ရီဂါမြို့

ရီးဂမြို့သည် လတ်ဗီးယားသမ္မတနိုင်ငံ၏ မြို့တော်ဖြစ်၍ ဒဗိနာမြစ်ဝမှ အတွင်းဘက်ရှစ်မိုင်ခန့် အကွာ ရီးဂပင်လယ်ကွေ့ တွင် တည်ရှိသည်။ မူလက ရီးဂမြို့သည် ကုန်ရောင်းကုန်ဝယ် ပြုလုပ်ရာ ဈေးမြို့ ကလေးမျှသာ ဖြစ်သည်။ ၁၉၁၇ ခုနှစ်အထိ ဂျာမနီနိုင်ငံထွက် ကုန်စည်များနှင့် နီးပါးမြစ်ဝှမ်း၊ ဗော်လဂါမြစ် ဝှမ်းထွက် ကုန်စည်များ လဲလှယ်ရောင်းဝယ်ရာ ဗဟိုဌာန ဖြစ်ခဲ့ သည်။

ရီးဂမြို့

၁၇၁ဝ ပြည့်နှစ် ရုရှဇာဘုရင် ပီတာ-သ-ဂရိတ် လက် ထက်က လတ်ဗီးယားပြည်ကို ရုရှနိုင်ငံထဲသို့ သိမ်းသွင်းခဲ့လေ သည်။ ၁၉၁၇ ခုနှစ် ရုရှတော်လှန်ရေး ပြီးသည့်နောက် လတ် ဗီးယားသည် လွတ်လပ်သောသမ္မတနိုင်ငံ ဖြစ်လာသည်။ ၁၉၁၄ ခုနှစ် ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမန်တို့သည် ရီးဂမြို့ကို သိမ်းပိုက်ခဲ့ရာ ၁၉၄၄ ခုနှစ်သို့ရောက်မှ လွတ်မြောက်သည်။ ရီးဂမြို့တွင် တက္ကသိုလ်ကျောင်းအပြင် လက်မှုပညာသင် ကျောင်းနှင့် အနုပညာသင်ကျောင်းများလည်း ရှိသည်။

မော်စကိုမြို့၊ ဘာလင်မြို့၊ ဝါဆောမြို့များနှင့် မီးရထားခရီးဖြင့် ၎င်း၊ လေကြောင်းခရီးဖြင့်၎င်း အဆက်အသွယ်ရှိသည်။ ရီးဂမြို့ သည် လတ်ဗီးယားနိုင်ငံအတွက် သင်္ဘောဆိပ်မြို့ကြီးလည်း ဖြစ် သဖြင့် ရုရှနိုင်ငံထွက် သစ်၊ ဆိုးဆေး၊ အထည်အလိပ်၊ ဓာတု ဗေဒပစ္စည်း၊ စက်ကိရိယာနှင့်စက္ကူတို့ကို တင်ပို့သည်။ လူဦးရေ ၆၅၈ဝဝဝ ယောက် ရှိသည်။

ကိုးကား

Tags:

ဂျာမနီနိုင်ငံလတ်ဗီးယားသမ္မတနိုင်ငံ

🔥 Trending searches on Wiki မြန်မာဘာသာ:

သီရိလင်္ကာနိုင်ငံခင်သန်းနုရမည်းသင်းမြို့သန်လျင် မင်းကျောင်းဆရာတော်ငါးလွှတ်ပွဲအနော်ရထာပဲခူးမြို့နတ်သျှင်နောင်ဘင်္ဂလားဒေ့ရှ်နိုင်ငံမြစေတီကျောက်စာလွှမ်းပိုင်သဇင်ပန်းသားအိမ်လမ်းကြောင်းတွင် ရောဂါပိုးဝင်ခြင်းပုသိမ်မြို့ကာကွယ်ရေးဦးစီးချုပ်(ရေ)အမေရိကန်ပြည်ထောင်စုပညတ်တော်ဆယ်ပါးခြင်ဓာရဏပရိတ်သာသနာ့ အလံရာသီခွင်မိမိကိုယ်ကို သတ်သေခြင်းဒူဘိုင်းမြို့ရှမ်းလူမျိုးရန်ကုန်တိုင်းစစ်ဌာနချုပ်ရဟန်းမြန်မာသရုပ်ဆောင်များစာရင်းမြန်မာ သက္ကရာဇ်သဗ္ဗညုဘုရား(ပုဂံ)သံဃာဂုဏ်တော်အဇာဘိုင်ဂျန်နိုင်ငံဒန့်သလွန်သိမ်ဘဝင်စိတ်ကီလိုမီတာအရေပြားလေးဘက်နာရောဂါမြန်မာနိုင်ငံ၏ နိုင်ငံရေးဖျားနာခြင်းနှစ်ဆန်းတစ်ရက်နေ့ကမ္မဝါစာဆေးခြောက်ပင်ပြည်သူ့ခုခံတော်လှန်စစ်အင်္ဂလန်နိုင်ငံရန်ကုန်မြို့မုန့်လုံးရေပေါ်အမှတ်(၃၃)ခြေမြန်တပ်မဌာနချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ခေါင်းကိုက်ခြင်းဂြိုဟ်ဝိသုဒ္ဓိစတုမဟာရာဇ်နတ်မင်းကြီးလေးပါးဘုရားဂုဏ်တော်တူရကီနိုင်ငံအမျိုးသမီးသုံး ကွန်ဒုံးညိုစောအရှေ့တောင်တိုင်းစစ်ဌာနချုပ်အောင်လအန်ဆန်းဖေ့စ်ဘွတ်ခ်ဖက်ဒရယ်ပြည်ထောင်စုစနစ်ဓဇဂ္ဂသုတ်မာရ်ငါးပါးစက္ကူပန်းကိုရီးယားနိုင်ငံမြို့မငြိမ်းနာဇီဂျာမနီကရင်ပြည်နယ်ကား၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းဇီးကွက်အရက်နတ်မကွေးတိုင်းဒေသကြီးခင်ဝင့်ဝါမောဟမိုင်တဲလ် မြန်မာ🡆 More