ခွာရသည်။ ဂျပန်တပ်တို့က ရေကြောင်းချီတပ်ဖွဲ့ဝင်များကို မြို့ပြင်ဆုတ်ခွာခိုင်းပြီး ရွှေတောင် မြို့တွင်း ချီတက် လာသည့် ဗြိတိသျှ တပ်များကို အပြင်းအထန် ခုခံတိုက်ခိုက်သည်။ ညနေနှင့်ညပိုင်းတွင် ပေါင်းတည်ဘက်မှ ဗြိတိသျှ သံချပ်ကာ ကားများ၊ စက်သေနတ်တင် မော်တော်ကားများ ရွှေတောင်ဘက်သို့ ချီတက်လာရာ ဂျပန်တပ်များ ခုခံ တိုက်ခိုက်ရင်း ရွှေတောင်မြို့တွင်း သို့ ဆုတ်ခွာရသည်။ (၃၀) ရက်။
နံနက်စောစောတွင် ဗြိတိသျှ သံချပ်ကားတပ်က ရွှေတောင်မြို့ ကို စတင် တိုက်ခိုက်သည်။ ရွှေတောင်မြို့အတွင်းရှိ ဂျပန် တပ် များသည် ဗြိတိသျှတို့ ယမန်နေ့ည က ရွှေတောင်မြို့ရှိ အိမ်အလွတ်များ ပေါ်သို့တက်ရောက် တပ်ဆင်ထားသည့် စက်သေနတ်များ ဖြင့် ပစ်ခတ်တိုက်ခိုက် ခံရခြင်းကြောင့် အကျအဆုံးများပြားသည်။ ရွှေတောင်မြို့ အတွင်းရှိ ဂျပန် တပ် များ သည် ဗြိတိသျှတပ်ဖွဲ့များ၏ မြို့တောင်ဘက်နှင့်မြောက်ဘက်မှ နှစ်ဖက်ညှပ် တိုက်ခြင်းကို အပြင်းအထန် ခံရသည့် အတွက် နံနက် ၁၀ နာရီတွင် ရန်ကုန်ရှိ ဂျပန်လေတပ်ထံ အကူအညီတောင်းခံသည်။ နံနက် ၁၁ နာရီတွင် ဂျပန် လေယာဉ် ၂၃ စင်းက ဗြိတိသျှတပ်ဖွဲ့များကို ဗုံးကြဲတိုက် ခိုက်ရာ ဗြိတိသျှတပ်များ ပြည်မြို့ဘက်သို့ ဆုတ်ခွာထွက်ပြေးသည်။ ရန်ကုန်မြို့တော်ခန်းမတွင် ရန်ကုန် အုပ်ချုပ်ရေးအဖွဲ့ ဖွင့်ပွဲအခမ်းအနားကျင်းပရာ ဗိုလ်မှူးကြီး တေရာဒါ (Col Terada) အမှူးပြုသည့် ဂျပန် စစ်ဗိုလ်များနှင့် ဗမာ့လွတ်လပ်ရေး တပ်မတော်မှ စစ်ဗိုလ်များ တက်ရောက်သည်။ အခမ်း အနား တွင် ရန်ကုန် အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင် က မိန့်ခွန်းပြောကြားသည်။ ဂျပန် အမှတ် ၅၅ တပ်မသည် နံနက်တွင် တောင်ငူမြို့ကို သိမ်းပိုက်နိုင်သည်။ (၃၁) ရက်။
ဗိုလ်ချုပ်ကြီးဝေဘဲလ် (General Sir Achibald Percival Wavell 1883-1950) အိန္ဒိယ နိုင်ငံ မှ မေမြို့ (ပြင်ဦးလွင်) သို့ လေယာဉ် ဖြင့် ရောက်ရှိသည်။ ဧပြီလ
(၁) ရက်။
ဂျပန်တပ်မတော် စစ်သေနာပတိ ဒုတိယဗိုလ်ချုပ်ကြီး အီးဒါးက လွိုင်ကော်၊ ရမည်းသင်းနှင့် ရေနံချောင်းတို့မှ စစ်စတင် ဆင်နွှဲမည် ဟု ဆုံးဖြတ်သည်။ ဂျပန်တပ်မတော်နှင့် ဗမာ့ လွတ်လပ်ရေး တပ်မတော်တို့ ပြည်မြို့ကို အခုအခံမရှိ သိမ်းပိုက်သည်။ ဗိုလ်ချုပ်ကြီးဝေဘဲလ်နှင့် ဗိုလ်ချုပ်ကြီး အလက်ဇန္ဒြားတို့သည် အောင်လံ (မြေထဲ) မြို့သို့ ရောက်ရှိလာပြီး စစ် အခြေအနေ အရ ထပ်မံဆုတ်ခွာရန် လိုအပ်ကြောင်း ဆုံးဖြတ်သည်။ ဗမာ့လွတ်လပ်ရေး တပ်မတော်က ရဲဘော် တို့ဗမာအပေါင်းတို့ ဟူ သည့် ကြေညာချက် ထုတ်ပြန်သည်။ (၃) ရက်။
ဂျပန်လေတပ်က မန္တလေးမြို့ကို (ဒုတိယအကြိမ်) ဗုံးကြဲ တိုက်ခိုက်သည်။ ဂျပန် တပ်မတော် စစ်သေနာပတိ ဒုတိယဗိုလ်ချုပ်ကြီးအီးဒါးက မန္တလေး စစ်ဆင်ရေး ဆင်နွှဲရန်အတွက် လားရှိုးမြို့ အနီးရှိ ရန်သူ့တပ် များ နောက်ဆုတ်မသွားနိုင်အောင် အင်အားကြီးမားသော တပ်ဖွဲ့ စေလွှတ်၍ ဆုတ်လမ်းကို ပိတ်ဆို့ ဖြတ်တောက်ရမည်။ မန္တလေးမြို့ကို တောင်ငူဘက်မှ သော်လည်းကောင်း၊ ဧရာဝတီ မြစ်တလျှောက်မှ သော်လည်းကောင်း ချီတက်၍ ရန်သူတပ် များကို ဝဲ-ယာနှစ်ဘက်မှ ညှပ်တိုက်ပြီးလျှင် မန္တလေးမြို့ အနောက်ဘက်ရှိ ဧရာဝတီ မြစ်ကမ်းတွင် အားလုံးကို ဖြိုဖျက် ချေမှုန်းရမည်။ ထို့နောက် လားရှိုး၊ ဗန်းမော်နှင့် ကသာမြို့များ၏ အနောက်ဘက် ဒေသတွင် ရှိသော ရန်သူ အွကြင်းအကျန်တို့ကို မောင်းနှင်၍ သံလွင်မြစ်ညာဘက်သို့တိုင် လိုက်လံသုတ်သင်ရမည် ဟု စီမံချက် ချမှတ်သည်။ (၄) ရက်။
ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဉာဏ ဖားပွန်တွင် ချုံခိုတိုက်ခိုက်ခံရ၍ ကျဆုံးသည်။ (၅) ရက်။
ဂျပန်တပ်များက ရေတာရှည်မြို့ရှိ တရုတ်တပ် တို့ကို တိုက်ခိုက် ကာ ရေတာရှည်မြို့ကို သိမ်းပိုက်သည်။ ရန်ကုန်မြို့တော်ခမ်းမ၌ ရန်ကုန် မြို့မရာဇဝတ်ဌာန စတင် ဖွင့်လှစ် တည်ထောင်သော အခမ်းအနား ကျင်းပသည်။ (၆) ရက်။
မြန်မာနိုင်ငံ ဘုရင်ခံ ဒေါ်မန်စမစ်နှင့် ဇနီး မန္တလေးမြို့သို့ သွားရောက်သည်။ တရုတ်စစ်သူကြီး ချန်ကေရှိတ် (Generalissimo Chiang K’ai-Shek 1886-1975) နှင့် ဇနီး မဒမ်ချန်ကေရှိတ် မေမြို့ (ပြင်ဦးလွင်) သို့ရောက်ရှိသည်။ အမေရိကန်ဗိုလ်ချုပ်ကြီး စတီးဝဲလ်၊ ဗိုလ်ချုပ်ကြီး အလက်ဇန္ဒြားနှင့် ချန်ကေရှိတ်တို့ တွေ့ဆုံ ဆွေးနွေးသည်။ (၇) ရက်။
မြန်မာနိုင်ငံလုံးဆိုင်ရာ စစ်ဗိုလ်ချုပ်ကြီး ဗိုလ်မိုးကြိုးက အမိန့်တစ်ရပ် ထုတ်ပြန်သည်။ အမိန့်မှာ ဂျပန်တပ်များအား စားနပ်ရိက္ခါပေးရန်။ ကုန်ကျသော ခဲယမ်း မီးကျောက် အဘိုးပေးရန်။ မြန်မာပြည်တွင် စစ်ပွဲ၌ ကျဆုံးသော (ခဲယမ်းမီးကျောက် တန်ဘိုးနှင့်တကွ) ဂျပန်စစ်သား တစ်ယောက် လျှင် ၃၀၀၀ ကျပ် ကျ မြန်မာပြည်က လျှော်ကြေးပေးရန်။ ဂျပန်ပြည်က တင်ပို့သော ကုန်ပစ္စည်းများအပေါ်တွင် ၁၅ နှစ်အတွင်း ဆိပ်ကမ်းခ မယူရန်။ ဘဏ္ဍာရေးဌာနတွင်၊ ဂျပန်ပြည်မှ ချေးယူသော ငွေမကြေမချင်း ဂျပန်အတိုင်ပင်ခံ အရာရှိ တစ်ယောက်ခန့်ထားရန်။ စစ်ပြီးသောအခါ လွတ်လပ်သော မြန်မာပြည်အတွက် စက်မှု လက်မှု အသီးသီးကို လူငယ် တစ်ထောင် သုံးစားရန် အခမဲ့ ပညာသင်ပေးရန်။ ဂျပန်ပြည်၌ စစ်ဗိုလ်ကို မြန်မာများ ခန့်ထားရန်။ စစ်အတွက်အင်ဂျင်နီယာ လိုသလောက် သင်ကြားရန်။ တစ်ပါးသော နိုင်ငံများနှင့် ဆက်သွယ်သောအခါ ဂျပန်သံအမတ် အလိုမရှိက စာချုပ် ဖျက်သိမ်းရမည်။ နိုင်ငံခြားမှလာသော ကုန်များကို ဆိပ်ကမ်းခွန်ကြီးစွာယူရန်။ ဂျပန်လူမျိုးများကို မြေနင်းခမယူရန်။ နိုင်ငံခြားသားများ အတွက်ပစ္စည်းပိုင် မြေပိုင်မထားရန် တို့ဖြစ်သည်။ [ဗိုလ်မိုးကြိုးအမိန့် ၂၆-၄-၄၂] မြန်မာနိုင်ငံ ဗဟိုအစိုးရ အုပ်ချုပ်ရေး အရာရှိချုပ် သခင်ထွန်းအုပ် က အမိန့်ပြန်တမ်း အမှတ် ၁ ကို ထုတ်ပြန် ကြေညာ သည်။ မြန်မာနိုင်ငံ ဗဟိုအစိုးရ အုပ်ချုပ်ရေးရုံးကို ရန်ကုန်မြို့ ချာချီလမ်း (ယခု ကိုယ့်မင်းကိုယ့်ချင်းလမ်း) အမှတ် ၈ (ယခု ပန်းချီပန်းပုကျောင်း -ရန်ကုန်) တွင် ဖွင့်လှစ်သည်။ မြန်မာနိုင်ငံဘုရင်ခံ ဒေါ်မန်စမစ်က ချန်ကေရှိတ်နှင့် ဇနီး မဒမ်ချန်ကေရှိတ် အား ညစာစားပွဲဖြင့် ဧည့်ခံသည်။ ဂျပန်အမှတ် ၃၃ တပ်မ အောင်လံ (မြေထဲ) မြို့ကို သိမ်းပိုက်သည်။ (၈) ရက်။
ဗြိတိသျှတပ်များ အောင်လံ (မြေ ထဲ) မြို့ကို စွန့်ခွာသည်။ ဗြိတိသျှ တပ်မကြီး ဌာနချုပ် မကွေးမြို့သို့ ပြောင်းရွှေ့သည်။ ဂျပန်လေတပ်က မန္တလေးမြို့ကို တတိယအကြိမ် ဗုံးကြဲ တိုက်ခိုက် သည်။ ဗိုလ်ချုပ်အောင်ဆန်း ကြီးမှူးသော ဗမာ့လွတ်လပ်ရေး တပ်မတော် မြောက်ပိုင်းစစ်ဆင်ရေး တပ်မနှစ်ခု သည် အထက် မြန်မာပြည် ချီတက် တိုက်ခိုက်ရေးအတွက် စစ်ထွက် အခမ်းအနား ကျင်းပပြီး ပြည်လမ်း အတိုင်း မြောက်ဘက်သို့ ချီတက် သည်။
(၁၁) ရက်။
၁၉၂၀ ကျောင်းသား သပိတ် ခေါင်းဆောင်တစ်ဦးဖြစ်သူ အမျိုးသား ပညာဝန် ဦးဖိုးကျား (အသက် ၅၂ နှစ်) အင်းစိန်ခရိုင် ထန်းတပင်မြို့တွင် ကွယ်လွန်သည်။ မကွေးတဝိုက်ရှိ ဗြိတိသျှတပ်များ နှင့်ဂျပန်တပ်များ တွေ့ဆုံတိုက်ပွဲဖြစ်ပွားသည်။ (၁၃) ရက်။
