1°50′W / 12.333°N 1.833°W / 12.333; -1.833
ဘာကီးနားဖားဆိုနိုင်ငံ (Burkina Faso) (အတိုကောက်အားဖြင့် ဘာကီးနား) သည် အနောက်အာဖရိက ရှိ ကုန်းတွင်းပိတ်နိုင်ငံ တစ်ခု ဖြစ်သည်။ မြောက်ဘက်တွင်မာလီ၊ အရှေ့ဘက်တွင် နိုင်ဂျား၊ အရှေ့တောင်ဘက်တွင် ဘီနင်၊ တောင်ဘက်တွင် တိုဂို နှင့် ဂါနာ၊ အနောက်တောင်ဘက်တွင် အိုင်ဗရီကို့စ်ထ် နိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။
ဘာကီးနားဖားဆိုနိုင်ငံ | |
---|---|
နိုင်ငံတော် သီချင်း: Une Seule Nuit / Ditanyè (ပြင်သစ်) One Single Night / Hymn of Victory | |
မြို့တော် နှင့် အကြီးဆုံးမြို့ | ဝါဂါဒူဂူမြို့ 12°22′N 1°32′W / 12.367°N 1.533°W |
ရုံးသုံး ဘာသာစကားများ | ပြင်သစ် |
အသိအမှတ်ပြု နိုင်ငံတော် ဘာသာစကားများ | Mòoré Fula Dioula |
လူမျိုးစု (၂၀၁၀ ခန့်မှန်း) | |
ကိုးကွယ်မှု |
|
Demonym |
|
အစိုးရ | ပြည်ထောင်စု တစိတ်တပိုင်းသမ္မတ ဖွဲ့စည်းပုံ သမ္မတနိုင်ငံ |
• သမ္မတ | Roch Marc Christian Kaboré |
• ဝန်ကြီးချုပ် | Christophe Joseph Marie Dabiré |
ဥပဒေပြုလွှတ်တော် | အမျိုးသားလွှတ်တော် |
သမိုင်း | |
• အထက်ဗော်တာသမ္မတနိုင်ငံအဖြစ် ကြေညာခဲ့ | ၁၉၅၈ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက် |
• ပြင်သစ်နိုင်ငံမှ လွတ်လပ်ရေးရရှိခြင်း | ၁၉၆၀ ခုနှစ် ဩဂုတ်လ ၅ ရက် |
၁၉၆၆ ခုနှစ် ဇန်နဝါရီလ ၃ ရက် | |
၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၈ ရက် – နိုဝင်ဘာလ ၃ ရက် | |
ဧရိယာ | |
• စုစုပေါင်း | ၂၇၄,၂၀၀ km2 (၁၀၅,၉၀၀ sq mi) (အဆင့်: ၇၄) |
• ရေထု (%) | ၀.၁၄၆% |
လူဦးရေ | |
• ၂၀၂၀ ခန့်မှန်း | ၂၁,၅၁၀,၁၈၁ (အဆင့် - ၅၈) |
• ၂၀၀၆ သန်းခေါင်စာရင်း | ၁၄,၀၁၇,၂၆၂ |
• သိပ်သည်းမှု | ၆၄/km2 (၁၆၅.၈/sq mi) (အဆင့် - ၁၃၇) |
GDP (PPP) | ၂၀၂၀ ခန့်မှန်း |
• စုစုပေါင်း | $၄၅.၃၃၉ billion |
• Per capita | $၂,၂၀၇ |
GDP (nominal) | ၂၀၂၀ ခန့်မှန်း |
• စုစုပေါင်း | $၁၆.၂၂၆ ဘီလီယံ |
• Per capita | $၇၉၂ |
Gini (၂၀၂၀) | ၃၈.၉ အလယ် |
HDI (၂၀၁၉) | ၀.၄၅၂ နိမ့် · ၁၈၂ |
ငွေကြေး | အနောက်အာဖရိက ဖရန့် (XOF) |
အချိန်ဇုန် | GMT (UTC ) |
ယာဉ်ကြောစနစ် | ညာ |
တယ်လီဖုန်းကုဒ် | +၂၂၆ |
ISO 3166 ကုဒ် | BF |
Internet TLD | .bf |
The data here is an estimation for the year 2005 produced by the International Monetary Fund in April 2005. |
