ဓာတုဗေဒပညာရပ်သည် ဒြပ်ဝတ္တုတို့၏ ပါဝင်ပေါင်းစပ်ပုံ၊ ပုံသဏ္ဌာန်နှင့် ဂုဏ်သတ္တိ များနှင့်အတူ ဓာတု ဓာတ်ပြုခြင်း ဖြစ်သောအခါ ဖြစ်ပေါ်လာသည့် ပြောင်းလဲခြင်းတို့ကို လေ့လာသော သိပ္ပံဘာသာရပ် တစ်ခုဖြစ်သည်။ ဓာတုဗေဒသည် ရုပ်ဝတ္တု သိပ္ပံဘာသာရပ် ဖြစ်ပြီး အက်တမ်၊ မော်လီကျူး၊ ပုံဆောင်ခဲ နှင့် အခြား စုပေါင်းထားသော ဒြပ်ပေါင်း၊ ဒြပ်နှော များတွင် ဓာတုဖြစ်စဉ်များ ဖြစ်ပေါ်ခြင်း ပတ်သက်သော စွမ်းအင်နှင့် အင်ထရိုပီ သဘောတရားများကို လေ့လာသည်။ ခေတ်သစ်ဓာတုဗေဒသည် ဗိန္ဓောပညာရပ်မှ ဓာတုတော်လှန်ရေးဖြင့် ပေါ်ပေါက်လာသည်။
ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက် စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။(23 Jul 2021) |
ဓာတုဗေဒရှိ ပညာရပ်ခွဲများမှာ ရှေးရိုးအစဉ်အလာအရ လေ့လာသော အရာဝတ္ထုအပေါ်မူတည်၍ ခွဲခြားသည်။ ၎င်းတို့မှာ-
ပိုမို၍ အဏုစိတ် ဘာသာရပ်ကွဲများဖြစ်သည့် ဦးနှောက် ကွန်ယက်များကို လေ့လာသော နျူရိုဓာတုဗေဒ (neurochemistry) များလည်း ယခုနှစ်ပိုင်းများတွင် ပေါ်ထွန်းလာလျက် ရှိသည်။
ဓာတုဗေဒသည် အက်တမ် သို့မဟုတ် ၎င်းတွင်ရှိ ပရိုတွန်၊ အီလက်ထရွန်နှင့် နျူထရွန် တို့ပါဝင်သည့် ရုပ်ဝတ္ထုများ၏ အပြန်အလှန် သက်ရောက်သော အကြောင်းအရာကို သိပ္ပံနည်းကျကျ လေ့လာခြင်းဖြစ်သည်။ ဓာတုဗေဒကို တစ်ခါတစ်ရံ သိပ္ပံ၏ဗဟိုချက်ဘာသာရပ် အဖြစ် မြင်ကြသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည်များမြှောင်လှစွာသော ဘာသာရပ်များဖြစ်သည့် နက္ခတ္တဗေဒ၊ ရူပဗေဒ၊ material science၊ ဇီဝဗေဒ နှင့် ဘူမိဗေဒ တို့ကို အချက်ကျကျ ဆက်သွယ်နေ၍ဖြစ်သည်။
ဓာတုဗေဒပညာရပ်၏ အစဦးပုံကို ဆန်းစစ်လျှင် လက်တွေ့ပညာများဖြစ်သည့် ဗိန္ဒောပညာရပ်မှ စလာသည်ကို လွန်ခဲ့သော နှစ်သန်းပေါင်းများစွာမှ ကမ္ဘာ အရှေ့အလယ်ပိုင်းရှိ အထောက်အထားများအရ သိနိုင်သည်။