ဒေါက်တာဘမော် မိုးကုတ်ထောင်မှ ထွက်ပြေးလွတ်မြောက်သည်။ (၁၅) ရက်။
ဗြိတိသျှစစ်တပ်က ရေနံချောင်းမြို့ရှိ ရေနံချက်စက်ရုံနှင့် ရေနံတွင်းများကို ဖောက်ခွဲဖျက်ဆီးသည်။ ဂျပန် အမှတ် ၅၅ တပ်မ သာဝတ္ထိ မြို့ကို သိမ်းပိုက်သည်။ (၁၆) ရက်။
ဗြိတိသျှတပ်မကြီး ဌာနချုပ်ကို ပင်းချောင်းမှ ဂွေးချိုသို့ ဆုတ်ခွာပြောင်းရွေ့သည်။ (၁၇) ရက်။
နံနက် ၇ နာရီတွင် တပ်ရင်းမှူး ဗိုလ်မှူးကြီး ဆာကူမာ (Colonel Takanobu Sakuma) ဦးစီးသည့် ဂျပန် အမှတ် ၂၁၄ ခြေလျင်တပ်ရင်းကြီးက ရေနံထွက် ဒေသများကို ထိုးစစ်ဆင်နွှဲ၍ အောင်မြင်စွာ သိမ်းပိုက်သည်။ အမှတ် ၃၈ တရုတ်တပ်မမှ အမှတ် ၁၁၃ တပ်မဟာ ကျောက်ပန်း တောင်းမြို့သို့ရှိလာသည်။ (၁၈) ရက်။
တရုတ်တပ်မ လွိုင်ကော်မြို့ကို စွန့်ခွာသည်။ ဗြိတိသျှတပ်များနှင့် ဂျပန်တပ်များ ပင်းချောင်းအနီး တိုက်ပွဲ ဖြစ်ပွားသည်။ (၁၉) ရက်။
ဗိုလ်ချုပ်ကြီး အလက်ဇန္ဒြာ၊ ဗိုလ်ချုပ်ကြီး စတီးဝဲလ်နှင့် ဗိုလ်မှူးကြီးစလင်းတို့ စစ်ရေးအခြေအနေများ သုံးသပ်၍ ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးသည်။ ဂျပန်တပ်က ပျဉ်းမနားရှိ အမှတ်၁၅ တရုတ်တပ်မကို တိုက်ခိုက်သည်။ တရုတ်စစ်သူကြီး ချန်ကေရှိတ် ကိုယ်စားလှယ် ဂျင်နရယ် ပီအက်စ် ဝမ်း က မန္တလေး ထောင်အတွင်းရှိ သခင်နု၊ သခင်စိုး နှင့် သခင်ဗဟိန်းတို့အား ဝင်ရောက် တွေ့ဆုံသည်။ (၂၀) ရက်။
ဂျပန် အမှတ် ၅၆ တပ်မ ရှမ်းပြည်နယ်ကို ဖြတ်၍ ချီတက်ပြီး လွိုင်ကော်မြို့သို့ ရောက်ရှိသည်။ တရုတ်တပ်များ ပျဉ်းမနားမှ ဆုတ်ခွာသည်။ ဂျပန်တပ်များ တောင်ကြီးမြို့ကိုသိမ်းပိုက်သည်။ (၂၁) ရက်။
ဂျပန်တပ်များ ဟိုပုန်း ရောက်ရှိသည်။ (၂၂) ရက်။
ဂျင်နရယ် ပီအက်စ်ဝမ်း က သခင်နု၊ သခင်စိုးနှင့် သခင်ကျော်စိန်တို့အား တရုတ်နိုင်ငံ ခေါ် ဆောင်သွားရန် မန္တလေး ထောင်မှ ထုတ်၍ မေမြို့သို့ ကားဖြင့် ခေါ်ဆောင်သည်။ သခင်နုတို့အား မေမြို့ သို့ ရာဇဝတ်ဝန် စကော့က ခေါ်ဆောင်သွားရာ မေမြို့ ရောက်သောအခါ သီပေါမြို့ကို ဂျပန်တပ်က သိမ်းပိုက်ပြီးကြောင်း၊ ရှေ့ခရီးထွက်၍ မဖြစ်နိုင်သဖြင့် ရာဇဝတ်ဝန်စကော့က သခင်နုတို့အား မန္တလေး ပြန်ခေါ်ခဲ့ပြီး မန္တလေး ထောင်ထဲတွင် ပြန်ထားသည်။ (၂၃) ရက်။
မြန်မာနိုင်ငံမှ ဆုတ်ခွာလျက်ရှိသော ဗြိတိသျှစစ်တပ်က မန္တလေးတိုင်း တောင်သာမြို့နယ် သပြေပင်ကျေးရွာရှိ အပြစ်မဲ့ရွာသူ ရွာသား ၂၇ ဦးအား အစုလိုက်အပြုံလိုက် ပစ်ခတ်သတ်ဖြတ်သည်။ ဗိုလ်ချုပ်ကြီးစတီးဝဲလ် ဦးဆောင်သော တရုတ်တပ်များ တောင်ကြီးမြို့ကို တိုက်ခိုက်သည်။ (၂၄) ရက်။
ဗိုလ်ချုပ်ကြီး စတီးဝဲလ်၏ တပ်များ တောင်ကြီးမြို့ကို သိမ်းပိုက်သည်။ မြန်မာနိုင်ငံအစိုးရအဖွဲ့ နန်းရင်းဝန် ဆာပေါ်ထွန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးထွန်းအောင်ကျော်တို့ မြစ်ကြီးနား မြို့မှ အိန္ဒိယနိုင်ငံသို့ လေယာဉ်ဖြင့် ထွက်ခွာသည်။ (၂၅) ရက်။
ပျော်ဘွယ်ရှိ အမှတ် ၂၂ တရုတ်တပ်မအား ဂျပန်တို့က ဘေးဘက်မှ ဝင်တိုက်၍ ဆုတ်ခွာရ သည်။ အမှတ် ၂၀၀ တရုတ်တပ်မက ဟိုပုန်းရှိ ဂျပန်တို့ကို တိုက်ထုတ်၍ လွိုင်လင်မြို့ကို သိမ်းပိုက်သည်။ ဗိုလ်ချုပ်ကြီးအလက်ဇန္ဒြာ၊ ဗိုလ်မှူးကြီး စလင်း၊ ဗိုလ်ချုပ်ကြီး စတီးဝဲလ် တို့ ကျောက်ဆည်မြို့တွင် တွေ့ဆုံ ဆွေးနွေး သည်။ (၂၇) ရက်။
