ခါတွမ်းမြို့

ခါတွမ်းမြို့သည် ဆူဒန်နိုင်ငံ၏ မြို့တော်ဖြစ်၍ ဝှိုက်နိုင်း မြစ် (နိုင်းမြစ်ဖြူ)နှင့် ဗလူးနိုင်းမြစ် (နိုင်းမြစ်ပြာ)တို့ ဆုံရာတွင် တည်ရှိသည်။ ထိုမြို့နှင့် ဆက်လျက်ရှိသော အွမ်းဒါမန်ခေါ် နေရာမှာ အစ္စလမ် အယူဝါဒီများဖြစ်သော ဒါးဗစ်ရသေ့များ၏ မြို့တော်ဟောင်းနေရာ ဖြစ်သည်။ တြိဂံမြို့တော်ဟုလည်း တင်စားခေါ်ဝေါ်ကြသည်။

ခါတွမ်းမြို့
ခါတွမ်းမြို့၏ ညမြင်ကွင်း

ခါတွမ်းမြို့မှာ ထိုစဉ်အခါက ဗြိတိသျှစစ်သေနာပတိ လော့ကစ်ချနာ ပေးခဲ့သည့်ပုံစံအရ ၁၈၉၈ ခုနှစ်တွင် တည် ဆောက်ခဲ့သော မြို့ဖြစ်၍၊ အလွန်လှပတင့်တယ်သော ကျောက်ဖြူ အဆောက်အအုံများ၊ အုတ်အဆောက်အအုံများ၊ ဥယျာဉ်ပန်းခြံ များဖြင့် သာယာလှသော မြို့တစ်မြို့ ဖြစ်လေသည်။၁၈၈၅ ခုနှစ်တွင် မွတ်စလင်အယူသည်းခေါင်းဆောင် မာဒီ တော်လှန်ထကြွစဉ်က၊ ဆူဒန်နယ်မှ ဗြိတိသျှအမျိုးသား များနှင့် အီဂျစ်တိုင်းရင်းသားများ ပြောင်းရွေ့ရေးကို စီစဉ်ပေးရန် ဗြိတိသျှစစ်ဗိုလ်ချုပ်မှူး ဂေါ်ဒွန်ကို ခါတွမ်းမြို့သို့ စေလွှတ်ခဲ့ ၏။ သို့ရာတွင် ဂေါ်ဒွန် ဆိုက်ရောက်ချိန်တွင် မာဒီခေါင်း ဆောင်သော သူပုန်များသည် အွမ်းဒါမန်မြို့ဟောင်းနေရာ၌ အခိုင်အမာတပ်စွဲပြီး၍ ခါတွမ်းမြို့မှာ အဝိုင်းခံရပြီးလျှင် ဗိုလ် ချုပ်မှူး ဂေါ်ဒွန်သည်လည်း ၁၈၈၅ ခုနှစ် ဇန်ဝါရီလ ၂၆ ရက်နေ့တွင် အသတ်ခံရလေသည်။ မြို့တွင်းရှိ အဆောက် အအုံများ ကိုလည်း သောင်းကျန်းသူများက ဖျက်စီးပစ်လေသည်။ မာဒီသူပုန်များသည် အွမ်းဒါမန်ကို မြို့တော်ပြု၍ အုပ်စိုး ခဲ့ရာ ၁၈၉၈ ခုနှစ်တွင်မှ ဗြိတိသျှစစ်သေနာပတိ လော့ကစ်ချနာ ခေါင်းဆောင်သော အင်္ဂလိုအီဂျစ်ရှင်း စစ်တပ်များက ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်။ ထို့နောက် ခါတွမ်းမြို့မှာ အစိုးရဌာန ချုပ်တည်ရာမြို့ ဖြစ်လာပြန်သည်။

ခါတွမ်းမြို့သည် အချက်အချာ နေရာကောင်းတွင် တည်ရှိ သဖြင့် ကူးသန်းရောင်းဝယ်ရေးအတွက် အရေးပါ အရာရောက် သည်။ တောင်ဘက်ရှိ မြို့များနှင့်လည်း မီးရထားလမ်းဖြင့် ဆက် သွယ်ထားသည်။ ဗြိတိန်နှင့် တောင်အာဖရိက၊ အရှေ့အာဖရိက လေကြောင်းလမ်းတွင် တည်ရှိသော လေဆိပ်တစ်ခုလည်း ဖြစ် ပေသည်။

ခါတွမ်းမြို့၏ လူဦးရေမှာ ၂၀၀၈ ခုနှစ် သန်းခေါင်စာရင်းအရ ၅,၂၇၄,၃၂၁ ဦး ခန့် ဖြစ်သည်။


ကိုးကား

Tags:

ဆူဒန်နိုင်ငံ

🔥 Trending searches on Wiki မြန်မာဘာသာ:

တောင်ငူမြို့ဒိဋ္ဌိခန္ဓသုတ်ခေါင်းကိုက်ခြင်းဘိန်းလေဖြတ်ခြင်းမြန်မာစာပေဆယ်ပါးသီလဝဋ္ဋသုတ်ကုန်းဘောင်မင်းဆက်ဧရာဝတီတိုင်းဒေသကြီးငါးမန်းမြန်မာ့ရိုးရာ အတိုင်းအတာယူနစ်များဘုရင့်နောင်ကရင်နှစ်သစ်ကူးနေ့သွေးအုပ်စုတနင်္သာရီတိုင်းဒေသကြီးသမ္မာကျမ်းစာဒွတ္တဘောင်မင်းကြီးဆိုဗီယက်ပြည်ထောင်စု သမ္မတနိုင်ငံကားလိုး ကော်လိုဒီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအသက်ရှူခြင်းရွှေစာရံ စေတီတော် (မန္တလေး)သင်္ဃန်းညီနောင်ရွာ၊ မြဝတီမြို့နယ်မော်လမြိုင်မြို့တပ်မတော်သန္ဓေတားဆေးကြာသိင်္ဃသူ့သမီးကျောက်စာဝင်ကစွပ်ကမ္မဝါစာမြန်မာနိုင်ငံ၏ အလံများ စာရင်းလားရှိုးမြို့ဒေဝဒတ်ယောလူမျိုးပဲခူးမြို့အရှေ့တောင်အာရှအင်းလေးကန်၃၁-ဘုံမြန်မာနိုင်ငံ၏ ရွာများပဋ္ဌာန်းရန်ကုန်-မန္တလေး အမြန်လမ်းမြန်မာပြည် စာတိုက် သင်္ကေတများနိရောဓသစ္စာမြောက်ဥက္ကလာပမြို့နယ်ထားဝယ်လူမျိုးအဲလ်ဘတ် အိုင်းစတိုင်းတရားမြန်မာနိုင်ငံ၏ သမ္မတဗီယက်နမ်နိုင်ငံစကားထာလေးဖြူပဉ္စာနန္တရိယကံဗမာလူမျိုးမြစေတီကျောက်စာမိဿ (ဗေဒင်)အားစာကလေးနေတိုး (ရုပ်ရှင်သရုပ်ဆောင်)အာပတ်မင်္ဂလသုတ်ချောင်းသာမြို့ရှင်သီဝလိဂါထာကင်ပွန်းချဉ်ပင်သင်္ဂါယနာမြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များနယူးဇီလန်နိုင်ငံကိန္နရာရှေးဟောင်းမြန်မာဘာသာစကားဗုဒ္ဓဝဋ်ပညာ🡆 More