ကျွန်ုပ်တို့ အသုံးပြုနေကြဖြစ်သော အရာဝတ္တု ပုံသဏ္ဌာန်နှင့် သဘောသဘာဝများမှာ ၎င်းဒြပ်ဝတ္တု၏ ဂုဏ်သတ္တိများနှင့် ၎င်းတို့ အပြန်အလှန် ဒြပ်သက်ရောက်မှု များပင်ဖြစ်သည်။ ဥပမာ သံမဏိ သည် သံထက်မာကြောသည် အဘယ်ကြောင့်ဆိုသော် သံမဏိ၏ အက်တမ်များသည် ပိုမို၍ခိုင်မာသော ပုံဆောင်ခဲအကွက် (crystalline lattice) များဖြင့် တွယ်ဆက်ထား၍ဖြစ်သည်။ သစ်သားစများသည် မီးလောင်သည် အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် တစ်စုံတစ်ခုသော အပူချိန် အထက်တွင် အောက်စီဂျင် နှင့် အလိုအလျောက် ဓာတ်ပြုပြီး ဓာတ်လျော့ (oxidation) သွားသောကြောင့် ဖြစ်သည်။ ဆား နှင့် သကြား တို့မှာ ရေတွင် ပျော်ဝင်သည် အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ မော်လီကျူး သတ္တိတို့မှာ သာမန် အခြေတွင် ပျော်ဝင်ခြင်းက အကောင်းဆုံးအခြေကို ရောက်ရှိခြင်းကြောင့်ဖြစ်သည်။
ဒြပ်ပြောင်းလည်းခြင်းကို ဓာတုနည်းဖြင့် လေ့လာရာတွင် မတူညီသော ဓာတုပစ္စည်းများ သို့မဟုတ် အရာဝတ္တုနှင့် စွမ်းအင် ခြားနားခြင်းကြောင့် ဖြစ်သည်။ သာမန်အားဖြင့် ဓာတုပညာကို စူးစမ်းမှုပြုရာတွင် ဓာတ်ခွဲခန်းများရှိ laboratory glassware များကို အသုံးပြုသည်။
ဓာတ်ပြုခြင်းတွင် အရာဝတ္တုများသည် တစ်မျိုးမှ တစ်မျိုးသို့ ပြောင်းလဲသည်။ ၎င်းကို ဓာတုညီမျှခြင်းများသုံး၍ သင်္ကေတများဖြင့် ဖော်ပြနိုင်သည်။ ညီမျှခြင်း ဘယ်ဖက်နှင့် ညာဘက်ရှိ အက်တမ် အလုံးရေမှာ အမြဲလိုလို တူညီကြသည်။ ဓာတ်ပြုခြင်း၏ သဘောသဘာဝမှာ အရာဝတ္တုများ ထိုသို့ပြောင်းလဲကြရာတွင် မလွဲမသွေ လိုက်နာကြမည့် အချင်းအရာများရှိပြီး ၎င်းတို့ကို ဓာတုနိယာမဟု ခေါ်ဆိုသည်။
ဓာတုဗေဒ လေ့လာမှုအားလုံးတွင် စွမ်းအင်နှင့် အင်ထရိုပီတို့ကို စဉ်းစားကြရမည်မှာ မလွဲမသွေပင်ဖြစ်သည်။ ဓာတု ဒြပ်ဝတ္တုတို့ကို ၎င်း၏ structure ဖြင့် သက်မှတ်နိုင်ပြီး ၎င်း၏အခြေကို ဓာတုပေါင်းစပ်ပုံ များဖြင့် သတ်မှတ်နိုင်သည်။ ၎င်းအခြင်းအရာများကို spectroscopy၊ chromatography စသည့် chemical analysis များသုံး၍ လေ့လာနိုင်သည်။