မြန်မာနိုင်ငံဘုရင်ခံ ဒေါ်မန်စမစ် မေမြို့ (ပြင်ဦးလွင်) မှထွက်ခွာသည်။ ဗိုလ်မှူးကြီး စလင်း စစ်ကိုင်းရှိ တပ်မကြီးဌာနချုပ်သို့ ပြန်လည် ရောက်ရှိသည်။ ညသန်းခေါင်ယံအချိန်တွင် ဗြိတိသျှတပ်က မြစ်ငယ်တံတားအား ဖောက်ခွဲဖျက်ဆီးသည်။ [နေညွန့်ဗဆွေ၊ ပြည်သူ့ အရေးတော်ပုံပါတီ (၁၉၃၉-၄၆)။ မဟာဝိဇ္ဇာ ဘွဲ့ယူကျမ်း ၁၉၈၄၊ သမိုင်းဌာန၊ ရန်ကုန်တက္ကသိုလ် စာ ၁၂၄] (၂၈) ရက်။
မြန်မာနိုင်ငံဘုရင်ခံ ဒေါ်မန်စမစ် မြစ်ကြီးနားမြို့သို့ ရောက်ရှိသည်။ ဗိုလ်မှူးကြီး စလင်းသည် ဗိုလ်ချုပ်ကြီး အလက်ဇန္ဒြားထံမှ မြန်မာပြည် မှ အိန္ဒိယသို့ ဆုတ်ခွာရန် ညွှန်ကြားချက်များ လက်ခံ ရရှိသည်။ (၂၉) ရက်။
သခင်နု၊ သခင်စိုး၊ သခင်ကျော်စိန်နှင့် သခင်မြသွင်တို့ မန္တလေးထောင်မှ လွတ်မြောက်လာပြီး မင်းကွန်းဘက်ကူးသည်။ ထိုမှ မန္တလေး ပြန်လာကာ ကပိုင်ရွာသို့ သွားရောက်သည်။ ကပိုင်တွင် ဦးသိန်းဖေမြင့်၊ ဦးကျော်ငြိမ်း တို့နှင့် တွေ့ဆုံသည်။ ဗြိတိသျှတပ်များ မန္တလေးမြို့ကို စွန့်ခွာသည်။
တရုတ်မြန်မာ လမ်းမကြီးအတွက် အရေးပါသည့် လားရှိုးမြို့ကို ဂျပန် တပ်များ သိမ်းပိုက်သည်။ (၃၀) ရက်။
ဂျပန်အမှတ် ၁၈ တပ်မ မြစ်ငယ်မြစ် တောင်ဘက်သို့ ရောက်ရှိသည်။ မြန်မာနိုင်ငံဘုရင်ခံ ဒေါ်မန်စမစ် နှင့် ဇနီးတို့သည် မေခနှင့် မလိခမြစ် နှစ်သွယ်ဆုံရာ တန်ဖဲရွာသို့ ပျော်ပွဲစား ခရီးထွက်သည်။ အထက်မြန်မာပြည် လျှို့ဝှက်မြေ အောက်ဌာနချုပ်ရှိရာ မန္တလေးမြို့ မြောက်ဘက် ကပိုင်ရွာအပြင်ဘက် ရှိ ရေတွင်း တစ်တွင်းတွင် သခင်နု၊ သခင်စိုး၊ ဦးကျော်ငြိမ်း၊ ဦးသိန်းဖေမြင့်၊ သခင်မြသွင်နှင့် သခင်ကျော်စိန် တို့ အစည်းအဝေး ကျင်းပသည်။ အင်းဝတံတား (စစ်ကိုင်းတံတား) ကို ဗြိတိသျှတပ်များက ဖောက်ခွဲ ဖျက်ဆီးသည်။ (၃၁) ရက်။
မုံရွာမြို့ပေါ် ဗုံးချစဉ် မုံရွာထောင်မှ သခင်လေးမောင်၊ သခင် သန်းထွန်း၊ သခင်ဗစိန်နှင့် အခြားသခင်များ လွတ်မြောက်လာသည်။ မေလ
(၁) ရက်။
ဗိုလ်မှူးကြီး စလင်း ဦးစီးသည့် မြန်မာပြည်တပ်မကြီး၏ နောက်တန်းဌာနချုပ်နှင့် အမှတ် ၁၇ တပ်မဌာနချုပ် ရေဦးမြို့သို့ ရောက် ရှိသည်။ ဂျပန်အမှတ် ၁၅ တပ်မတော် သေ နာပတိ အီးဒါးက ကြေးငွေနှင့်စပ် လျဉ်း၍ ကြေညာချက် တစ်ရပ်ထုတ် ပြန်သည်။ ထိုကြေညာချက် တွင် 'မြန်မာပြည်တွင် လဲလှယ်သုံးစွဲရမည့် တရားဝင်ငွေကြေးများမှာ ၁၉၄၁ ခု နှစ် ဒီဇင်ဘာ ၈ ရက်နေ့၌ လှည့် လည် သုံးစွဲနေသော ငွေစက္ကူများ နှင့် ဂျပန်အစိုးရစစ်ဖက်ဆိုင်ရာငွေ စက္ကူများသာဖြစ်ရမည်' ဟူ၍ လည်းကောင်း၊ 'ဂျပန်အစိုးရ စစ်ဖက်ဆိုင်ရာ ငွေ စက္ကူ များ သည် ကျပ်၊ ဒေါ်လာ သို့တည်းမဟုတ်ဆင့် အစိတ်အပိုင်းများဖြစ်စေရမည်။ တစ်ဒေါ်လာသည် တစ်ကျပ် နှင့် တန်ဖိုး ညီတူညီမျှ ဖြစ်စေရမည်။ တစ် ဆင့်သည် တစ်ကျပ်၏ တစ်ရာပုံ တစ်ပုံနှင့် တူညီစေရမည်။ တစ်ကျပ် အောက် အနုတ်များနှင့်ပတ်သက်၍ ခြောက်ဆင့်ကို တစ်ပဲအဖြစ် သုံးစွဲ ရမည်' ဟူ၍လည်းကောင်း ပြဋ္ဌာန်းသည်။ ဂျပန်အမှတ် ၁၈ တပ်မဟာသည် မြစ်ငယ်မြစ်ကို ဖြတ်ကူး၍ ၁၈း၂၀ နာရီတွင် မန္တလေးမြို့ကို သိမ်းပိုက် သည်။ ဂျပန်အမှတ် ၁၅ တပ်မတော် စစ် သေနာပတိချုပ် ဒုတိယဗိုလ်ချုပ်ကြီး အီးဒါး မန္တလေးမြို့သို့ ရောက်ရှိလာ ပြီး အမှတ် ၅၆ တပ်မကို သံလွင်မြစ် အထက်ပိုင်းဒေသနှင့် မြစ်ကြီးနား ဘက်သို့ စေလွတ်၍ ရန်သူများကို တိုက်ခိုက်စေသည်။ (၂) ရက်။
