ရှေးဟောင်းသုတေသနပညာ

ရှေးဟောင်းသုတေသနပညာ ဆိုသည်မှာ ရှေးဟောင်းခေတ်မှ လူသား တို့ကြွင်းကျန်ခဲ့သော ရုပ်ဝတ္ထုပစ္စည်းတို့နှင့် ပတ်ဝန်းကျင် အနေအထား အချက်အလက်များကို ပြန်လည်ရှာဖွေ၍ ခွဲခြမ်းစိတ်ဖြာခြင်းဖြင့် ထိုခေတ်ထိုအခါက လူ့အဖွဲ့အစည်းကို လေ့လာသော ပညာရပ်ဖြစ်သည်။ ထို့သို့သော အချက်အလက်များတွင် လက်မှုပစ္စည်းများ၊ ဗိသုကာပညာရပ်များ၊ ဇီဝဆိုင်ရာ အချက်အလက်များ နှင့် ယဉ်ကျေးမှုဆိုင်ရာ အခြေအနေများ ပါဝင်သည်။ ရှေးဟောင်းသုတေသနပညာရပ်တွင် အမျိုးမျိုးသော လုပ်ငန်းဆောင်တာတို့ ပါဝင်လေ့ ရှိသဖြင့် သိပ္ပံပညာဟု ခေါ်ဆိုနိုင်သကဲ့သို့ လူမှုရေးပညာဟုလည်း ခေါ်ဆိုနိုင်သည်။ အမေရိကန်ပြည်ထောင်စုတွင် မနုဿဗေဒ ၏ ဘာသာရပ်ခွဲ တစ်ခု အဖြစ် မှတ်ယူလေ့ရှိပြီး ဥရောပတွင်မူ သီးသန့် ဘာသာရပ်တစ်ခုအဖြစ် မှတ်ယူကြသည်။

ရှေးဟောင်းသုတေသနပညာ
အီတလီရှိ ရှေးခေတ်ရောမမှ လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ကျော်မှ အကြွင်းအကျန်များကို ရှေးဟောင်းသုတေသန ပညာရှင်များက တူးဖော်၍ မြေပုံဆွဲမှတ်တမ်းတင်နေပုံ
ရှေးဟောင်းသုတေသနပညာ
အီဂျစ်နိုင်ငံ အလက်ဇန်းဒရီးယားရှိ ရောမဇာတ်ရုံ

ရှေးဟောင်းသုတေသန ပညာတွင် လူသားတို့၏ ရာဇဝင်ကို အရှေ့အာဖရိကတွင် ပထမဆုံးသော ကျောက်လက်နက်များများ တီထွင်သုံးစွဲခဲ့ကြသည့် နှစ်ပေါင်း ၃.၄ သန်းမှ အစပြု၍ လတ်တလော ဆယ်စုနှစ်များ အထိ လေ့လာကြသည်။ ထိုပညာရပ်သည် သမိုင်းမတင်မီခေတ်က လူ့အဖွဲ့အစည်းများကို လေ့လာရာတွင် အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်။ ထိုအချိန်က လူတို့၏ သမိုင်းကြောင်းကို ရေးသားမှတ်တမ်းတင်မှုများ မရှိသော်လည်း လူသားတို့ရာဇဝင်၏ ၉၉ ရာခိုင်နှုန်းသော အဖြစ်အပျက်တို့မှာ ထိုခေတ်အခါက ဖြစ်ပျက်ခဲ့လေသည်။ ရှေးဟောင်းသုတေသနပညာရပ်တွင် လူတို့၏ ဆင့်ကဲပြောင်းလဲမှုကို လေ့လာခြင်းမှ ယဉ်ကျေးမှု ဆင့်ကဲပြောင်းလဲလာခြင်း အထိ လေ့လာရန် အထိ ရည်ရွယ်ချက် အမျိုးမျိုး ရှိသည့်အပြင် ယဉ်ကျေးမှု သမိုင်းကြောင်းကို ပိုမိုနားလည်သိရှိနိုင်ရန် အတွက်လည်း ရည်ရွယ်လေ့ ရှိသည်။

ကိုးကား

Tags:

မနုဿဗေဒသိပ္ပံပညာအမေရိကန်ပြည်ထောင်စုဥရောပ

🔥 Trending searches on Wiki မြန်မာဘာသာ:

မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ရန်သူမျိုးငါးပါးအကျည်းတန် မှန်ကြိုက်ထိုင်းနိုင်ငံကုန်းဘောင်ခေတ်အမေဇုန် မိုးသစ်တောအင်ဒိုနီးရှားနိုင်ငံအိတ်ချ်အိုင်ဗွီ ရောဂါပိုးတပ်မတော်ဆိုင်းဝိုင်းကိုရီးယားနိုင်ငံကရင်လူမျိုးရွှေစည်းခုံ စေတီတော် (ပုဂံ)ဟစ်တလာဓာရဏပရိတ်မြန်မာ့သမိုင်းစပါးပိဋကတ် သုံးပုံနေပြည်တော်မြို့ခေါင်းဆောင်မှုလယ်တီဆရာတော်အေ (အက္ခရာ)ဂြိုဟ်ကျန်စစ်သားမွန်လူမျိုးမင်းတုန်းမင်းစီးတီးဟိုးဒင်းနွေရာသီမဟာဘုတ်အချစ်မောရသုတ်သင်္ကန်းသိင်္ဃသူ့သမီးရွှေတိဂုံစေတီတော်အင်္ဂလိပ်-မြန်မာ စစ်ပွဲများဆိုဒီယမ် ဟိုက်ဒရောက်ဆိုဒ်လေဖြတ်ခြင်းစိန္တာမဏိဂါထာနတ်ပြည် ၆ ထပ်ပဋ္ဌာန်းမင်းသိင်္ခတပ်မတော်၏ လက်မောင်းတံဆိပ်အဆောင်အယောင်များရဲရင့်အောင်ဒူဘိုင်းမြို့ကြို့ထိုးခြင်းကရင်ပြည်နယ်ပညာရေးရာဇကုမာရ်ပထဝီဝင်လက်ဖက်စောင်းကောက်ဘုရားသုံးဆူမြို့မြန်မာဇာတ်မင်းသမီးများမြန်မာ ရုပ်ရှင်ဇာတ်ကားများ စာရင်းရွှေဘိုမြို့လက်ပံပင်ဒိုးလုံးပန်းတမော့ဖိုးကျား၊ ဦးပါဠိရဟန္တာအမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကံပထမ ကမ္ဘာစစ်အမှတ် (၁) စစ်ဆင်ရေး အထူးအဖွဲ့မှူးဘန်ကောက်မြို့ရွှေစာရံ စေတီတော် (မန္တလေး)ကုန်းဘောင်ခေတ် ကာမစပ်ယှက်နည်းများကြော့၊ ဦးရာသီအလိုက်ပွင့်သောပန်းများတောင်ပိုင်းတိုင်းစစ်ဌာနချုပ်အာရုံခြောက်ပါး🡆 More