ဓာတုဗေဒဘာသာရပ်ကို အဆင့်မြင့် အခြေခံပညာနှင့် ကောလိပ်အစပိုင်းနှစ်များတွင် အဓိက ဘာသာအဖြစ် ပါရှိသည်။ ၎င်းလေ့လာမှု့များမှာ များမြှောင်လှစွာသော အခြေခံများကို စတင်ပေးသော ယေဘုယျ ဓာတုဗေဒ ဘာသာရပ်ဖြစ်သည်။ ၎င်းမှသည် လေ့လာသူ အနေဖြင့် အဆင့်မြင့် ဓာတု လမ်းခွဲများကို ဆက်လက်လေ့လာနိုင်သည်။ ဓာတုသုတေသနတွင် လုပ်နေသော သိပ္ပံပညာရှင်ကို ဓာတုပညာရှင် (chemist) ဟုခေါ်သည်။ အများအားဖြင့် ဓာတုပညာရှင်မှာ ဓာတုဘာသာရပ်ခွဲ တစ်ခုကိုသာ အထူးပြု လုပ်ကိုင်လေ့ရှိသည်။
မြန်မာနိုင်ငံတွင် ဓာတုဗေဒ ဓာတ်ဆေး (Chemicals) များကို ပုဂံခေတ် ကတည်းကစ၍ သုံးစွဲတတ်သည့် အလေ့အထ ရှိနေပြီဖြစ်ကြောင်း ကျောက်စာ အထောက်အထားအရ သိရသည်။ ပုဂံမြို့ဟောင်း စောလှဝန်းဘုရားအနီး အမတ် အသဝတ် ဓမ္မာမယား ကျောက်စာတွင် တွေ့နိုင်သည်။ ကျမ်းကိုး ကျမ်းကားနဲ့ စပြီး တွေ့ရတာကတော့ ၁၇၅၉ ခုနစ်က သင်္ဘောဆေးစာ အမည်ရှိတဲ့ ပေစာမူအရ သိရသည်။ ကုန်းဘောင်ခေတ်အစ အလောင်းမင်းတရား လက်ထက်မှာ ရေးမှတ်ထားခဲ့တဲ့ သင်္ဘောဆေးစာ ဆိုတဲ့ ပေမူဟာ ဓာတုဗေဒကျမ်း တစ်ဆူပါပဲ။ အထဲမှာ ပါတဲ့ စာသားတချို့အရ အဲဒီကျမ်းဟာ မြန်မာနိုင်ငံနဲ့ အဲဒီအချိန်က အဆက်အသွယ် ရှိနေတဲ့ ပေါ်တူဂီတွေ ဆီကနေ ကူးယူထားတယ်လို့ သိရသည်။ မူရင်းကျမ်းမှာ ထုတ်လုပ်နည်းပေါင်း ၁၀ဝ ကျော် ဖော်ပြထားသည်။ အဲဒါတွေကို မျိုးတူမျိုးတူ အစုပဲ ဒီအတိုင်း အဆင်ပြေသလို ပြထားတော့ အားလုံးဟာ ပြန့်လျားကြီး ဖြစ်နေသည်။ ဒါကို တူရာတူရာ စုစည်းပြီး အုပ်စုဖွဲ့လိုက်ရင် အုပ်စု (၃၀) ရလာသည်။ အဲဒါကို အကျဉ်းချုပ်မျှ ဖော်ပြချင်ပါသည်။
အပေါ်မှာ ပြထားတဲ့ နည်းတွေကို အခြေခံ ဓာတုကုန်ထုတ် ပညာနည်းစဉ်တွေ ဖြစ်တဲ့ ကျိုချက်ခြင်း၊ အငွေ့ပြန်ခြင်း (Evaporation) ၊ ပေါင်းခံခြင်း (Distillation) ၊ မီးဖြင့်လှော်ခြင်း၊ ပြုတ်ခြင်း၊ အပူတိုက်ခြင်း၊ မီးအုံးခြင်း၊ မီးကင်ခြင်း၊ မီးဖုတ်ခြင်း၊ အခြောက်ခံခြင်း၊ အအေးခံခြင်း၊ အမှုန့်ကြိတ်ခြင်း၊ စကာချခြင်း၊ မွှေခြင်း၊ နှဲခြင်း၊ အရည်စိမ်ခြင်း၊ အရည်ဖျော်ခြင်း၊ အနည်ထိုင် အကြည်ခံခြင်း၊ အရည်စစ်ခြင်း၊ ဓာတ်စွဲကပ်ခြင်း (Absorption)၊ အဆီထုတ်ခြင်း (Oil Extraction) စတဲ့ လုပ်ငန်းစဉ်တွေနဲ့ ဆောင်ရွက်တယ်။ အပူပေးတဲ့နေရာမှာ ထင်းမီး၊ မီးသွေးမီးကို သုံးတယ်။ တစ်ခါတစ်လေ တိုက်ရိုက် အပူပေးပြီး တစ်ခါတစ်ရံ ရေ၊ သဲ၊ ဖွဲ၊ နွားချေး၊ မြင်းချေးတွေနဲ့ ကြားခံထားပြီး အပူပေးလို့ မီးအရှိန်ကို လိုသလို ထိန်းချုပ်နိုင်သည်။ အဲဒီလို ထုတ်လုပ်တဲ့နေရာမှာ သုံးတဲ့ ကိရိယာတွေ၊ ကုန်ကြမ်းတွေ ( ဓာတုပစ္စည်းများ၊ သစ်ပင်ထွက် ပစ္စည်းများ နဲ့ လူ တိရစ္ဆာန်ရဲ့ ပစ္စည်းများ ) ကို ကြည့်ပြီး အဲဒီခေတ်က သိပ္ပံပညာ အဆင့်အတန်းကို လေ့လာနိုင်သည်။
ရေပြင်း၊ ငရဲမီး (Acid) ၊ ပုံးရည်ပြင်း၊ သုံးခါပြန် ပုံးရည်၊ ထန်းရည်ပုံးရည် (Acetic Acid) ၊ အသစ်ညှစ် သံပရာရည် (Citirc Acid) ၊ အိန္ဒနံပုံးရည် (Lead monoxide) ၊ အာဂေါ်ရေဆီ၊ ရေဘုရင် (တော်ဝင် အက်ဆစ်၊ Aqua regia) ၊ ကက္ကူကမည်း (Benzonic Acid) ၊ ပြဒါး၊ ဟင်္သပဒါး၊ အမာလာဂမာ (Amalgam) ၊ ရွှေဆိုင်း၊ စိန်ဖြူ (Arsenic) ၊ ဆေးဒန်း၊ ကန့်၊ ခဲမ၊ ခဲမပုတ်၊ ခဲပြာ၊ ခဲမပြာ၊ ခဲမနက် (Graphite) ၊ ဝှော်ဆဝရော၊ လောင်မီး (Phosphorus) ၊ ခဲမဖြူ (ဘင်၊ သလွဲဖြူ၊ Pewter) ၊ ခနောက်စိမ်း (Antimony) ၊ ဘော် (Silver) ၊ ရွက်နီဘော်၊ ဂျွတ် (Bismuth) ၊ မီးသွေး၊ ကျပ်ခိုး၊ သံ၊ သံမှုန့်၊ သံတစဉ်းစာ၊ သံပြာ၊ သံမဏိပြာ၊ သံဂုံဂမံ (Ferric oxide) ၊ ကြေးနီ၊ ကြေးဝါ၊ ဒုတ္ထာ၊ ဒုတ္ထာဆီ၊ ဒုတ္ထာရည် (Blue vitorial, Copper sulphate) ၊ ယမ်း၊ ယမ်းပြန်ပြီး၊ ယမ်းစိမ်း၊ တာတရု၊ တာတဂူ၊ တာတလူ (Nitre, Salpeter, Potassium nitrate) ၊ ဇဝက်သာ (Salammoniac, Ammonia chloride) ၊ လက်ချား (Borax, Sodium Pyroborate) ၊ သစ်ရွက်ပြာ၊ စဖိုပြာ (Potassium carbonate) ၊ မဖောက်ထုံး၊ မြေဖြူ၊ အာရုဒါ၊ အာရုဝါ (အရက်ဆား)၊ ကျောက်ချဉ်၊ ဆား (Sodium chloride) ၊ သဲ၊ အုတ်မှုန့်၊ အုတ်နီခဲ၊ မြေအိုးမှုန့်၊ အရက်နီ၊ ဘရံအရက် (Brandy) ၊ အရက် (Alcohol) ၊ သင်းတွဲစိမ်းမှုန့်၊ သန္ဓောဆား၊ တရေမင်တီနာဆီ၊ ရောဘာရဘူ (ထင်းရှူးဆီ)၊ အိန္ဒနံကျောက်၊ နှင်းရည်၊ ပရုပ်၊ ရေနံဆီ၊ ကတ္တရာဆီ၊ မြေဖယောင်း၊ နိပဆေး၊ သေနတ်ကျောက်၊ အင်ကြင်းကျောက်၊ သံလိုက်ကျောက်၊ ကျောက်သလင်း၊ ကျောက်စစ်။
