မိုက်ကယ် ဂျက်ဆင်

မိုက်ကယ်လ် ဂျက်ဆင် (၂၉ ဩဂုတ် ၁၉၅၈ -၂၅ ဇွန် ၂၀၀၉) သည် ကမ္ဘာကျော် ပေါ့ပ်အဆိုတော်(King of Pop)လည်းဖြစ်ပြီး၊ ကိုယ်တိုင်ကလည်း ကပြဖျော်ဖြေသလို သီချင်းတွေကိုလည်း ကိုယ်တိုင်ရေးစပ်သူ ဖြစ်သည်။

မိုက်ကယ်ဂျက်ဆင်
မိုက်ကယ်ဂျက်ဆင်
၁၉၈၄ ခုနှစ်က မိုက်ကယ်ဂျက်ဆင်
အမည်ရင်း မိုက်ကယ် ဂျိုးဇက်ဖ် ဂျက်ဆင်
မွေးသက္ကရာဇ် ၂၉ ဩဂုတ် ၁၉၅၈
ဂရေး၊ အင်ဒီယားနား၊ အမေရိကန်
ကွယ်လွန် ၂၅ ဇွန် ၂၀၀၉
LA အမေရိကန်
နိုင်ငံသား မိုက်ကယ် ဂျက်ဆင် အမေရိကန်
လူမျိုး အာဖရိကန်-အမေရိကန်
အလုပ်အကိုင် အဆိုတော်
မွေးရပ်ဇာတိ အင်ဒီယားနား
မိဘ ဂျိုးဆက် ဝေါ်လတာ ဂျိုး နှင့် ကက်သရင်း အက်စသာ
ဝက်ဘ်ဆိုက် http://www.michaeljackson.com MichaelJackson.com

ငယ်ဘဝ

၁၉၅၈-ခုနှစ်၊ ဩဂုတ်လ၊ (၂၉)ရက်၊ အမေရိကန်နိုင်ငံ၊ အင်ဒီယားနားပြည်နယ်၊ ဂရေးအရပ်တွင် မွေးဖွားသည်။ မိဘများမှာ Joseph Walter (Joe) နှင့် Katherine Esther တို့ဖြစ်သည်။ မွေးချင်း ကိုးယောက်တွင် ခုနှစ်ယောက်မြောက် သားဖြစ်သည်။ ငယ်အမည်မှာ Michael Joseph Jackson ဖြစ်သည်။ ညီမအငယ်ဆုံးမှာ ဂျက်နက်ဂျက်ဆင်(Janet Jackson)ဖြစ်သည်။ မိုက်ကယ်လ်၏ အရပ်မှာ ငါးပေဆယ်လက်မ (1.78 m) ဖြစ်သည်။

၁၉၆၃-ခုနှစ်တွင် ညီအစ်ကိုများနှင့် အတူ The Jackson Five အဖွဲ့နှင့် ကလေးဘဝကတည်းက သီချင်းသီဆိုမှု စတင်ခဲ့သည်။ နောက်ပိုင်းတွင် အဖွဲ့ကို The Jackson ဟု အမည်ပြောင်းလဲခဲ့သည်။ အဖွဲ့နှင့် အတူ သီဆိုခဲ့သော I Want You Back(1969)၊ ABC(1970)နှင့် I'llBeThere(1970) သီချင်းများ ထင်ရှားခဲ့သည်။

၁၉၇၂-ခုနှစ်တွင် သူတစ်ဦးတည်း တစ်ကိုယ်တော် သီချင်းအယ်လ်ဘမ် Got to be There နှင့် Benများ ထွက်ရှိခဲ့သည်။ ၁၉၇၈-ခုနှစ်တွင် ဂီတဗီဒီယို TheWiz ထွက်ရှိခဲ့ပြီးနောက် အဖွဲ့နှင့် လမ်းခွဲခဲ့ပြီး ၁၉၇၉-ခုနှစ်တွင် Off the Wall အယ်လ်ဘမ် ထွက်ရှိခဲ့သည်။ ယင်းနှစ်မှာပင် ဖျော်ဖြေပွဲ၌ ထိခိုက်မှု ဖြစ်ပွားခဲ့ပြီး နှာခေါင်းရိုး ကျိုးခဲ့ရာမှ အစပြုကာ မျက်နှာပြင် ခွဲစိတ်ကုသမှုခြင်းကို စတင်ခဲ့သည်။ ထို့နောက် မျက်နှာခွဲစိတ်ကုသခြင်းကို ၁၉၈၄၊ ၁၉၈၅၊ ၁၉၈၇၊ ၁၉၉၁၊ ၁၉၉၃၊ ၁၉၉၇၊ ၁၉၉၉၊ ၂၀၀၀၊ ၂၀၀၁၊ ၂၀၀၂နှင့် ၂၀၀၄-ခုနှစ်များတွင် မျက်နှာကို မျက်နှာဖုံးစွပ်၍ သွားလာခဲ့ရသည်အထိ မျက်နှာအရေပြားများ ပျက်စီးခဲ့သည်။