ဧရိယာစတုရန်းကီလိုမီတာပေါင်း (၂၇၄,၂၀၀) ရှိပြီး လူဦးရေ ၁၅,၇၅၇,၀၀၀ ကျော် ရှိသည်။ ရှေးယခင်က အထက်ဗိုလ်တာသမ္မတနိုင်ငံ (Republic of Upper Volta) ဟုခေါ်ဆိုခဲ့သည်။ ၁၉၈၄ခုနှစ်၊ ဩဂုတ်လ(၄)ရက်နေ့တွင် ထိုစဉ်က သမ္မတဖြစ်သူ သောမတ်စ်ဆန်ကာရာ (Thomas Sankara) က နိုင်ငံတွင်း လူများစုဖြစ်သော မိုရေး (Mòoré language) နှင့် ဒီယိုလာ (Dioula language)ဘာသာစကားအားဖြင့် the land of upright people ဟုအမည်ရသော ဘာကီးနားဖားဆိုအဖြစ်အမည်ပြောင်းခဲ့သည်။ ဘာကီးနားဟူသည် မိုရေးဘာသာစကားအားဖြင့် စည်းလုံးညီညွတ်ခြင်းဟု အဓိပ္ပာယ်ရပြီး ဖားဆိုမှာ ဒီယိုလာဘာသာစကားအားဖြင့် ဖခင်အိမ်ဟုအဓိပ္ပာယ်ရသည်။ ဘာကီးနားဖားဆိုနိုင်ငံသားများကို ဘာကီးနားဘေး (Burkinabè) ဟုခေါ်ဆိုသည်။
ဘီစီ (၁၄,၀၀၀) မှ ဘီစီ (၅,၀၀၀) ကြားတွင် စတင်၍ နိုင်ငံ၏အနောက်မြောက်ပိုင်းတွင် အမဲလိုက်သော လူသားများအခြေချနေထိုင်ခဲ့သည်။ လယ်ယာစိုက်ပျိုးရေးလုပ်ကိုင်သော လူသားများမှာ ဘီစီ (၃,၆၀၀) မှ ဘီစီ (၂,၆၀၀) အတွင်း စတင် အခြေချနေထိုင်လာခဲ့ကြသည်။ ဘာကီးနားဖားဆို၏ အလယ်ဗဟိုပိုင်း တွင် မော့ဆီဘုရင့်နိုင်ငံ (Mossi kingdoms) များ အများအပြား ရှိခဲ့ဖူးသည်။ ၁၈၉၆တွင် ပြင်သစ် အစောင့်အရှောက်ခံနိုင်ငံ (French protectorate) ဖြစ်လာခဲ့သည်။ ၁၉၆၀ တွင် လွတ်လပ်ရေးရသည်။ ထို့နောက်တွင် နိုင်ငံရေး ပြောင်းလဲမှုများ များစွာဖြစ်ပွားခဲ့ပြီး သမ္မတနိုင်ငံဖြစ်လာခဲ့သည်။ လက်ရှိသမ္မတမှာ ဘလေ့စ်ကွန်ပါရေး (Blaise Compaoré) ဖြစ်သည်။
ဘာကီးနားဖားဆို၏ မြို့တော်မှာ ဝါဂါဒူဂူ (Ouagadougou) ဖြစ်သည်။ အာဖရိကသမဂ္ဂ (African Union)၊ အစ္စလမ်ကွန်ဖရင့်အဖွဲ့ (Organization of the Islamic Conference)၊ အနောက်အာဖရိက စီးပွားရေးအဖွဲ့ (Economic Community of West African States)၊ Community of Sahel-Saharan States နှင့် La Francophonie တို့၏အဖွဲ့ဝင်ဖြစ်သည်။
အာဖရိကတိုက်အနောက်ပိုင်းတွင် တည်ရှိပြီး ကုန်းတွင်းပိတ်၍ ဆင်းရဲမွဲတေလှသော ဘာကီးနားဖားဆိုနိုင်ငံသည် ၂၀၁၆ ခုနှစ်ကတည်းက အယ်လ်ကိုင်းဒါးနှင့် အိုင်အက်စ် အကြမ်း ဖက်အဖွဲ့တို့နှင့် ဆက်စပ်သည့် တိုက်ခိုက်မှုများကြောင့် လူပေါင်း ၂,၀၀၀ သေကြေခဲ့ရပြီး လူ ၁ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရခြင်းကြောင့် ခါးသီးသော အတွေ့ အကြုံများ ပြည့်နှက်နေ သော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။[၁]