ဖုံးမသိမ်ရွက်၊ သမင်စမ၊ သမင်စဖို၊ ငှက်ပျော၊ လိပ်စရွေ၊ မဲကြီးရွက်၊ ထနောင်းကြူ၊ သက်ကယ်၊ အမှော်နရကူစေ့၊ ရှားပေါက်စေ့၊ သရက်ပွင့်၊ သရက်စေ့၊ အုတ်ရှစ်စေ့၊ အုတ်ရှစ်ဆီ၊ ပေါင်ပဲစေ့ (မာလတိ) ၊ ပေါင်ပဲ့ဆီ၊ ပိုက်ဆံစေ့၊ ပိုက်ဆံဆီ၊ ချဉ်သီးစေ့၊ ငရုတ်ကောင်း၊ ဖာလာ၊ ဇီယာ၊ စမုံမျိုးငါးပါး၊ ပဉ္စကနီသီး၊ ကညင်သီး၊ သပြေစေ့၊ သပြေသား၊ သပြေဆီ၊ ရုံးပတီသီး (ပဉ္စငါးပါး)၊ ကျစုသီး၊ လင်းနေဆီ၊ သင်းတွဲကညင်ဆီ၊ အုန်းဆီ၊ ရှားဆေးအဆီ၊ ဘိန်း၊ သစ်ကျပိုး၊ တောရပ်ခေါက်၊ ဇာတိပ္ဖိုလ်ပွင့်၊ လေးညှင်းပွင့်၊ သစ္စေး၊ ချိပ်၊ ရှိန်းခို၊ ကနခို၊ ကြောင်ပန်း၊ မုတ်၊ ရှောက်ခွံ၊ ချင်းခြောက်၊ ဟင်းနုနွယ်၊ ပိန္နဲနွယ်၊ နနွင်းတက်၊ ထန်းနို့၊ မဲနယ်၊ သကြားပွင့်၊ ဂျုံမှုန့်၊ တိန်းညက်၊ ထန်းလျက်။
လူ့အံဘတ်၊ လူ့ကျင်ကြီး၊ လူ့ကျင်ငယ် (Urine phosphate) ၊ မြင်းချေး၊ နွားချေး၊ ထောပတ်၊ ဝက်ဆီ၊ ဆိတ်ဆီ၊ နွားဆီ၊ ကျွဲဆီ၊ ခွေးဆီ၊ ဝမ်းဘဲဆီ၊ ကင်းပုစွန်ဆီ၊ ခွေးမနို့၊ ခွာအမျိုးမျိုး၊ သမင်ဂျို၊ ဂျိုအမျိုးမျိုး၊ အမဲရိုး၊ အမွှေးအတောင် အမျိုးမျိုး၊ ကြက်ဥအကာ၊ ပရွက်ကောင်၊ ခါချဉ်ကောင်။ ကျမ်းကြီး တစ်စောင်လုံးမှာ အရေးအသားပိုင်း အံဩရလောက်အောင် တိကျမှုရှိသည်။ စနစ်ကျသည်။ ရေပြင်းချက်တဲ့ဖို တည်ဆောက်ပုံ ဖော်ပြတဲ့နေရာမှာ ဟာကွက် မရှိအောင် အသေးစိတ် ဖော်ပြထားပုံက နှစ်လိုဖွယ်ကောင်းသည်။ မီးပေးမီးယူ ထုတ်လုပ်မှု ထိန်းချုပ်ပုံ စနစ်ကလည်း အလွန် သိပ္ပံနည်း ကျလှသည်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ရာနဲ့ချီတဲ့ အချိန်ကတည်းက ပြုစုထားတဲ့ မြန်မာတို့ရဲ့ ဓာတုဗေဒ ထုတ်လုပ်ရေးတစ်ရပ် ဖြစ်ပေမယ့် အခုခေတ် အဆင့်နဲ့ ချိန်ထိုးကြည့်ရင် ရေးသားပုံက