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်စစ်အုပ်ချုပ်ရေးရုံးသည် ကြည်း တပ် ထောက်လှမ်းရေး ဗိုလ်မှူး နာဂဆာကီ (Major Nagasaki) အား ဌာနခွဲမှူး ခန့်အပ်၍ မန္တလေးမြို့ တွင် ဂျပန်စစ်အုပ်ချုပ်ရေးရုံး ဌာနခွဲ ဖွင့်လှစ်သည်။ ဗြိတိသျှစစ်တပ်က မုံရွာမြို့နယ် အိုးဘိုတောင် ကျေးရွာအုပ်စု တောင်ကန်ရွာ ကို မြေလှန် မီးရှို့ ဖျက်ဆီးပြီး ရွာ သူရွာသား ၅၀ ကျော်အား ရက်စက်စွာ သတ်ဖြတ်သည်။ အမေရိကန်ဗိုလ်ချုပ်ကြီးစတီးဝဲလ် ရွှေဘိုမှ မြစ်ကြီးနားမြို့သို့ ဂျစ်ကား ဖြင့် ထွက်ခွာသည်။ စစ်တွေအကျဉ်းထောင် တွင် ကျခံနေခဲ့ရသော ဝန်ကြီးချုပ်ဟောင်း ဦးဘဦး(မန္တလေး) ရန်ကုန်မြို့ သို့ ရောက်ရှိသည်။ (၃) ရက်။
ဗိုလ်ချုပ်ကြီး စတီးဝဲလ် ဝန်းသိုမြို့သို့နံနက် ၉း ၃၀ တွင် ရောက်ရှိသည်။ ဂျပန်တပ်မ ၅၆ လက်အောက်ရှိ တပ်ရင်းအချို့ကဗန်းမော်မြို့ကို သိမ်းပိုက်သည်။ (၄) ရက်။
မြန်မာနိုင်ငံ ဘုရင်ခံ ဒေါ်မန်စမစ်သည် မြစ်ကြီးနားမြို့မှ အိန္ဒိယနိုင်ငံသို့ လေယာဉ်ဖြင့် ထွက်ခွာသည်။ (၅) ရက်။
ဂျပန်တပ်က မြစ် ကြီးနားမြို့ကို သိမ်းပိုက်သည်။ ဗိုလ်ချုပ်ကြီးစတီးဝဲလ် အင်းတော် ရောက်ရှိသည်။ မြစ်ကြီးနားမြို့ ဂျပန်လက်အောက် ကျရောက်သည်ကို ကြားသိရ၍ ချင်းတွင်းမြစ် ကို ဖြတ်ကာ အိန္ဒိယနိုင်ငံသို့ သွားရောက်ရန် ဆုံးဖြတ်သည်။ ဂျပန်တပ်က တရုတ်မြန်မာလမ်းမ ကြီးပေါ်ရှိ တရုတ်မြန်မာ နှစ်နိုင်ငံ နယ်စပ်တွင် ဆောက်လုပ်ထားသည့် တံတားကြီးကို ဖောက်ခွဲ ဖျက်ဆီးသည်။ တရုတ်စစ်ဗိုလ်ချုပ်ဆွန်လီဂျင် (General Sun Li Jen) ၏အမှတ် ၃၈ တရုတ်တပ်မ ရွှေဘိုမှ ဆုတ်ခွာရာတွင် သိန်းဖမြေင့်၊ သခင်ကျော်စိန် နှင့် သခင်မြသွင်တို့ လိုက်ပါသွားခဲ့သည်။ (နောက်ပိုင်းတွင် တရုတ်တပ် နှင့် ဆက်လက် မလိုက်ပါလိုတော့ သဖြင့် မဲဇာအနီး၌ တရုတ်တပ်မှ ထွက်ပြေးကြသည်။) (၆) ရက်။
ဗိုလ်ချုပ်ကြီး စတီးဝဲလ် မန်စီရွာရောက်ရှိသည်။ (၈) ရက်။
ဂျပန်အမှတ် ၅၆ တပ် မ အောက်ရှိ တပ်ရင်းအချို့က မြစ် ကြီးနားမြို့ကို သိမ်းပိုက်ရရှိသည်။ (၉) ရက်။
ဂျပန် စစ်ဘက်ဆိုင်ရာ အုပ်ချုပ်ရေး ဌာနမှ ငွေကြေးသုံးစွဲမှု နှင့် စပ်လျဉ်းသည့်ကြေညာချက် ထုတ်ပြန်သည်။ (၁၂) ရက်။
မန္တလေးမြို့တွင် တိုင်းချစ် သတင်းစာ စတင်ထုတေ်ဝ သည်။ ဗြိတိသျှ နောက်ရန်တပ်များ က လေးဝမြို့မှ ထွက်ခွာသည်။ ဗိုလ်ချုပ်ကြီးစတီးဝဲလ် ဟုမ္မလင်း မြို့သို့ ရောက်ရှိသည်။ ဒေါက်တာဘမော်နှင့်မိသားစု မန္တလေးမြို့သို့ ရောက်ရှိ နေထိုင် သည်။ (၁၃) ရက်။
မုံရွာထောင်မှ လွတ် မြောက်လာသည့် သခင်လေးမောင်၊ သခင်သန်းထွန်းနှင့် သခင်ဗစိန်တို့ ရန်ကုန်မြို့ရောက်ရှိသည်။ (၁၅) ရက်။
ဗိုလ်ချုပ်ကြီး စတီးဝဲလ်၏ ဌာနချုပ် အာသံသို့ ရောက်ရှိသည်။ (၁၆) ရက်။
ဗြိတိသျှ အမှတ် ၁ တပ်မဟာတမူးမြို့သို့ရောက်ရှိသည်။ (၂၀) ရက်။
ဗြိတိသျှစစ်တပ်များ မြန်မာနိုင်ငံမှ အောင်မြင်စွာ ဆုတ်ခွာ မှု ပြီးဆုံးသည်။ မြန်မာနိုင်ငံမှ ဗြိတိသျှတပ်များ ကီလိုမီတာ၁၄၄၀(မိုင်၉၀၀) ဆုတ်ခွာ စစ်တွင် ဗြိတိသျှစစ်သည် ၁၃၄၆၃ ဦး အဆုံးအရှုံးရှိပြီး၊ဗြိတိသျှ တို့ကို လိုက်လံတိုက်ခိုက်သည့် ဂျပန် တပ်များဘက်မှ ၄၅၉၇ ဦးကျ ဆုံးခဲ့သည်။ ဗိုလ်ချုပ်ကြီး စတီးဝဲလ် အင်ဖာမြို့သို့ ရောက်ရှိသည်။ မြန်မာနိုင်ငံမှ ဆုတ်ခွာခဲ့သည့် မြန်မာတပ်မကြီးမှ တပ်များအားလုံးကို အမှတ် ၄ တပ်မကြီးသို့ လွှဲပြောင်းလိုက်ကာမြန်မာတပ်မကြီးကို ဖျက်သိမ်းပစ်သည်။ ဂျပန် ကင်ပေတိုင်( Kempeitai) က တိုင်းချစ် သခင်သိန်းဖေအား ဖမ်း ဆီးသည်။ (၂၁) ရက်။