၁၉၈၂-ခုနှစ်တွင် Thriller အယ်လ်ဘမ် ထွက်ရှိလာခဲ့ပြီး ကမ္ဘာတစ်ဝန်း ချပ်ရေ ၁၀၉-သန်းကျော် ရောင်းချခဲ့ရပြီး အံ့ဩလောက်ဖွယ် အောင်မြင်မှုဖြင့် သမိုင်းတစ်လျှောက် ရောင်းအားအကောင်းဆုံး ဖြစ်ခဲ့သည့်ပြင် ဂရမ်မီဆု (၈)ဆုလည်း ရရှိခဲ့ကာ billboard အရောင်းရဆုံး နံပါတ်တစ်နေရာတွင် ကိုးလကြာ ရပ်တည်ခဲ့သည်။

သူ့သီချင်းတွေသည် ကမ္ဘာကျော် အောင်မြင်ခဲ့ပြီး MTV တစ်ခေတ်ကို စတင်ခဲ့သူ ဖြစ်သည်။

ကလေးများကို ချစ်တတ်သည်ဟု နာမည်ကြီးခဲ့သလို ကလေးတွေကို မတော်တရား ကျင့်တယ်ဆိုပြီး အမှုအခင်းတွေလည်း ဖြစ်ခဲ့သည်။ ကွယ်လွန်သူ နာမည်ကြီး အဆိုတော့ အဲလ်ဗစ် ပရက်စလေ၏ သမီး လီဆာ ပရက်စလေ နှင့် လက်ထပ်ခဲ့သေးသော်လည်း လမ်းခွဲခဲ့ကြသည်။ ထို့နောက် နပ်စ်မ တစ်ယောက်နှင့် ကလေးမွေးသည်ဟု ဆိုပြန်သည်။ မွေးကာစကလေးလေးကို ပြတင်းပေါက်မှနေ တိုက်အောက်က ပရိသတ်ကို လက်တစ်ဖက်တည်းနှင့် ကိုင်မြောက်ပြ၍ ကလေးသူငယ်များ အခွင့်အရေး ကာကွယ်ရေး အဖွဲ့က တရားစွဲဆိုတာလည်း ခံရသည်။ သူ့ဘဝမှာ သူတစ်ခုခု လုပ်လိုက်တိုင်း ဟိုးလေးတစ်ကြော် ဖြစ်သွားတာချည်းဖြစ်သည်။ ကလေးများအတွက် နဲဗားလဲန်းကို သူ့ခြံထဲတွင် ဆောက်ပေးသည်။ ကလေးတွေကို ဖိတ်ပြီး သူကိုယ်တိုင် လိုက်ကစားသည်။ ကမ္ဘာကြီးအတွက် ကောင်းကျိုးကိုလည်း သူလုပ်ပေးခဲ့သေးသည်။ သူသီဆိုခဲ့တဲ့ သီချင်းတွေထဲက အာဖရိက အငတ်ဘေးကို ကူညီဖို့အတွက် နိုင်ငံတစ်ကာက အဆိုတော်တွေ ပါသော We are the World သီချင်း၊ စစ်မက်တွေ ဖြစ်ပွားနေတဲ့ ကမ္ဘာကြီးကို ကယ်တင်ဖို့ဆိုပြီး ဆိုတဲ့ Heal The World သီချင်းတွေသည် အခုထိ လူသိများနေတုန်းပင် ဖြစ်သည်။

သူဟာ Moon Walk အက ကို Thriller အခွေထဲမှာ စတင် မိတ်ဆက်ပေးပြီး ကမ္ဘာ့လူငယ်ထုကို ဘရိတ်ဒန့်စ် ဆိုသော အကနှင့် မိတ်ဆက်ပေးခဲ့သည်။ သီချင်းတွေ ထုတ်လုပ် သီဆိုခဲ့ပြီး ပလက်တီနမ် ဓာတ်ပြားဆု ပေါင်းများစွာကို ဆွတ်ခူးခဲ့သည်။