ရေပက်မဝင်အောင် ရှိနေလို့ ဂုဏ်ယူစရာ သိပ်ကောင်းသည်။ ဓာတုဗေဒ ပညာရပ် ပိုင်းက သုံးသပ်ရင်လည်း ဓာတုပညာရပ်ကို စခဲ့တဲ့ ရှေးခေတ် အဂ္ဂိရတ် ဆရာကြီးတွေရဲ့ ယမ်းငရဲမီး၊ ကန့်ငရဲမီး၊ ဆားငရဲမီး နဲ့ ရွှေစား ငရဲမီး ထုတ်လုပ်ပုံ နည်းစနစ်တွေနဲ့ ပုံစံတူတာ တွေ့ရသည်။ ဒါကြောင့် မြန်မာတွေဟာ အဲဒီ အချိန်ကတည်းက မှန်ကန်တဲ့ ဓာတုဗေဒ ပညာ လမ်းကြောင်းပေါ်ကို ခြေချမိနေပြီ ဆိုတာ သိသာ ထင်ရှားပါသည်။ ဒါတွေကို ကြည့်ပြီး ရှေးခေတ် ဓာတုဗေဒ ပညာရပ်ဟာ ရွှေဖြစ် ငွေဖြစ် စိတ်ကူးယဉ်ဆန်တဲ့ ဝိဇ္ဇာ ပညာရပ်ချည်း မဟုတ်ဘဲ သိပ္ပံပညာရပ်တွေလည်း ရှိသေးသည်ဆိုတာ မြင်သာထင်သာအောင် တင်ပြလိုက်ပါသည်။
ဓာတုဗေဒကို လေ့လာရာတွင် များစွာသော အရေးပါသည့် အခြေခံ သဘောတရားများ ရှိသည်။ ၎င်းတို့များ -
အက်တမ်သည် ဒြပ်စင်၏ အခြေခံ ယူနစ် ဖြစ်သည်။ အက်တမ်တစ်ခုတွင် ပုရိုတွန်နှင့် နျူထရွန်များပါဝင်သော အဖိုဓာတ်ရှိ မံတိုင်ရှိပြီး ၎င်းကို တူညီသော အမဓာတ် ပမာဏရှိ အီလက်ထရွန်ကဝန်းရံ ထားသည်။ အက်တမ်သည် ဒြပ်စင်တစ်ခု၏ electronegativity, ionization potential, oxidation state, coordination number, bond စသည့် ဓာတု ဂုဏ်သတ္တိကိုလေ့လာမည်ဆိုလျှင် အသေးငယ်ဆုံး ဖြစ်သည်။
ဒြပ်စင်ဆိုသည်မှာ ဓာတု အမြင်အရဆိုလျှင် ဓာတုပစည်း နှင့်ပတ်သက်သည်။ ဓာတုဒြပ်စင် တစ်ခုကို ၎င်း၏ အက်တမ်ရှိ နျူကလိယမှ ပရိုတွန်အရေအတွက်ဖြင့် ဆုံးဖြတ်သည်။ ၎င်းအရေအတွက်ကို ၎င်းဒြပ်စင်၏ atomic number ဟုခေါ်သည်။
ဒြပ်စင်များကို အကောင်းဆုံးဖော်ပြရန်မှာ atomic number အရ အုပ်စုခွဲထားသော periodic table ပင်ဖြစ်သည်။ periodic table သည် ညဏ်ကျယ်ကျယ်ဖြင့် စနစ်တကျစီစဉ်ထားသောကြောင့် ၎င်းဇယားတွင် အုပ်စု (ဒေါင်လိုက်) နှင့် နရီ (period) (အလျားလိုက်) ဒြပ်စင်၏ တူရာ ဂုဏ်သတ္တိအလိုက် စီစဉ်ထားသည်။
This article uses material from the Wikipedia မြန်မာဘာသာ article ဓာတုဗေဒ, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.