လော့ခ်နက်စ်

လော့ခ်နက်စ် (အင်္ဂလိပ်: Loch Ness; /ˌlɒx ˈnɛs/) သည် ကြီးမား၊ နက်ရှိုင်းသော ရေချို လော့ခ်ရေအိုင်အမျိုးအစားဖြစ်၍ ခန့်မှန်းခြေအားဖြင့် အင်ဗားနက်စ်မြို့၏ အနောက်တောင်ဘက် ၃၇ ကီလိုမီတာ (၂၃ မိုင်) အထိရှည်လျားသော စကော့တလန်ကုန်းပြင်မြင့်ပေါ်တွင် တည်ရှိသည်။ ရေအိုင်မျက်နှာပြင်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၁၆ မီတာ (၅၂ ပေ) တွင် တည်ရှိသည်။

လော့ခ်နက်စ်
Loch Ness
A lake with a ruined castle in the foreground
ရှေ့ပိုင်းမြင်ကွင်းတွင် အားခါ့တ် ရဲတိုက်နှင့်အတူ
လော့ခ်နက်စ် Loch Ness သည် စကော့တလန်နိုင်ငံ တွင် တည်ရှိသည်
လော့ခ်နက်စ် Loch Ness
လော့ခ်နက်စ်
Loch Ness
တည်နေရာစကော့တလန်ကုန်းပြင်မြင့်
ကိုဩဒိနိတ်57°18′N 4°27′W / 57.300°N 4.450°W / 57.300; -4.450 4°27′W / 57.300°N 4.450°W / 57.300; -4.450
အမျိုးအစားရေချို လော့ခ်ရေအိုင် (အဟာရနည်းပါး, အပေါ်အောက် အပူချိန်ခြားနားချက်နည်းပါး)
ပင်မ ရေဝင်စီးကြောင်းRiver Oich/Caledonian Canal, River Moriston, River Foyers, River Enrick, River Coiltie
ပင်မ ရေထွက်စီးကြောင်းRiver Ness/Caledonian Canal
ရေစုဝေးရာ နေရာ၁,၇၇၀ km2 (၆၈၅ sq mi)
ရေချိုင့်ဝှမ်းရှိရာ နိုင်ငံများယူနိုက်တက်ကင်းဒမ်း၊ စကော့တလန်
အကျယ်ဆုံး အလျား၃၆.၂ km (၂၂.၅ mi)
အကျယ်ဆုံး အနံ၂.၇ km (၁.၇ mi)
မျက်နှာပြင် ဧရိယာ၅၆ km2 (၂၁.၈ sq mi)
ပျမ်းမျှအနက်၁၃၂ m (၄၃၃ ft)
အနက်ဆုံး အနက်အရှိုင်း၂၂၆.၉၆ m (၁၂၄.၁၀ fathom; ၇၄၄.၆ ft)
ရေထုထည်၇.၅ km3 (၁.၈ cu mi)
ပင်လယ်ရေ မျက်နှာပြင်အမြင့်၁၅.၈ m (၅၂ ft)
ကျွန်းများ1 (Cherry Island)
အနီးရှိမြို့များFort Augustus, Invermoriston, Drumnadrochit, Abriachan, Lochend; Whitebridge, Foyers, Inverfarigaig, Dores

လော့ခ်နက်ရေအိုင်သည် အငြင်းပွားဖွယ် နဲဆီ (Nessie) ခေါ် လော့ခ်နက်စ် ဧရာမသတ္တဝါကြီးကို လာရောက်ကြည့်ရှုရှာဖွေခြင်းကြောင့် အကျော်ကြားဆုံးဖြစ်၏ ။ တောင်ဘက်ဆုံးတွင် အွိုက်ခ်မြစ်နှင့် ဆက်သွယ်ထားကာ ကာလီဒိုးနီယန်တူးမြောင်းအပိုင်းမှ အွိုက်ခ်ရေအိုင်အထိ ဆက်သွယ်မှုရှိသည်။ မြောက်ဘက်ဆုံးပိုင်း၌ ဒေါ့ခ်ဖော လော့ခ်ရေအိုင်ကို စီးဆင်းသွားသည့် ဘိုနာရေလက်ကြားရှိ၍ ဒေါ့ခ်ဖောရေအိုင်မှတစ်ဆင့် နက်စ်မြစ်စီးဆင်းပြန်သည်။ ထိုမှတစ်ဆင့် အင်ဗားနက်စ်မြို့ဆီသို့ ရောက်ရှိကာ အဆုံးသတ်၌ မော်ရီဖာ့သ် ပင်လယ်ဝကျဉ်းရေအိုင်၊ ထို့နောက် မြောက်ပင်လယ် (North sea) အထိ ရောက်ရှိသည်။ မြစ်များ၊ အိုင်များ အချင်းချင်း ချိတ်ဆက်နေသော နေရာတစ်ခုဖြစ်ပြီး စကော့တလန်၏ နောက်ကျိသောရေထုနေရာတစ်ခုလည်းဖြစ်ရာ ပတ်ဝန်းကျင်ကုန်းမြေ၌ သစ်ဆွေးမြေများပြားမှုကြောင့် ရေ၏ကြည်လင်နှုန်း အလွန်နိမ့်သည်။