သူ၏ အထင်ကရ အရှိဆုံး ကမ္ဘာလှည့် စတိတ်ရှိုးမှာ Dangerous World Tour အမည်ရှိသော ခရီးစဉ် ဖြစ်သည်။ ၁၉၉၂ ဝန်းကျင်က လှည့်လည် ဖျော်ဖြေခဲ့ခြင်း ဖြစ်သည်။

သူ မကွယ်လွန်ခင် နောက်ပိုင်းနှစ်များမှာ ဝေဖန်ခံရစရာတွေ အများကြီးရှိခဲ့ပြီး သူသည် ၂၀၀၅ ခုနှစ်တွင် ကလေးငယ်များကို မဖွယ်မရာ ပြုလုပ်ဆိုကာ တရားစွဲခံရပြီးမှ လွတ်မြောက်ခဲ့သည်။

မိုက်ကယ်သည် မျက်နှာခွဲစိတ်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ပြီးနောက် ပြီးခဲ့သော နှစ်ပိုင်းများအတွင်း ကျန်းမာရေး ဆိုးရွားလာကြောင်း သတင်းများ မကြာခဏ ထွက်ပေါ်ခဲ့သော်လည်း အမြဲတစေ ငြင်းဆန်နေခဲ့သည်။

သို့သော် သူသည် သူ့၏ အဆိုတော်ဘဝကို ပြန်ဝင်ရောက်ဖို့ စီစဉ်နေသည်။ လန်ဒန်တွင် ဒီနှစ်ကုန်ပိုင်း စင်မြင့်ဖျော်ဖြေပွဲများ ဖျော်ဖြေဖို့ရှိပြီး သူ့၏ လက်မှတ်များသည် မိနစ်ပိုင်းအတွင်းမှာ ရောင်းချ ကုန်သွားခဲ့သည်။ မိုက်ကယ်သည် လာမည့်လအတွင်း လန်ဒန်တွင် ၎င်းဘဝအတွက် အကြီးမားဆုံး စင်တင်ဖျော်ဖြေမှုကြီးကို ပြုလုပ်ခွင့်ရရန် မျှော်လင့်ထားသူဖြစ်သည်။ ၎င်းအနေနှင့် ဇူလိုင်လ (၁၃)ရက်နေ့၌ လန်ဒန်မြို့ O2အားကစားကွင်းကြီးတွင် ပြုလုပ်မည့် ဖျော်ဖြေပွဲကြီးအတွက် အလွန်အားခဲထားပြီး အစမ်းလေ့ကျင့်မှု (၄၅)ကြိမ်မျှ ပြုလုပ်ထားခဲ့ကြောင်း ညီမဖြစ်သူ လာတိုရာက ဆိုသည်။

ဘဝနိဂုံး

ကမ္ဘာကျော် ပေါ့ပ်အဆိုတော် မိုက်ကယ်လ် ဂျက်ဆင် (Michael Jackson) သည် ၂၀၀၉-ခုနှစ်၊ ဇွန်လ(၂၅)ရက်၊ ကြာသပတေးနေ့ လော့စ် အိန်ဂျလိစ် ဒေသစံတော်ချိန် (၃.၁၅ နာရီ) မှာ ကွယ်လွန်သွားခဲ့သည်။ အသက် ၅၀ အရွယ်ရှိ မိုက်ကယ်လ် ဂျက်ဆင်သည် နှလုံးဝေဒနာ ခံစားရပြီး ချက်ချင်း ကယ်လီဖိုးနီးယားပြည်နယ် လော့စ် အိန်ဂျလိစ် မြို့တော်ရှိ UCLA ဆေးရုံတစ်ခုကို အမြန်ဆုံး ပို့ဆောင်ခဲ့ကြရသည်။