ဂျပန်အမှတ် ၁၅ တပ်မတော်စစ်သေနာပတိ ဒုတိယ ဗိုလ်ချုပ်ကြီး အီးဒါးက ဗမာပြည် အုပ်ချုပ်ရေး စီစဉ်မှုအဖွဲ့ ထူထောင်ခြင်းကိစ္စ အမိန့်ထုတ်ပြန် ကြေညာ သည်။ မန္တလေးမြို့ သံတဲ ကျောင်းတိုက် တွင်မြို့လုံးကျွတ် အစည်းအေဝး ကျင်းပသည်။ ဂျပန် စစ်ဗိုလ်ကြီး ဆာကူရိုင်း (Sakurai Hyogoro) က အာရှတိုက်သားများစည်းလုံး ရေးနှင့် ခေတ်သစ် ထူထောင်ရေး အကြောင်း ဟောပြောသည်။ အစည်းအေဝးတွင် မြန်မာပြည်မှ မိစ္ဆာဒိဋ္ဌိ အင်္ဂလိပ် များကိုဂျပန်တပ်မတော်က မောင်းနှင်ပစ်လိုက်သည့်အတွက် ဂျပန်ဧကရာဇ်အား ဤအစည်း အေဝးက ကျေးဇူးတင်ကြောင်း။ စစ်ဘေးကြောင့် လူများ အိုးမဲ့ အိမ်မဲ့ ဖြစ်နကြေသဖြင့် သစ်ဝါးများကို ဆိုင်ရာတို့က အခမဲ့ ပေးရန်။ ရပ်ထဲရွာထဲ၌ လမ်းပမ်းအစရှိ သည်တို့ ပျက်စီးနေရာ မြို့ရွာ ပြုပြင်ရန် လျင်မြန်စွာ ရှင်းလင်း ပစ်ရန်။ ဂျပန်စစ်သည်တော်များ အတွက် သက်သာချောင်ချိရန် မြို့သူမြို့သားများ သည်ဈေး ဆိုင်များကို မြန်နိုင်သမျှ မြန်စွာ ဖွင့်ပေးရန်။ မြို့သူမြို့သားများ သွားလာနေ ထိုင်ကြစဉ်ဂျပန်များက အနှောက်အရှက် မပေးရအောင် ဆိုင်ရာတို့က စောင့်ရှောက်ပေးရန် စသည့်အချက်များကို အားလုံး သဘောတူ ဆုံးဖြတ်ကြ သည်။
(၂၄) ရက်။
တရုတ်စစ်ဗိုလ်ချုပ် ဆွန်လီဂျင်၏ အမှတ် ၃၈ တရုတ် တပ်မ အင်ဖားသို့ ရောက်ရှိသည်။ (၂၅) ရက်။
ဖက်ဆစ်ဂျပန် ဆန့်ကျင်ရေး စာရွက်စာတမ်းများ ဖြန့်ချိမှုဖြင့် အဖမ်းခံရသည့် သခင်သိန်းတန် ခေါ် ချစ်တီး (စစ်ကိုင်း) အား ဂျပန်စစ်တပ်က စစ်ကိုင်းတံတားပေါ် တွင် ဓားဖြင့်ခုတ်သတ်သည်။ (၂၆) ရက်။
မြန်မာနိုင်ငံဝန်ကြီး ဟောင်း စောဖေသာ မိသားစု ကွယ် လွန်သည်။ [ဦးသန့် ပြည်တော်သာခရီး (ဒုတိယပိုင်း) ရန်ကုန်စာပေဗိမာန် ပုံနှိပ် ၁၉၆၁ စာ ၇၈] (၂၇) ရက်။
မန္တလေးမြို့ မစိုးရိမ် ကျောင်းတိုက်တွင် မြန်မာစစ်ဗိုလ် များနှင့် ဂျပန်စစ်ဗိုလ်များအားကြိုဆို ပွဲ စတင်ကျင်းပသည်။ ဇွန်လ
(၁) ရက်။
အမရပူရ ရှိ ဗမာ့လွတ်လပ်ရေးတပ်မတော် မှ ဗိုလ်ဗတင် (အတွင်းရေးမှူး - ဗဟိုစစ်ရုံး) 'ဗမာ့ လွတ်လပ်ရေးတပ်မတော် ဆိုတာ ဘာလဲ' ဟူသည့်ကြေညာချက်ထုတ် ပြန်သည်။ ရန်ကုန်မြို့တွင် ဂျပန်အမှတ် ၁၅ တပ်မတော် ဝါဒဖြန့်ချိရေးဌာနမှူး ဗိုလ်မှူးကြီး ကိုဘာယာရှိ ကြီးမှူး၍ ဂျပန်ဘာသာသင်ကျောင်းစတင်ဖွင့် လှစ်သည်။ (၃) ရက်။
မေမြို့ (ပြင်ဦးလွင်)ရှိ မြန်မာပြည် ဂျပန်စစ်တပ်များ၏ စစ် သေနာပတိ ဒုတိယဗိုလ်ချုပ်ကြီး အီးဒါးထံသို့ မြန်မာပြည် ဗဟိုအုပ်ချုပ်ရေးစီစဉ်မှုအဖွဲ့တွင် ပါဝင်မည့် ပုဂ္ဂိုလ်များဖြစ်သောဒေါက်တာ ဘမော်၊ ဦးဘဘေ၊ ဒေါက်တာသိမ်းမောင်၊ သခင်မြ၊ ဗန္ဓုလဦးစိန်၊ သခင်ထွန်းအုပ် ၊ သခင်နု၊ ဓားမဦးဘသိန်း၊ ဦးလှဖေနှင့် သခင်ဗစိန် တို့က သွား ရောက်တွေ့ဆုံသည်။ ထိုတွေ့ဆုံပွဲ တွင် သခင်ကိုယ်တော်မှိုင်း၊ ဗိုလ်တေဇ နှင့် ဒေါ်ခင်မမ (ဒေါက်တာဘမော် ၏ဇနီး) တို့လည်း အထူးဧည့်သည်တော် အဖြစ် တက်ရောက်သည်။ ထို တွေ့ဆုံပွဲတွင် အီးဒါးက စစ်အုပ်ချုပ် ရေးဆောင်ရွက်နေချိန်တွင် ရန်သူ အား အကျိုးဖြစ်ထွန်းစေမည့် လုပ်ငန်းနှင့် ဂျပန်အား ဆန့်ကျင်သော အပြုအမှု ဟူသမျှကို ကျူးလွန် ပါက အထူးကြီးလေးသော အပြစ်ဒဏ်ပေး မည်။ စစ်ပွဲ ဆုံးခန်းတိုင်အောင်မြင် ရေးအတွက် လိုအပ်သည်ဟု ယူဆသော လုပ်ငန်းမျိုး ကိုမူ မည်သူမည်ဝါ နှောက်ယှက် တားဆီးစေကာမူ မပျက်မကွက် လုပ်ကိုင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ အင်္ဂလိပ်မှာ အဓိကရန်သူနိုင်ငံဖြစ်သည့် အလျောက်အင်္ဂလိပ် အင်အား နှင့် အင်္ဂလိပ် အကျိုးစီးပွား တို့ကို အမြစ် ကပါ မကျန်သုတ်သင်ရှင်းလင်း သွားရမည် ဖြစ်ကြောင်း၊ မြန်မာပြည်သူ တို့၏ ဓလေ့ထုံးစံများကို ရိုသေ လေးစားမည်ဖြစ်ကြောင်း၊ မြန်မာ များလက်သို့ အပ်နှင်းနိုင်သော အာဏာ အခွင့်အရေး ဟူသမျှကို အပ်နှင်း၍ လက်ရှိအခြေအနေနှင့် အံဝင်ခွင် ကျဖြစ်သော