လော့ခ် လိုမန်ရေအိုင်ပြီးနောက် စကော့တလန်တွင် ဒုတိယအကြီးဆုံး လော့ခ်အမျိုးအစား ရေအိုင်ဖြစ်ကာ မျက်နှာပြင် အကျယ်အဝန်းမှာ ၅၆ km2 (၂၂ sq mi) ရှိလေသည်။ နက်ရှိုင်းသည့်အတွက်ကြောင့် ဗြိတိသျှကွန်းစုများတွင် ရေထုထည်အများဆုံးအိုင်လည်းဖြစ်၏ ။ အနက်ဆုံးနေရာသည် ၂၃၀ မီတာ (၁၂၆ fathom; ၇၅၅ ပေ) အထိရှိရာ စကော့တလန်တွင် ဘော့ခ် မော်ရာပြီးလျှင် ဒုတိယအနက်ဆုံးအိုင်လည်းဖြစ်၏ ။ ၂၀၁၆ လေ့လာတိုင်းတာချက်များအရ အောက်ခြေအက်ကြောင်းတစ်ခုသည် အနက် ၂၇၁ m (၈၈၉ ft) အထိရှိသည်ဟု ဆိုကြသည်။ သို့သော် နောက်ထပ်သုတေသနများက ဤသည်မှာ အသံလှိုင်းတိုင်းတာမှု (ဆိုနာ) ၏ မူမမှန်ခြင်းဟု ဆုံးဖြတ်ခဲ့ကြလေသည်။ လော့ခ်နက်စ်ရေအိုင်မှ ရေပမာဏသည် အင်္ဂလန်၊ ဝေလနယ်တို့မှ ရေအိုင်စုစုပေါင်း ရေပမာဏထက် ပိုများ၍ အင်ဗားနက်စ်မြို့ဆီမှ တောင်ဘက် ဝီလျံခံတပ်အထိ ရောက်ရှိသော ဂရိတ်ဂလန်း (တောင်ကြားဒေသ)တွင် ရေထုအကြီးဆုံး ရေအိုင်တစ်ခုဖြစ်ပေသည်။

ကိုးကား

Tags:

ပင်လယ်ရေမျက်နှာပြင်ဝီကီပီးဒီးယား:IPA for Englishအင်္ဂလိပ်ဘာသာစကား

🔥 Trending searches on Wiki မြန်မာဘာသာ:

ရွှေဝါရောင် တော်လှန်ရေးရွှေမော်ဓောဘုရား(ပဲခူး)မင်္ဂလသုတ်ရမ်းဗြဲကျွန်းယောက်ျား၊ မိန်းမ တန်းတူညီမျှမှုနတ်သျှင်နောင်အပြင် ၃၇ မင်းအောင်လံမြို့နယ်ဗေဒင်နားလည်မှုမြမြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးနယ်မြေဒေသများကဆုန်လပြည့် ဗုဒ္ဓနေ့သုဝဏ္ဏ လူငယ် လေ့ကျင့်ရေး ကွင်းမဏိစန္ဒာမင်းသိင်္ခငါးမျိုးစိတ်များ စာရင်းမွန်ပြည်နယ်သုမောင်မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရာထူးအဆင့်များနှင့် အဆောင်အယောင်တံဆိပ်များဩကာသ ဘုရားရှိခိုးအသည်းရောင် အသားဝါ ရောဂါ ဘီပိုးရန်ကုန်တက္ကသိုလ်အိုင်ချင်းမြောက်ဦးမြို့ဆင်ဖြူရှင်မင်းရတနသုတ်မြန်မာနိုင်ငံရှိ မြို့နယ်များဝါလိုက်ပါ့မိုးဝိဘတ်ဦးပုညမြန်မာစာရေးဆရာများ စာရင်းငါး (တိရစ္ဆာန်)စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနချောင်းသာကမ်းခြေပုဂံမြို့ဟောင်းအနေကဇာတင်ခြင်းမဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး(မန္တလေး)မဟာဗန္ဓုလတစ်ကိုယ်ရည်အာသာဖြေခြင်းကားလိုး ကော်လိုဒီသန်းရွှေ (ဗိုလ်ချုပ်မှူးကြီး)ကျုံးဧရာဝတီ လင်းပိုင်နယ်သာလန်နိုင်ငံမင်္ဂလာပါမြိတ်ကျွန်းစုကုန်းဘောင်ခေတ် ကာမစပ်ယှက်နည်းများခြူးလေးရွှေတိဂုံ၏ အံ့ဖွယ် (၉)ပါးလူသားဘုရားဂုဏ်တော်မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)သံဃာဂုဏ်တော်မြစ်မထိုးသွင်းသော လိင်ဆက်ဆံခြင်းတူးမြောင်းမျိုးကြီးအထွေထွေ ရွေးကောက်ပွဲ၊ ၂၀၁၅ပဲခူးမြို့ဇာမဏီသိကြားမင်းသီဟတင်စိုးဒိုင်နိုဆောဦးသန့်မလေးရှားနိုင်ငံပြည်တော်သာခေတ်ဟောင်းက ပြည်မြန်မာရန်ကုန်တိုင်းဒေသကြီးငွေတာရီဂျက်ကီချန်းမြန်မာကျပ်ငွေကူမင်တန်မှမြန်မာနိုင်ငံအားကျူးကျော်မှုဩစတြေးလျနိုင်ငံမျိုးသုဉ်းခြင်းစုန်းကဝေအတတ်ပြည်သူ့ကာကွယ်ရေးတပ်မတော်🡆 More