သူ့၏ နေအိမ်ကို ဒေသစံတော်ချိန် မွန်းလွဲပိုင်းမှာ အရေးပေါ် ဆေးဝန်ထမ်းများ ရောက်လာချိန်၌ သူသည် အသက်မရှူတော့ဘူးဟု မီးသတ်အရာရှိများက ပြောသည်။ ထို့နောက် UCLA ကယ်လီဖိုးနီးယား ဆေးရုံ၌ မေ့မျောနေသည်ဟု ဆေးရုံက သတင်းထုတ်ပြန်ခဲ့သည်။ ဇွန်လ(၂၅)ရက်နေ့ ညနေပိုင်းက မိုက်ကယ်တစ်ယောက် အနိစ္စရောက်သွားပြီဖြစ်ကြောင်း အတည်ပြုချက် သတင်းကို လော့စ်အိန်ဂျလိစ် မြို့တော်ရှိ UCLAဆေးရုံက ကြေညာခဲ့သည်။ မိုက်ကယ်သည် မကွယ်လွန်ခင်က ကျန်းမာရေး ဆိုးရွားလာပြီး ကိုမာ(ခေါ် )အသိမဲ့မေ့မျောသည့် အခြေအနေမျိုး ရောက်ရှိခဲ့သေးကြောင်း ၎င်း၏မိသားစုက ဆိုသည်။ ထို့နောက် မိုက်ကယ်လ် ဂျက်ဆင် သေဆုံးသွားပြီဟု ရဲအရာရှိများက အတည်ပြုပြောဆိုကြောင်း လော့စ် အိန်ဂျလိစ် တိုင်းမ်စ် သတင်းစာမှာ ဖော်ပြပါသည်။

ကွယ်လွန်ချိန်၌ အသက်(၅၀)ရှိပြီ ဖြစ်သည်။ မိုက်ကယ်ကွယ်လွန်ကြောင်း သတင်းကို ကြားသိပြီးနောက် ၎င်းအား ကြေကွဲစွာ နှုတ်ဆက်ရန် ဆေးရုံအပြင်တွင် ပရိသတ်များ ငြိမ်သက်တိတ်ဆိတ်စွာ လာရောက်စုရုံးနေခဲ့သည်။ မိသားစုများက မိုက်ကယ်အား မည်သည့်အရပ်တွင် သင်္ဂြိုဟ်မည်ကို ယခုတိုင် ကြေညာခြင်း မရှိသေးပေ။

လန်ဒန်၌ အကွက် မြင်သောစီးပွားရေးသမားတို့က မိုက်ကယ် အမှတ်တရ အင်္ကျီ၊ ရင်ထိုးတံဆိပ် နှင့် အမှတ်တရ ပစ္စည်းများကို ထုတ်လုပ် ရောင်းချကြရာ ရောင်းမလောက် ဟုသိရသည်။ မိုက်ကယ်ဂျက်ဆင်က ပရိသတ်များအား ထိုးပေးသော အမှတ်တရလက်မှတ်မှာ တန်ကြေး ဒေါ်လာ နှစ်သောင်းထိ ဈေးပေါက်သည် ဟုသိရသည်။ ၁၉၉၄ ခုနှစ်က ဂျပန် တွင် မိုက်ကယ်က သူ့ပရိသတ် တစ်ဦးအား လက်ဆောင်ပေး ခဲ့သည့် ဦးထုပ် မှာ ဒေါ်လာ ငါးသောင်း ဖြစ်ဝယ်မည့်သူများရှိ နေသည်။

သူအားအရူးအမူး ချစ်သည့် ပရိသတ်များက မိုက်ကယ် မသေ ဟုယုံကြသည်။ မည်သိုပင်ဖြစ်စေ နယူးယောက် တိုင်းသတင်းစာကမူ မိုက်ကယ် ၏ နောက်ဆုံးခရီးသည် ၁၉၇၇ ခုနှစ်က ကွယ်လွန်ခဲ့သည့် အဲဗစ် ပရက်စလေ ၏ ဈာပန နှင့် ၁၉၉၇ ခုနှစ်က သေဆုံးခဲ့သည့် ဒိုင်ယာနာ၏ ဈာပန တို့ထက်ပို၍ တိုးမပေါက်အောင်ရှိမည် ဟု ခန့်မှန်းထားသည်။

ဈာပန

မိုက်ကယ်ဂျက်ဆင်အား နောက်ဆုံးနှုတ်ဆက်သည့် ဈာပနအခမ်းအနားကို ဇူလိုင်လ(၇)ရက်နေ့က လော့စ်အိန်ဂျလိစ်မြို့တော်ရှိ Staplesစင်တာတွင် ကျင်းပပြုလုပ်ခဲ့သည်။ ကမ္ဘာကျော် အနုပညာရှင်များဖြစ်သော မာရိုင်ကာရေး၊ ဂျနီဖာဟတ်ဒ်ဆန်၊ လီယွန်နယ်လ်ရစ်ချီ၊ စတီဗီဝမ်းဒါး၊ ဂျွန်မေယာတို့အပြင် ဗြိတိန်၏ အထွန်းလင်းဆုံး လူငယ်အနုပညာရှင်လေးအဖြစ် သတ်မှတ်ခံထားရသည့် ရှာဟင်ဂျဖာဂိုလီတို့သည် မိုက်ကယ်၏ ကြေကွဲအောက်မေ့မှု အခမ်းအနားတွင် ၎င်းတို့၏ အနုပညာဖြင့် ဂုဏ်ပြုဖျော်ဖြေခဲ့ကြသည်။ သေဆုံးချိန်တွင် သား-ပရင့်စ်မိုက်ကယ်(၁)၊ပရင့်စ်မိုက်ကယ်(၂)၊ သမီး-ပဲရစ်ဂျက်ဆင် တို့ကျန်ရစ်ခဲ့သည်။

