ဟင်နရီ မက်တစ်ဆီ: ၂၀ရာစုပြင်သစ်အနုပညာရှင်

အွန်နရီ အီမီးလ် ဘနွား မတိစ် (French: ; ၁၈၆၉ ဒီဇင်ဘာ ၃၁ - ၁၉၅၄ နိုဝင်ဘာ ၃) သည် သူ၏ အရောင်အသွေးကို အသုံးချတတ်ပုံသာမက သွက်လက်ပြီး နဂိုဟန် ဒီဇိုင်းများကြောင့်ပါ လူသိများသော ပြင်သစ်အနုပညာရှင် တဦးဖြစ်သည်။ ဒီဇိုင်းပညာရှင် ၊ ပုံနှိပ်ပန်းချီပညာရှင် နှင့် ပန်းပုသမားလည်းဖြစ်သော်လည်း ပန်းချီဆရာအဖြစ်နှင့် အဓိကအသိများသည်။ ပန်းချီပန်းပု အနုပညာ၏ အရေးပါသောထွန်းကားမှုများ ပေါ်ပေါက်ခဲ့ ရာ ၂၀ ရာစု အစောပိုင်းဆယ်စုနှစ် ကာလတလျောက်လုံး၌ အမြင်အာရုံအနုပညာ ဆိုင်ရာ ရုတ်ခြည်း တိုးတက် ဖြစ်ထွန်းမှုများအား ကူညီပုံဖော်ပေးခဲ့သူအနုပညာရှင်တဦးအဖြစ် ပါဘလိုပကားဆို နည်းတူ သူ့အား အသိအမှတ်ပြု ခံရသည်။

၁၉၀၀ နှင့် ၁၉၀၅ ခုအကြား သူ ရေးဆွဲခဲ့သော အရောင်စူးစူးရဲရဲ လက်ရာများ ကြောင့်  Fauves (အရိုင်းကောင်ကြီးများ) အနက်က တဦးအဖြစ် နာမည်ဆိုးဖြင့် ကျော်ကြားစေခဲ့သည်။ သူ၏ အကောင်းဆုံးလက်ရာမွန်များကို ၁၉၀၆ ခုနှစ်နောက်ပိုင်း ဆယ်စုနှစ်အကြာမှ ဖန်တီးခဲ့ရာ ပြားချပ်ချပ်ပုံသဏ္ဌာန် နှင့် အနုအလှဖော်အကွက်များကို အလေးပေးသည့် လက်ဝင်သောစတိုင်လ်ကို တီထွင်ခဲ့သည်။ ၁၉၁၇ ခုနှစ်တွင် ဖရန့်ချ်ရဗဲရီးယာ ပေါ်ရှိ နိစ် ဆင်ခြေဖုံးအရပ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ၁၉၂၀ ခုနှစ်များအတွင်း ပိုပေါ့ပါးသော ဟန်များကြောင့် ပြင်သစ်ပန်းချီပညာ ရိုးရာယဉ်ကျေးမှုထိန်းသိမ်းသူအဖြစ် ချီးကျူးမှုများ ရခဲ့သည်။ ၁၉၃၀ နောက်ပိုင်း၌ ပိုရိုးစင်းသောဟန်ကို ကူးယူကျင့်သုံးခဲ့သည်။ မီးစာကုန်ဆီခမ်းကာလ ကျန်းမာရေးချို့ယွင်းမှုများ ကြောင့် ပန်းချီဆွဲရန် အခက်အခဲဖြစ်လာသောအခါ၌ စက္ကူဖြတ်စညှပ်စများအား စပ်ဟပ်အကွက်ဖော်သည့် ပညာကို ဖန်တီးခဲ့ပြန်သေးသည်။

အရောင်နှင့်စုတ်ချက်များမှတဆင့် ခံစားလှစ်ဟပြသရာ၌ သူ၏နိုင်နင်းမှုကျွမ်းကျင်မှုအား ရာစုနှစ်ဝက်ကာလ တိုင်အောင် အနုပညာလက်ရာများတွင် ပြသလာခဲ့ရာ မော်ဒန်အနုပညာ၏ ရှေ့ဆောင်ပြယုဂ် အဖြစ် အသိအမှတ် ပြုခြင်း ခံရသည်။

Tags:

ပီကာဆို

🔥 Trending searches on Wiki မြန်မာဘာသာ:

စစ်တက္ကသိုလ် (ပြင်ဦးလွင်)ရွှေစည်းခုံ စေတီတော် (ပုဂံ)ခါကာဘိုရာဇီမြန်မာစာပေသန်လျင်မြို့နာဂစ်မုန်တိုင်းလူထုဦးလှကချင်လွတ်မြောက်ရေးတပ်မတော်ဝပြည်နယ်လက်ဖက်သုပ်ပိုးသတ်ဆေးမြန်မာ့ မီးရထားပါလီမန် ဒီမိုကရေစီ စနစ်သာမဏေအချစ်ကုလသမဂ္ဂ လုံခြုံရေးကောင်စီမြိတ်မြို့ခန္ဓာငါးပါးအနောက်မြောက်တိုင်းစစ်ဌာနချုပ်မြန်မာ့စွယ်စုံကျမ်းမုန့်ဟင်းခါးစိတ်ပညာဆင်ဖြူရှင်မင်းဖက်ဒရယ်ပြည်ထောင်စုစနစ်ဗမာလူမျိုးကျော်ဟိန်းဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး ကပ်လှူခြင်းစက္ကူပန်းဝီကီမီဒီယာ ဖောင်ဒေးရှင်းဗောဓိညောင်ပင်ပြည်ထောင်စုနေ့ဖဿဒုတိယ ကမ္ဘာစစ်မြန်မာ့သနပ်ခါးကာကွယ်ရေးဦးစီးချုပ်(လေ)မွန်ပြည်နယ်ကုန်းဘောင်ခေတ် ကာမစပ်ယှက်နည်းများလာအိုနိုင်ငံပြင်ဦးလွင်မြို့မိုးညှင်းမြို့သန်လျင် မင်းကျောင်းဆရာတော်ပဋ္ဌာန်းရေမွန်ဖိလစ်ပိုင်နိုင်ငံအမှတ်(၈၈)ခြေမြန်တပ်မဌာနချုပ်အငဲမြန်မာ့ရိုးရာ အတိုင်းအတာယူနစ်များမထိုးသွင်းသော လိင်ဆက်ဆံခြင်းပိဋကတ် သုံးပုံရှောင်းကျန့်မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဥရောပအသည်းရောင် အသားဝါ ရောဂါ စီပိုးချင်းပြည်နယ်ယောလူမျိုးတဏှာကြွက်နို့ရောဂါသတိပဋ္ဌာန်ဗလာဒီမီယာ ပူတင်ရေငုပ်သင်္ဘောတရားအေ (အက္ခရာ)ဧရာဝတီတံတား (ပခုက္ကူ)မုံရွာမြို့နေ့နံကုန်းဘောင်ခေတ်ဘုရားပင့်ဩကာသ ဘုရားရှိခိုးဝဆီရာဝိတ ဆီဝါရီလျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမြန်မာနိုင်ငံ၏ အလံများ စာရင်းကဗျာလင်္ကာမောရသုတ်ဂျန် အောနဝရတ် ကိုးပါးပအိုဝ်းလူမျိုးဂေါ်ရခါးလူမျိုးကား🡆 More