အုပ်ချုပ်ရေးလုပ်ငန်း ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုကဲ့သို့ ဆောင်ရွက်သွားရာ၌ လူကြီးမင်းများထံမှ လိုအပ်သောအကူ အညီများကို ရနိုင်လိမ့်မည်ဟု မျှော်လင့်လျက်ရှိပါကြောင်း။ မြန်မာ့ပြည်လွတ်လပ်ရေး ပြဿနာနှင့် ပတ်သက်၍ ဂျပန်နန်းရင်းဝန် ဂျင်နရယ်တိုဂျို၏ ထုတ်ပြန် ချက်တွင် ပါရှိသည့် အချက်အလက် ကို ထောက်ရှုလိုက်နာကျင့်သုံးရမည် ဖြစ်ကြောင်း၊ မြန်မာပြည်က လွတ် လပ်သောနိုင်ငံအဖြစ် အကျိုးခံစား ခွင့် ရရှိလာမည့်နေ့ မြန်မြန် ရောက်လာစေရန်ကို ကျွန်ုပ်လည်း မျှော်လင့်တမ်းတလျက် ရှိပါကြောင်း သို့သော်လည်း ယခုလောလောဆယ်တွင် အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက် ရမည်မှာ စစ်အောင်နိုင်ရေးပင် ဖြစ်၍ မြန်မာတို့က ယခုစစ်ပွဲတွင် ဂျပန်နိုင်ငံ အောင်ပွဲရယူနိုင်ရန် နှလုံးရည် လက်ရုံးရည်ဖြင့် ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြရန် မျှော်လင့်မိပါကြောင်း။ ယခု ချက်ချင်း ဖြေရှင်းရမည့် ပြဿနာမှာ ဗဟိုအုပ်ချုပ်ရေး စက်ယန္တရား ပြန်လည်ပြုပြင် ထူထောင်ရေး ဖြစ်ကြောင်း အုပ်ချုပ်ရေး စက်ယန္တရား ပြန်လည်ထူထောင်ရေး အတွက် လူကြီးမင်းများသည် စစ်ဘက်ဌာနများနှင့် ပူးပေါင်း ကူညီ ဆောင်ရွက်ကြရန် နှိုးဆော် တိုက်တွန်း လိုကြောင်း ပြောကြားသည်။
ဇူလိုင်လ (၂၇)
ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ) အဖြစ် ပြောင်းလဲဖွဲ့စည်းသည်။ ဩဂုတ်လ စက်တင်ဘာလ (၆)
နေ့လယ် ၂ နာရီတွင် ဂျပန်ခေတ်ဆေးရုံကြီး (ယခု နိုင်ငံတော် ကာကွယ်ရေးတက္ကသိုသ်) အရှေ့ဘက် အစွန်ဆုံးခန်းမဆောင်တွင် သူနာပြုဆရာမ မခင်ကြည်နှင့် ဗမာ့ကာကွယ်ရေးတပ်မတော် ဗိုလ်ချုပ် ဗိုလ်တေဇတို့ လက်ထပ်မင်္ဂလာပွဲ ပြုလုပ်သည်။ (၇)
ညနေ ၅ နာရီအချိန်တွင် ရန်ကုန်မြို့ Nippon Military Club (မင်တိုမစ်ရှင်ဟိုတယ်)၌ ဗမာ့ကာကွယ်ရေးတပ်မတော် ဗိုလ်ချုပ်ဗိုလ်တေဇ နှင့် ဇနီး ဒေါ်ခင်ကြည် တို့ မင်္ဂလာထမင်း တည်ခင်းဧည့်ခံကျွေးမွေးသည်။ အောက်တိုဘာလ (၁) ရက်။
(၂) ရက်။
(၃) ရက်။
(၄) ရက်။
(၅) ရက်။
(၆) ရက်။
(၇) ရက်။
(၈) ရက်။
(၉) ရက်။
(၁၀) ရက်။
(၁၁) ရက်။
(၁၂) ရက်။
(၁၃) ရက်။
(၁၄) ရက်။
(၁၅) ရက်။
(၁၆) ရက်။
(၁၇) ရက်။
(၁၈) ရက်။
(၁၉) ရက်။
(၂၀) ရက်။
(၂၁) ရက်။
(၂၂) ရက်။
(၂၃) ရက်။
(၂၄) ရက်။
(၂၅) ရက်။
(၂၆) ရက်။
(၂၇) ရက်။
(၂၈) ရက်။
(၂၉) ရက်။
(၃၀) ရက်။
(၃၁) ရက်။
နိုဝင်ဘာလ (၁) ရက်။
(၂) ရက်။
(၃) ရက်။
(၄) ရက်။
(၅) ရက်။
(၆) ရက်။
(၇) ရက်။
(၈) ရက်။
(၉) ရက်။
(၁၀) ရက်။
(၁၁) ရက်။
(၁၂) ရက်။
(၁၃) ရက်။
(၁၄) ရက်။
(၁၅) ရက်။
(၁၆) ရက်။
(၁၇) ရက်။
(၁၈) ရက်။
(၁၉) ရက်။
(၂၀) ရက်။
(၂၁) ရက်။
(၂၂) ရက်။
(၂၃) ရက်။
(၂၄) ရက်။
(၂၅) ရက်။
(၂၆) ရက်။
(၂၇) ရက်။
(၂၈) ရက်။
(၂၉) ရက်။
(၃၀) ရက်။
(၃၁) ရက်။
ဒီဇင်ဘာလ (၁) ရက်။
(၂) ရက်။
(၃) ရက်။
(၄) ရက်။
(၅) ရက်။
(၆) ရက်။
(၇) ရက်။
(၈) ရက်။
(၉) ရက်။
(၁၀) ရက်။
(၁၁) ရက်။
(၁၂) ရက်။
(၁၃) ရက်။
(၁၄) ရက်။
(၁၅) ရက်။
(၁၆) ရက်။
(၁၇) ရက်။
(၁၈) ရက်။
(၁၉) ရက်။
(၂၀) ရက်။
(၂၁) ရက်။
(၂၂) ရက်။
(၂၃) ရက်။
(၂၄) ရက်။
(၂၅) ရက်။
(၂၆) ရက်။
(၂၇) ရက်။
(၂၈) ရက်။
(၂၉) ရက်။
(၃၀) ရက်။
(၃၁) ရက်။
မှတ်စု ကျော်ငြိမ်း၊ ညွှန်ကြားရေးမှူး၊ တက္ကသိုလ်များသမိုင်းသုတေသနဦးစီးဌာန ပြုစုသော ဂျပန်ခေတ်ရက်စွဲသမိုင်း (၈ မတ် ၁၉၄၂- ၃ မေ ၁၉၄၅) မှ ကူးယူဖော်ပြသည်။