တေးအယ်လ်ဘမ်များ

  • Got to Be There (၁၉၇၂)
  • Ben (၁၉၇၂)
  • Music & Me (၁၉၇၃)
  • Forever, Michael (၁၉၇၅)
  • Off the Wall (၁၉၇၉)
  • Thriller (၁၉၈၂)
  • Bad (၁၉၈၇)
  • Dangerous (၁၉၉၁)
  • HIStory: Past, Present and Future, Book I (၁၉၉၅)
  • Invincible (၂၀၀၁)

ကိုးကား

Tags:

မိုက်ကယ် ဂျက်ဆင် ငယ်ဘဝမိုက်ကယ် ဂျက်ဆင် ဘဝနိဂုံးမိုက်ကယ် ဂျက်ဆင် ဈာပနမိုက်ကယ် ဂျက်ဆင် တေးအယ်လ်ဘမ်များမိုက်ကယ် ဂျက်ဆင် ကိုးကားမိုက်ကယ် ဂျက်ဆင်

🔥 Trending searches on Wiki မြန်မာဘာသာ:

အလင်္ကာဗမာပြည် ကွန်မြူနစ်ပါတီ၁၉၆၂ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းတုရင်တောင်မြန်မာနိုင်ငံ၏ အစိုးရဌာနဆိုင်ရာ ရာထူး အဆင့်များအာရှကျိုက်ထီးရိုးဘုရားရှစ်ပါးသီလရေးမြို့အချစ်ရှမ်းပြည်တပ်မတော်-တောင်ပိုင်းစုန်းကဝေအတတ်တေဇ၊ ဦးစတုမဟာရာဇ်နတ်မင်းကြီးလေးပါးကျောက်စိမ်း၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းကဆုန်လပြည့် ဗုဒ္ဓနေ့ဩစတြေးလျနိုင်ငံငွေနေ့နံဇာတ်ကြီးဆယ်ဘွဲ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးသမထစုဖုရားလတ်ဟင်္သာတေလာ ဆွစ်ဖ်လေဖြတ်ခြင်းနှင်းဆီဝိုင်ဝိုင်းစက်တော်ရာထေရဝါဒပြည်သူ့ကာကွယ်ရေးတပ်မတော်ထိုင်းနိုင်ငံ၏ ပြည်နယ်များလီယိုနာဒိုဒါဗင်ချီမြစ်နတ်မင်းကြီးလေးပါးမြန်မာလများဥရောပ သမဂ္ဂအောင်ဆန်းဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲဘော်သုံးကျိပ်အာဇာနည် ခေါင်းဆောင်ကြီးများအီရန်နိုင်ငံငလျင်လှုပ်ခြင်းဖော်ကာတမာပင်ရခိုင်ဘာသာစကားမြန်မာနိုင်ငံ၏ သမ္မတများ စာရင်းမြန်မာနိုင်ငံ၏ ပထဝီဝင်မဟာသမယသုတ်ကျားကော့သောင်းမြို့တိရစ္ဆာန်စစ်တက္ကသိုလ် (ပြင်ဦးလွင်)ပိန္နဲပင်ဗောက်ထခြင်းရက္ခိုင့်တပ်တော်ထိုင်းဘုရင်များ၏ အမည်စာရင်းဗုဒ္ဓဘာသာဝိပတ္တိတရားလေးပါးအမှတ် (၂) စစ်ဆင်ရေး အထူးအဖွဲ့မှူးမြန်မာ-အင်္ဂလိပ် အဘိဓာန်နီပေါနိုင်ငံဒန့်သလွန်နှလုံးသွေးကြောကျဉ်းရောဂါရုရှားနိုင်ငံဗောဇ္ဈင်္ဂသုတ်သခွတ်ပင်မြသန်းတင့်မော်လဒိုက်နိုင်ငံပညာရေးဝန်ကြီးဌာနမြေပုံသိဒ္ဓတ္ထမင်းသားစစ်တွေမြို့တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်ပန်းရှင်ပြုခြင်း🡆 More