ရာဇဌာနပြည်နယ်

အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်းတွင် ရာဇပုတ္တနနယ် ဟူ၍ ယခင်က ရှိခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံဟူ၍ သီးခြားနိုင်ငံနှစ်ခု တည်ထောင်ပြီးသည့် နောက် ရာဇပုတ္တနနယ်ရှိ အိန္ဒိယစော်ဘွားနယ် ၁၉ နယ်နှင့် အကြီးအကဲ အုပ်ချုပ်သောနယ်သုံးနယ်တို့သည် ၁၉၄၉ ခုနှစ် မတ်လ ၃ဝ ရက်နေ့၌ စုပေါင်း၍ ရာဇဌာန်ပြည်နယ်အဖြစ် ဖွဲ့စည်းခဲ့လေသည်။ ထိုပြည်နယ်၏ အကျယ်အဝန်းမှာ ၁၃၂၁၅၂ စတုရန်းမိုင်ရှိ၍ လူဦးရေ ၂ဝ၁၅၅၆ဝ၂ ယောက် (၁၉၆၁)ရှိသည်။ မြို့တော်မှာ ဂျိုင်ပူမြို့ဖြစ်သည်။ ရာဇဌာန်ပြည်နယ်အတွင်းတွင် အိန္ဒိယနိုင်ငံ သမ္မတက မဟာမင်းကြီးမှတစ်ဆင့် တိုက်ရိုက်အုပ်ချုပ်သော အပ်ဂျမီအာ နယ်ဟူ၍ သီးခြားနယ်ရှိသည်။

ရာဇဌာန် ပြည်နယ်သားတို့သည် များသောအားဖြင့် ဗြာဟ္မဏအယူဝါဒကို သက်ဝင်ယုံကြည်သူများဖြစ်၍ ဟိန္ဒီ ဘာသာစကားကို ပြောဆိုကြသည်။ ရှေးအခါကတည်းက စစ်သူရဲကောင်းများ ပေါ်ထွက်ရာဒေသအဖြစ် နာမည်ထင်ရှား ခဲ့သည်။

အာရဝေလ္လိတောင်တန်းသည် ပြည်နယ်ကို အရှေ့မြောက်မှ အနောက်တောင်သို့ ဖြတ်သန်းလျက် တည်ရှိသည်။ တောင်တန်း အနောက်မြောက်ဘက်ပိုင်းသည် အရှေ့တောင်ဘက်ပိုင်းထက်ပို၍ ကျယ်ဝန်းသော်လည်း သားသဲကန္တာရအစပ်ဖြစ်သောကြောင့် ခြောက်သွေ့သည်။ နေထိုင်သူများသည်လည်း နွားကျောင်း၊ သိုး ကျောင်း၊ ကုလားအုပ်ကျောင်းအလုပ်ဖြင့် ရေကြည်ရာ မြက်နုရာ သို့ အစဉ်ရွေ့ပြောင်း နေထိုင်သူများ ဖြစ်သည်။ အရှေ့ တောင် ဘက်ပိုင်း၌မူကား လူများသည် နှံစားပြောင်း၊ ဂျုံ၊ မုယော၊ ဝါ၊ ဆေးတို့ကို စိုက်ပျိုးလုပ်ကိုင်၍ အိုးအိမ် အတည်တကျဖြင့် နေထိုင်သည်။ ထိုအပိုင်းတွင် ချမ်းဗောမြစ်နှင့် ယင်း၏ မြစ် လက်တက်များမှ ရေရလေသည်။

ကိုးကား

Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

တရုတ် - မြန်မာ စစ်ပွဲများကြယ်ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဥပဒေကာလာမသုတ်မြစိန်တြိဂံအမှတ်(၁၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တန်ခူးလပြဒါးမထိုးသွင်းသော လိင်ဆက်ဆံခြင်းရှားစောင်းလက်ပတ်ပင်ခွေးရူးပြန်ရောဂါကာကွယ်ဆေးမြန်မာနိုင်ငံ၏ သမ္မတရှင်စောပုသင်္ဃန်းကျွန်းမြို့နယ်ငှက်ဒိုင်နိုဆောရှစ်လေးလုံးအရေးအခင်းအညာအနေကဇာတင်ခြင်းမြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များမာရ်ငါးပါးငရဲ (၃၁-ဘုံ)အေဘရာဟမ် လင်ကွန်းအလက်ဇန္ဒား ဂရေဟမ် ဘဲလ်မြောက်ကျွန်းစက်တော်ရာသမ္မတကြီးထံ ပေးစာ (ရုပ်ရှင်)သရဏဂုံဘီသိုဗင်တီဘီရောဂါစံပယ်ပန်းအိတ်ချ်အိုင်ဗွီ ရောဂါပိုးဒွေးမဟာရဋ္ဌသာရ၊ သျှင်ဩကာသ ဘုရားရှိခိုးကားနေပြည်တော်တိုင်းစစ်ဌာနချုပ်ဗျည်းလက္ခဏာတော်ကြီးငယ်ခန္ဓာဗေဒပီမိုးနင်းဇနက္ကဇာတ်တော်မေသန်းနုစမ်းချောင်းမြို့နယ်ရဲဘော်သုံးကျိပ်မြန်မာ့ပြည်တွင်းပဋိပက္ခများထူးအိမ်သင်ချမ်းမြေ့မောင်ချိုနေမေလက္ခဏာဗေဒမုံရွာမြို့မျက်စိနာခြင်းရေပထဝီဝင်စာပေအောင်သူ (ဘောလုံးသမား)နတ်တိန့်လိကျွင်းတို့ဗမာအစည်းအရုံးဥသျှစ်ပင်သမုဒယသစ္စာကျိုင်းတုံမြို့တပ်မတော် (လေ)ကချင်လူမျိုးရူပဗေဒမြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီသံတွဲမြို့ဝန်ကြီးဌာန နှင့် အကြီးအကဲများ စာရင်းတစ်လင်တစ်မယားစနစ်ရေးမြို့ကျန်စစ်သားမြန်မာနိုင်ငံ သစ်တောများ🡆 More