၂၀၁၉ ခုနှစ်ကလည်း ဘာကီးနားဖားဆို နိုင်ငံ၏ အရှေ့ဘက်ဒေသရှိ ဘုရားကျောင်းတစ်ကျောင်းတွင် သေနတ်သမားများ တိုက်ခိုက်မှုကြောင့် ၁၄ ဦးထက်မနည်းသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ်လည်း ရှိခဲ့သည်။[၂]
နောက်ပိုင်းနိုင်ငံရေးမတည်ငြိမ်မှုများဆက်တိုက်ရှိခဲ့ပြီး ဘာကီးနားဖားဆိုနိုင်ငံ သမ္မတကာဘိုရီက လုံခြုံရေး အကျပ်အတည်း အကြောင်းပြချက် ဖြင့် ဝန်ကြီးချုပ်ကို ၂၀၂၁ခုနှစ် ဒီဇင်ဘာ ၈ရက်တွင် ရာထူးမှ ထုတ်ပယ်ခဲ့သည်။
ထိုအချိန်တွင် လမ်းပေါ်ထွက်ဆန္ဒပြပွဲများ ဖြစ်ပေါ်ခဲ့သည်ဟု အယ်လ်ဂျာဇီးယားသတင်းဌာနက ဖော်ပြသည်။[၃] Archived 17 February 2022 at the Wayback Machine.
၂၀၂၂ ဇန်နဝါရီ ၂၄ရက် ညနေပိုင်းတွင် စစ်တပ်က အာဏာရယူပြီး သမ္မတRoch Kaboreကို ရာထူးတာဝန်မှ ဖယ်ရှားခဲ့သည်။
အာဖရိကသမဂ္ဂ ဥက္ကဋ္ဌMoussa Fakiက ဘာကီးနားဖားဆိုစစ်တပ်၏လက်နက်ဖြင့်အာဏာလုယူရန် ကြံစည်မှုကို ပြင်းထန်စွာပြစ်တင်ရှုတ်ချကာ စစ်တပ်နှင့်လက်နက်ကိုင်အင်အားစုများက နိုင်ငံလုံခြုံရေးကို ကာကွယ်ကြရန်၊ နိုင်ငံ၏ပြီးပြည့်စုံမှုကို ထိန်းသိမ်းရန်၊ Roch Kabore၏ လုံခြုံရေးကို အာမခံချက်ပေးရန် တိုက်တွန်းကြောင်း ကြေညာချက်ထုတ်ပြန် ပြောကြားခဲ့သည်။ [၄]
ဘာကီးနားဖားဆို နိုင်ငံမှ စစ်အာဏာသိမ်းခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီး ပေါလ်-ဟန်ရီ ဆန်ဒိုဂို ဒမ်မီဘာ (Lt. Col. Paul-Henri Sandaogo Damiba ) က နိုင်ငံ၏ သမ္မတသစ်အဖြစ် ၂၀၂၂ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့မှုအား ဘာကီးနားဖားဆို နိုင်ငံ၏ ပြည်သူ့ရုပ်သံလွှင့်ဌာန(RTB) က တိုက်ရိုက်(Live) ထုတ်လွှင့်ပြသခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေကောင်စီ၏ ယာယီသမ္မတ Boureima Cisse က ဒမ်မီဘာအနေဖြင့် အသွင်ကူးပြောင်းရေး ပဋိညာဉ်စာတမ်းက သတ်မှတ်ပြဋ္ဌာန်းပေးသည့် ကာလအတွင်း ဘာကီးနားဖားဆိုနိုင်ငံသမ္မတအဖြစ် တိုင်းပြည်ကို စီမံအုပ်ချုပ်သွားမည်ဖြစ်ကြောင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။ [၅]
ဤ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |
This article uses material from the Wikipedia မြန်မာဘာသာ article ဘာကီးနားဖားဆိုနိုင်ငံ, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.