ရည်ညွန်း ကိုးကား ထွန်းအုပ်၊ သခင် (၁၉၇၅)။ ကျွန်ုပ်စွန့်စားခန်း ။ တိုင်းပြည်ပြု ပုံနှိပ်တိုက် ရန်ကုန်။ တက်ဆူနေဇို၊ အိုတ (၁၉၄၃)။ ဂျပန်စစ်အုပ်ချုပ်ရေးခေတ် မြန်မာနိုင်ငံ (အိုနိုးတိုးရု မြန်မာဘာသာပြန်) ။ ပုဂံ စာအုပ်တိုက်နှင့် ကုမာရ ပုံနှိပ်တိုက် ရန်ကုန်။ မြဒေါင်းညို (၁၉၉၂)။ ရဲဘော်သုံးကျိပ် ။ (သတ္တမအကြိမ်)။ ကြေးမုံ သတင်းစာတိုက် နှင့် ဂါဒီယန်းသတင်းစာတိုက်ပုံနှိပ် ရန်ကုန်။ Ba Maw (1968)။ Breakthrough in Burma: Memoirs of Revolution 1939-1946 ။ (သတ္တမအကြိမ်)။ Yale University press London။ Burma During the Japanese Occupation ။ Vol 1။ Burma Intelligence Bureau။ Simla 1943။ Joseph W.၊ Stilwell (London 1949)။ The Stilwell papers ။ Macdonald။ Joseph Slim၊ Field Marshal Sir William (London 1956)။ Defeat into Victory ။ Cassell and Company Ltd။ အိဇူမိယတက်စုရော (ရန်ကုန် ၁၉၈၁)။ ကျွန်တော် ပါဝင်ခဲ့သော မီနာမီကီကန်း ။ တက္ကသိုလ်များပုံနှိပ်တိုက်။ General Plan for the Control of the Occupied Areas under the Hayashi Army Group (Hayashi Shu dan Senryochi Tochi Yoko) ။ Ota Tsunezo, Biruma Ni Okeru Nihon Gunseishi No Kenkyu။ Tokyo Yoshikawa Kobunkan 1967။ Trager၊ Frank N. (Philadelphia 1971)။ Burma: Japanese Military Administration, Selected documents, 1941-1945 ။ University of Pennsylvania press။ ဗန္ဓုလ၊ ဦးစိန် (ရန်ကုန် ၁၉၄၆)။ ကျွန်ုပ်တို့အတွင်းရေး ။ ပထမတွဲ။ သိရီဇေယျုံပုံနှိပ်တိုက်။ Collis၊ Mourice (London 1956)။ Last and First in Burma 1941-48 ။ Faber & Faber Limited။ မြဒေါင်းညို (ရန်ကုန် ၁၉၉၁)။ ရွှေတောင်တိုက်ပွဲ ။ စာပေဗိမာန်ပုံနှိပ်။ မြန်မာ့အလင်းသတင်းစာ ။ ၁၉၄၂။ Grandfather၊ Ian Morrison (London, 1947)။ Longlegs ။ Faber and Faber ltd.။ သခင်နု (ရန်ကုန်)။ ငါးနှစ်ရာသီဗမာပြည် ။ တိုက်စိုး (ရန်ကုန် ၂၀၀၃)။ ဂန္ထဝင်စာဆိုပညာရှိလေးဦး ။ ရောင်စဉ်အော့ဖ်ဆက်။ သိန်းဖေမြင့် (ရန်ကုန် ၁၉၆၈)။ စစ်အတွင်းခရီးသည် ။ စတုတ္တ အကြိမ်။ ပုဂံစာအုပ်တိုက်နှင့် ကုမာရပုံနှိပ်တိုက်။ Huge Tinker (London 1983)။ Burma : The Struggle for independence (1944-48) Vol .I ။ Her Majesty Stationery Office။ ဝန်ကြီးသခင်ဗစိန် (ရန်ကုန် ၁၉၄၃)။ သခင်တို့၏လွတ်လပ်ရေးကြိုးပမ်းမှု ။ တိုင်းပြည်ပြုပုံနှိပ်။ လူထုဦးလှ (မန္တလေး ၁၉၆၈)။ သတင်းစာများက ပြောပြတဲ့ စစ်တွင်းဗမာပြည် ။ ပထမတွဲ။ ကြီးပွားရေးပုံနှိပ်။ တိုင်းချစ်သတင်းစာ (၁၉၄၂)။ World War II Day by Day ။ Dorling Kindersley Ltd။ London 2001။ Cady (NewYork 1960)။ A History of Modern Burma ။ (Second Printing)။ Ithaca။ သခင်သိန်းဖေ (ရန်ကုန်။ ပုံနှိပ်ခုနှစ်မသိ)။ ကိုယ်တွေ့မှတ်တမ်း ။ တိုင်းချစ်ပုံနှိပ်။ ဗိုလ်မှူးကြီးဟောင်း သိန်းတုတ်၊ (မော်ကွန်းဝင် ပထမအဆင့်၊ အငြိမ်းစား သံအမတ်ကြီး)။ ကိုယ်ရေးမှတ်တမ်း လက်နှိပ်စက်မူ ။
This article uses material from the Wikipedia မြန်မာဘာသာ article ၁၉၄၂ , which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0") ; additional terms may apply (view authors ). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses. ®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.